Fire Fly
THE MIDAS TOUCH (သက်တန့်ချို ဘာသာပြန်သည်။)
---------------------
တစ်ခါတုန်းက မီးဒပ် (Midas ) လို့ခေါ်တဲ့လောဘကြီးတဲ့
ဘုရင်ကြီးတစ်ပါးရှိတယ် ။သူ့မှာ ရွေတွေအများကြီး ပိုင်ဆိုင်
ထားပြီး သူဟာ ရလာလေလေ ထပ်ပြီး ပိုလိုချင်လေလေ ဆိုတဲ့ လူစားထဲမှာ တစ်ယောက်အ ပါအ၀င်ဖြစ်ခဲ့တယ် ။

သူ့မြေတိုက်ခန်းထဲမှာ ရွေတွေကို သိုလောင်ထားပြီး နေ့တိုင်း အဲဒီရွေတုံးတွေ ကို ရေတွက်ခြင်း အားဖြင့်အချိန်ကုန်လွန်ခဲ့တယ် ။
တစ်နေ့မှာ ဘုရင်ကြီးရွှေတွေကို ရေတွက်နေတုန်း လူစိမ်းတစ်ယောက်က
“ ၀ုန်း ” ကနဲဆိုပေါ်လာပြီး ဘုရင်ကြီး ကို
လိုရာဆုတစ်ခုတောင်းဖို့ပြောတယ် ။ ဘုရင်ကြီးလည်းဝမ်းသာသွားပြီး “ လက်နဲ့ထိသမျှ အရာအား လုံးရွှေဖြစ် ရပါလို၏ ” ဆိုပြီး ဆုတောင်းလိုက်တယ် ။
လူစိမ်းက ကျိန်းသေရဲ့လားလို့ပြန်မေးတယ် ။ ဘုရင်ကြီးက ကျိန်းသေပါတယ်

လို့ ပြန်ဖြေတယ် ။ ဒီလိုနဲ့လူစိမ်းက “ မနက်ဖြန်မနက်စတာနဲ့ နေရောင်ခြည် စလင်းလာ တာနဲ့တပြိုင် နက် သင်ထိသမျှ ရွေဖြစ်စေရမယ် ”
လို့ပြောပြီးပျောက်ကွယ်သွားတယ် ။
လို့ပြောပြီးပျောက်ကွယ်သွားတယ် ။
ဘုရင်ကြီးအဖို့တော့ အိပ်မက်မက်နေသလို ဖြစ်ခဲ့ရတယ်။
ဒါဟာ ဘယ်လို မှ မဖြစ်နိုင်ဘူးလို့လည်းထင်နေခဲ့တယ် ။
နောက်တစ်နေ့ မနက်မှာတော့ သူ နိုးထလာတဲ့အခါ ။ သူ အိပ်ရာကို လက်နဲ့စမ်းကြည့်တယ် ။ သူ့အ၀တ်အစားတွေ အို..အားလုံးဟာ
ရွှေတွေအဖြစ်ပြောင်းလဲကုန်တယ် ။ သူပြတင်းတံခါးပေါက် ကနေလှမ်းကြည့် လိုက်တဲ့ အခါအပြင်မှာ သူ့သမီးတော်လေးကပန်းခြံထဲကစားနေတာကို
တွေ့လိုက်ရတယ် ။ ဘုရင်ကြီးက သမီးလေး ကို ပျော်ရွှင်
သွားအောင် အံ့သြသွားအောင်လုပ်ပြမယ်လို့ စဉ်းစားလိုက်တယ် ။

ဒါနဲ့ဘုရင်ကြီးက ပန်းခြံ ထဲ မသွားခင်စာအုပ်တစ်အုပ်လောက်ဖတ်မယ်စိတ်ကူးလိုက်တယ် ။
ပြီးတော့ စာအုပ်ကို လှမ်းကိုင် လိုက်တဲ့ အချိန်မှာပဲ စာအုပ်ဟာ ရွေအဖြစ်ပြောင်းသွားတယ် ။
ဖတ်လို့မရတော့ဘူး ။ ဒါနဲ့နံနက်စာစားမယ်ဆိုပြီး ဘုရင်ကြီးက အစားအသောက်တွေနဲ့ သစ်သီးတွေကို ထိတွေ့လိုက်တဲ့ အခါမှာလည်းရွေတွေဖြစ်ကုန် လို့စားလို့မရခဲ့ဘူး ။ ဒီလိုနဲ့ရေဆာလာတာနဲ့
ရေဖန်ခွက်ကို ကိုင်လိုက်တယ်ဆို ရင်ပဲ ရွှေတွေဖြစ် ကုန်လို့ ရေ လည်းသောက်မရခဲ့ဘူး ။

ဘုရင်ကြီးဟာတဖြည်းဖြည်းဆာတောင်လာပြီးညည်းတွားလိုက်တယ် ။
အဲဒီအချိန်မှာပဲ သူ့သမီးတော်လေးက ပြေးဝင်လာပြီး
ဘုရင်ကြီးကို ပွေ့ဖက်လိုက်တယ် ။
တခဏအတွင်းမှာပဲ သမီးတော်လေး ဟာ ရွေတုံးအဖြစ်ပြောင်းလဲသွားခဲ့တယ်။

ဘုရင်ကြီး လည်း ကြောက်လန့် တကြားနဲ့ ခေါင်း ငိုက်စိုက်ကျပြီး ငိုကြွေးလိုက်တယ် ။
အဲဒီအချိန်မှာပဲ လက်နဲ့ထိရာရွှေတွေဖြစ်စေလို့ ပြောခဲ့တဲ့ လူစိမ်းက ဖျက်ကနဲ အခန်းထဲပြန်ရောက်လာပြီး ဘုရင်ကြီးကိုမေးခဲ့တယ် ။ “ အခုလိုလက်နဲ့ထိသမျှ ရွှေအဖြစ်ပြောင်းလဲသွားရတဲ့ဘ၀ကို ပျော်ရွှင်ပါရဲ့လား ” ဘုရင်ကြီးက
သူဟာ တကယ့်ကို အရူးတစ်ယောက်ပါလို့ပြန်ဖြေခဲ့တယ် ။

လူစိမ်းကဆက်ပြောတယ် ။
“ သင့်မှာ အခု ရွှေအစားအစာ
တွေ ရွှေအသုံးအဆောင်တွေနဲ့ သင့်သမီးတော်ရွှေရုပ်ထုလည်း ရှိနေပြီပဲလေ သင်ဘာဆက်လုပ်မလဲ ” ဘုရင်ကြီးက
ငိုကြွေးပြီး သူ့ကို ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့တယ် ။
“ ကျုပ်မှာ ရှိသမျှ ရွှေတွေအကုန်ပေးပါ့မယ် ကျေးဇူးပြုပြီး
သမီးတော်လေးကို မူလ လူသားဘ၀ရောက်အောင်ပြန်လုပ်ပေးပါ ဘာကြောင့်လည်းဆိုတော့ ကျုပ်မှာ ရှိတဲ့ပိုင်ဆိုင်မှု
မှန်သမျှထက် သမီးတော်လေးကို ပိုပြီးချစ်မြတ်နိုးလို့ပါပဲ ” လူစိမ်းက ဘုရင်ကြီးကိုပြောတယ် ။
“ သင်ဟာ အရင်ကထက်စာရင်ပိုပြီး ပညာရှိလာပြီ ”
ပြီးတော့ သူပြောခဲ့တဲ့စကားတွေကို ပြန်ဖျက်ပေးခဲ့တယ် ။ ဘုရင်ကြီးဟာ သမီးတော်လေးကိုလည်း လူသားဘ၀နဲ့ပြန် ရခဲ့တယ် ။
သမီးတော်လေးကို ချီပွေ့လို့ သူ့တစ်သက်တာမှာ ဘယ်တော့မှ မမေ့တဲ့
သင်ခန်းစာတစ်ခုကို သင်ယူ လိုက်ရခြင်းပဲဖြစ်တယ် လို့ ဘုရင်ကြီးတွေးနေမိတော့တယ် ။
------------------
creditး သက်တန့်ချို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။