နည်းစနစ်ကျကျအတွေးအခေါ်
တစ်ရက်မှာ
လယ်သမားတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးတော့
ဖားတွေရောင်းချင်လို့ ဝယ်မလားလို့ မေးတော့ စားသောက်ဆိုင်ကလည်း
လိုချင်ကြောင်းပြောလိုက်ပါတယ်။
လယ်သမားတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးတော့
ဖားတွေရောင်းချင်လို့ ဝယ်မလားလို့ မေးတော့ စားသောက်ဆိုင်ကလည်း
လိုချင်ကြောင်းပြောလိုက်ပါတယ်။
ဒါနဲ့ လယ်သမားကလည်းသူ့ အိမ်ဘေးရှိလယ်ထဲတွင် ဖားများအတော်များများရှိပြီး
ဒီဖားတွေဟာ ညပိုင်းတွင်းအလွန်ဆူညံနေသောကြောင့် ၄င်းတို့ ကိုဖမ်းပြီးရောင်းရမည်
ဆိုပါက အများအပြားရနိုင်ကြောင်းပြောပြီး ဒီဖားသံတွေကြောင့်ညပိုင်းတွင်
အိပ်လို့ တောင်မရကြောင်းပြောကာ စားသောက်ဆိုင်အား ဖားအကောင်ရေ
ဘယ်လောက်လိုချင်လဲလို့ မေးတော့ စားသောက်ဆိုင်ကလည်း
တစ်ရက်ကို အကောင်း ၁၀၀လောက်လိုချင်ကြောင်းပြန်ဖြေလိုက်ပါတယ်။
ပထမတစ်ရက်ရောက်တော့ လယ်သမားလည်း စားသောက်ဆိုင်ကို
ဖားအသေးလေးနှစ်ကောင်သာကိုင်ပြီးရောက်လာပါတယ်။
ဒါနဲ့ စားသောက်ဆိုင်ပိုင်ရှင်က
"ဘယ်မှာလဲခင်ဗျားရဲ့ဖားအကောင် ၁၀၀"ဆိုတော့ လယ်သမားက
"တောင်းပန်ပါတယ် ကျွန်တော်မှားသွားတာပါ။
မနေ့ ကညကလယ်ထဲကိုလည်းဆင်းကြည့်လိုက်တော့ ဒီဖားစုံတွဲနှစ်ကောင်သာ
ရေကန်နားမှာတွေ့ ရပေမယ့် အမှန်တော့ အသံကတော်တော့်ကိုဆူညံနေပါတယ်"
လို့ ပြောလိုက်ပါတယ်။

ဒါ့ကြောင့် တစ်စုံတစ်ခုကိုလုပ်တော့မယ်ဆိုရင်တောင် အသံကိုနားမယောင်ပဲ
ကိုယ်တိုင် မြင်မှယုံကြည်တာအကောင်းဆုံး အလုပ်တစ်ခုဖြစ်မှာပါ။
ကိုယ်တိုင် မြင်မှယုံကြည်တာအကောင်းဆုံး အလုပ်တစ်ခုဖြစ်မှာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။