Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 27, 2014

ပြန်လည်ရှာဖွေတွေ့ရှိမိရသော ဂစ်တာစပရစ်နှင့် ထုံကူးသင့်သော ဂီတဝတ်မှုံ


Khaing Soelynn
ပြန်လည်ရှာဖွေတွေ့ရှိမိရသော ဂစ်တာစပရစ်နှင့် ထုံကူးသင့်သော ဂီတဝတ်မှုံ

ယခုခောတ်ကာလတွင် ဟော်လိုဂစ်တာတစ်လုံးမည်ရွေ့မည်မျှတန်သည်ကို ကျွန်တော်
မသိပါ ။ ကျွန်တော် ၆တန်းလောက်က ရရှိခဲ့ဖူးသောဂစ်တာလေးတစ်လက်ကမူ အဖိုး
စားနား ကြီးလှပါသည်။ တတန်းလုံးတွင် ပထမဆုရအောင်ကြိုးစား၍ ပိုင်ဆိုင်ခဲ့ရဖူး
ပါသည် ။ သဘောတူညီထားချက်များအတိုင်း မေမေက ၀ယ်ပေးခဲ့ခြင်းဖြစ်ပါသည် ။ အမှတ်မမှားရင် ၆၅၀ ကျပ်လောက်သာ ဖြစ်ပါလိမ့်မည် ။ လက်ထိပ်ဖျားလေးတွေ နာကျင် အသားမာတက်အောင် တီးခဲ့ရသည်ကိုမှတ်မိနေပါသေးသည်။ အိမ်မျက်စောင်းထိုး
ကွပ်ပျစ်လေးပေါ်တွင် မွန်းအောင် ၊ ခင်မောင်တိုး ၊ ဖိုးချို ၊ စိုးပိုင် စသူတို့၏သီချင်းများ
ကိုဂစ်တာနှစ်လက်ဖြင့် တီးခတ်နေသော ဦးလေးတော်စပ်သူနဲ့ အစ်ကိုအရွယ်များက
ကြားဆရာများ ဖြစ်ပြီး ညစဉ်အချိန်မှန် နားကျင့်ရခဲ့သော သူတို့လက်သံများပါပေ ။
ကိုယ်တွေက " ဘောင်းဘီထဲလက်နှိုက်ပြီး ".. " ငှက်ကလေးများတို့ရယ်"...
ဇော်ဝင်းထွဋ်ကို သည်းချေခိုက်နေချိန်။ လျှပ်စစ်မိုးကောင်းကင် စီးရီးဖြင့် ချစ်ကောင်း
ဂျေမောင်မောင်၊ဇော်ဝင်းထွဋ်ထရိုင်အိုဖြင့် အင်ပါယာကို ရေရေလည်လည်ကြွေနေချိန်။
သူရဲကောင်းလေးများတွင် စောဘွဲ့မှုး မတီးဘူး မပါလာဘူးဆို၍ မကြည့်ချင်သလို
စိတ်ဇောကြီးခဲ့ချိန် ။ ရောခ်တစ္ဆေစီးရီး A ဆိုဒ် B ဆိုဒ် အဆုံးများတွင် ပါလာသော
ဂျိုး၏ ဂစ်တာဆိုလိုကို ထပ်ပြန်တလဲလဲ နားထောင်နေကြချိန် ။

ချစ်စမ်းမောင်တို့မှာ ထိုခောတ်က နာမည်ကျော် စိုးသူတို့ ကော်နီတို့လို စလီဗျစ်တီများ
က မြို့က တည်းခိုခန်း ခပ်ကောင်းကောင်းမှန်သမျှ သိမ်းပိုက်ထား၍ ငယ်သူငယ်ချင်း
တစ်ယောက်၏ ခပ်လတ်လတ်တည်းခိုခန်းတစ်ခုရှိ အခန်းကျဉ်းလေးများတွင် တည်းခို
တီးခတ်သွားရသည်ကိုမှတ်မိနေပါသေး ။ သူတို့အတီးသမားတွေနဲ့ ရောလျက်ပါပြီး
စင်နောက်ကကြည့်ခွင့်လွယ်ခဲ့သည်ကိုပင် စောဘွဲမှုးပါမလာ၍ စိတ်ကအင်တင်တင်မှာ
နှုတ်ကပါ တဗျစ်တောက်တောက်ထွက်သွား၍ သူငယ်ချင်းက တိုးတိုးပြောပါ ကြားသွား
ရင်မကောင်းပဲနေမယ် တားခဲ့ရသည်မှာ ပြောလို့သာယုံရတော့မည်။ ချစ်စမ်းမောင်သည်
ယနေ့ဝယ် အတုမရှိသော ဂစ်တာနတ်ဘုရားတစ်ပါးနှယ် ဖြစ်နေခဲ့ပါပြီ ။(ထိုစဉ်က
စတိတ်ရှိုးများမှာ အဆိုတော်ဆယ်လေးငါးယောက်ဖြင့် မိုးလင်းလုအထိ ဖြစ်ပါသည် ။ )

၂၀၁၄ ခုနှစ်၏ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင်မူ ကိုးတန်းလောက်က ဂစ်တာစပရစ်ကို
ပြန်လည် ရှာဖွေတွေ့ရှိရပြန်သည် ။ မိုင်ဒါကွင်းတွင် မြန်မာပြည်တွင် ပထမဆုံးဂစ်တာ
အင်စတူမင်တယ်လ်ရှိုးတစ်ခု ကြည့်လိုက်ရသောအခါ ဆယ်လေးငါးနှစ် ညောင်းညာ
ခဲ့သော ဂစ်တာဝိညည်သည် တဖန် ပြန်လည် ရှင်သန်လာခဲ့ရပြန်သည် ။ ငယ်ငယ်တုန်း
က အတူတူ တွဲတီးခဲ့ဖူးသောသူငယ်ချင်းမှာ နေ့ခင်းတစ်ခါ ဆက် ၊ လေးနာရီလောက်
တစ်ခါဆက် နောက်အခေါက်ခေါက်ဆက် ထက်သန်နေသည်မှာ ရောဂါအငွေ့အသက်
အကင်းလေးသည် အညှောင့်တွေ ပြန်ပေါက်လာသလားထင်ရသည် ။

ကျွန်တော်တို့တင်လားမဟုတ်ပါ ။ ကွင်းထဲတွင် အဆိုမပါ အတီးချည့်သက်သက်ကို
လာခံစားသူများမှာလေးငါးထောင် မကလောက်ပါ ။ သူတို့တင်လည်းမကပါ ။
စင်ပေါ်ကတီးသော ပရော်ဖက်ရှင်နယ်များပင် ဂစ်တာဝိညည်တွေ အသစ်ပြန်လည်
ထွန်းညှိနိုင်ခဲ့ကြပါသည် ။

ပရိသတ်ထဲတွင်ပင် တပိုင်းပရို တစ်ဖဲ့ပရိုကစ၍ ဂစ်တာကိုအတော်အတန် တီးနိုင်
တီးခဲ့ဖူးသူ ရူးသွပ်ဖူးသူတွေချည့်ဆိုတာလည်းထင်ရှားလှပါသည် ။ အိပ်မက်ဆုံရာဖြင့် လူသိများလာသော The ugly က ကိုဇော်မင်းသိန်းဆိုလျှင် လွန်ခဲ့တဲ့ နှစ် ၂၀ကျော်
အောင့်ခဲ့ရသောမိုးသည်းထဲက ငိုသောမိန်းမပျို ဟူသောပန်းချီကားနောက်ခံဖြင့် တီးခတ်ဖို့အခွင့်ကိုအစိုးရကခွင့်မပြု၍ ယခုမှ တီးခတ်နိုင်ခဲ့သည် ။ ထို့အတူ
ဂစ်တာရော နိုင်ငံရေးနောက်ခံပါ ရေယှက်နေသည့် ရွှေသံစဉ် ကိုဝင်းမော်သည်လည်း ဂစ်တာနဲ့ ရွှေဝါရောင် ဆုတောင်းသံများကိုတီးပြသွားပါသည်။ သေချာသည်မှာ
လစ်ဘရယ်လိုက်ဇေးရှင်း မဟတဟမှာ အနုပညာပိုင်းတွေမှာ အောင့်လုံးတွေ
ထွက်လာရသည်တွင် ဂစ်တာအထိရောက်ခဲ့ပြီလည်းဆိုနိုင်ပါသည် ။ ကျွန်တော်
မျှော်လင့်သော ကွယ်လွန်သူမဇ္ဈိမလှိုင်း ကိုဇော်မျိုးထွဋ်အမှတ်တရကိုThe Aces မှ
ဝါရင့် ဂစ်တာသမား ပက်ထရစ်က ကိုဇော်မျိုးထွဋ်တီးခဲ့သည်များကို နမ်းစတော့
ပေါင်းစပ်တီးခတ်ပြသွားခဲ့ပါသည်။

ချစ်စမ်းမောင်နောက် ဘယ်သူမှပေါ်မလာဟုထင်မှတ်ခဲ့သည်မှာ လုံးဝ လွဲချော်ပါသည် ။
ဘိုဘိုဟု ကြားလိုက်ရသောဂစ်တာသမားမှာယနေ့ကမ္ဘာကျော် တရုတ်ဂစ်တာသမား
လောက် ဗြောင်းဆန်အောင် တီးခတ်ပြသွားပါသည် ။ နောက် ဘလစ်ဇတ် အဖွဲ့ဟု
သိလိုက်ရပြီး ဂစ်တာသမားအမည် သေချာမကြားလိုက်ရသောနောက်တစ်ယောက်
မှာလည်း ချစ်စမ်းမောင် အလှည့်တွင် ဘေ့စ်ပါ တီးခတ်ပေးလျက် စွယ်စုံရသူတစ်ဦး
ဖြစ်သည်မှာ အထင်အရှားတွင် စတီဗိုင်းနှင့် ဘီလီသျှီယံတွဲလုံးများသို့အထိလိဒ် ဘေ့စ် မျဉ်းပြိုင်နုပ်အစိပ်တွေ လိုက်ဖက်ညီစွာ ခင်းပြသွားသည်မှာ လွှတ်လှဟု အညာဆန်ဆန်
ပြောရပါတော့မည် ။ မန်းလေးကနာမည်ကျော် Dream Lover ကို band လိုက် ကြည့်ရ
သည်တွင် ဂစ်တာသမားကလည်းတော်တော်ကို Melodic,speed , touching ထောင့်စုံ
ခင်းသွားနိုင်သည်ကိုတွေ့ရပါသည် ။ ဒရမ်မာမှာ ချစ်စမ်းမောင်အလှည့်တွင် ဝင်ပြီး
တီးခတ်ပေးသွားခြင်းအားဖြင့် ရန်ကုန် မန်းလေး ဂီတညီအစ်ကို ပေါင်းစည်းမှုတွေ
ကိုလည်းယခုလိုပွဲမျိုးမှအပအဘယ်မှာတွေ့ရှိ နိုင်မည်နည်း ။ ပထမဆုံး တီးသော
နိုင်ဇော်က နိုင်ငံတော်သီချင်းတီးသလိုချစ်စမ်းမောင်က melodic တီးရာတွင်
နောက်ခံဘက်ဂရောင်းတွင် ကရင်အလံတလူလူလွှင့်တင်လျက် ရိုးရာအသံကို
ကေဘီကထုတ်ပြီး ချစ်စမ်းမောင်က သူ့အတီးသမစဉ်အကုန် ပေါင်းစပ်ထုတ်နှုတ်ပြသ
သွားသည်မှာဂစ်တာရော ကရင်နိမိတ်ပုံပါ ထွန်းညှိသွားနိုင်သည်မှာ ကြည်နူးစရာ
ကောင်းလှ ပါသည် ။ချစ်စမ်းမောင်သမီးအငယ်လေးပင်လျှင် ပရိသတ်ရှေ့ ဖရိမ်ရော
အလုံးပါ စိတ်ယုံကြည်မှုရှိရှိတီးနိုင်နေခဲ့ပြီဆိုတာလည်းတွေ့မြင်ခဲ့ရသည် ။ စောဘွဲ့မှုး
အမှတ်တရပွဲများတွင် သီချင်းဆိုသောကလေးမလေးသည် ဂစ်တာရစ် ရင့်မကြီး ဖြစ်နေ
ပြီ ။ သူတို့ မိန်းကလေးဝိုင်းက နုနုရှိန် ဆိုသောမိန်းကလေးမှာလည်း မိန်းကလေး
တစ်ယောက်အနေနဲ့ တော့ တော်ရုံယောကျာင်္းလေးနဲ့ ယှဉ် တီးခတ်နိုင်အောင် ပိရိသေသပ်စွာတီးနိုင်တာ အံ့သြစရာကောင်းလောက်အောင်ပင်ဖြစ်ပါသည် ။
နောက် မတွေ့ရတာ ကြာပြီဖြစ်သောစောဘွဲ့မှုးသားအငယ် ဘိုတောက်၏ ဒရမ်
ရိုက်ချက် အမိစားများနှင့် စပိဒ်တစ်ခောတ် ခပ်စောစောကတည်းက အမြန်တွေ
ကျွမ်းကျင်စွာပိရိစွာ တီးခတ်နိုင်ခဲ့သော ကိုboyzတို့ အဖွဲ့မှာလည်း မိလွန်းပါသည် ။
ကိုရန်နိုင် ကိုရန်နိုင်မို့ ၊ ကိုဇော်လတ် ကိုဇော်လတ်မို့ ရေးရရင် မကုန်နိုင်ပါ ။
ဥက္ကာဦးသာတို့၏ +Three မှ ကိုအောင်သူမှာလည်း ကန်းထရီးတွေ oldiesတွေ
တီးတာမြင်ဖူး၍ ယခု အမြန်တွေတီးတော့လည်း မိုက်သဟဟု မြင်ရချိန်
ဂယ်ရီမိုး ဆိုလိုတစ်ပုဒ်ပါ ငြုငင်ယုယ တီးပြ သွားပြန်ပါသည် ။

ပထမဆုံးစီစဉ်ကျင်းပရခြင်းဖြစ်၍ အော်ဒီယိုဆက်တင်ပိုင်းတွေ(တချို့ အဖွဲ့ first ဂစ်တာ
ဆိုလိုသမားအသံကလျော့လျက် secondဂစ်တာသံကြီးကဟိန်းထွက် ကေဘီသံ
ဒရမ်သံကလွှမ်းနေခြင်းမျိုး) ၊ နောက် ဂစ်တာသမားအချိန်းတွင် ဂစ်တာဆက်တင်များ
ဆင်ယင်ရခြင်းကြောင့် လေလွင့်ချိန်များကလွဲလျှင် အတော်ပြည့်စုံသောဂစ်တာပွဲတစ်ပွဲ
အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တာသေချာပါသည် ။ဒါပေမယ့် တကယ့်နာမည်ကျော်တွေ
တီးခတ်နေချိန်တွင်တော့ ထိုသို့ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့တာတော်ပါသေး၏။

နောက်ဆုံးပိတ် ကိုငှက် ရာဇ၀င်များရဲ့ သတို့သမီးနဲ့ ပိတ်ဖို့ စင်ပေါ် ဂစ်တာသမား
အကုန် တက်တီးချိန်တွင် ည ၂ နာရီကျော်သွားခဲ့ပေသည် ။ ပွဲအပြီး တက္ကစီသမားက
တားသမျှကောက်တင်တော့ ကားပေါ်မှာ ၂၅ နှစ်ကျော်တစ်ယောက် ကျွန်တော် ၃၀ကျော် နောက်နှစ်ယောက်မှာ ၄၂ နှင့် ၄၅ လူလတ်ပိုင်းတွေချည့် ။ မှန်ပါသည် ။
ဘဲကြီးတွေ ဘီးကျဲတွေချည့် သီးသန်းစုထားသလို မိုင်ဒါကွင်းတစ်ခုလုံး လူလတ်ပိုင်းတွေ။
ပုံမှန်စတိတ်ရှိုးများကဲ့သို့ ဆယ်ကျော်သက်များသိပ်မတွေ့ရသည်မှာမျိုးဆက် ပြတ်ခြင်း
သဘောတော့ အနည်းငယ်ဆောင်ပါသည် ။ ခောတ်လူငယ်တွေ ဂစ်တာသိပ် မတီး
ကြတော့ ။ ဂစ်တာတီးတာလည်းသိပ်နားမထောင်ကြတော့ ။ ဂိမ်းတွေ ပေါ့မြူးဇစ်တွေနဲ့
တသားတည်း အံကျနေကြပြီ ။ ကျွန်တော်တို့ခောတ်ကတော့ ဂစ်တာဆိုတာ လူငယ်ဘ၀ အဆောင်အယောင်။ စိတ်ညစ်တာတွေ ဖောက်ထုတ်မည် ။ ဂစ်တာတီးရင်း ဒုက္ခတွေ
အကျိတ်အခဲတွေ ကြိတ်ချေပစ်မည်။ အထီးကျန်ချိန်များ စိတ်အားငယ်ကျဆင်းချိန်များမှာ
တိုးတိုးဖော် ရဲဘော်ရဲဘက်သူငယ်ချင်း ၊ ဂစ်တာ၏ a part of life သည် ထိုမျှ
ကျယ်ပြောခဲ့ကြရပါသည် ။ ကုန်ကုန်ပြောရရင် ဘယ်သူမှန်း မသိရသေးသော
ချစ်သူလေးလို ရင်ခွင်မှာ ကြင်နာယုယစွာ ပွေ့ဖက်ထားရလေသော …..။

မည်သို့ပင်ဆိုစေကာမူ ယခုပွဲလေးကတော့ ငယ်စိတ်တွေ ပြန်ကြွစေခဲ့သော ၊ ဂစ်တာစပရစ်တွေ ပြန်လည်ထွန်းညှိပေးနိုင်ခဲ့သော ၊ တော်ရုံဆယ်စုနှစ် တစ်ခုစာ
ဂစ်တာချဉ်ခြင်းတွေ ပြေလျော့ စေနိုင်ခဲ့သောပွဲကလေးဖြစ်ပါသည် ။ ထို့အတူ
အနည်းငယ်မျှသော တက်ရောက်လာသည့် ဆယ်ကျော်သက်များကိုပါ ဂစ်တာကို
အာရုံပြန်ကျစေနိုင်သော ပြတ်လုတည်းတည်းဂစ်တာမျိုးဆက်သစ်များကို ထုံကူး
ဝတ်မှုန်ကူးစေနိုင်ခဲ့စေသည်ဆိုလည်း မမှားနိုင်ပါ ။ ဒီလိုပွဲလေးတွေ ၃ လတစ်ကြိမ်
၆ လတစ်ကြိမ်လောက်တော့ ရှိအပ်ပါသည် ။ ဂီတတူရိယာအရောင်းကုမ္ပဏီတစ်ခုမှ စပွန်စာပေးလျက် ဂစ်တာသမားများက ကိုယ့်စိတ်နဲ့ကိုယ် လာတီးခဲ့ကြရသည်ဟုပဲ
ယေဘုယျ မှတ်ယူပါသည်။ နောင် သုံးလေးထောင်မျှဖြင့်အခပေးပွဲများကို 3G 4G လုပ်တာမျိုးများ ဈေးကွက်ဖြစ်လာနိုင်သလို သုံးယောက် လေးယောက်က ဒိထက်
ပိုအောင် သူတို့ တဲလင့်တွေ အစွမ်းကုန် ပြသနိုင်မည်ဖြစ်ပြီး ကြည့်ရှုသူပရိသတ်
များလည်း ဂစ်တာသမားတစ်ယောက်ချင်းစီ၏ စတိုင်လ်တွေကို ဖမ်းယူကျက်မိ
နိုင်ကြမည်ဟုထင်ပါသည် ။ ဂစ်တာသမားတွေချည့် အယောက် ၂၀ လောက်ကျတော့
အာရုံများကို အနည်းငယ် ရောထွေးသွားစေပါသည် ။

ပြီးခဲ့သော နှစ်များကပဋိပက္ခများတွင် ကောက်ချက်တချို့ ဖတ်လိုက်ရသည်မှာ
လူငယ်တွေ ရသစာပေအထိအတွေ့နည်းလို့ ထစ်ကနဲသွေးပူသွေးဆူတတ်ကြခြင်း
များဖြင့် အွန်လိုင်းပေါ်တွင် သိသိသာသာ ဒေါသခိုးလျှံကြသည်ကို ထောက်ပြသည်
များလည်းရှိပေရာ လူငယ်တွေအတွက် ဂစ်တာမှမဟုတ် မည်သည့် ဂီတတူရိယာ
မဆို အသုံးပြုလျက် ဂီတကိုခံစားတတ်သော စိတ်ကိုနူးညံ့ပျော့ပြောင်းစေသော
သုခုမအနုပညာများသည်လည်း စိတ်အဟာရအဖြစ် အနိမ့်ဆုံး လိုအပ်နေပါသည် ။
ခန္ဓာကိုယ် ရှင်သန်ဖို့ ရုပ်အစာစားရသလို ရုပ်ကမ္ဘာကိုမောင်းနှင်သော စိတ်ပိုင်းဆိုင်ရာ
များရင့်ကျက်ဖွံ့ဖြိုး နူးညံလာဖို့ ဂီတသည်လည်း ဆေးကောင်းဝါးကောင်းပင်ဖြစ်ပါသည် ဟိုတစ်ခောက်ကလို လူငယ်လေးတစ်ယောက်၏ ဘ၀သည် ဂစ်တာ၏ အခန်းကဏ္ဍ
ဖြည့်စွက်လျက် နူးညံ့စွာ ရင့်ကျက်ဖို့ သင်ကြားခဲ့ရသည်များကို မမေ့နိုင်ဖြစ်ခဲ့ရသည်မှာ
ဘယ်အချိန် လွမ်းလွမ်း ရင်ထဲတွေမှာ မှိုင်းညို့ နေဆဲဟု မှတ်ထင်ပါသည်။ သူ့ခောတ်
သူ့အခါ ခောတ်စားသောသီချင်းမှန်သမျှ ကိုယ့်ဘ၀ ကိုယ့်အသိလေးတွေကိုယ်စီနှင့်
စီးမျောရင်း တစ်ကိုယ်တော် စိတ်ဖြေစိတ်ကျေနပ်ခဲ့ရသည်များစွာတွင် သူငယ်ချင်း
များဖြင့် အုပ်စုဖွဲ့၍ အသင်းအဖွဲ့ စိတ်ဓါတ်ဖြင့် တိုင်မင်ကိုက် တီးခတ်သီဆို
တသွေးတည်းတသားတည်းလို ကျခဲ့ကြရသည်မှာဂစ်တာအခြေခံသောဂီတကြောင့်
သာဖြစ်ပါသည် ။ ဂစ်တာစပရစ်များအဓွန့် ရှည်ပါစေသော်ဝ် ….။ ဂီတဝတ်မှုန်များ
ထုံကူးလျက် စိတ်ယဉ်ကျေးမှုများ ထွန်းကားပါစေသော်ဝ် ...။

photo credit to Irrawaddy
Zarli Hein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။