Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 1, 2015

Show ပွဲတွေမှာ ကိုယ့်သီချင်းကို ပရိသတ်က သံပြိုင်လိုက်ဆိုတဲ့အချိန်ဟာ အပျော်ဆုံးဆိုတဲ့ G Latt

 
 
♬ ♬ ♬ Show ပွဲတွေမှာ ကိုယ့်သီချင်းကို ပရိသတ်က သံပြိုင်လိုက်ဆိုတဲ့အချိန်ဟာ အပျော်ဆုံးဆိုတဲ့ G Latt♪ ♪ ♪
"ဘာလာလာ " တေးစီးရီးမတိုင်ခင် G Latt ရဲ့ အနူပညာလှုပ်ရှားမှုတွေအကြောင်း ပြောပြပါဦး။
အရင် ၂၀၀၁ ခုနှစ်လောက်မှာ ကျွန်တော်တို့ " ပလိန်းကိတ် " အခွေ ထွက်ခဲ့တယ်။ ပြီးတော့ ကျွန်တော်ရဲ့ Solo ခွေမထွက်ခင် အတွဲခွေလေးတွေ ထွက်သေးတယ်။ အဲ့ဒီအခွေတွေက " ဒီအတိုင်းပဲ ဆက်ချစ်တော့မယ်" ၊ " မျက်နှာများတဲ့ ကောင်းကင်" ရုပ်ရှင် သီချင်းတွေပေါ့။ နောက် ကိုရီးယားသံစဉ် " ဆောင်းဦးရွက်ကြွေ " လည်း ထွက်ခဲ့တယ်ပေါ့။ အဲ့ဒါတွေပြီးတော့ ကျွန်တော့် Solo " ရှိသည် ဖြစ်သည် " ထွက်တယ်။ နောက်ကျတော့ ကျွန်တ်ာတို့ Own Tune တွေ လုပ်မယ်ဆိုပြီး Demo တွေ သွင်းကြတယ်။ အဲဒီထဲက ၂ ပုဒ်က "ဘာလာလာ" ခွေကတောင်းတော့ တိုက်ဆိုင်ပြီးပေးလိုက်တယ်။

"ဘာလာလာ" က စီဒီမှာ ၂ ပုဒ်ပါပြီး ဗီစီဒီကျတော့ ၁ ပုဒ်ပဲပါတော့တာက ဘာဖြစ်လို့လဲ။
ဗီစီဒီကျတော့ တစ်ယောက်ကို တစ်ပုဒ်ပဲ ဆိုရမယ်လို့ ဆိုတဲ့အခါကျတော့ အဲ့လိုဖြစ်သွားတာ။ စီဒီတုန်းက " ဘာလာလာ " က နှစ်ချပ်တွဲကြီး ၂၄ ပုဒ်လေ။ ဗီစီဒီမှာကျတော့ ပရိုဂျူဆာက ပြန်ပြီးတော့ ရွေးလိုက်တာ။ အားလုံးက တစ်ယောက် တစ်ပုဒ်လောက်ပဲ ဖြစ်သွားတာ။

" ခဏတာ " သီချင်းကိုပဲဆိုဖို့ ဘာဖြစ်လို့ ရွေးလိုက်တာလဲ။
အဲဒီသီချင်းက တော်တော်ရွေးရခက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေကလည်း ဝိုင်းပြီး ရွေးပေးကြတယ်။ ဒါပေမယ့် နှစ်ဖက်ကွဲနေတယ်။ နောက်ဆုံးကျတော့ ပရိုဂျူဆာကပဲ ဒီသီချင်းလေးကို လမ်းမှာ ဂီတာတီးပြီး သီချင်းဆိုနေတာကြားရတယ်။ ဒါလေးကိုပဲ အရုပ်ဖန်တီးချင်တယ်ပေါ့။ ဒါနဲ့ပဲ ရွေးဖြစ်သွားတာ။

ရှေ့မှာလည်း သီချင်းတွေ အများကြီးဆိုခဲ့ပေမယ့် ဒီ " ဘာလာလာ " ခွေရဲ့ " ခဏတာ " သီချင်းကျမှ G Latt ကို ပရိသတ် ပိုသိသွားကြတာ များမယ် ထင်တယ် ။
ဟုတ်ပါတယ် ဒါတော့လက်ခံပါတယ်။ ရှေ့ခွေတွေမှာဆိုရင် ကျွန်တော့်ရဲ့ solo ခွေကလည်း ဗီစီဒီလည်း ထွက်မသွားဘူး။ အခုခွေမှာကျတော့ လူတွေက ပိုပြီးတော့လည်း စိတ်ဝင်စားကြတယ်ပေါ့။ ကြားထဲမှာ ဦးမင်းချစ်သူ အခွေလည်း ထွက်ခဲ့သေးတယ်လေ။

Show ပွဲတွေရော ဆိုနေရပြီလား။ show ပွဲမှာ ပရိသတ် အတောင်းများတဲ့ သီချင်းကရော "ခဏတာ" ပဲ ဖြစ်နေမလား။
ဟုတ်ကဲ့ ဆိုဖြစ်ပါတယ်။ အဲဒီသီချင်းက မဆိုမဖြစ် သီချင်းပေါ့။ ပရိသတ်ကလည်း တောင်းကြတယ်။ သူတို့လည်း လိုက်ဆိုနိုင်ကြတယ်လေ။

အခုအချိန်မှာ G Latt ကို စိတ်ဝင်စားလာကြတဲ့ ပရိသတ်တွေ ရှိလာပြီလေ။ အဲ့ဒီတော့ G Latt အကြောင်းကို မသိသေးတဲ့သူတွေကို G Latt အကြောင်းလေး နည်းနည်းလောက်ပြောပြပေးပါဦး။ ဟုတ်ကဲ့ပါ။ ကျွန်တော့်အကြောင်းက ပြောစရာတော့ အများကြီးမရှိပါဘူး။ ကျွန်တော်တို့ ၁၉၉၉ ခုနှစ်လောက်မှာ သူငယ်ချင်းတွေစုပြီး " ပလိန်းကိတ် " ဆိုတဲ့ အခွေလေး စလုပ်ဖြစ်တယ်။ အခွေထွက်တာက ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီမှာ ထွက်လာတယ်ပေါ့။ အဲဒီကနေပြီးတော့ "ပလိန်းကိတ်" အနေနဲ့မဟုတ်တော့ဘဲ ကျွန်တော် တစ်ယောက်တည်း " ရှိသည် ဖြစ်သည် " ကို လုပ်ဖြစ်တယ်။ IC နဲ့ပေါ့ ။ ဒီလောကထဲကတော့ သိနေကြတယ်ပေါ့။ အတွဲခွေလေးတွေလည်း ထွက်ခဲ့ပေမယ့် ပရိသတ်က သိပ်မသိခဲ့ဘူး။ အခု "ခဏတာ" သီချင်းနဲ့မှ ပရိသတ်က ပိုသိသွားတာပါ။
G Latt ဆိုတာရော နာမည်ရင်းလား။ နောက်ပြီး ဘာလူမျိုးလဲ။
ကျွန်တော်က ကပြားပါ။ G Latt ဆိုတာ အိမ်နာမည်ပါ။ နာမည်ရင်းက လင်းဘုန်းနိုင်ပါ။ ညီအကိုသုံးယောက်မှာ ကျွန်တော်က အလတ်ပေါ့။ ငယ်ငယ်က အရမ်းဂျီကျလို့ ကိုလတ်လို့ ခေါ်နေရာကနေ " ဂျီလတ် " လို့ ခေါ်တယ်။ နောက်ပြီး ကျွန်တော်က ခရစ်ယာန်ဘာသာကိုးကွယ်တော့ အင်္ဂလိပ်နာမည်ကလည်း ကေဘယ် ဖြစ်နေတော့ ဒီနာမည်ပဲ အဆင်ပြေမယ်ဆိုပြီး သုံးဖြစ်တာ။

"ခဏတာ" သီချင်းကိုရေးပေးတဲ့ တေးရေးဆရာကမ္ဘာက G Latt ရဲ့ ညီလေး ဆိုတော့ အဲဒီသီချင်းကို သူက ဆိုခိုင်းတာလား။
အမှန်က သူလည်း သီချင်းဆိုတတ်တယ်ဗျ။ သူ သီချင်းဆိုတာလည်း ကောင်းတယ်။ သူ့ဘာသာ သီချင်းတွေ အိမ်မှာရေးပြီး စတူဒီယိုမှာသွင်းတယ်။ သူလုပ်ပြီးရင် demo ကို ယူယူလာပြတယ်။ သူ့သီချင်းတွေက အများကြီးပဲ။ ဒီသီချင်းလေး တစ်ပုဒ်ကတော့ မှတ်မှတ်ရရပေါ့။ သူ ယူလာတယ်။ ကျွန်တော်က စာသားလေးလည်း ကြိုက်တယ်။ "အေး ငါဆိုကြည့်မယ် " ဆိုပြီး ဆိုကြည့်တယ်။ ကျွန်တော်နဲ့ လိုက် မလိုက်ပေါ့။ သူ ရေးထားတဲ့ ပုံစံကလည်း ဆန်းတယ်။ သူများနဲ့ မတူဘူးပေါ့။ စာသားကလည်း ဆန်းတယ်။ ကျွန်တော် ဆိုနေကျဟာတော့ မဟုတ်ဘူး။ အဲ့လို စမ်းဆိုရင်းနဲ့ ကျွန်တော့်ရဲ့ နောက်ခွေမှာ ထည့်မယ်လုပ်ရင်းနဲ့ ကိုသုန်တို့နဲ့တွေ့ပြီး " ဘာလာလာ " အခွေထဲမှာ ဆိုဖြစ်သွားတာ။

"ခဏတာ" ကို ရွေးလိုက်တာက ပေါက်မယ် ထင်လို့ ရွေးဖြစ်တာလား။ မထင်ဘဲ ပေါက်သွားတဲ့ သီချင်းလား။
သီချင်းတွေ လုပ်ရတာတော့ အကုန်လုံး အတူတူပဲပေါ့။ ဘယ်သီချင်းကတော့ အားထည့်ပြီး လုပ်တယ်။ အားမထည့်ဘဲလုပ်တယ်လို့တော့ မရှိဘူးပေါ့။ အကုန် အားအပြည့်ထည့်ပြီး လုပ်ရပါတယ်။ ဒါပေမယ့် ဘယ်သီချင်းကိုတော့ ပေါက်မယ်ဆိုပြီး မမျှော်လင့်တာ အကောင်းဆုံးပါပဲ။ ပထမတော့ ဒီသီချင်းကို ဖွင့်တယ်ပေါ့။ ဒီတုန်းကလည်း " သြော် ဒီသီချင်းကို ဖွင့်ကြတယ် " ပေါ့။ နောက် ချာတိတ်တွေ ဂီတာတီးပြီး ဒီသီချင်းကို ဆိုတော့လည်း " သြော် ဒီသီချင်းကို ကြိုက်ကြတယ် " ပေါ့။ သာမန်ပါပဲ။ အဲဒီအချိန်ထိကတော့ ဒီလောက် ပျော်စရာမကောင်းဘူးလို့ ကျွန်တော် ထင်တယ်။ Show ဆိုတဲ့အခါကျမှ ပရိသတ်က ဒီသီချင်းကို သံပြိုင်လိုက်ဆိုတာ ကျွန်တော့် အသံထက်တောင် ကျော်သွားတယ်လေ။ အဲဒီအချိန်မှာ အပျော်ရဆုံးပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ရပ်လိုက်ရင် သူတို့အသံ အကျယ်ကြီးကကျန်နေတော့ အဲဒီအချိန်မျိုးက အဆိုတော်တစ်ယောက်အတွက် အပျော်ရဆုံး အချိန်လို့ထင်တယ်။

G Latt အားသန်တဲ့ ဂီတအမျိုးအစားက Rock ဂီတပဲလား။
Rock ပါပဲ။ Rock ဂီတပေါ်မှာပဲ ပြောင်းသွားတာပေါ့နော်။ အရင်တုန်းက အရမ်း အော်ခဲ့တာကိုကြိုက်တယ်။ အခု တခြားပုံစံကို ကြိုက်တယ်။ Rock အပေါ်မှာပဲ အခြေခံပါတယ်။

အဆိုတော်တစ်ယောက်မှာ ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန်ကရော ဘယ်လောက် အရေးကြီးတယ်လို့ထင်လဲ။
ကျွန်တော့်အမြင်နဲ့ဆိုရင် ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန်ရှိမှပဲ အဆိုတော်ဖြစ်လိမ့်မယ် ထင်တာပါပဲ။ တခြားတစ်ယောက်နဲ့တူနေမယ်ဆိုရင် အဆိုတော်တစ်ယောက်မဖြစ်ဘဲ အဲဒီအဆိုတော်ကို ကြိုက်တဲ့သူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ ဒီအသံကို နားထောင်ပြီး ဒါ ဘယ်သူဆိုတာ ပြောနိုင်တဲ့ အချိန်ကျမှ အဆိုတော်လို့ ကျွန်တော် ထင်တယ်လေ။

ကိုယ်ပိုင်အသံထွက်အောင် G Latt ရဲ့ အသံပိုင်း လေ့ကျင့်မှု၊ ကြိုးစားမှုကရော။
ဂီတကို ကျွန်တော် ငယ်ငယ်ကတည်းက ဝါသနာပါတဲ့အတွက် သီချင်းတွေကတော့ အမြဲ ဆိုဖြစ်နေတယ်။ ကျွန်တော့်ညီကလည်း သီချင်းရေးတယ်၊ ဂီတာတီးတယ်။ကျွန်တော်တို့ ဘုရားကျောင်းမှာလည်း အဲဒီပစ္စည်းတွေနဲ့ အမြဲ ဆိုဖြစ်နေတယ်။ အစကတော့ ဘုရားကျောင်းမှာပဲ ဆိုနေကြတာပေါ့။ အဲလိုဆိုတော့ အလေ့အကျင့် ရတာပေါ့။ အရင်တုန်းက ငယ်လည်းငယ်တော့ စိတ်လည်းထက်သန်နေတော့ သီချင်းတွေဆိုဖို့ အမြဲတမ်း အားသန်နေတာလေ။ အမြဲ ဆိုနေတော့ အလေ့အကျင့်ဖြစ်သွားတာပေါ့။

ကိုယ်တိုင်ရော သီချင်းတွေ ဖန်တီးရေးသားဖို့ ရှိမလား။
အဲလိုမျိုး ကျွန်တော် တစ်ယောက်တည်းတော့ မရေးဖြစ်ဘူး။ ရေးဖြစ်ရင်လည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စပေါ့။ အဲဒါကိုလည်း ကျွန်တော် စိတ်တိုင်းမကျဘူး။ ညီအကိုတွေနဲ့အတူ တွဲရေးကြတော့လည်း ကျွန်တော့်ပါဝင်မှုက နည်းပါတယ်။

NC 13 ကို G Lattက ဖွဲ့ပေးခဲ့တာဆို။ ဘယ်အချိန်လောက်က ဖွဲ့ဖြစ်ခဲ့တာလဲ။ အဓိပ္ပာယ်ကရော။
၂၀၀၄ ခုနှစ်လောက်ကပါ။ ကျွန်တော်တို့က တီးဝိုင်းထောင်မယ်ဆိုတာ အရင် ကျောင်းသားဘဝတုန်းက စိတ်ကူးယဉ်တာပဲ ရှိတာပေါ့။ စိတ်ကူးယဉ်ပြီး တီးဝိုင်းနာမည်တွေ ပေးထားတာလည်း အများကြီးရှိတယ်။ အဲလိုနဲ့ ကျွန်တော်တို့ လမ်းထဲမှာ ကျွန်တော့်ညီနဲ့ အသက် မတိမ်းမယိမ်း အောင်လကို တွေ့တယ်။ သူ့အသံကို ကျွန်တော်တို့က ကြိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်ညီ ကမ္ဘာကို ပြောတယ်။ မင်း တီးဝိုင်းထောင်ရင် အောင်လနဲ့ တွဲလိုက်ပါလို့။ အသက်အရွယ်လည်း မကွာဘူး။ စိတ်တူကိုယ်တူ ရှိတုန်းလို့။ အောင်လကလည်း အဲ့ဒီတုန်းက ကော်ပီလေးတွေ ရေးထားတာရှိတယ်။ အဲဒါကို ကျွန်တော့်ညီ ကမ္ဘာက တီးတယ်။ သူတို့နှစ်ယောက်ကို ကြည့်ပြီး စိတ်ချမ်းသာနေတယ်။ အဲဒါနဲ့ နောက်ထပ် လူထပ်ရှာတာပါ။ ဂစ်တာသမားတွေရှာပြီး Recording တွေ စလုပ်ကြတယ်။ Pro မှာ demo တွေ လုပ်ကြတယ်။ အကောင်အထည်ဖော်လာတယ်ပေါ့။ နာမည်ပေးဖို့ ကျတော့ ခေတ်ကာလ ပြောင်းလဲလာတဲ့ Rock ဂီတနဲ့လည်း လိုက်ဖက်အောင်ဆိုပြီး နာမည်လေးတွေထုတ်လိုက်တော့ NC 13 ဖြစ်သွားတယ်။ မင်းတို့ အသက်လေးတွေကလည်း ငယ်သေးတယ်။ ရေးတဲ့ အကြောင်းအရာလေးတွေကလည်း ဆန်းတယ်ပေါ့။ ဒီနာမည်နဲ့ လိုက်တယ်ပေါ့။ ဆိုလိုတာက Not for Children Under 13 ပေါ့။ အသက် ၁၃ နှစ်အောက်ကလေးတွေ နားမထောင်ရဘူးဆိုတဲ့ သဘောပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၁၃ နှစ်ကျော်လာမှ လွမ်းမယ်၊ ဆွေးမယ်၊ ချစ်တာ၊ ကြိုက်တာ၊ မုန်းတာ ဖြစ်လာမယ်။ အသက် ၁၃ နှစ်အောက်ကလေးတွေကိုတော့ ဒီသီချင်းတွေ နားမထောင်စေချင်ဘူး။ ဒီကလေးတွေ သူ့ဟာသူ ပျော်ပါစေဦး။ နှလုံးသားရေးရာကိစ္စတွေ သူတို့ကို မကြားစေချင်ဘူး။ ရည်ရွယ်ချက်က အသက် ၁၃ နှစ်အောက်ကလေးတွေ ဒီသီချင်းတွေ နားမထောင်ပါနဲ့။ ကျွန်တော်တို့က ပိတ်ပင်တယ်ပေါ့။ အဲဒီအဓိပ္ပာယ်လေးနဲ့ NC 13 ဆိုပြီး ပေးလိုက်တာ။ အဲဒီလိုနဲ့ ကျွန်တော်ကလည်း သီချင်းတွေ လုပ်နေတယ်။ အောင်လကလည်း သီချင်းတွေ လုပ်နေတဲ့အခါကျတော့ Band က တစ်ခုပဲရှိတယ်။ ရေရှည်ကျရင် ဘယ်လိုလုပ်မလဲ။ တကယ်တမ်း အလုပ်တွေလုပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါနဲ့ အောင်လက သူ့အနေနဲ့ သပ်သပ် လုပ်ကြည့်ချင်တယ်ဆိုပြီးဖြစ်လာတော့ ကျွန်တော်တို့သူငယ်ချင်းတွေ လုပ်နေတဲ့ Reason ဆိုတဲ့ Bandနဲ့ တွဲမိသွားပြီး လုပ်ဖြစ်သွားတာ။

အခု G Latt ရဲ့ ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကရော။
အခု ကျွန်တော်ရယ်၊ Reason ရယ်၊ Idiots ရယ် ကျွန်တော်တို့ ၃ ယောက် တစ်ခွေလုပ်နေတယ် ။ အခွေကို GIR ဆိုပြီး ပေးထားတယ်။ ကျွန်တော်တို့ သီချင်းရွေးနေကြတုန်း ကြားထဲမှာ solo တွေ သွင်းနေသလို အတွဲအခွေတွေလည်း လုပ်နေတယ်။

ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ကလည်း အရေးကြီးတယ်နော်။
ဟုတ်တယ်။ အဲဒီ အဆက်မပြတ်ဖို့က တော်တော် အရေးကြီးတယ်။ " ပလိန်းကိတ် " အခွေထွက်တော့ ပရိတ်သတ်က သတိထားမိကြတယ်ပေါ့။ ပရိုဂျူဆာတွေကလည်း သဘောကျပြီး လာပြောကြတယ်။ အဲဒီမှာ အခွေတစ်ခုသွင်းလိုက်တာ အကြောင်းကြောင်းကြောင့် ၄ နှစ်လောက် ကြာသွားတယ်။ အခွေ ပြန်ထွက်တော့ G Latt က အသစ်တစ်ယောက် ပြန်ဖြစ်သွားပြန်ရော။ ပရိသတ်ကလည်း အရမ်းမြန်တယ်။ကျွန်တော်တို့ နောက်ထပ်မလာရင် တခြားတစ်ယောက်ဖြစ်သွားတယ်။ ပရိတ်သတ်နဲ့ အဆက်မပြတ်အောင် လုပ်နေရတယ်။

ညီဖြစ်တဲ့ကမ္ဘာနဲ့ရော နှစ်ယောက်တွဲပြီး သီချင်းခွေလုပ်ဖို့ အစီအစဉ်မရှိဘူးလား။ သူလည်း အသံကောင်းတယ်ဆို။
အဲဒါကျတော့ သူ့အသံကတစ်မျိုး ကျွန်တော့အသံကတစ်မျိုး ဖြစ်နေလိမ့်မယ်။ သူက အသံကောင်းတယ်။ ကျွန်တော့်ထက် ပိုဆိုတတ်တယ်။ သူ့အသံက နည်းနည်းနိမ့်တယ်။ ကျွန်တော်က အကျသံကို မဆိုတတ်ဘူး။ ကျွန်တော် ထင်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကြောင်း တစ်မျိုးမျိုးကြောင့် ဆိုဖြစ်သွားလိမ့်မယ်။ လောလောဆယ်တော့ အစီအစဉ်မရှိသေးဘူးပေါ့။ သူနဲ့ နှစ်ယောက်တည်း အခွေလုပ်မယ်ဆိုတဲ့ အတွေးက အခုမေးမှ သတိထားမိတယ်။ တခါမှ မတွေးမိလို့။

G Latt ရဲ့ အနုပညာလုပ်ငန်းတွေကို အားပေး စောင့်ကြည့်နေတဲ့ ပရိသတ်ကို ပြောချင်တာက။
ကျွန်တော်ပြောဖို့က တစ်ခုပဲရှိပါတယ်။ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို " ပလိန်းကိတ် " အခွေကတည်းက အားပေးခဲ့တဲ့သူ ဖြစ်ဖြစ် ၊ " ရှိသည်၊ ဖြစ်သည် " မှာ အားပေးတဲ့သူ ဖြစ်ဖြစ်၊ အခု " ဘာလာလာ " အခွေမှာပဲ သိသိပေါ့။ သူတို့မရှိရင် ကျွန်တော်တို့ ရပ်တည်လို့မရပါဘူး။ ကျွန်တော်လည်း တတ်နိုင်သမျှ သူတို့ကြိုက်တဲ့ သီချင်းလေးတွေ လုပ်ပါတယ်။ ကျွန်တော်တို့ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

http://www.mediafire.com/?eguuwmzy6a3xw7n plain cake
http://www.myanmarsongs.net/…/193/shi-thee-phyit-thee-g-latt ရှိသည် ဖြစ်သည်(တပုဒ်ချင်းဒေါင်း)
http://www.solidfiles.com/…/G-Latt_-_Shi_Thee_Phyit_Thee.rar ရှိသည် ဖြစ်သည် (တစ်ခွေလုံးလင့်ခ်)
http://www.myanmarsongs.net/album/496/bar-lar-lar-1 ဘာလာလာ ၁
http://www.myanmarsongs.net/album/495/bar-lar-lar-2 ဘာလာလာ ၂
special thanks to Ko Hipster Hippy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။