လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြော င့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို
========================== ===================
ရန်ကုန်၊ မတ် ၁၉
...
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက် တာထွန်းလွင်ထံမှ သိရသည်။
လက်ရှိတွင် နေသည် မြောက် ယဉ်စွန်းတန်း ( 22. 5 H N ) ကို ဦး တည်ရွေ့လျားနေပြီး၊ လာမည့်မတ် ၂၁ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ် ကို ရောက်ရှိလာနိုင်ပြီး၊ အနောက် တောင်ဘက်ကို ပြန်ဆင်းလာကာ လာမည့် လအတွင်း မြန်မာနိုင်ငံအ တွင်း ဦးခေါင်းပေါ်တည့်တည့်မှာရှိ နေနိုင်ခြင်းကြောင့် ခရမ်းလွန်ရောင် ခြည်များမှာ ဆက်လက်မြင့်မားနေ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ နွေရာသီဖြစ်ခြင်း ကြောင့် အပူချိန်လွန်ကဲနေသည့်အ ပြင် အယ်နီညိုရာသီဥတုနှစ်ဖြစ်ခြင်း ကြောင့်လည်း အပူချိန်မြင့်မားနေမှု ဒဏ်ကို ပြည်သူများခံစားနေရသေည်။
''အယ်နီညိုရာသီကိုလဲ ဇွန်လ ထိခံစားရမယ်။ ပြီးတော့ ခရမ်းလွန် ရောင်ခြည် ကိုလဲ ဇွန်လထိ ခံစားနေ ရဦးမယ်။ ဒီနွေက ပူပြင်းရတဲ့အထဲ အယ်လ်နီညို ကလဲဖြစ်တော့ တစ်ပူ ပေါ် တစ်ပူဆင့်တာပေါ့။ မိုးရာသီ ဘက်ကို ရောက်လာရင်တော့ လျော့ သွားမှာပေါ့''ဟု ဒေါက်တာထွန်း လွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်း လွန်ကဲအဆင့်ရောက်ရှိနေ သောဒေသမှာ ကော့သောင်းဖြစ်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း အလွန်မြင့်မားသော အဆင့်ကို ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်နွေရာသီသည် အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့် မားနေပြီး၊ အပူဒဏ်လေးမျိုးဖြစ်သော အပူချိန်မြင့်မားလွန်းခြင်း ၊ လေထဲ ရေငွေ့ပါပြီး တိမ်ဖြစ်ပေမယ့် မိုးမရွာ ခြင်းကြောင့် ခံစားရသည့် အပူချိန် မြင့်ခြင်း၊ အပူချိန် အတော်အတန် သာမြင့်ပေမယ့် ကိုယ်ခန္ဓာပေါ်တွင် အပူဒဏ်များလာခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းခြင်းကြောင့် ကမ္ဘာမြေပြင်ပေါ် သို့ ခရမ်းလွန်ရောင်ခြည် အမျိုးအစား ပမာဏတိုးလာ၍ အပူဒဏ်ပိုခံစား ရခြင်းတို့ကိုဖြစ်စေခြင်ြးေ ကာင့် အပူ ဒဏ်ကြောင့်ဖြစ်စေသော ကျန်းမာ ရေးပြဿနာများကို အထူးဂရုပြုနေ ထိုင်သင့်ကြောင်း သိရသည်။
MMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yang on Media Group ----------──────-|
www.facebook.com/ democracytodaynewspaper
www.myanmarnewsnetwork.com
|─────----------------Yang on Media Group ----------──────-|
==========================
ရန်ကုန်၊ မတ် ၁၉
...
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်
လက်ရှိတွင် နေသည် မြောက် ယဉ်စွန်းတန်း ( 22. 5 H N ) ကို ဦး တည်ရွေ့လျားနေပြီး၊ လာမည့်မတ် ၂၁ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ် ကို ရောက်ရှိလာနိုင်ပြီး၊ အနောက် တောင်ဘက်ကို ပြန်ဆင်းလာကာ လာမည့် လအတွင်း မြန်မာနိုင်ငံအ တွင်း ဦးခေါင်းပေါ်တည့်တည့်မှာရှိ
''အယ်နီညိုရာသီကိုလဲ ဇွန်လ ထိခံစားရမယ်။ ပြီးတော့ ခရမ်းလွန် ရောင်ခြည် ကိုလဲ ဇွန်လထိ ခံစားနေ ရဦးမယ်။ ဒီနွေက ပူပြင်းရတဲ့အထဲ အယ်လ်နီညို ကလဲဖြစ်တော့ တစ်ပူ ပေါ် တစ်ပူဆင့်တာပေါ့။ မိုးရာသီ ဘက်ကို ရောက်လာရင်တော့ လျော့ သွားမှာပေါ့''ဟု ဒေါက်တာထွန်း လွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်း လွန်ကဲအဆင့်ရောက်ရှိနေ သောဒေသမှာ ကော့သောင်းဖြစ်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း အလွန်မြင့်မားသော အဆင့်ကို ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်နွေရာသီသည် အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည်များ မြင့် မားနေပြီး၊ အပူဒဏ်လေးမျိုးဖြစ်သော အပူချိန်မြင့်မားလွန်းခြင်း
MMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yang
www.facebook.com/
www.myanmarnewsnetwork.com
|─────----------------Yang
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။