သုတဘဏ်
ဇီဝရေခဲသေတ္တာ
အသီးအနှံများကို စွမ်းအင်ချွေတာပြီး သဘာဝအတိုင်း အအေးဓါတ်ပေးနိုင်မည့် ရေခဲသေတ္တာတစ်မျိုးကို ရုရှားပညာရှင် Yuriy Dmitriev က တီထွင်လိုက်ပါတယ်။ ယင်းရေခဲသေတ္တာမျက်နှာပြင်ကို Biopolymer Gel တစ်မျိုးနဲ့ ဖန်တီးထားပြီး ၎င်း Gel ထဲသို့ အသီးအနှံများနှင့် သားငါးများကို ထည့်သွင်းမြုပ်နှံထားရုံဖြင့် သဘာဝအတိုင်း အအေးဓါတ်ရရှိကာ တာရှည်အသုံးခံနိုင်ပါတယ်။
အဆိုပါရေခဲသေတ္တာကို ရှေးယခင်က တိုင်းရင်းသားလူမျိုးအချို့၏ သားငါးများကို အေးခဲစေမည့် နည်းတစ်မျိုးကိုအခြေခံကာ ယနေ့ခေတ် အဆင့်မြင့် နည်းပညာများနှင့် ပေါင်းစပ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။
Source - ကြေးမုံသတင်းစာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။