နည်းစနစ်ကျကျအတွေးအခေါ်
အလုပ်လက်မဲ့ဖြစ်နေတဲ့ သန်မာတဲ့သစ်ခုတ်သမားတစ်ယောက်ဟာ
သစ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုစီသို့ သွားပြီး အလုပ်လျှောက်တော့
သူဌေးဖြစ်သူက စီစစ်ပေးပြီးသူ့ ကိုအလုပ်ခန့် လိုက်ပါတော့တယ်။
အလုပ်စ၀င်တဲ့ပထမတစ်ရက်မှာ သူဌေးဟာသူ့ ကိုပုဆိန်တစ်လက်ပေးပြီး
သူခုတ်ရမယ့်သစ်ကွက်ကိုလိုက်ပြပေးပါတယ်။

ဒီလိုနဲ့ ညနေပိုင်းအလုပ်ဆင်းတော့ သူဌေးကသစ်ခုတ်သမားဆီရောက်လာပြီး
သစ်ဘယ်နှစ်ပင်ခုတ်နိုင်လဲမေးတော့ သစ်ခုတ်သမားက ၁၈ပင်ခုတ်နိုင်ကြောင်း
ပြောကာ သူကိုင်တဲ့ပုဆိန်ကိုသယ်ပြီး အိမ်ပြန်ခဲ့ပါတယ်။
နောက်တစ်ရက်သစ်ခုတ်ပြီး အလုပ်ဆင်းတော့ ၁၅ပင်ပဲခုတ်နိုင်ပါတယ်။
နောက်တစ်ရက်ကျတော့ ၁၀ပင်ပဲခုတ်နိုင်တော့ သစ်ခုတ်သမားလဲ
သူဌေးကိုအားနားလာကာ သူ့ ကိုယ်သူလဲအသက်တွေကြီးလို့ အားအင်တွေ
နည်းလာပြီလို့ ထင်ကာ သူဌေးထံသွားပြီးတောင်းပန်စကားပြောပါတယ်။
ဒီတော့သူဌေးကလည်း သစ်ခုတ်သမားရဲ့သန်မာတဲ့ပုံစံကိုကြည့်ကာ
နားမလည်နိုင်ဖြစ်နေပြီး နောက်မှပြုံးကာ သစ်ခုတ်သမားအား
"နောက်ဆုံးအချိန်ရောက်ရင် ခင်ဗျားရဲ့တုံးနေတဲ့အရာကိုခင်ဗျားသွေးရတော့မယ်"
လို့ ပြောကာထွက်သွားပါတယ်။
ကျန်ခဲ့တဲ့ သစ်ခုတ်သမားလဲ ယခုမှသဘောပေါက်ပြီး
သူ့ ရဲ့ပုဆိန်ကို အလုပ်မအားသဖြင့်မသွေးပဲထားခဲ့မိသည်ကိုသတိရကာ
အိမ်ပြန်တာနဲ့ ပုဆိန်ကိုသွေးဖို့ ဆုံးဖြတ်ကာ ပုဆိန်ထမ်းပြီးပြန်လာပါတော့တယ်။
ဒါ့ကြောင့် မိမိရဲ့တာဝန်ကိုသိနေယုံ(သိတတ်ဖို့ )နဲ့ မပြီးသေးပါဘူး။
ထိုတာဝန်ကို ကျေပွန်ဖို့ လဲလိုအပ်ပါတယ်။
တာဝန်ကျေပွန်ဖို့ အတွက်လည်း ထိုတာဝန်အတွက်အရေးကြီးတဲ့
သင့်ဥာဏ်စွမ်းကို သွေးနေဖို့ ကအလွန်အရေးကြီးလှပါတယ်။
ထိုတာဝန်ကို ကျေပွန်ဖို့ လဲလိုအပ်ပါတယ်။
တာဝန်ကျေပွန်ဖို့ အတွက်လည်း ထိုတာဝန်အတွက်အရေးကြီးတဲ့
သင့်ဥာဏ်စွမ်းကို သွေးနေဖို့ ကအလွန်အရေးကြီးလှပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။