We Love Music
ဦးဇော်မျိုးထွဋ် အတွက် လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေ မိတ်ဆွေရောင်းရင်းတွေရဲ့ FB Timeline ပေါ်က ၀မ်းနည်းစကားလေးတွေကို #WeLoveMusic မှ လက်လှမ်းမှီသလောက် မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။
-------------------------------------------------------
ကိုဇော်မျိုးထွတ် ကွယ်လွန်သွားတာ ဂီတလောကအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါတယ်
ကောင်းရာ သုဂတိ ရောက်ပါစေ
(လီယိုနာဒ်မောင်မောင်လွင် - Emperor)
ကျွန်တော်တို့ ငယ်စဉ်ဘဝကနေ အခုအချိန်ထိလေးစား အားကျခဲ့ ရတဲ့  ဂီတပညာရှင် ....အကယ်ဒမီ ဦးဇော်မျိုးထွဋ် ..,.ဘဝတစ်ပါးသို့  ကူးပြောင်းသွားခဲ့ပါပြီ.....ကျန်ရစ်သူ မိသားစုနဲ့ အတူ ...စိတ်မကောင်း ဝမ်းနည်းမိပါတယ်.....
(ဖိုးဇော် - Bassist / တေးရေး)
R I P Ko Zaw Myo Htut (Medium Wave)
I write this with a heavy heart.
(ဇော်ထက်ဟန် - တေးဆို)
ဦးဇော်မျိုးထွဋ် ( Medium Wave) ယနေ့ညကွယ်လွန်သွားပါပြီတဲ့ဗျာ
အလွန်ဝမ်းနည်းစရာသတင်းပါ။ ကောင်းရာသုဂတိသို့ရောက်ပါစေ။ ။
(အောင်ကိုမြင့် -တေးရေး)
မဇ္ဈိမလှိုင်း ရဲ့ အဓိက ရေသောက်မြစ် ဖြစ်တဲ့ အကယ်ဒမီ ဇော်မျိုးထွဋ် ။ဘ၀တသက်တာလုံး ဂီတသမားတယောက် အဖြစ် မားမားမတ်မတ် ရပ်ခဲ့တဲ့ ကိုဇော်ကြီး ကွယ်လွန်ခြင်းသည် မြန်မာ့ဂီတလောကတွင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပါကြောင်း..........။
(ထိန်လင်း - Modern Art အနုပညာရှင်)
မဉ္ဇိမလှိုင်း ရဲ့ သူရဲကောင်း " ဦးဇော်မျိုးထွဋ် "် ဒီနေ့ ညပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ် ... လက်သံတွေ ပြောင် မြောက်ဆဲမို့ လွန်စွာ နှမြောတသ ၀မ်းနည်း ရပါတယ် ... ငြိမ်းချမ်းပါစေ ... ဂစ်တာ ဂုရုကြီး ဂစ်တာ က ဝေကြီးရေ ... ( စိတ်မ ကောင်းစရာလေး ထပ်ကြားလိုက် ရတာ တော့ ဒီနေ့က ဘဘဦးလှထွဋ် ကွယ်လွန်ခဲ့တာ (14 ) နှစ်ပြည့်တယ်တဲ့ ... မနက်ကပဲ မိသားစုတွေ ဆွမ်းကျွေးအလှူ ကုသိုလ်ယူခဲ့တယ်လို့လည်းသိလိုက် ရပါတယ် )့
(သျှီ)
ကျွန်တော့် ကြော်ငြာ အားလုံးကို ဒိုင်ခံ့တီးပေးခဲ့တာ ကိုဇော်ကြီးပါ။
လက်ဖြောက်ကလေးတီးတီးပြီး လှလှကလေးဆိုတဲ့ တော့ပ် ဆပ်ပြာမှုန့် ကြော်ငြာအစ
ပြောင်ချော်ချော နဲ့ ပလာတာ အီကြာကွေး မြည်းချင်တယ် မြည်းချင်တယ် ဆိုတဲ့ ဒုံးပျံ ကြော်ငြာ အဆုံး ကိုဇော်ကြီးတစ်ယောက်ထဲ သိမ်းကျုံးတီးပေးခဲ့တာပါ။ကျွန်တော့်ရုပ်ရှင်တွေလဲ သူပဲ တီးပေးခဲ့တယ်။တလောက အငြိမ့် သီချင်းတွေ သွင်းတော့(သူ့ လိုင်း မဟုတ်လို့ )တခြားတစ်ယောက် နဲ့ အသံသွင်းနေတုန်း သူရောက်လာပြီး(ကိုသူရ ရယ် ခင်ဗျား လုပ်တဲ့အလုပ် ကျွန်တော် ပါမှာပေါ့ ဆိုပြီး ကိုအရိုင်း ရဲ့ သမီးလေး ပင်ကီ အတွက် သီချင်းလေး တစ်ပုဒ် တီးပေးသွားတယ်)အကယ်ဒမီ ည ကလဲ အကျော့သား ဆုများတောင် ပေးလို့ ။တွံတေးသိန်းတန်သီချင်း ကို အကြိုက်ကြီးကြိုက်တဲ့ မြန်မာပြည်ရဲ့  အဓိပတိ ရော့ခ် ဂီတာ ပညာရှင်၊သူ့ အဖေ ကို လေးစားချစ်ကြောက် ရိုသေ လွန်းလို့  အဖေ ရှေ့ မှာ စန္ဒယားတီးရမှာတောင် မ၀ံ့ခဲ့။မောင်မျိုးခင် ဆုံးပါးသွားတော့ မလွှဲမရှောင်သာ ဂစ်တာရော ကီးဘုတ် ကိုပါတာဝန်ယူခဲ့တဲ့ Korg ကို မှ နှစ်ချိုက်သူ၊အမေရိကားမှာ ဂစ်တာ ၀ယ်ရတာပျော်တယ်ဗျာ လို့ သူ့ဂီတာ တွေကို သူ့ မြေးလေးလို သဘော ထား ပိုက်ထွေးယုယခဲ့တဲ့ ကြိုးကြာငှက် တို့ရဲ့ ဂီတာသံရှင် မဟာဆန်သူရေ...မတားတော့ပါဖူး။
(ဇာဂနာ )
Good bye uncle Zaw Myo Htut (medium wave). Such a loss.
(ကျားပေါက် - Big Bag )
R.I.P. Our Mentor U Zaw Myo Htut (Medium Wave). When artists pass away, they go to heaven. I believe.
(ဖိုးသား - တေးဆို)
“နှမြောတသ ယူကျုံးမရ”
မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ လိဒ်ဂစ်တာသမား၊ အကယ်ဒမီဆုရ ဂီတမှူး ဦးဇော်မျိုးထွဋ် ကွယ်လွန်အနိစ္စရောက်တဲ့သတင်း ရုက်တရက်ကြီး သိလိုက်ရတာ အရမ်းကို နှမြောတသ ယူကျုံးမရဖြစ်မိပါတယ်။
ရန်ကုန်မှာ ရှိစဉ်က ကိုဇော်ကြီးနဲ့ ၁၂ လမ်းက မောင်မြင့်ဆိုင်မှာ မကြာခဏ ဆုံဖြစ်တာ သတိထားမိတယ်။ ၀က်သား အလွန်ကြိုက်ပုံရတဲ့ ခပ်၀၀ ပုပု ကိုဇော်ကြီးကို အဲဒီကတည်းက စိုးတော့စိုးရိမ်နေမိသား ...။
ရတနာဦးရဲ့ “လှိုင်းစီးရင်း သီချင်းဆိုမယ်” စီးရီးတုန်းက ကိုဇော်ကြီးနဲ့ လက်တွဲခဲ့ရတာတွေကို ပြန်ပြောင်းလွမ်းဆွတ်နေမိပါတယ် ကိုဇော်ကြီးရေ ...
သဘောမနော အလွန်ကောင်းတဲ့၊ ရှားမှရှားတဲ့ ဂီတပညာရှင် ကိုဇော်ကြီး ကောင်းရာသုဂတိလားပါစေ ...။
(ဒေါက်တာလွဏ်းဆွေ - စာရေးဆရာ အယ်ဒီတာ၊ ဂျာနယ်လစ်၊ အဆိုတော်)
ကျွန်တော်ချစ်သောဂီတလောကလေးထဲကနေ အချိန်စောလွန်းစွာထွက်သွားနှင့်ကြတဲ့ ကျွန်တော်လေးစားမြတ်နိုးရသော Media Wave, The Wild Ones, ထူးအိမ်သင် စတဲ့ပုဂ္ဂိုလ်တွေနဲ့အတူ မြန်မာဟန်အပြည့်ပါသော မြန်မာ့စတီရီယိုဂီတစစ်စစ်တွေကိုပါ သူတို့နဲ့အတူတပါတည်း ယူဆောင်သွားကြတယ်လို့ ခံစားနေမိတယ် . . . RIP U Zaw Myo Htut (Media Wave)
(အစိုင်း - Blackhole)
တကယ်ဆို ဒီနေ့ မှာ SWEE LEE MYANMAR ကလုပ်တဲ့ GUITARIST INSTRUMENTAL SHOW အတွက် ပထမဆုံး Guitarist Meeting ကို ဦးဇော်မျိုးထွဋ် ကိုယ်တိုင်လာတက်ရမှာပါ အခုတော့ သူ့အတွက်စိတ်မကောင်းစွာနဲ့ ကောင်းမှုကုသိုလ်လုပ်ပေးရုံကလွဲပီးဘာမှမတတ်နိုင်တော့ပါဘူး ဒီပွဲကိုသူအရမ်းဝမ်းသာကြိုဆိုပီးစိတ်အားထက်သန်နေခဲ့တာ အန်ကယ် ကောင်းရာသုဂတိလားပါစေ
(ကိုလင်း -ဒရမ်မာ)
ချင်းတွင်းမြစ် မနိုးထသေးခင်
မဇ္ဇိမလှိုင်းမှ ကိုဇော်မျိုးထွဋ်အတွက်
မုံရွာကျောက်ဆောင်ဆိပ်တွင် သီချင်းတစ်ပုဒ်ဆိုပါ။
(မျိုးဆွေသန်း - ဒီဇိုင်းဆရာ/ဒါရိုက်တာ)
ကျတော်ကြိုက်သော ဂစ်တာသမားပါ ဟိုးငယ်ငယ်တည်းကနှစ်သက်ခဲ့တာ လေးစားခဲ့တာ
(သည်မော်နိုင် - စာရေးဆရာ၊ကဗျာဆရာ/ ဒါရိုက်တာ)
ဂီတပညာရှင်အကယ်ဒမီကိုဇော်မျိုးထွဋ်ကွယ်လွန်သွားသည့်အတွက်
မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်း။
(ညီပု - တေးဆို)
Rest in peace Ko Zaw Myo Htut ( Medium Wave band ).
(ခရစ္စတိုဖာ - တေးရေး/တေးဆို)
ကိုဇော်မျိုးထွဋ်သို့ ...
ခဲသီးတွေကို လက်မှာတပ်ပြီး လေ့ကျင့်ခဲ့သတဲ့ ...
လက်ကလည်း သိပ်မြန်သတဲ့ ...
ငယ်ငယ်တုန်းက
ဒဏ္ဍာရီတစ်ပုဒ်လို ကြားဖူးခဲ့တဲ့
ဂစ်တာသူရဲကောင်းတစ်ဦး၊
ကိုယ်က
ဂစ်တာသံတွေများများပါတဲ့
ဂီတကိုနှစ်သက်သူသာဖြစ်ပြီး
ဝေဖန်နိုင်စွမ်းမရှိပါ။
သို့ပေမယ့်
သူ့ဂစ်တာလက်သံတွေကိုတော့
အရမ်းနှစ်သက်ခဲ့တယ်ဆိုတာ
ငြင်းမရပါဘူး။
အမှောင်ခေတ်မှာလူဖြစ်ခဲ့သူ၊
အမှောင်ခေတ်မှာ
သူရဲကောင်းဖြစ်သူ၊
လမိုက်ညမှာမှ
တေးသွားသီသူမို့
ကြယ်တစ်စင်းတော့အမှန်ဖြစ်ခဲ့ပါတယ်၊
သူဟာ
သူရဲကောင်း၊
တောက်ပတဲ့ ကြယ်တစ်စင်း
ဘ၀ဆက်တိုင်း
ဂီတအနုပညာနဲ့
လူတွေစိတ်နှလုံးကို
သိမ်းကျုံးဆွဲငင်ဦးမှာ အသေအချာပါ။
(သီဟမောင်မောင် - ဒီဇိုင်းဆရာ)
ဓါတ်ပုံ - Design Ko Myoe

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။