True Man
စပရိန်လို လူသားများ
^^^^^^^^^^^^
ဘ၀မှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရယူထားနိုင်တဲ့ လူတွေဟာ စပရိန်လို လူသားတွေ ဖြစ်ပါတယ်။ သူတို့ က အခက်အခဲတွေဘယ်
လောက် ကျရောက်လာပါစေ၊ ဘယ်တော့မှ မဖြုံဘူး။ စိတ်ဓာတ် ကြံခိုင်မှုရှိတယ်။ တနည်း စိတ်ကျန်းမာရေး ကောင်းတာပေါ့။

အခက်ခဲက ကိုယ့်အပေါ်ကို များများရောက်လေလေ၊ ကိုယ်က များများကြိုးစားလေလေပဲ။ မိမိကိုယ် များများဖိခြင်းခံရလေလေ၊ မိမိ
က ပြန်ပြီး များများတွန်းကန်လေလေပဲ။ ဘယ်တော့မှ အလျှော့ မပေးဘူး။ အဲ့ဒါက စပရိန် လူသားမျိုးတွေပဲ။

ဘ၀ကို ဖြတ်သန်းတဲ့ လမ်းတလျှောက်မှာလည်း စပရိန်လို လူသားတွေရဲ့ စိတ်ဓာတ်ကို အတုယူကြရမယ်။ ပျော့ညံ့တဲ့ သူတွေဟာ ရော့တိ
ရော့ရဲ ဘ၀တွေကိုပဲ ပိုင်ဆိုင်ကြရတယ်။ လောကဓံတရားတွေကို ရင်ဆိုင်ရတဲ့ အခါ ရော့ရဲတဲ့ ဘ၀အိမ်တွေက ပျက်စီးလွယ်ပါတယ်။

စပရိန်လူသားတွေက စိတ်ပိုင်းဆိုင်ရာ အထူးကြံ့ခိုင်သန်မာတာ ဖြစ်လို့ လောကဓံတရားတွေရဲ့ ထိုးနှက်မှုကိုလည်း ခံနိုင်တယ်။ ဘ၀ရဲ့
စိန်ခေါ်မှုတွေကိုလည်း ယှဉ်ပြိုင်ထိုးသတ်နိုင်တယ်။ ဒါကြောင့် တို့ တွေက စပရိန်လို လူသားတွေ ဖြစ်ဖို့ လိုပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။