-------------------------
တခါက ဂန္ဒီ ဆီကို သားအမိနှစ်ယောက် ရောက်လာတယ်။
ကလေးငယ်က အချိုတွေ အရမ်း စားတာ ကြောင့်
ဆိုဆုံးမပေးဖို့ မိခင်က လာတိုင်တာ။
" အိမ်မှာတော့ ဘယ်လိုမှ ပြောလို့ မနိုင်တော့ဘူး ။
ဒါပေမဲ့ ဒီကလေးက ဂန္ဒီ ကြီးကို သိပ် ကြည်ညို တာ၊
ဂန္ဒီကြီး တစ်ခွန်းလောက် ပြောပေးရင် သူ နားထောင်ပါလိမ့်မယ် ။"
ဂန္ဒီကြီးက ကလေးကို အသက်ဘယ်လောက်ရှိပြီလဲ ၊
တနေ့ အချိုဘယ်လောက်များများ စားသလဲလို့ မေးတယ်။
ကလေးနဲ့ စကားစမြည် နည်းနည်းပြောပြီးတော့ ဂန္ဒီကြီးက
မိခင်ကို နောက်တစ်လတိတိ နေမှ ထပ်လာခဲ့ဖို့ ပြောတယ်။
---------
နောက်ထပ်တစ်လတိတိကြာတော၊့ အဲဒီသားအမိနှစ်ယောက် ထပ်ရောက်လာတယ်။
ဂန္ဒီကြီးမှာ၊ အလုပ်ကလည်းများ၊ တွေ့စရာလူတွေလည်းများတော့ သူတို့ဟာ
အချိန်တော်တော်ကြာကြာ စောင့်နေရတယ်။
အလှည့်ကျတော့၊မိခင်က အရင်တစ်ခေါက်ပြောခဲ့တဲ့ အတိုင်းပဲ
ဒီကလေး အချိုတွေ အရမ်းစားလို့ ဆုံးမပေးပါရှင် လို့ ထပ်ပြောတယ်။
အဲဒီတော့ဂန္ဒီ ကြီးက ကလေးငယ်ကို "အချိုအရမ်းစားတာ မကောင်းဘူးကွဲ့။
ကျန်းမာရေးနဲ့ မညီညွတ်ဘူး။နောက်ဆင်ခြင် ပါ။ " လို့ ခပ်တိုတိုလေးပဲ ဆုံးမတယ်။
မိခင်ဟာ နည်းနည်း မကျေမနပ် ဖြစ်သွားတယ်။
" ဂန္ဒီကြီးရှင့်၊ အခုလို ပဲ ဆုံးမ မယ် ဆိုရင် လဲ၊
ဟိုးလွန်ခဲ့တဲ့ တစ်လကတဲကပဲ ပြောလိုက်ပါတော့လား။
ကျွန်မတို့မှာ အကြာကြီး စောင့်လိုက်ရတာရှင် ။"
" အဲဒီတုံးက ငါကိုယ်တိုင် အချိုတွေ အရမ်းစားနေခဲ့တာ။
အဲဒါကြောင့် တစ်လတိတိ အချိန်ယူပြီး အချိုစားတာကို ဖြတ်ပစ်လိုက်တာ။
ငါတို့ လူကြီး တွေ ကိုယ်တိုင် ကမှ မထိန်းသိမ်းမဆင်ခြင်နိုင်ပဲနဲ့
ကလေးတွေကို မဆုံးမ သင့်ဘူး။မဟုတ်လား "
ဂန္ဒီ ကြီးရှင်းပြလိုက်မှ၊ မိခင်ဖြစ်သူဟာ
အကောင်းဆုံး သွန်သင်ဆုံးမနည်းဟာ၊ကိုယ်တိုင် စံပြနေထိုင်ပြုမူပြခြင်း
ဆိုတာကို နားလည်သွားတယ်။
ကလေးငယ်လည်း သဘောပေါက်သွားလို့ အရင်တုံးကလို အချိုတွေ အရမ်း မစားတော့ဘူး ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။