Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 26, 2014

လူငယ်တွေရဲ့ အသည်းစွဲ


TechSpace Journal
လူငယ်တွေရဲ့ အသည်းစွဲ
======================
(Tech Space ကွန်ပျူတာ၊သိပ္ပံနှင့် နည်းပညာဂျာနယ် Vol-2 Issue-40 တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
လင်းလင်း(IA)

လူငယ်တော်တော်များများ အနေနဲ့ ဘယ်လို ကားမျိုးလိုချင် တက်မက်တယ်၊ စီးနင်းမောင်းနှင်ချင်ကြတယ် ဆိုတဲ့ စစ်တမ်း ကောက်ယူ သုံးသပ် တင်ပြတာမျိုး ကျွန်တော်တို့နိုင်ငံမှာ မရှိပေမယ့် ကျွန်တော် ကိုယ်တိုင်တောင်မှာ စိတ်ကြိုက်ကားတစ်စီးလောက် ပိုင်ဆိုင်မောင်းနှင်ခွင့် ရမယ် ဆိုရင် Sportတစ်စီးလောက် လိုချင်မိနေတာပါ။ ဘာကြောင့်လဲ ဆိုတော့ ပထမတစ်ချက်က လူငယ်တွေ ဖြစ်တာကြောင့်ပါ။ စိတ်မြန်တယ်၊ သွက်လက်တယ်၊ ကိုယ်ကိုယ်တိုင် သွက်လက် မြန်ဆန်ကြသလို ကိုယ်နဲ့ တွဲဖက်၊ အသုံးအဆောင် အရာအားလုံး သွက်လက် မြန်ဆန်တာမျိုးလိုချင်ကြတဲ့ သဘာဝကြောင့် ကားဆိုရင်လည်း အဲဒီလို မြန်ဆန် သွက်လက်တဲ့ Sportလို ကားတွေကို လူငယ်တွေ ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ 


နောက်တစ်ချက်ကတော့ ဒီဇိုင်း အပိုင်းပါ။ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဇိမ်ခံ လူစီးကားအဖြစ်နဲ့ သတ်မှတ်ထားတဲ့ Roll Royceရဲ့ Sedanတွေတောင်မှ Featureအပိုင်းနဲ့ ကျန်တဲ့ စွမ်းဆောင်ရည်လို အပိုင်းတွေမှာသာ အကောင်းဆုံး အဖြစ် ရပ်တည်နိုင်နေတာ ဖြစ်ပေမယ့် ဒီဇိုင်း အပိုင်းကတော့ Sportတွေလောက် လူကြိုက်မများတာ လက်တွေ့ပါပဲ။ အလွယ်ကြည့်ရင်တောင်မှ ရာစုနှစ်၊ ဆယ်စုနှစ်ရဲ့ ဆွဲဆောင်မှု အရှိဆုံးဆိုတဲ့ ကားတွေဟာ Ferrariရဲ့ မော်ဒယ်တွေ အများစု ရပ်တည်နိုင်ကြတာကို ကြည့်ရင်ပဲ အဖြေပေါ်ပါတယ်။ ဒါကြောင့် Sportတွေရဲ့ အဓိက အားသာချက်ကို ပြောပါဆိုရင် မြန်ဆန်တယ်၊ ဒီဇိုင်းလှတယ်၊ ဒါကြောင့် လူငယ်ကြိုက်တယ်၊ ဒါပါပဲ။


Sportကားတွေကို Sport Car အဖြစ်နဲ့ရော Sportcarအဖြစ်နဲ့ပါ သုံးနှုန်း ကြပြီးတော့ ယေဘူယျကြည့်မယ်ဆိုရင် သူတို့ဟာ အရွယ်သေးငယ်ပြီးတော့ နှစ်ယောက်စာ ထိုင်ခုံပဲ တပ်ဆင်ထားတတ်ပါတယ်။ နောက်ပြီး တံခါး ပေါက်တပ်ဆင်မှု အပိုင်းမှာလည်း တံခါးနှစ်ချပ်တည်းသာ တပ်ဆင်ထုတ်လုပ်လေ့ရှိတာကို တွေ့ရပါတယ်။


ဒီနေရာမှာ Sportကား ထုတ်လုပ်သူတော်တော်များများက စွမ်းဆောင်ရည် မြင့်မားပြီး အမြန်နှုန်း မြင့်မြင့် မောင်းနှင်နိုင်မယ့် ကားတွေကို ဖန်တီး ထုတ်လုပ်လေ့ရှိတာ တွေ့ရပြီးတော့ အမြန်နှုန်း မြင့်တဲ့ ကားတွေရဲ့ အသက်ဖြစ်တဲ့ လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှုမှာလည်း အထူးကောင်းမွန်အောင် ထုတ်လုပ်ကြသလို ဘရိတ်ပိုင်းမှာလည်း အရည်အသွေးကို ကမ္ဘာ့အဆင့်ရှိအောင် ထုတ်လုပ်တတ်ကြပါတယ်။
Sportကားတွေရဲ့ အရင်ဆုံး မြစ်ဖျားကို ကြည့်မယ် ဆိုရင် Touring Carတွေနဲ့ Roadsterတွေကနေ ဆင်းသက်လာတယ်လို့ ပြောနိုင်မှာ ဖြစ်ပြီးတော့ ဒီကားတွေကို တောင်ကြားလို လမ်းကြောတွေမှာ ပြိုင်ပွဲတွေ ကျင်းပရာကနေ Sportတွေ မွေးဖွားလာတာ ဖြစ်ပါတယ်။


ကမ္ဘာ့ပထမဆုံး Sportတစ်စီးကို လက်ညှိုးထိုးပြပါဆိုရင် ၁၉၁၀ခုနှစ် အတွင်း မင်းသား ဟင်နရီ စီးနင်းခဲ့တဲ့ ၃လီတာသုံး အင်ဂျင်တပ် Vauxhall ကား ဒါမှမဟုတ်ရင် Austro-Diamlerလို့ ပြောရမှာ ဖြစ်ပါတယ်။

ဘယ်ကားက ကမ္ဘာ့ ပထမဆုံး Sportကားပဲ ဖြစ်ဖြစ် သေချာတာကတော့ အဲဒီကားနှစ်စီးလုံးကို ဒီဇိုင်းရေးပေးတာက ဖာဒီနန် ပိုရှေးပဲ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း အရောက် ၁၉၂၁ခုနှစ်မှာ Ballotက ၂.၀လီတာသုံး DOHCမော်ဒယ်တွေကို ထုတ်လုပ်ခဲ့တာ တွေ့ရပြီး အဲဒီ ကားတွေဟာ မြင်းကောင်ရေ ၇၅ကောင်အား ထွက်ရှိသလို အဆိုပါ ကားတွေကို ဒီဇိုင်နာ အားနက် ဟင်နရီက ရေးဆွဲထုတ်လုပ်ခဲ့သေးတာ တွေ့ရပြီးတော့ အဲဒီကားဟာ တစ်နာရီကို မိုင်၉၀နှုန်းလောက်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်လာခဲ့ပါတယ်။ ဒီလို မြန်နှုန်း ပမာဏက ခုခေတ်မှာ စာမဖွဲ့လောက်ပေမယ့် အဲဒီခေတ်မှာတော့ ဘုရင် ဖြစ်ခဲ့ပြီး တစ်နှစ်ကို အစီးရေ တစ်ရာလောက်ထိအောင် ထုတ်လုပ်ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲ အနေနဲ့ SOHC 2LTနဲ့ 2LTSတွေကို ထုတ်လုပ်ခဲ့ပါတယ်။


နောက်ပိုင်း ၁၉၂၄ခုနှစ် အရောက် Simsonကလည်း ဒီဇိုင်နာ ပေါလိဟင့်ရဲ့ အားကိုးနဲ့ မြင်းကောင်ရေ ၆၀ကောင်အား ထွက်တဲ့ DOHC2နဲ့ Simson Supra Type Sလို ကားတွေကို ရေးဆွဲထုတ်လုပ်လာသလို အဲဒီကားတွေမှာ ထူးခြားချက် အနေနဲ့ဆိုရင် ကားကာဘရိုက်တာကို နှစ်လုံးထိအောင် ထည့်သွင်းအသုံးပြုထားပါတယ်။ အဲဒီကာလတွေဟာ ဆီထိုးသွင်းခြင်း စနစ် အကောင်းဆုံး ဖြစ်အောင် ဖန်တီး သုံးစွဲနိုင်ခြင်း မရှိသေးတာကြောင့် ကားအင်ဂျင်တွေမှာ ကာဘရိုက်တာစနစ်ကို အသုံးပြုနေသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။


၁၉၂၅ခုနှစ် အရောက်မှာတော့ Sportကားတွေမှာ ထိုင်ခုံလေးနေရာစာ ထည့်သွင်းတပ်ဆင် ထုတ်လုပ်မှု ခေတ်စားလာပြီး နှစ်ယောက်စီး Sportတွေကို သတ်သတ်မှတ်မှတ် ထုတ်လုပ်သူများ အဖြစ်နဲ့ကတော့ Alvis, Aston-Martinနဲ့ Frazer-Nashတွေပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ကားကုမဏီတွေကလည်း ရင်းနှီးမြှပ်နှံသူ နည်းနေသေးတဲ့ အချိန်ဖြစ်တာကြောင့် ကုမဏီထုတ်ကားတွေကို အရေအတွက် ကန့်သတ်ပြီးတော့လောက်သာ ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြသလို တီထွင်ဆန်းသစ်မှု လုပ်ကိုင် နိုင်စွမ်းလည်း နည်းခဲ့ကြပါတယ်။ နောက်ပိုင်း Sportကား စစ်စစ်ပါလို့ ပြောနိုင်မယ့် ကားတွေကိုတော့ Austinကား ကုမဏီက Sevenမော်ဒယ်နဲ့ Morris Garagesကုမဏီက Midgetကားတွေကို ၁၉၂၈ခုနှစ်မှာ ပွဲထုတ်လာတာတွေ့နိုင်ပါတယ်။


Sportတွေရဲ့ Layoutအပိုင်းမှာတော့ FF Layoutကို အသုံးနည်းတာ တွေ့ရပြီးတော့ အများစုကတော့ FR Layoutနဲ့ FMR Layoutတွေ ဖြစ်ပါတယ်။ FRစနစ်ကိုတော့ Caterham 7, Mazada MX-5နဲ့ Chevrolet Convetteမှာ မြင်တွေ့နိုင်မှာ ဖြစ်ပြီးတော့ FMRစနစ်ကိုတော့ Ferrariနဲ့ Lamborghiniလို ကားတွေမှာ အသုံးပြု ထုတ်လုပ်တာ တွေ့နိုင်ပါတယ်။ နောက်ထပ် နာမည်ကျော် လူသုံးများတဲ့ Layoutတစ်မျိုးကတော့ RR Layoutစနစ် ဖြစ်ပြီးတော့ Porscheကားတော်တော်များများမှာ အသုံးပြုတာ တွေ့နိုင်ပြီး အလွယ်ဆုံး အနေနဲ့ ဆိုရင် နာမည်ကျော် Porsche 911မှာ မြင်နိုင်ပါတယ်။
ထိုင်ခုံနေရာ တည်ဆောက်မှုကို ပြောရမယ် ဆိုရင်တော့ ပုံမှန် Sportကားတစ်စီးဟာ ထိုင်ခုံနှစ်ခုံနဲ့ နှစ်ယောက်စီး ကားအဖြစ်နဲ့သာ ထုတ်လုပ်တတ်ကြပေမယ့် နောက်ပိုင်းကျတော့ ကလေးငယ် တစ်ယောက်ထိုင်ခုံ တစ်လုံးကို ထည့်သွင်း ဖန်တီးလာတာမျိုးတွေ့ရသလို နောက်ပိုင်းကျတော့ တံခါးနှစ်ပေါက် စနစ်ဖြစ်ပေမယ့် ထိုင်ခုံနေရာ ၄နေရာ ဒါမှမဟုတ် ၅နေရာစာလောက်ထိအောင် လိုက်ပါစီးနင်းနိုင်လာအောင် ထုတ်လုပ်ထားကြပါတယ်။

ကဲ ဒါကတော့ Sportကားတွေအကြောင်း အခြေခံထက် အခြေခံကျတဲ့ သမိုင်းကြောင်း၊ သတ်မှတ်ချက်နဲ့ သိသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Sportတစ်စီး မျက်စိရှေ့ရောက်လာရင်တော့ ဘေးလူတွေကို ဆရာလုပ်နိုင်လောက်ပါပြီနော်။

====================

လင်းလင်း (IA)

====================

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။