Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 26, 2014

တစ်မျက်နှာဟာသများ၊ ဆိုး


Murann Ezine
ဒံယေသ နှင့် တစ်မျက်နှာဓမ္မဟာသများ၊ - ဆရာဆိုး
တစ်နေ့သောအခါ ဆန်းဒေးစကူးတွင် ကျောင်းခေါ်ကြိမ် ခေါ်စဉ် ကလေးတစ်ယောက်က သူ့နာမည်ကို ပြင်၍ပြောသည်။
"ကျွန်တော့်နာမည် ဒံယေသ .. ပါ ဆရာမ"
"ဟဲ့.. ဒံယေလ မဟုတ်ဘူးလားကွဲ့.."
"မဟုတ်ဘူး။ ဒံယေသ..၊ ကျမ်းစာထဲက လ၊ ကျွန်တော်က သ.."
"ကြံကြံဖန်ဖန်ကွယ်၊ ဘာလဲဟဲ့ .. ဒံယေသ"
ချာတိတ်က ပြုံး၍ " ဟိုတုံးက ဒီရွာမှ လူစွမ်းကောင်းပေါ့။ ခွန်အားလည်း ကြီးတယ်၊ ဥာဏ်ရှိတယ်။ ဥစ္စာချမ်းသာပြီး ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့ဖူးတဲ့ လူတစ်ယောက်ပေါ့".. ဟု ပြောလျှင်
"သြော်.. ဒါဆိုရင် သူ့ကို မင်းအားကျနေတာပေါ့"
"ဟုတ်ကဲ့ .. မေမေကလည်း အားကျခိုင်းပါတယ်"
"ဒီ နာမည်ကို အမှားမခံပုံ ထောက်တော့ မင်း.. တော်တော် ကြိုက်တယ် ထင်ပါရဲ့"
ကောင်ကလေးက သက်ပြင်းကို ချ၍ "ကျွန်တော်ကတော့ ဒီလောက် မဟုတ်ပါဘူး။ အမေက အရမ်းကို ကြိုက်လို့ မည့်ထားတာပါဗျာ" .. ဟု ဖြေလေသည်။
x x x x x x x

အားကိုးရတဲ့ဘုရားကျောင်းစောင့်
ဘုရားကျောင်း ပြင်ဆောက်ဖို့ သစ်သားများ ပုံထားရာ၊ တစ်ချောင်းစ၊ နှစ်ချောင်းစ ဝင်ဝင်ခိုးနေသဖြင့် ၊ သင်းအုပ်ဆရာက ညည်းညူသည်။ ဘုရားကျောင်းဥပုဒ် စာဖြေကျောင်းသားလေးက
"မနေ့ညနေက ဆရာကြီးထမင်းပြန်စားတုန်း သူခိုး ခိုးသွားတာ"
"ဟ.. မင်းမြင်လိုက်လို့လား"
"မြင်တာပေါ့"
ဆရာကြီးက စုတ်တချက် သတ်လိုက်ပြီး၊ " မြင်လိုက်ရင် အော်လိုက်ပါလားကွ၊ ငါတို့လူတွေ ဝိုင်းဖမ်းပြီး၊ မဆော်လိုက်ရတာ နာတာပဲ.." ဟု ပြောလျှင်
"ဆရာကလဲ သူ့အပြစ်လုပ်နေတာကို ကျွန်တော် အော်လိုက်ရင် သူရှက်သွားမှပေါ့။ သူရှက်သွားမှာစိုးလို့ ကျွန်တော်တောင် အိပ်ချင်ယောင် ဆောင်နေရသေးတယ်" .. ဟု ပြန်ဖြေလေသတည်း။
x x x x x x x

အမျိုးသားမှတ်ပုံတင်
ဧဝံဂေလိထွက်သော အဖွဲ့ကို မှတ်ပုံတင်စစ်ဆေးသည့် တာဝန်ခံများက မြန်မာလို ယဉ်ကျေးစွာ တောင်းရာတွင် စကားပြော နှေးသွားသောကြောင့်
"ခင်ဗျားရဲ့ ..အမျိုးသား.. မှတ်ပုံတင်..ပြပါ" ဟု မေးလိုက်သည်။ အိုက်တင်ကလဲ ကောင်းလှသည်။ ဇိုမီး ချင်းအဖွဲ့ချုပ်မှ လာသော ချင်းဆရာမလေး လျန်ဒိန်မန်က ချက်ခြင်းပင် မျက်နှာ ရဲသွားက ဖြေလိုက်သည်က...
"ကျွန်မမှာ အမျိုးသားမရှိဘူး။ ကျွန်မ အပျိုလေ.." တဲ့။
x x x x x x x

ဗီဒီယိုရုံများခေတ်စားစဉ်က
ဦးသာအေးသည် ဘုရားကျောင်း မှန်မှန်တက်သူဖြစ်သည်။ ဇနီးသည် ငယ်ငယ် မအေးမိကို ယူထားပြီး၊ မအေးမိနှင့် နှစ်ယောက် ဘုရားကျောင်း ပျက်ခဲလှသည်။ တနေ့ မိုက်တိုင်ဆန် လက်ဝှေပွဲ ဗွီဒီယိုပြမည်ဖြစ်၍ ဘုရားကျောင်းအချိန်နှင့် တိုက်နေသည်။ ဦးသာအေး အကြံထုတ်သည်။
"ဟဲ့.. အေးမိ"
"ရှင့်"
"နင် ဘုရားကျောင်းအရင်သွားနှင့်၊ ငါကိစ္စရှိလို့ နောက်မှလာခဲ့မယ်၊ ဘုရားကျောင်းမသွားရင် ငါနဲ့တွေ့မယ်" ဟုပြောသည်။
မအေးမိကလည်း ပါးသည်။ ယောင်္ကျား ဘုရားကျောင်း လာတော့မည့်ပုံ မပေါ်သောကြောင့် ဟုတ်ကဲ့ ..ဟုပြောပြီး ဗီဒီယိုရုံသို့ ပြေးလေသည်။
ရုံထဲရောက်မှာ လက်ဝှေ့ပွဲဖြစ်နေသည်ကို သိရပြီး၊ မထူးတော့ ဆိုကာ ဆက်ကြည့်နေလိုက်သည်။ ခဏအကြာ ဦးသာအေး ရောက်လာပြီး၊ မအေးမိ နောက်က ထိုင်ခုံမှာ ဝင်ထိုင်သည်။ ဦးသာအေး၏ ဟောင်ဖွာ၊ဟောင်ဖွာ အားပေးသံများ ကြောင့် မအေးမိ နောက်လှည့်ကြည်လိုက်ရာ..
"ဟင်.. ရှင်..ရှင်.."
"ဟယ်.. မအေးမိ"
မအေးမိက ပိုလျှင်သည်။ ..."ကျမကိုတော့ ဘုရားကျောင်း အတင်းနှင်လွှတ်ပြီး ရှင်..ရှင်ကတော့"
"ဟဲ..ဟဲ.. မိန်းမကလည်းကွာ၊ ဘုရားကျောင်းမသွားရင် ငါနဲ့တွေ့မယ်..ပြောထားတာပဲ။ တွေ့နေပြီပဲကွာ." ဟူသတည်း။
x x x x x x x

ဆုတောင်းမှားလို့
တနေ့တွင် ဦးဇော်ဝင်းတို့ ဇနီးမောင်နှံက သင်းအုပ်ဆရာအား
"ဆရာ.. အားပုလေး ၊ ဒီနှစ် နှစ်ဘာသာဂုဏ်ထူးရလို့ ဆုတက်ယူရတယ်"
"ဟုတ်သလား.. ဝမ်းသာစရာပဲ"
"ဆုတောင်းပေးလို့ ကျေးဇူးတင်တယ်ဆရာ၊ ဆက်ပြီး ဆုတောင်းပေးပါဦးနော်" ..ဟုပြောခဲ့သည်။
နောက်တစ်ကြိမ် ဦးဇော်ဝင်းတို့နှင့် စကားပြောဖြစ်သောအခါ ဆရာက စပြောသည်။
"အားပူလေး စာတော်ရဲ့လား"
"တော်ပါတယ်ဆရာ၊ ဒီနှစ်တော့ ဂုဏ်ထူး ၃ဘာသာ ဖြစ်မယ်ထင်တယ်" ..
ဆရာက ပြုံးလိုက်ပြီး
"တော်ရမှာပေါ့၊ အထူးစပါယ်ရှယ် ဆုတောင်းပေးနေတယ်၊ မပူနဲ့၊ လှယဉ်ကျေးမယ် ဖြစ်အောင်လဲ ဆုတောင်းပေးနေတယ်၊ ဟဲ..ဟဲ" ဟုပြောသောအခါ
"ဆရာ မှားနေပြီ၊ အားပူ ဆိုတာ ကျွန်တော့်သားပါ၊ ယောင်္ကျားကလေး .."
"ဟေ"
"ဆရာ ဆုတောင်းမှားလို့ထင်တယ်။ အားပု အခု မိန်းကလေးလို ဝတ်စားချင် ဖြစ်ဖြစ်နေတာ.."
ဆရာ့ဒုက္ခကို ကိုယ်ချင်းစာကြည့်ပါခင်ဗျား..။ ဟိုက်ကနဲ အော်ရင်း ဆောရီး၊ ဆောရီး ဟု ပြောရုံမှတပါး၊ အခြားမတတ်နိုင်တော့ပါလေ။
x x x x x x x

ကျေးဇူးရှင်၏ အလုပ်အကိုင်
တနင်္ဂနွေနေ့တွင် သင်းအုပ်ဆရာ စာကြည့်မျက်မှန်မေ့ကျန်ရစ်ခဲ့သည်။ ပြန်ယူရန် အချိန်မရှိ၊ မျက်မှန်မပါပဲ ကျမ်းစာမဖတ်နိုင်ဖြစ်နေသည်။ အခက်ခဲကို ရိပ်မိသူ တစ်ဦးက၊ သူ့အိမ်သို့အမြန်ပြန်ပြီး မျက်မှန် ၁၀လက် ယူလာပေးသည်။ စမ်းကြည့်ရာ တစ်လက်နှင့်အဆင်ပြေသွားသည်။ ဘုရားကျောင်းပြီးလျှင် ထိုလူအား ကျေးဇူးတင်စကား ပြောသည်။ ""
"ခင်ဗျားကို တကယ်ကျေးဇူးတင်တယ်ဗျာ.. ဧကန္တ၊ ခင်ဗျား မျက်မှန် ကြွမ်းကျင်သူ ထင်တယ်"
"မဟုတ်ပါဘူး။ ကျွန်တော်က အဟောင်းပစ္စည်းတွေ စုဆောင်းဝါသနာပါလို့၊ စုထားတဲ့မျက်မှန်တွေပါ" ဟုပြောပြီး၊ သူစုဆောင်းထားသော ပန်းခြင်းလှလှလေး တခုကို ဆရာ့အား လက်ဆောင် ထပ်ပေးပါသည်။
"အိုး.. သိပ်လှပါလား။ ကျေးဇူးတင်လိုက်တာဗျာ..၊ ဒါနဲ့ မိတ်ဆွေ နာမည်နဲ့ အလုပ်ကိုင်လေး သိပါရစေ"
ထိုသူက သက်ပြင်းရှိုက်ပြီး
"နာမည်က .. စမစ်၊ အလုပ်အကိုင်ကတော့ .. အင်း... သချို င်္င်း အမှုထမ်း ဆိုပါတော့.."
x x x x x x x

တရားဟောကောင်းတဲ့ဆရာ
ဆရာကြီးအာပေါသည် သူ့ကိုယ်သူ တရားဟော ကောင်းသည်ဟု ယူဆသည်။ သူ တရားဟောတော့မည်ဆိုလျှင် နံရံကပ်ကြော်ငြာဖြင့် ကပ်ထားလေ့ရှိသည်။
တနေ့ .. နယ်မြို့မှာ ဖိတ်ကြားသဖြင့် ရောက်သည့်အချိန်တွင် သူဟောမည့် ကြေငြာများ ကပ်ထားသည်ကို တွေ့ပြီး ကျေနပ်လျှက်ရှိသည်။
အားကြိုးမာန်တက် ဟောလိုက်မည် ကြံထားရာ၊ ဘုရားကျောင်းထဲ ရောက်သော လူ ၁၅ယောက်သာ တွေ့ရသည်။
"ဘယ်နှယ်လဲ..လူနည်းလှချည်လားကွ"
"အချိန်တန်တော့ ရောက်လာမှာပါ" ဟု နှစ်သိမ့်ပြီး၊ အချိန်ရွေ့ကာ၊ စောင့်သော်လည်း လူ၂၅ယောက်သာ ရှိသည်။ ဆရာ အာပေါက စိတ်ပျက်ပျက်ဖြင့်
"ဘယ်နှယ်လဲဗျာ၊ လူ သုံး၊လေးရာ လောက်ရှိမယ်ထင်တာ"
"ဟုတ်ကဲ့. မနေ့က လူ၄၀၀လောက်ဆီကို ဆရာနာမည်နဲ့ တရားဟောမဲ့အကြောင်း ..စာတွေ လိုက်ဝေလိုက်သေးတယ်၊ အဲဒီလူတွေ တစ်ယောက်မှ ပေါ်မလာဘူးဗျာ.."
"ဟင်.. ဒါဆို အခုလူတွေက ဘယ်သူတွေလဲ"
"သူတို့က မဖိတ်ပဲ ရောက်လာတာ၊ တစ်ယောက်မှ ဆရာကိုလည်း မသိဘူး၊ ဆရာဟောတာလဲ မကြားဖူးဘူးလေ.."
ဆရာအာပေါ ခမြာ ဟေ..ကနဲ အော်လိုက်မိပါတော့သတည်း။
x x x x x x x

ရွာတစ်ရွာရှိ ကရင်အသင်းတော် တပါးတွင် ဗမာလိုဟောလေ့ မရှိသောကြောင့် ဗမာကျမ်းစာအုပ်မရှိပါ။
တနေ့တွင် ဧည့်သည် ဗမာ အသင်းသားတစ်ယောက် ရွာမှာ သေဆုံးသွားသည်။
သင်းအုပ်ဆရာက အသုဘပွဲတွင် ဗမာလိုကြိုးစား ဟောရသည်။ ကရင်ကျမ်းစာကို ဖတ်ပြီး ဗမာလို ဘာသာပြန်ဟောရသည်။
'သေမင်း၏လက်နက်' ဟူသော စကားလုံးကို ဗမာလို မပြောတတ်ဖြစ်နေသည်။ နောက်ဆုံးတွင်
"သေမင်းရဲသေနပ်" ဟု ဘာသာပြန်ကာ "ဟေ့.. သေမင်းရဲ့သေနပ်၊ ဘယ်မှာလဲ၊ မင်းသေနပ်နဲ့ ဒီလူကို ပစ်လို့ရမလား" .. ဟု ဟောလေသည်။
စိတ်ပါစွာ နားထောင်သူတစ်ယောက်က ရုတ်တရက်
"ဆရာ.. သူက၊ သေနပ်နဲ့ပစ်ခံရပြီး သေတာမဟုတ်ပါဘူး။ ငှက်ဖျားနဲ့ သေတာ" .
"အင်.."
ကြေကွဲကြရမည့်အစား ဝါးကနဲ မရယ်မိအောင် ကြိုးစား ပါးစပ်ပိတ်ခဲ့ရသည့် ညကို ယခုတိုင် သတိရနေပါသတည်း။

End... တစ်မျက်နှာဟာသများ၊ ဆိုး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။