Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 3, 2015

Turn around, try the other way

 

Turn around, try the other way
-----------------------------------------

"မိရှင်း"တစ်ယောက် သူ့ဖိနပ်အသစ်လေးကို အရမ်းသဘောကျနေတယ်။ ဖိနပ်ပေါ်က ဖိနပ်ကြိုးနဲ့ချည်ထားတဲ့ ကတတ်တဲ့ လိပ်ပြာလေးကြောင့်ဖြစ်တယ်။ လိပ်ပြာလေးက မိရှင်းလှမ်းလိုက်တဲ့ ခြေလမ်းနောက် ဟိုဒီလိုက်ဝဲပျံနေတယ်။ ဒါပေမယ့် မေမေက ဒါကိုပျော်စရာကောင်းတယ်လို့ မထင်ခဲ့ဘူး။ အကြောင်းက မိရှင်း ခုန်ခုန်ဆွဆွနဲ့ ပြေးလွှားဆော့ကစားတိုင်း ချည်ထားတဲ့ဖိနပ်ကြိုးတွေေ...
ပြကုန်လို့ မေမေက လမ်းလျှောက်လိုက် ဖိနပ်ကြိုးချည်ပေးလိုက် လုပ်နေရလို့ဖြစ်တယ်။

မေမေက ဖိနပ်ကြိုးခဏခဏ ချည်ပေးရတာကို စိတ်မရှည်တော့တဲ့အဆုံး ဒီနေ့မှာ မိရှင်းကို ဖိနပ်ကြိုးချည်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ပြန်ရောက်ပြီးနောက် မေမေက မိရှင်းနောက်မှာထိုင်ပြီး လိပ်ပြာချည်နည်းသင်ပေးတယ်။ မိရှင်းဘယ်ညာ သေချာခွဲတတ်အောင် တစ်ဘက်က ချည်ပြရင်း တစ်ဘက်ကလည်း မိရှင်းမှတ်မိအောင် ပြောပြနေတယ်။

မေမေနှစ်ခါလောက်ချည်ပြလိုက်တော့ မိရှင်းက အရမ်းလွယ်တယ်ထင်ပြီး သူကိုယ်တိုင်စမ်းချည်ဖို့ အားတက်သရောပြောတယ်။ ဒါပေမယ့် မိရှင်းမှာ ကြိုးစမှားယူမိလိုက် ဒါမှမဟုတ် ချည်လိုက်တဲ့လိပ်ပြာက အတောင်တစ်ဖက်ပဲပါလိုက်နဲ့ အမှားကြီးမှားနေတော့တယ်။ မေမေက ဘေးကနေ အားပေးပြီး မိရှင်းကို အကြိမ်ကြိမ် ကြိုးစားကြည့်စေခဲ့ပေမယ့် နောက်ဆုံးမှာ မိရှင်းစိတ်မရှည်တော့ဘဲ စိတ်ဆိုးလာခဲ့တယ်။ ကြမ်းပြင်ပေါ် ဖင်ထိုင်ချပြီး "မသင်တော့ဘူး.. သမီး မတတ်ဘူး၊ သမီး မချည်တော့ဘူး" နဲ့ မျက်နှာတွေ နီအမ်းပြီး မျက်ရည်အဝဲသားနဲ့ မိရှင်းပြောတယ်။

နောက်ဆုံး မေမေက လက်လျော့ဖို့စဉ်းစားလိုက်တဲ့အချိန် ဖေဖေက ထပြီး

"မိရှင်း... လာ.. ဖေဖေတို့ လိပ်ပြာမချည်တော့ဘူး။ ယုန်နားရွက်ချည်ရအောင်.. လာ"

ယုန်နားရွက်လည်း ချည်လို့ရတယ်ဆိုတဲ့ အသံကြားတော့ မိရှင်းမျက်လုံးတွေ လက်လာတယ်။ စိတ်ပါလက်ပါနဲ့ နောက်တစ်ကြိမ် ထပ်စမ်းချင်ခဲ့တယ်။

ဒီတစ်ကြိမ်မှာ ဖေဖေကမိရှင်းနောက်မှာနေပြီး သင်ပြတယ်။ ပထမဆုံး ဖိနပ်ကြိုးကို ယုန်နားရွက်တစ်ဖက်ဖြစ်အောင် လုပ်လိုက်တယ်။ နောက်တစ်ဖက် ထပ်လုပ်တယ်။ ပြီးတော့ နားရွက်နှစ်ခုကိုယူပြီး စုချည်လိုက်တယ်။ ဒီလိုနဲ့ လိပ်ပြာပုံဖြစ်လာခဲ့တယ်။

ဖေဖေ့နည်းက ပိုလွယ်တယ်လို့ မိရှင်းထင်မိတယ်။ ဒီတစ်ကြိမ်မှာ သူချည်နိုင်မယ်လို့လည်း ယုံမိတယ်။ ဖေဖေကို နှစ်ခေါက်လောက် ပြခိုင်းပြီးနောက် သူကိုယ်တိုင်စမ်းကြည့်တယ်။ ပထမအကြိမ်မှာတင် ဖေဖေရဲ့နည်းနဲ့ လိပ်ပြာပုံသူချည်နိုင်ခဲ့တယ်။ သူချည်ထားတဲ့ လိပ်ပြာအတောင်တွေက (ကြိုးတွေက) တစ်ဘက်တို၊ တစ်ဘက်ရှည်နဲ့ ပြီးတော့ ကြိုးတွေချောင်နေတယ်ဆိုပေမယ့် မိရှင်းပျော်မိတယ်။ နောက်ဆုံး သူအောင်မြင်သွားလို့ မိရှင်းပျော်မိပါတယ်။

မိရှင်းပျော်နေတာကို ကြည့်ပြီး မေမေက ဖေဖေကို နားမလည်သလိုနဲ့ မေးတယ်။

"ဘယ်လိုလုပ်ပြီး ဒီနည်းကို စဉ်းစားမိလိုက်တာလဲ"

"မောင်တို့ ငယ်ငယ်တုန်းကလဲ ဒီလိုပဲသင်ခဲ့တာပဲလေ။ ခင် ချည်တဲ့နည်းက လူကြီးနည်း ကလေးတွေအတွက် သိပ်ရှုပ်ထွေးလွန်းတယ်။ ကလေးကိုသင်ရင် ကလေးနည်းပဲ သင်ရမယ်"

မှန်ပါတယ်။ ကလေးတွေကို ဘယ်အရာဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးတဲ့အချိန် သူတို့ကို အဆက်မပြတ် လေ့ကျင့်သင်ကြားနိုင်အောင် အားပေးရသလို အရေးအကြီးဆုံးက သူတို့နဲ့လိုက်ဖက်၊ သင့်လျှော်မယ့်နည်းတွေကို ရှာဖွေသင်ကြားပေးဖို့ပါပဲ။ တကယ်လို့ ဒီတစ်နည်းနဲ့ သူလုံးဝမတတ်ခဲ့ရင် တစ်ဖက်လှည့်ပြီး နောက်နည်းတွေနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။

သင်ကြားချိန်လည်း အရေးကြီးပါတယ်။ အချိန်ရဲ့ဖိစီးမှုကြောင့် မိဘတွေရဲ့ သင်ကြားမှုသည်းခံနိုင်စွမ်းက လျော့နည်းသွားတတ်သလို ကလေးတွေမှာလည်း မလိုက်နာလိုစိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။ နောက်ဆုံး ဒီလိုသင်ကြားမှုကို သူတို့စိတ်ပျက်လာတတ်တယ်။ နောက်ပြီး သင်ပြချိန်မှာ လောဘမကြီးပါနဲ့။ ဘယ်အရာကိုမဆို ခွဲခြားပြီး တစ်ကြိမ်မှာ တစ်ခုပဲတတ်အောင် အရင်သင်ပေးပါ။ ဒါမှ သင်ကြားမှုတိုင်းကို ကလေးတွေ အလွယ်တကူမှတ်မိပြီး ပိုသင်ကြားချင်စိတ်၊ ယုံကြည်စိတ်တွေ တိုးလာပါလိမ့်မယ်။

အခုချိန်မှာတော့ မိရှင်းတစ်ယောက် ဖိနပ်အသစ်နဲ့လမ်းလျှောက်ရတာ ပိုတက်ကြွနေပါတယ်။ ဖိနပ်ပေါ်က လိပ်ပြာကို ဖေဖေ၊ မေမေနဲ့ ဆရာမတွေကို သူချည်ခိုင်းဖို့ မလိုတော့ပါဘူး။ သူ့အတွက် အားအရဆုံးက အတန်းထဲမှာ လိပ်ပြာချည်တတ်တဲ့သူ သူတစ်ယောက်တည်း ရှိတယ်ဆိုတာကိုပါပဲ...

မူရင်းရေးသားသူ -- Zhao Wenyu

လင့်---
http://website.mlc.edu.tw/pub002377/index/page/id/28318

နိုင်းနိုင်းစနေ (Wednesday, December 02, 2009)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။