Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 30, 2014

ပျောင်းပျော့သော အောင်မြင်မှု


Mr. Magazine
ပျောင်းပျော့သော အောင်မြင်မှု

*********************

လင်းသိုက်ညွန့် (မြန်မာ့မြေ)

စာရေးသူတို့အနေနဲ့ ဘဝရဲ့အောင်မြင်မှုနဲ့ ပတ်သက်လို့ အယူအဆမျိုး စုံ၊ ချဉ်းကပ်မှုမျိုးစုံနဲ့ တွေ့ခဲ့ဆုံခဲ့ ဖတ်ခဲ့ဖူးကြမှာပါ။ တစ်ခါတလေ အ လေး အနက် ပြန်ပြီးစဉ်းစားဖူးပါတယ်။ အောင်မြင်မှု ဆိုတာ အမာထည် လား။ အောင်မြင်မှုဆိုတာ အ ပျော့ထည်လား။ အောင်မြင်မှုဆီကို သွားရောက်နိုင် ဖို့ တစ်သမတ်တည်းစူးစိုက်မှုဆိုတဲ့ မာကျောမှုက အရေးကြီးတာလား။ ပျောင်းပျော့ညင်သာမှုက အခရာကျတာလား..။

တစ်ခါတစ်ရံ အောင်မြင်မှုဆိုတာ သင်္ချာဖော် မြူလာတစ်ခုလို ပုံသေ ကားကျ ဖော်ထုတ်သတ်မှတ် လို့ မရတာကတော့ သိပ်ကိုသေချာသည်။ တချို့က

''တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်တဲ့''

ဟော၊ တချို့ကျတော့လည်း..

''သေချင်တဲ့ကျား၊ တောပြောင်းတဲ့''

တချို့ကျတော့လည်း ဘဝမှာအောင်မြင်ဖို့ ဘာကိုမှ မကြောက်ရဘူး။ ဘာကိုမှကြောက်စရာ မလိုဘူးတဲ့။ ဟောတကယ့်တကယ် လောကမှာရော မကြောက်ရင် တကယ်အောင်မြင်ပါသလား။ ထေရ ဝါဒဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဂေါတမဗုဒ္ဓကတော့ လွန်ခဲ့သောနှစ်ပေါင်း များစွာက တည်းက မဟုတ်တာကို လုပ်ရမှာကို ရှက်ရမည်။ မဟုတ်တာ လုပ်ရမှာကို ကြောက်ရမည်ဟုအတိအ လင်း ဟောကြားတော်မူခဲ့သည်။

ဟော၊ တချို့ကပြောကြရေးကြတာက..

''ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ၊ ဘာမှမရှိဘူး'' တဲ့။

တကယ့်တကယ်မှာလည်း အဲ့သလိုပါပဲ။ ဘဝ မှာမဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။

''ဒါပေမဲ့ တစ်ကြိမ်တည်းတော့၊ အားလုံးမရပါ ဘူး''

''Early bird gets the worm''

''စောစောထတဲ့ငှက်က အစာရတယ်''

ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဒါပေမဲ့ ဒီဆိုရိုး စကားကို တစ်ဖက် က ပြန်စဉ်းစားကြည့်တော့၊ ဒါက ငှက်တွေဘက်ချည်းပဲ ပြောနေ သလိုဖြစ်နေတယ်ဆို တာကို သွားတွေ့ရတယ်။ တကယ်လို့ သင်က 'ငှက်' မဟုတ်ဘဲ။ 'ငှက်' တွေရဲ့ အစာ၊ ပိုးကောင်(Worm) ဖြစ်နေတယ်ဆိုပါစို့။

''တတ်နိုင်သမျှ နောက်ကျနိုင်သမျှ နောက်ကျ ပြီး အိပ်နေတာက ပိုကောင်းပါတယ်''

ဒီပုံလေးလိုပေါ့..။

ဒီလိုပါပဲ။ အောင်မြင်မှုဆိုတာ တစ်သမတ် တည်းသွားလို့မရပါဘူး။ တစ်ခါတလေ ကိုယ်က မှန် နေပေမယ့်လည်း တခြားသူတွေကို မှားတယ် လို့ ပြောလို့မရပါဘူး။ သူလည်းမှန်၊ ကိုယ်လည်းမှန်တဲ့ ကြား က ပြဿနာတွေ ဖြစ်နေတာအများကြီးရှိပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး အဖြစ်အပျက်လေးတစ်ခု ပြောပြလိုပါတယ်။

ရန်ကုန်မှာ ''အများသုံးအိမ်သာ'' တွေရှိတာ အားလုံးသိကြမှာပါ။ တစ်နေ့တော့ မြို့ထဲကိုသွားရင်း အန္တရာယ်မလွယ်နိုင်တာနဲ့ စာရေးသူလည်း အများ သုံးအိမ်သာတစ်လုံးကိုဝင်ပြီး အန္တရာယ်ကို ဖြေရှင်း ပါတယ်။ အဲ့သလို ဖြေရှင်းနေတုန်း သုံးမိနစ်လောက် လည်းကြာရော၊ ဘေးနားက အိမ်သာကနေ အသံ တစ်သံထွက်လာပါတယ်။

''မိတ်ဆွေ အဆင်ပြေလား'' တဲ့။ အဲဒီအသံ ကိုလည်း ကြားရော၊ စာရေးသူလည်း ရုတ်တရက် ကြောင်သွားပြီး ပြန်ပြောလိုက်ပါတယ်။

''ဟုတ်ကဲ့ အဆင်ပြေပါတယ်''

ဒါလည်း မပြီးသေးပါဘူး။ ဟိုဘက်က တစ် ဆင့်တက်လာပြီး ဆက်ပြောပါတယ်။

''အဲဒါဆိုရင် ကိုယ်အဲဒီဘက်ကို လာလို့ ရလား'' တဲ့။ ဟာ ဘာလဲဟ။ စာရေးသူလည်း တော် တော်လေးလန့်သွားပါတယ်။ အခြောက်လား။ ဂေး လား။ ဘာလဲပေါ့။ ဒါပေမဲ့ ပြောနေကျဆိုတော့အ ကျင့်ပါပြီး။

''ဟုတ်ကဲ့။ လာခဲ့လို့ရပါတယ်''

ဆိုပြီး ပြန်ပြောလိုက်မိပါတယ်။ အဲသလို လည်းပြောရော ဟိုဘက် အိမ်သာကလူက စိတ်ဆိုး မာန်ဆိုးနဲ့ အိမ်သာနံရံကို တဒိုင်းဒိုင်းထုပြီး ဘာပြန် ပြောသလဲဆိုတော့။

''တော်ပြီကွာ၊ ငါပြီးမှ ပြန်ဆက်လိုက်မယ်။ ဒီမှာ ဘယ်က ကလေကချေကောင်လည်းမသိဘူး။ ဟိုဘက်ကနေ ငါဖုန်းပြောနေတာကို လိုက်ပြီးပြော နေတယ်''

သြော်၊ အဲဒီတော့မှ စာရေးသူလည်းသိတော့ တယ်။ သူက ဟိုဘက်မှာ ဖုန်းပြောနေတာကိုး။ ဒါပေမဲ့ သူမမှားသလို၊ စာရေးသူလည်းမမှားဘူး လေ။ သူက အဆင်ပြေလားလို့မေးလို့ အဆင်ပြေ တယ်လို့ ပြန်ပြောတယ်။ သူက ဒီဘက်ကို လာခဲ့လို့ ရလားလို့ မေးလို့ လာခဲ့လို့ရတယ်လို့ပြန်ပြောတာပဲ လေ။ ဒါဆိုရင် တစ်ခါတလေ ဒီလိုပဲ နှစ်ဖက်လုံးက မှန်နေမယ့်ပြဿနာတက်တတ် တယ်မို့လား။ ဘဝမှာ အောင်မြင်မှုဆီကို ချီတက်တဲ့နေရာမှာလည်း အဲ့သ လိုပါပဲ။ ဘယ်အရာကိုမှ ပုံသေကားကျ၊ လှေနံဓား ထစ်မှတ်ယူထားလို့
မရပါဘူး။ ဘဝမှာ ထိပ်တန်း ရောက်အောင်မြင်ဖို့ တချို့အရာတွေ မှာ ပျော့ပျောင်း ဖို့ လိုအပ်ပါတယ်။

ဒါဟာ ''ပျောင်းပျော့သော၊ အောင်မြင်မှု'' ပါပဲ။

See you at the top
လင်းသိုက်ညွန့် (မြန်မာ့မြေ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။