အနုပညာရှင်များနှင့် စံလက်ရာများ
(တေးရေးဆရာ ဝင်းမင်းထွေး)
.
.
....
ကိုယ်လုပ်ထားတဲ့ဟာကို
ဒါ Masterpiece ဆိုပြီးတော့
မပြောချင်ဘူး။ Masterpiece ဆိုတာ နှောင်းလူက သတ်မှတ်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ကျွန်တော် သတ်မှတ်တာတော့ မဟုတ်ဘူး။ တခြားလူတွေ ပြောတာတော့ ထူးအိမ်သင် ဆိုခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း၊ ကိုသန်းနိုင်နဲ့ ညီထွဋ် ဆိုခဲ့တဲ့ ဂျစ်ပစီမိုးတိမ်၊ ချစ်ကောင်း ဆိုခဲ့တဲ့ ကော်ဖီခါးခါး သီချင်းတွေကို ကျွန်တော့်ရဲ့  Masterpiece လို့ ပြောကြမလား မသိဘူး။ ကျွန်တော့်သီချင်းတွေထဲမှာ အချစ်သီချင်း နည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အချစ်သီချင်း မရေးချင်ဘူး။ မရေးမဖြစ်လို့သာ ရေးခဲ့ရတာ၊ ကော်ဖီခါးခါးဆိုလည်း တကယ်တော့ အချစ်သီချင်း မဟုတ်ဘူး။
ပရိသတ်ဆီက ပြန်လာတဲ့ ကျွန်တော့်သီချင်းတွေရဲ့  ရိုက်ခတ်မှုက ပုံစံတစ်မျိုးစီပါပဲ။ ပထမဆုံး စရေးတာက ချစ်ရမ္မက်။ အဲဒါလည်း ရိုက်ခတ်တာပဲ။ ချိုမြိန်ဒုက္ခ သီချင်းနဲ့ ဆူးနဲ့နှင်းဆီ သီချင်းလည်း လူသိများတာပါပဲ။ ဒါလည်း အားမရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကိုယ်ပိုင်ကို အလေးထားတယ်။ အဲဒါတွေက ကျွန်တော့်ပင်ကို မဖြစ်သေးဘူး။ အဲဒီလိုနဲ့ ဂျစ်ပစီမိုးတိမ် ရေးဖြစ်တယ်။ အဲဒီသီချင်းကို ကိုသန်းနိုင် ဆိုတော့ လူသိပ်မသိသေးဘူး။ နောက်ပိုင်း ညီထွဋ် ဆိုမှ လူသိများသွားတာ။ ၁၉၈၅ လောက်ကျတော့ ချစ်ကောင်း ဝင်လာတယ်။ သူ့ရဲ့  ပထမစီးရီးတစ်ခုလုံး အားရတယ်။ ကော်ဖီခါးခါး ဆိုရင် လူ့ဘဝရဲ့  ခါးသီးမှုတွေကို ကော်ဖီနဲ့ တင်စားဖွဲ့ဆိုထားတာ။ အဲဒါကလည်း ကျွန်တော့်ရဲ့  ကိုယ်ပိုင်အစစ်ပဲ။ ကျွန်တော် ကဗျာရေးရင် ရေးမယ့်စိတ်ကူးတွေပေါ့။ အဲဒီကော်ဖီခါးခါးကို Masterpiece လို့ ပြောရင်လည်း မမှားပါဘူး။ ဒါပေမယ့် အဲဒီစီးရီးမှာ ချစ်ဖူးတယ် ဆိုတဲ့စကားက ပေါက်တာ။ အမှန်က သီချင်းနာမည်က ကိုယ်တိုင်ရေးပုံတူ ပါ။ ကျွန်တော့်အနေနဲ့ဆိုရင် အချစ်သီချင်းတွေချည်းပဲ ရေးပြီး ဘဝကို မတည်ဆောက်ချင်ဘူး။ ထူးအိမ်သင် ဆိုခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း ကျတော့ တော်ရုံလူနားမလည်ဘူး။ အဲဒီသီချင်းကို နားထောင်မယ့်လူက ဗင်းဆင့်ဗန်ဂိုးအကြောင်း သိဖို့လိုမယ်။ အဲဒါမှ ခံစားလို့ရမှာ။ အဲဒီသီချင်းကိုလည်း ပရိသတ်တချို့ က စွဲလမ်းကြပါတယ်။
အနုပညာ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတဲ့ နေရာမှာ ကံလည်း ပါပါတယ်။ ကျွန်တော်တို့ အနုပညာအရ ဘယ်လောက် အောင်မြင်တယ်ပြောပြော ငွေကြေးပိုင်းဆိုင်ရာတော့ အဝေးကြီးပါပဲ။ မအောင်မြင်ပါဘူး။ အခုလည်း ကျွန်တော်တို့ ဂီတလောကကြီးက ၂၀၀၆ ခုနှစ်မှာကတည်းက ခိုးကူးတွေကြောင့် ပျက်စီးသွားပြီ။ ၂၀၀၇ ခုနှစ်မှာ ပိုဆိုးသွားနိုင်တယ်။ ဘာပဲပြောပြော ကျန်ခဲ့တဲ့ နှစ်တွေထဲမှာတော့ ၂၀၀၆ ခုနှစ် ဂီတလောကက အဆိုးဝါးဆုံးနှစ်ပဲ။ အခွေ အရမ်းရောင်းရတယ်။ လူတိုင်းအိမ်မှာလည်း စက်တွေ ရှိတယ်။ ဈေးကွက် အရမ်းကျယ်ပြန့်လာတယ်။ ဒါပေမယ့် အနုပညာရှင်တွေ ဘယ်သူမှ ပိုက်ဆံ မရကြဘူး။ ခိုးကူးသမားတွေက သူ့တို့အကျိုးအတွက် ဂီတလောကကို နင်းခြေနေကြတယ်။ ဖန်တီးတဲ့သူက သူ့ရဲ့  အခွင့်အရေးမှ မရဘူးဆိုရင် ဘယ်သူက ဆက်လုပ်နိုင်ပါ့မလဲ။ အခုလည်း ဘာဆက်လုပ်ရင်ကောင်းမလဲဆိုပြ
အဆိုတော်တွေကမှ Show တွေဘာတွေ ဆိုလို့ရသေးတယ်။ တေးရေးဆရာတွေက သီချင်းမှ မရေးရရင် သွားပြီ။ ထုတ်လုပ်သူတွေကလည်း သူတို့အရင်းတောင် မရရင် ဘယ်ထုတ်တော့မလဲ။ တေးရေးဆရာတွေက အရင်ကတည်းက အနုပညာမြောက်မှုအပေါ်မှာ ထပ်ပြီး ငွေကြေးတစ်စုံတရာ ရခဲ့တာ မဟုတ်ဘူး။ အဲဒီမှာကတည်းက အခွင့်အရေးက တော်တော် ဆုံးရှုံးခဲ့တာပါ။ သီချင်းတစ်ပုဒ် ဘယ်လောက်ပေါက်ပေါက် ကျွန်တော်တို့က ပုတ်ပြတ်ဖြစ်နေတယ်။ အဲဒီအခြေအနေကနေ အခု ဒီအခြေအနေဖြစ်လာတဲ့အချိန်မ
--------။---------
Credit - Life Style (April 2007)
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။