စာဖတ်တတ်ပြီလား?
=============
အတွေးတွေက ဘ၀ကိုပြောင်းလဲစေနိုင်တယ်ဆိုရင် စာဖတ်ခြင်းက အတွေးတွေကိုပြောင်းလဲစေနိုင်ပါတယ်။ ဒီတော့ ဘ၀ပြောင်းလဲဖို့
ဆိုတာ ဖတ်တဲ့စာအပေါ်မူတည်နေပြီပေါ့။ အရင်တုန်းကတော့ လူတွေစာအုပ်ဆိုင်ကနေငှားဖတ်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်းတော့ အဲ့ဒိလိုစာအုပ်လိုက်ဖတ်တဲ့သူနည်းသွားပါပြီ။ အွန်လိုင်းမှာ အလွယ်တကူဖတ်လို့ရတဲ့ ဗဟုသုတစာတိုပေတိုလေးတွေပဲဖတ်ကြတာများ ပါတယ်။ ဒါပေမယ့် တော်တော်များများစာကို... အပေါ်ယံပဲဖတ်ကြလေ့ရှိပါတယ်။ ခံစားမှုတိုက်ဆိုင်တာလေးတွေ တွေ့ရင်ကြိုက်တတ်လေ့ ရှိကြပြီး တကယ့်တကယ် စိတ်ထဲမှာတော့မှတ်ထားကြလေ့မရှိပါဘူး။ တကယ်တော့ စာဆိုတာ ဖတ်တတ်မှဘ၀အတွက်အကျိုးရှိတာပါ။
ကျွန်တော်ရိုးရာလေးကပြုလုပ်တဲ့ပွဲလေးတစ်ခုသွားရင်းနဲ့ ပြည်မာဂျာနယ်ရဲ့အယ်ဒီတာချုပ်ပြောပြတဲ့စာဖတ်နည်းလေးအကြောင်းကိုသိခဲ့ ရပါတယ်။ စာဖတ်တော့မယ်ဆိုရင် R2 A2 ဆိုတဲ့ စည်းမျဉ်းလေးနဲ့ဖတ်သင့်ပါတယ်။
ပထမR
ပထမ Rက Readတဲ့။ ရိုးရိုးသာမန် စာတစ်ခုခုကို ဖတ်တာပါ။ ဒီအဆင့်မှာဘာမှမပါသေးပါဘူး။ ဖတ်နေတဲ့ စာရဲ့ခေါ်ဆောင်ရာကို အပူအပင်မရှိ လိုက်မျောပြီးဖတ်ရုံပါပဲ။
ဒုတိယ R
ဒုတိယ Rက Rethinkတဲ့။ ပြန်လည်စဉ်းစားပါ။ တစ်ချို့ကစာသာဖတ်တာ ဖတ်ပြီးသွားရင်မေ့ပစ်လိုက်ကြပါတယ်။ တစ်ချို့ကကျတော့ လည်းဖတ်ပြီးတာနဲ့ တန်းယုံလိုက်ပါတယ်။ ပြန်လည်စဉ်းစားလေ့မရှိပါဘူး။ ဒီတော့ ဖတ်ပြီးသားစာတိုင်းကိုအခုချိန်က စပြီးပြန်စဉ်းစားဖို့ မမေ့နဲ့နော်။
ပထမ A
ပထမ Aက Analyze တဲ့။ ဝေဖန်ခွဲခြား စဉ်းစားပါ။ ဖတ်ပြီးသားစာတွေက ယုတ္တိရောရှိရဲ့လား။ စာရေးသူကရောဘယ်သူလဲ။ ဘယ်နေရာ ကကိုးကားထားတာလဲ။ ယုံကြည်ရပါ့မလား။ ဘာအကျိုးကျေးဇူးတွေ ရလိုက်လဲ။ အဲ့ဒိစာထဲက ဘယ်အချက်ကိုမှတ်ထားဖို့လိုမလဲ။ စသဖြင့် အသေးစိတ်ခွဲခြားလေ့လာသင့်ပါတယ်။ ဖတ်သမျှ စာတိုင်းမျက်လုံးမှိတ်မယုံသင့်ပါဘူး။
ဒုတိယ A
ဒုတိယ Aက Applyပါ။ ဒီအဆင့်ကတော့ အရေးအကြီးဆုံးပါ။ ဖတ်ပြီးသမျှစာတွေကို လက်တွေ့ဘ၀မှာအသုံးမချရင် အကျိုးမရှိပါဘူး။
ဥပမာ မိတ္တဗလဋီကာ ဖတ်တယ်ဆိုပါစို့။ ကျွန်တော့် အသိအကျွမ်းတွေ
ထဲမှာ အပြောအဆို ဘုဘောက်ပြောတ်သူတစ်ယောက်ရှိပါတယ်။ ကျွန်တော်ကတော့ စေတနာနဲ့ မိတ္တဗလဋီကာ ဖတ်ဖူးလားလို့
မဖတ်သေးရရင် ငှားမယ်လို့ပြောတော့သူပြောတာက
အဲ့ဒိစာအုပ်ဖတ်ဖူး တာကြာလှပြီတဲ့။ ကျွန်တော်ပိုအံ့သြသွားပါတယ်။ လူမှုဆက်ဆံရေးမှာ ကောင်းမွန်ဖို့ အကောင်းဆုံးတွေထဲက စာအုပ်တစ်အုပ်ကို သူဖတ် ဖူးပါလျှက် သူပြောလိုက်တဲ့စကား၊ သူလုပ်လိုက်တဲ့အပြုအမူတွေဟာ သူများတွေအတွက် အနှောက်အယှက်အမြဲဖြစ်နေတာကို ပိုအံ့သြ သွားတာပါ။
ဒါဘာလို့ ဖြစ်တာလဲ။ အဖြေကရှင်းပါတယ်။ စာအုပ်တစ်အုပ်ကို အပေါ်ယံသာဖတ်ကြည့်ပြီး Applyမလုပ်တာသိသာပါတယ်။
ဒီတော့ စာအုပ်ဝယ်လိုက်ရတဲ့ ပိုက်ဆံရယ်၊ စာအုပ်ဖတ်လိုက်ရတဲ့အချိန်ဆုံးရှုံးသွားတာပဲ ရှိပါတယ်။ ဘာအကျိုးကျေးဇူးမှလည်း မရလိုက်ပါဘူး။
ကဲအခုစာဖတ်နေတဲ့သူတွေအားလုံးလည်း R2A2 နဲ့စာကောင်းကောင်းဖတ်တတ်ကြပါစေဗျာ။
စာဖတ်တတ်သွားရင် www.moeshinn.com မှာဖတ်စရာတွေအများကြီးရှိတယ်နော်။
မိုးရှင်း (I.M.T)
=============
အတွေးတွေက ဘ၀ကိုပြောင်းလဲစေနိုင်တယ်ဆိ
ဆိုတာ ဖတ်တဲ့စာအပေါ်မူတည်နေပြီပေါ့
ကျွန်တော်ရိုးရာလေးကပြုလုပ်
ပထမR
ပထမ Rက Readတဲ့။ ရိုးရိုးသာမန် စာတစ်ခုခုကို ဖတ်တာပါ။ ဒီအဆင့်မှာဘာမှမပါသေးပါဘူး။
ဒုတိယ R
ဒုတိယ Rက Rethinkတဲ့။ ပြန်လည်စဉ်းစားပါ။ တစ်ချို့ကစာသာဖတ်တာ ဖတ်ပြီးသွားရင်မေ့ပစ်လိုက်ြ
ပထမ A
ပထမ Aက Analyze တဲ့။ ဝေဖန်ခွဲခြား စဉ်းစားပါ။ ဖတ်ပြီးသားစာတွေက ယုတ္တိရောရှိရဲ့လား။ စာရေးသူကရောဘယ်သူလဲ။ ဘယ်နေရာ ကကိုးကားထားတာလဲ။ ယုံကြည်ရပါ့မလား။ ဘာအကျိုးကျေးဇူးတွေ ရလိုက်လဲ။ အဲ့ဒိစာထဲက ဘယ်အချက်ကိုမှတ်ထားဖို့လိုမ
ဒုတိယ A
ဒုတိယ Aက Applyပါ။ ဒီအဆင့်ကတော့ အရေးအကြီးဆုံးပါ။ ဖတ်ပြီးသမျှစာတွေကို လက်တွေ့ဘ၀မှာအသုံးမချရင် အကျိုးမရှိပါဘူး။
ဥပမာ မိတ္တဗလဋီကာ ဖတ်တယ်ဆိုပါစို့။ ကျွန်တော့် အသိအကျွမ်းတွေ
ထဲမှာ အပြောအဆို ဘုဘောက်ပြောတ်သူတစ်ယောက်ရှိ
မဖတ်သေးရရင် ငှားမယ်လို့ပြောတော့သူပြောတ
အဲ့ဒိစာအုပ်ဖတ်ဖူး တာကြာလှပြီတဲ့။ ကျွန်တော်ပိုအံ့သြသွားပါတယ်
ဒါဘာလို့ ဖြစ်တာလဲ။ အဖြေကရှင်းပါတယ်။ စာအုပ်တစ်အုပ်ကို အပေါ်ယံသာဖတ်ကြည့်ပြီး Applyမလုပ်တာသိသာပါတယ်။
ဒီတော့ စာအုပ်ဝယ်လိုက်ရတဲ့ ပိုက်ဆံရယ်၊ စာအုပ်ဖတ်လိုက်ရတဲ့အချိန်ဆ
ကဲအခုစာဖတ်နေတဲ့သူတွေအားလံ
စာဖတ်တတ်သွားရင်
မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။