Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 14, 2015

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

 
 
 
Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

နာမည်မှာ ကော်ဖီချစ်သူဆိုတော့ ကော်ဖီကြိုက်လို့လား။

ကြိက်တယ်ဆရာ။ ကော်ဖီဆိုင်ကမပြန်ဘူး။ ၅ ဆိုင် ပိုင်တယ်ဆရာ။ အကြွေးမှတ်သောက်တာ ပြောတာနော်။...


ကော်ဖီဟာ အလွန်တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့သောက်စရာတခုပါ။ သောက်စရာထဲမှာတော့ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ နိုင်ငံပေါင်း ၈ဝ မှာ စိုက်ကြတယ်။ ၂ဝဝ၉ တုံးက မက်ထရစ်တန် ၈ သန်းထုတ်လုပ်ခဲ့လို့ ကမ္ဘာ့ ကုန်သွယ်ရေးမှာ ရေနံပြီးရင် ဒုတိယလိုက်တယ်။ ၁၉၉၉ စစ်တမ်းအရ အမေရိကမှာ လူပေါင်းတရာ့ရှစ်သန်း ကော်ဖီ သောက်ကြပြီး၊ တနှစ်မှာ ၉့၂ ဘီလီယန်ဒေါ်လာ သုံးခဲ့တယ်။ တနေ့မှာ ၃့၁ ခွက်သောက်တယ်။ ယောက်ျားတွေက နည်းနည်းပိုသောက်တယ်။ ကော်ဖီကိုအများဆုံးသောက်တာက (စကင်ဒီနေးဗီးယား) တိုင်းပြည်တွေဖြစ်တယ်။

တကမ္ဘာလုံးချိတ်ဆက်ထားတဲ့ (ကော်ဖီ-ချိန်း) ဆိုတဲ့ ကော်ဖီသံကြိုးကွင်းဆက် အကြီးဆုံးက ၂ဝဝ၇ မှာထောင်ခဲ့တဲ့ Starbucks (စတားဘတ်ခ်) ဖြစ်တယ်။ ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက်ဖြစ်ပါတယ်။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ အိပ်ယာထသောက်ရတဲ့ ကော်ဖီတခွက်ကရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်းလဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူးတဲ့။ အဲဒါဟာ နှစ်ခြိုက်စရာ (ဖက်တာ) လို့ ခေါ်တယ်။ ဖြစ်စေတာက (ကေဖင်း) ခေါ်တဲ့ စိတ်ကိုပြောင်းလည်းစေနိုင်တဲ့ (အယ်လ်ကာလွိုက်) ကြောင့်ပါ။ (ကေဖင်း) ဟာ လဖက်ရည်ထဲ (ကိုးကိုး) ထဲမှာလည်းပါတယ်။ တခြားသောက်စရာ အချိုရည်တွေ၊ အားဖြစ်အရည်တွေမှာလည်း ပါတယ်။

ကော်ဖီသည်ဆေးဖြစ်၏
ထိပ်ဆုံးရောက်နေတဲ့ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာပြောနိုင်တာကလည်း ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံဖြစ်နေပြန်တယ်။ ကော်ဖီသောက်ပါလို့ ဆေးညွှန်းစပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန်ဆရာဝန် (လီယိုနတ် ရော်ဝုဒ်) ဖြစ်ပါတယ်။

သောက်တဲ့သူတွေက ကော်ဖီကို အကောင်း-အညံ့၊ ဆရာဝန်တွေက (ကေဖင်း) ကို ကျန်းမာရေးအရပြောကြတယ်။ ဘယ်လောက်ဆိုရင် များတယ်ပြောမလည်း။ အမေရိကန် အာဟာရအသင်းက တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင်မလိုတာပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်းဆိုရင် အနာ-အကိုက်ပျောက်ဆေး ၁ဝ ပြား။ လူတယောက်နဲ့တယောက် မတူတာတွေမှာ ကော်ဖီကို ဘယ်လောက်အထိမခံ ဖြစ်သလည်းပါသေးတာ။

(ကေဖင်း) က စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံးကြတယ်။ (ကေဖင်း) သာမက (ကော်တီဇုန်း) နဲ့ (အဒြီနလင်း) ဆိုတဲ့ ဟော်မုန်းတွေပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ (ဒီမင်းရှား)၊ (ပါကင်ဆိုနဇင်) နဲ့ စိတ်ကျ ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ မျက်စိ ပုတ်ခတ်ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ ဝမ်းပြော့တယ်။ ဆီးသွား နဲနဲများစေတယ်။ အရေပြားနဲ့ ရင်သားကင်ဆာတွေ ဖြစ်တာနဲစေတယ်။ ဂေါက်လက္ခဏာ သက်သာစေတယ်။ ပိုက်ကလာတဲ့ ရေထဲမှာပါတဲ့ ခဲနဲ့ ကြေးဓါတ်တွေကို ၇၈-၉ဝ% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလည်းပါတယ်။ အားကစားလုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်မလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီလာတာ ပိုများလို့ လိင်စိတ်ကို ကောင်းစေပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့်ပါ။ အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လည်း ကြိုက်တာယူကြတာဘဲ။ တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့အကျင့်ရှိတာ ကလေးတွေပါ။ မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာရအောင်လုပ်တဲ့သူ လူတော်ဖြစ်တယ်။

ကော်ဖီအသောက်များရင်တော့ အအိပ်ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေညိုမယ်။ သွေးဖိအားတက်စေတယ်။ ကော်ဖီနဲ့ (ပါရာစီတမော) ရောသောက်တာ မကောင်းပါ၊ အသည်းကို ထိခိုက်နိုင်တယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလည်း များတယ်။ များရင်ဥပါဒ် ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

ကော်ဖီသည် သေစေနိုင်၏
စနစ်တကျဖေါ်စပ်ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ်ဆိုပေမဲ့ တခါတလေ အဆိပ်ရည်သဘောဖြစ်ပါတယ်။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက်ပေးရင် သေစေသလည်းကို စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈ဝ-၁ဝဝ ခွက် တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ လူ့အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်းမစာဘူး၊ ကော်ဖီအသေအလည်း ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်ဆိုရင် Decaf (ကေဖင်း) လျှော့ ကော်ဖီကို ပြောင်းသောက်ပေါ့။ Caffeine-free coffee (ကေဖင်း) နဲ့ ကော်ဖီနဲ့မတူပါ။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ပါ။
- Starbucks Grande Coffee ၁၆ အောင်စ = (ကေဖင်း) ၃၃ဝ
- Starbucks Latte or Cappuccino ၁၆ အောင်စ = (ကေဖင်း) ၁၅ဝ
- Plain Drip Coffee ၈ အောင်စ = (ကေဖင်း) ၉၅
- Starbucks Espresso ၁ အောင်စ = (ကေဖင်း) ၇၅
- Instant Coffee ၈ အောင်စ = (ကေဖင်း) ၆၂
- Tea ၈ အောင်စ = (ကေဖင်း) ၄၇
- Cola ၁၂ အောင်စ = (ကေဖင်း) ၂၉
- Chocolate Cake ၈ အောင်စ = (ကေဖင်း) ၂၅
- Decaf Coffee ၈ အောင်စ = (ကေဖင်း) ၂

ကော်ဖီနဲ့ မျိုးပွါးခြင်း
(ကေဖင်း) ပါတဲ့သောက်စရာတွေကို သောက်သုံးကြတဲ့ အမျိုးသမီးပေါင်း ၁ဝဝဝဝ ကို မျိုးပွါးခြင်းအပေါ်သက်ရောက်မှု ဆန်းစစ်ချက်တခုလုပ်ပါတယ်။ အဖြေကတော့ လျှော့မတွက်ပါနဲ့တဲ့။ ကော်ဖီကြောင့် နှလုံးခုန်မြန်တာ၊ သွေးဖိအား တက်တာ၊ ဆီးပိုသွားတာ၊ စိတ်ထက်ကြွတာတွေအပြင် ဘာတွေဖြစ်သေးလည်း။ ကိုယ်ဝန်ပျက်သူ နဲနဲပိုများတယ်။ (ကေဖင်း) တနေ့မှာ 200 mg ထက်ပိုသောက်သုံးသူတွေမှာ ၂ ဆပိုတယ်။ ကိုယ်ဝန်ရှိနေတုံးဆိုရင် (ကေဖင်း) ဓါတ်က ကလေးဆီ ရောက်မယ်။ ကိုယ်ဝန်ရစေဘို့ သူများထက်ပိုအချိန်စောင့်ရတယ်။ (IVF) နည်းနဲ့ ကိုယ်ဝန်ရအောင် လုပ်သူတွေမှာလည်း သူများထက် အောင်မြင်မှုနည်းတယ်။ ဒါပေမဲ့ သုတေသနတွေက အမျိုးမျိုးရှိပြီး အမေရိကားမှာ လုပ်တာများတယ်။ ယောက်ျားတွေကို လုပ်ထားတာ အခုထိတော့ မတွေ့သေးပါ။ ၂ဝဝ၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာတွေ့ရတယ်။

မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေဖွင့်ခဲ့တယ်။ အိန္ဒိယကလာတဲ့စကားလို့ အထင်မှားနိုင်တယ်။ ပြင်သစ်စာလုံးပါ။ Coffeehouses နဲ့ Cafés တွေပေါ်ခဲ့တာ နှစ် ၅ဝဝ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့မတူပါ။ လူငယ်တွေပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာစဖွင့်ခဲ့တဲ့ Internet café (အင်တာနက် ကဖေး) Cybercafé (ဆိုက်ဘာကဖေး) မဟုတ်လား။

အစည်းအဝေးတိုင်းမှာပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ ကော်ဖီဘရိတ်ဗျာ။

1. Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး
http://doctortintswe.blogspot.com/2014/10/coffee-mix.html
2. Love Coffee ညစ်ညမ်းကော်ဖီ http://doctortintswe.blogspot.com/2014/10/love-coffee.html
3. Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
4. Tea or Coffee http://doctortintswe.blogspot.com/2014/10/tea-or-coffee.html
5. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန် http://doctortintswe.blogspot.com/2015/01/caffeine-and-pregnancy.html
6. Caffeine ကေဖင်း http://doctortintswe.blogspot.com/2015/01/caffeine.html
7. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး
http://doctortintswe.blogspot.com/2015/04/coffee-and-health.html

ဒေါက်တာတင့်ဆွေ
 
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။