Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 29, 2014

“အမျိုးသမီး ဖွံ့ဖြိုးမှုကို ပိုလုပ်ချင်တယ်”


ကို စိန်သန်း
“အမျိုးသမီး ဖွံ့ဖြိုးမှုကို ပိုလုပ်ချင်တယ်”
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

မနီလာသိန်းသည် ၁၉၉၁ ခုနှစ် ဆယ်တန်းကျောင်းသူ အရွယ်တွင် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ၄၅ ရက်ကြာ အချုပ်ကျ ခံခဲ့ရပြီး နောက် ၁၉၉၆ ခုနှစ်တွင် နောက်တကြိမ် ပြန်လည် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည် အဖမ်းခံခဲ့ရကာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းနှင့် တပြိုက်နက်တည်း ခင်ပွန်းသည် ကိုဂျင်မီလည်း ထောက်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ ပြန်လည် လွတ်မြောက်လာသူ တဦး ဖြစ်သည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် တဦးဖြစ်သူ မနီလာသိန်းသည် ယင်းအဖွဲ့တွင် အမျိုးသမီး တာဝန်ခံတဦးဖြစ်ပြီး အမျိုးသမီးရေးရာ များနှင့် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျှက်ရှိသူ ဖြစ်သည်။ မနီလာသိန်းကို အမျိုးသမီးများ အခန်းကဏ္ဍနှင့် ပတ်သတ်ပြီး သူ၏ သဘောထား အမြင်များကို ဧရာဝတီသတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။ ။ ဒီလဆန်းမှာ ပြန်လည် ကျင်းပခဲ့တဲ့ လွှတ်တော်မှာ စစ်တပ်ဘက်က အမျိုးသမီး အမတ်လောင်း နှစ်ဦး ပါဝင်လာတာ တွေ့ရတယ်။ အဲဒီလို လဲလှယ်လိုက်တာက ဘာပြောင်းလဲမှုတွေ ရှိလာနိုင်မလဲ။ အဲဒီအပေါ် မနီလာသိန်း အမြင် ပြောပြပေးပါ။

ဖြေ။ ။ စစ်တပ်မှာ အဲဒီလို အမျိုးသမီးတွေ ပါဝင်လာမှုကိုတော့ ဘယ်ထောင့်၊ ဘယ်နေရာက ပါဝင်လာတာပဲ ဖြစ်ဖြစ် ကျမတို့က ကြိုဆိုပါတယ်။ ဒီအမျိုးသမီးတွေ ပါဝင်လာမှုမှာ ဒီအမျိုးသမီးတွေက ဒီအတိုင်း ရုပ်ပြ မဟုတ်ဘဲ ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေးမှု အခွင့်အလမ်းတွေ သူတို့ကိုယ်တိုင် ရရှိပြီး ဒီနေရာကို ရောက်လာတယ် ဆိုရင်တော့ ပိုပြီးတော့ ကျမတို့ အတွက် ၀မ်းသာစရာ ဖြစ်ပါလိမ့်မယ်။ သူတို့က အခုမှ ၀င်လာကာစ ရှိတဲ့အတွက် ကျမတို့ သေချာ မပြောနိုင်သေးဘူး။

မေး။ ။ လွှတ်တော်ထဲမှာ လက်ရှိ အမျိုးသမီး ရာခိုင်နှုန်းက ခြောက်ရာခိုင်နှုန်းလောက်ပဲ ရှိနေသေးတယ်လို့ ပြောကြတယ်။ မနီလာသိန်း အနေနဲ့ရော အကျဉ်းထောင်က နောက်ဆုံး ထွက်လာပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ လုပ်ဆောင်ခွင့် ရနေပြီလို့ ထင်ပါသလဲ။

ဖြေ။ ။ အရင်ကတည်းက အမျိုးသမီးတွေရဲ့ လုပ်ဆောင်ခွင့် ကဏ္ဍတွေကတော့ အသီးသီး ရှိကြတယ်။ ဒါပေမယ့် လုပ်ဆောင်မှုရော၊ ပါဝင်မှုရောက အားနည်းတာတွေ ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် များလာဖို့ ဆိုရင် အမျိုးသမီးတွေမှာ အရေအတွက်ထက် အရည်အချင်းတွေရှိတဲ့ လွတ်တော် အမတ် အမျိုးသမီးတွေ ပိုများလာဖို့ ကျမတို့အနေနဲ့ ပိုပြီးတော့ လုပ်ဆောင် ဖို့တော့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေအတွက် တခုတည်းနဲ့ အရည်အချင်းကြောင့် အဲဒီ ရာခိုင်နှုန်းထက်လည်း ကျော်နိုင်အောင် ဆိုရင် ကျမတို့လည်း ကြိုးစားရအုန်းမယ်။

မေး။ ။ အခု လွှတ်တော်တွင်းမှာ ရောက်နေတဲ့ အမျိုးသမီး အမတ်တွေရဲ့ လုပ်ဆောင်မှုကရော ထဲထဲဝင်ဝင် လုပ်ဆောင် နိုင်ပြီလို့ ပြောလို့ရမလား။

ဖြေ။ ။ အခု လွှတ်တော်တွင်းမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတွေကတော့ သူ့အခန်းကဏ္ဍနဲ့ သူ ၀င်ရောက် လုပ်ဆောင် နေတာတွေ ရှိတယ်။ ကျမတခု ပြောချင်တာက လွှတ်တော်တွင်းမှာ ကျမတို့ အမျိုးသမီး အရေအတွက် များလာဖို့ ဆိုရင် ချက်ချင်းတော့ လုပ်ဆောင်လို့ မရဘူး။ အောက်ခြေမှာ အရည်အချင်းရှိပြီး အကြောက်တရားကြောင့် ခေါက်ရိုးကျိုး နေတယ်။ အမျိုးသမီးတွေ ထွက်လာနိုင်ဖို့ ကတော့ ကျမတို့ အများကြီး လုပ်ရဦးမယ်။ အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်၊ ၀န်းကျင်မှာပဲ ဖြစ်ဖြစ် နေရာ တိုင်းမှာ လုပ်ဆောင်ပေးဖို့ အခန်းကဏ္ဍတွေ အများကြီး လိုအပ်နေသေးတယ်။ ကျမ အမြဲတမ်း ပြောတဲ့ စကားတခု ရှိပါတယ်။ အမျိုးသမီး အခွင့်အရေးထက် အမျိုးသမီး ဖွံ့ဖြိုးမှုကို ကျမ ပိုလုပ်ချင်တယ်။ အဲဒါမှ အားလုံးဟာ အချိုး တူညီသွားလိမ့်မယ်။

မေး။ ။ မနီလာသိန်း အနေနဲ့ရော လာမယ့် ၂၀၁၅ မှာ လွှတ်တော် နိုင်ငံရေးထဲဝင်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။ ။ လွှတ်တော် နိုင်ငံရေးထဲ ၀င်ဖို့ မရှိပေမယ့်၊ ကျမတို့ လွှတ်တော်ပြင်ပကနေ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အားကောင်းအောင် လုပ်ပြီးတော့ လွှတ်တော်ထဲနဲ့ ဟန်ချက် ညီညီ သွားဖို့တော့ ရှိပါတယ်။ အခုလည်း လွှတ်တော်ထဲက အမတ်တချို့နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေတာ တွေလည်း ရှိပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှာ ပြည်ပကနေ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေလည်း ပြန်လည် ၀င်ရောက်လာသလို၊ စီးပွားရေး လုပ်ငန်းတွေမှာလည်း အမျိုးသမီး စွမ်းဆောင်ရှင်တွေ အများကြီး ထွက်ပေါ်လာတာ တွေ့ရတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ခေါင်းဆောင်မှုပိုင်း နေရာတွေကို အမျိုးသမီးတွေ ထမ်းဆောင်နိုင်ပြီလို့ ပြောလို့ ရမလား။

ဖြေ။ ။ အဲဒီမေးခွန်းက အရေးကြီးတဲ့ မေးခွန်းတခုပဲ။ ဘာလို့လဲဆိုတော့ အခုပြော အခုလုပ် အခုချက်ချင်း မရဘူး။ အဲဒီ အတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်။ တကယ် အရည်အချင်း ရှိတဲ့သူတွေက တကယ်တမ်း တာဝန် ပေးအပ်တဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေဖို့ လိုအပ်တယ်။ တချို့နေရာတွေမှာ အလုံးစုံ မဟုတ်ပေမယ့် အသင့်ဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။

မေး။ ။ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး တယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီး ခေါင်းဆောင်မှုပိုင်းက ဘယ်လောက်အထိ ရှိနေပါပြီလဲ။

ဖြေ။ ။ အမျိုးသမီး ခေါင်းဆောင်မှု အပိုင်းထက် အခု နိုင်ငံမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ သိမြင်မှု အရရော နောက်ပြီး ကိုယ့်အခွင့်အရေးကို ကိုယ် ကာကွယ်ရမယ့် အရာတွေရော၊ အားလုံးဟာ ပိတ်ဆို့မှု ခံခဲ့ရတယ်။ အဲဒီကြားထဲကမှ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု အရ နောက်ကို ရောက်နေတာတွေ ရှိတယ်။ အဲဒီအရာတွေကို ကျမတို့ အနေနဲ့ ဒီအတိုင်း ပြောဆိုနေတာထက် အောက်ခြေမှာရှိတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ အသိ၊ အမြင် ဗဟုသုတတွေ ကြွယ်ဝလာအောင် သူတို့ရဲ့ အခွင့်အရေးတွေ ကိုယ်တိုင် တောင်းဆိုရဲလာအောင်၊ သူတို့ကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ ရှိတယ်ဆိုတာ သိအောင်၊ အဲဒီ ဥပဒေတွေ အသက်ဝင်လာအောင် သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အနေအထားတွေ ရောက်အောင် လုပ်ဖို့လည်း အများကြီး လိုအပ် နေပါသေးတယ်။

http://burma.irrawaddy.org/?p=54044

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။