ads.com.mm
• ဘယ်သူ့ကိုယုံမှာလဲ •••
တစ်ခါတုန်းက ဆရာမတစ်ယောက်က ကျောင်းသားတစ်ယောက်ကို အတန်းရှေ့ထွက်ပြီးစာပြန်ခိုင်းပါတယ်။ " မှားနေတယ် " လို့ ဆရာမကပြောတော့ စာပြန်နေတဲ့ကောင် ထစ်ကုန်ရော ။ နောက်အစက ပြန်ရွတ်တယ်။ ဆရာမက "မှားပြန်ပြီတော်တော့ " အော်လွှတ်လိုက်တာ ကျောင်းသားလေးခမျာ မျက်နှာငယ်ငယ်နဲ့ သူ့နေရာမှာပြန်ထိုင်သွားပါတယ်။
နောက်တစ်ယောက်ကိုခေါ်ပြီးပြန်ခိုင်းပြန်ပါတယ်။ ကျောင်းသားစာပြန်နေတုန်း "မှားနေတယ် "လို့ ဆရာမအော်ပြန်တယ် ။ ဒါပေမယ့် အဲဒီကျောင်းသားက ဆရာမပြောတာဂရုမစိုက်ပါဘူး ။သူရွတ်နေတဲ့ စာကိုပဲ အဆုံးထိ ရွတ်သွားပါတယ်။ ပြီးတာနဲ့ သူ့နေရာသူအေးဆေးပဲ ပြန်ထိုင်သွားတယ် ။ ဒီတော့ဆရာမက " သား သိပ်တော်တာပဲ" လို့ချီးကျူးပါတယ်။
ပထမကျောင်းသား စိတ်ထဲမကျေမချမ်းဖြစ်သွားပြီး ဆရာမကိုစောဒကတက်ပါတယ် ။
" ဆရာမ ကျွန်တော်လည်း သူရွတ်သလို ကွက်တိရွတ်တာပဲလေ့ " တဲ့။ ဒီတော့ ဆရာမက
" သားက ဒီစာကို မကျေညက်သေးဘူ့း့ ဆရာမ ရပ်ခိုင်းတော့ မင်းရပ်သွားတာဟာ မင်းဒီစာကိုရပြီလို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သေးတာကိုပြတာပဲ ။ လောကကြီးက မှားတယ်လို့ပြောလာတဲ့အခါ မင်းလုပ်ရမှာက " မှန်တယ်" လို့ ပြန်ပြောပြီး အဲဒါကို သက်သေထူဖို့ပဲ့ " လို့ဆုံးမပါတယ် ။
လောကမှာ အပျက်သဘောဆောင်တဲ့ စကားတွေ နည်းပေါင်းစုံနဲ့ ကြားရလိမ့်မယ်။ " ဒါကို မင်းမလုပ်နိုင်ပါဘူး " " မဟုတ်ဘူး မင်းမှားနေတယ် " " မင်းအသက်ကြီးသွားပြီ " " မင်းငယ်လွန်းပါသေးတယ် " " မင့် ဗလနဲ့များကွာ " "မင်း ပညာမှမတတ်ဘဲ " " မင်း အသိုင်အဝိုင်းကဘယ်လောက်တောင့်လို့တုန်း " " မင်း ပိုက်ဆံမှမရှိဘဲ " " အဲဒါပြီးမှာမဟုတ်ပါဘူးကွာ "့ အစသဖြင့်ပေါ့ ။
မင်းကြားရတဲ့ အပျက်သဘောဆောင်စကားတွေတိုင်းဟာ မင်းအရာရာကို လက်လျှော့အရှုံးပေးသွားတဲ့အထိ မင်းရဲ့ယုံကြည်မှုတွေကို တိုက်စားသွားနိုင်တယ်။
ကဲ့ ဒီနေ့လောကကြီးက မင်းကို မဖြစ်နိုင်ပါဘူးလို့ ပြောလာတဲ့အခါ " ဖြစ်နိုင်ပါတယ်" လို့ ပြန်ပြောပြီး ဖြစ်နိုင်ကြောင်းသက်သေပြလိုက်စမ်းပါ့ ။ ။
( Steve Goodier ရဲ့ Improving self confidence ကို ရမ်းတုတ်လိုက်တာ )
Credit to -Original
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။