Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 10, 2015

ဲငြိမ်းချမ်းရေး နှင့် သယံဇာတ ---- အပိုင်း(၁-၂)

 
 
ဲငြိမ်းချမ်းရေး နှင့် သယံဇာတ ---- အပိုင်း(၁)
=============================
ကိုရင်လှ
=============================

တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထုများ စားဝတ်နေရေး
ဖူလုံကြွယ်ဝစေရန်အတွက်
မရှိမဖြစ် လိုအပ်သောအချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် ထိုနိုင်ငံအတွင်း ပဋိပက္ခများ ကင်းဝေး၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ များ တည်ငြိမ်နေခြင်းတို့ ပါဝင်နေမည်ဟု ကျွန်တော်ယူဆ ပါသည်။

ပဋိပက္ခဟုဆိုရာတွင် စစ်မက်ဖြစ်ပွားနေခြင်းသာမက ဘဲ နိုင်ငံအတွင်းရှိ လူမျိုးစုတစ်စုနှင့်တစ်စု၊ အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ယုံကြည်ကိုးကွယ်ရာ ဘာသာအယူအဆ မတူညီကြသူ တစ်ဖက်နှင့်တစ်ဖက်၊ ဝါဒလမ်းစဉ်မတူညီ ကြသူ နိုင်ငံရေးပါတီ တစ်ခုနှင့်တစ်ခု၊ အုပ်ချုပ်သူအစိုးရ နှင့် အုပ်ချုပ်ခံပြည်သူပြည်သားတို့အကြား အပြန်အလှန် လေးစားမှုပျက်ပြားခြင်း၊ ယုံကြည်မှုလျော့ပါးခြင်း၊ သံသယ များရှိနေခြင်းကိုလည်း ပဋိပက္ခများ ဖြစ်နေသည်ဟုဆိုရ မည်ဖြစ်ပါသည်။
ထိုပဋိပက္ခများ တည်ရှိနေသရွေ့ ရုပ်ပိုင်းဆိုင်ရာအ ခြေအနေများ မည်မျှပင်'ငြိမ်ဝပ်ပိပြား'နေစေကာမူ စိုးရိမ် ပူပန်ကြောင့်ကြမှုများ လှိုက်စားဖြစ်ပေါ်နေသည့်အတွက် လူတို့သည် ပူပင်သောကများကို ခံစားနေကြရမည်ဖြစ် ပါသည်။
ထို့ကြောင့် ငြိမ်းချမ်းခြင်းဆိုသည်မှာ လူသား တိုင်း၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ် စလုံး တည်ငြိမ်အေးချမ်းစွာ ဖြစ်တည်နေခြင်းနှင့် စိုးရိမ် ကြောင့်ကြမှုတို့ မရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလို ပါသည်။

အနှီငြိမ်းချမ်းရေး၊ ထိုငြိမ်းချမ်းရေးကို ကျွန်တော် လို ချင်ပါသည်။ ငတ်မွတ်ပါသည်၊ တောင့်တပါသည်။ ကျွန်တော် ကဲ့သို့ပင် လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို မျှော် လင့်တောင့်တ လိုလားငတ်မွတ်ပါလိမ့်မည်ဟု
ကျွန်တော် ယုံကြည်ပါသည်။ အထူးသဖြင့် 'ကျွဲနှစ်ကောင်ခတ်သည့် ကြားက မြေစာပင်'ဖြစ်နေရသော ကျွန်တော်တို့၏ ညီရင်း အစ်ကို
မောင်ရင်းနှမများဖြစ်ကြသည့် စစ်ဘေးဒဏ်ခံ တိုင်းရင်းသားပြည်သူများက ငြိမ်းချမ်းရေးကို ပို၍လိုချင် တပ်မက်မည်ဖြစ်ပါသည်။

အဘယ်ကြောင့် ကျွန်တော်တို့နိုင်ငံတွင် ငြိမ်းချမ်းရေး ပျက်ပြားနေခဲ့ရပါသနည်း။ ထိုမေးခွန်းကို နိုင်ငံရေးသုခမိန် များ၊ သမိုင်းသုတေသီများ၊ ငြိမ်းချမ်းရေးဆိုင်ရာပညာရှင် များ၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ပြည်တွင်းပြည်ပကျွမ်းကျင် သူများက အနည်းနည်းအဖုံဖုံ သက်ဆိုင်ရာကဏ္ဍအလိုက် အဖြေများ ရှာဖွေထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။
ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံသည် သဘာဝ သယံဇာတများ ပေါမျာြး<ွကယ်ဝနေသည့်အတွက် ငြိမ်းချမ်း ရေး မရရှိသေးပါဟု အဖြေထုတ်လိုပါသည်။ အဘယ်ကြောင့် နည်း။ ရှင်းပါဦးမည်။
မြန်မာနိုင်ငံသည် ယနေ့အထိတိုင် ကမ္ဘာပေါ်တွင် အမျိုးအစား၊ အရည်အသွေး အကောင်းဆုံးဖြစ်သော ကျွန်း သစ်များကို ပိုင်ဆိုင်ဆဲ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုကဲ့ သို့ အရည်အသွေးထိပ်တန်းဖြစ်သော ကျွန်းသစ်များကို ပိုင်ဆိုင်ခွင့် ရရှိထားသည့်အတွက်လည်း ၁၈၂၄-၁၈၂၆ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂-၁၈၅၃ ဒုတိယအင်္ဂ လိပ်-မြန်မာစစ်ပွဲ၊ ၁၈၈၆ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ များဖြစ်ပွားခဲ့ပြီး ထိုခေတ် ထိုကာလ ထိုအချိန်က ကမ္ဘာ့ပင် လယ်ရေကြောင်း သွားလာဆက်သွယ်ရေးအတွက် အဓိက ယန္တရားဖြစ်ခဲ့သည့် ပင်လယ်ကူးသင်္ဘောကြီးများ တည် ဆောက်ရန်အတွက် လိုအပ်သော ကျွန်းသစ်များကို ရယူ ပိုင်ဆိုင်လိုသည့် အကြောင်းပြချက်ဖြင့် မြန်မာပြည်ကို အင်္ဂ လိပ်ကုမ္ပဏီများနှင့် အင်္ဂလိပ်အစိုးရတို့၏ အနိုင့်အထက် သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ထို့ကြောင့် သူ့ကျွန်ဘဝ တွင် နှစ်ပေါင်း ၁ဝဝ ကျော်(ရခိုင်နှင့်တနင်္သာရီ ၁၂၂နှစ်၊ အောက်မြန်မာပြည် (သရက်မြို့မှစ၍အောက်ပိုင်း)- ၉၆ နှစ်၊ အထက်မြန်မာပြည်-၆၂နှစ်)ရောက်ရှိ၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးပျက်ပြားခဲ့ကြရပါသည်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ ထိုမှသခင် အောင်ဆန်း၊ ထိုမှ ဗိုလ်အောင်ဆန်း ထိုမှအမျိုးသားခေါင်း ဆောင်ကြီးနှင့် မြန်မာ့တပ်မတော်ကြီး၏ ဖခင်ဖြစ်သူ ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးကို လိုလား သူ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းတို့နှင့် တိုင်းရင်းသား ပေါင်းစုံတို့၏ ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ် မှုများကြောင့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိခဲ့ကြရသော် လည်း ပြည်တွင်းစစ်မီးက များမကြာမီအချိန်အတွင်းမှာ ပင် စတင်တောက်လောင်ခဲ့ပြန်ပါသည်။

ပြည်တွင်းစစ်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများ များစွာရှိသည့်အနက်မှ ကမ္ဘာကျော်The Bottom Billion (သို့) အောက်ခြေသန်း ၁ဝဝဝ ဟုအမည်ရသော ဆင်းရဲ မွဲတေမှုမှ လွတ်မြောက်ရေးဆိုင်ရာကျမ်းစာအုပ်ကို ရေး သားခဲ့သူ ကမ္ဘာကျော်စီးပွားရေးပညာရှင်၊ အောက်စဖို့ဒ် တက္ကသိုလ်ပါမောက္ခဖြစ်သူ Paul Callier က ၄င်း၏စာ အုပ်တွင် 'ပြည်တွင်းစစ်ဖြစ်ရခြင်း၏ အကြောင်းရင်းများ မှာ ထိုနိုင်ငံသည် တိုင်းပြည်ဝင်ငွေရရှိရေးအတွက် သယံ ဇာတများကို ရောင်းချရသောဝင်ငွေကို အဓိကမှီခိုနေရ ခြင်း၊ ထိုနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု အများအပြားနေ ထိုင်ကြခြင်းနှင့် ထိုတိုင်းရင်းသားလူမျိုးစု များစွာရှိသည့် အနက်မှ အင်အားကြီးသည့်လူမျိုးစုက အခြားအင်အား နည်းသူလူမျိုးစုများကို လွှမ်းမိုးချုပ်ကိုင်ထားခြင်း၊ တိုင်းပြည် ၏ ပထဝီအနေအထားအရလည်း ထိုနိုင်ငံသည် လက်နက် ကိုင်တော်လှန်လိုသူများအတွက် လျှိုမြောင်တောင်တန်း စသည့် ပုန်းခိုစရာနေရာများ များစွာ တည်ရှိနေခြင်းတို့ ကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားရပါသည်''ဟု ရေးသား ထားပါသည်။
ထို့အတူ 'သဘာဝသယံဇာတကြွယ်ဝသည့် နိုင်ငံများ ၌ ပြည်တွင်းစစ်ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သယံဇာတ များတည်ရှိရာနယ်မြေတွင် နေထိုင်ကြသော တိုင်းရင်းသား များနှင့် အစိုးရတို့ကြား မကျေနပ်ချက်များရှိနေခြင်း၊ ထို သယံဇာတများနှင့်ပတ်သက်၍ ဥပဒေမဲ့ လုပ်ချင်သလိုလုပ် ခွင့်ရနေခြင်း၊ ထိုသယံဇာတများကို လွယ်လွယ်ကူကူလု ယူနိုင်ခြင်း စသည့် အချက်များအားလုံး ပေါင်းစည်းဖြစ် ပေါ်မှု၏ ရလဒ်ပင်ဖြစ်သည်'ဟု စီးပွားရေးပညာရှင် K. Ballantine က ၄င်း၏ The Political Economy of Armed Conflict, Beyond Greed and Grievance စာတမ်း၌ သုံးသပ်တင်ပြထားပြန်ပါသည်။
တိုင်းရင်းသားအဖွဲ့အစည်းများသည် နိုင်ငံသားအခွင့် အရေးများနှင့် လူမျိုးစုအခွင့်အရေးများကို အကန့်အသတ် ဖြင့်သာရရှိသည်ဟု ယူဆကြခြင်း၊ ၄င်းတို့နေထိုင်ရာဒေသ များတွင်တည်ရှိသော သဘာဝသယံဇာတများကို ဗဟို အစိုးရက အပိုင်စီး၍ ထုတ်ယူအသုံးချနေသော်လည်း ယင်း တို့မှ ရရှိလာသည့်အကျိုးအမြတ်များကို ¤င်းတို့အနေဖြင့် မည်မည်ရရ မခံစားကြရခြင်း၊ ¤င်းတို့ဒေသများတွင် သဘာဝ သယံဇာတများ ပေါမျာြး<ွကယ်ဝပါလျက် ဖွံ့ဖြိုးမှုနည်းပါးရ ခြင်း စသည့်မညီမျှမှု၊ နာကြည်းမှုများကြောင့်သာ လက် နက်ကိုင် ပုန်ကန်တော်လှန်မှုများဖြစ်ပေါ်ခဲ့ကြရသလို ထို လက်နက်ကိုင်ပုန်ကန်မှုများသည် ၄င်းတို့ကို ဘဏ္ဍာငွေရှာ ဖွေကျားကန်ပေးရန် အခွင့်အလမ်းရှိသည့် နေရာဒေသ များတွင် ဖြစ်ပွားလေ့ရှိသည်ဟု နိုင်ငံတကာလေ့လာဆန်း စစ်ချက်များက ဖော်ပြခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင်လည်း သဘာဝသယံဇာတများကို ဆာလောင်မွတ်သိပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့်ထိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ တွင် ခြေကုပ်ယူထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့သည် ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ သတ္တု၊ ကျွဲ၊ နွားစသည်တို့ကို တရားမဝင် တင်ပို့ရောင်းချခြင်း၊ တစ် ဖက်နိုင်ငံမှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်းများကို တင် သွင်းခြင်း၊ ထိုကဲ့သို့ တင်ပို့ရောင်းချသူများထံမှ အခွန်ကောက် ခံခြင်း၊ ဘိန်းစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများမှ ဝင်ငွေများ ဖြင့် သက်ဆိုးရှည်ခဲ့ကြပါသည်။
လွတ်လပ်ရေးရပြီးစကပင် စတင်ခဲ့သော လက်နက် ကိုင်ပုန်ကန်မှုများနှင့် ထိုပုန်ကန်မှုများကို နှိမ်နင်းရသော အစိုးရတို့နှစ်ဖက်စလုံးသည် လက်နက်၊ ကျည်ဆန်ရိက္ခာနှင့် အထွေထွေကုန်ကျစရိတ်များကို ရရှိရန်အတွက် မြန်မာ ပြည်သူပြည်သားအားလုံး ပိုင်ဆိုင်သောသဘာဝသယံဇာ တများကို တွင်တွင်ကျယ်ကျယ်အသုံးချခဲ့ကြသဖြင့် ပြည် တွင်းစစ်များ သက်ဆိုးရှည်ခဲ့ရသလို ထိုပြည်တွင်းစစ်တို့ ကြောင့်ပင်လျှင် သဘာဝသယံဇာတများသည် တိုင်းပြည် နှင့် လူမျိုးအတွက် အကျိုးမဖြစ်ထွန်းစေဘဲ အဟောသိကံ ဖြစ်ခဲ့ရပါသည်။

ဘောဂဗေဒပညာရှင် Ross ကလည်း ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံ ၁၃ နိုင်ငံကိုလေ့လာပြီးHow do natural resources influence civil war စာတမ်းတွင် 'ပြည်ပနိုင်ငံကြီးများ၊ အဖွဲ့အစည်းများက သယံဇာတကြွယ် ဝသည့် နိုင်ငံ၏ ပြည်တွင်းရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင်

ငြိမ်းချမ်းရေး နှင့် သယံဇာတ ----- အပိုင်း(၂)
=============================
ကိုရင်လှ

သယံဇာတစီမံခန့်ခွဲရေး စသည်တို့ကို ဝင်ရောက်ခြယ်လှယ် ကြီးစိုးစွက်ဖက်ကာ သွေးခွဲစကားဆိုလေ့ရှိသည်။ ထိုအခါ သယံဇာတကြွယ်ဝသော နိုင်ငံများရှိ လက်နက်ကိုင်ဆောင် သောအုပ်စုများနှင့် မကိုင်ဆောင်သော အုပ်စုများကလည်း ၄င်းတို့အလိုကျ သိလျက်နှင့် ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ ကပြ အသုံးတော်ခံကြရင်း ပြည်တွင်းစစ်များဖြစ်ကြရသည်။ ပြည် တွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်ပနိုင်ငံကြီး များက ကူညီထောက်ပံ့ခြင်းကြောင့် အဓိကဖြစ်သည်'ဟု ရေးသားခဲ့ပြန်ပါသေးသည်။
၁၉၈၈ တွင်ဖြစ်ပွားခဲ့သော ရှစ်လေးလုံးပြည်သူ့အ ရေးတော်ပုံတွင် စစ်အစိုးရသည် အင်အားကိုအလွန်အကျွံ အသုံးချ၍ ဆန္ဒပြသူ ရဟန်းရှင်လူ ပြည်သူကျောင်းသား များကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့မှုများကြောင့် နိုင်ငံတ ကာ အကူအညီများအားလုံး ရပ်ဆိုင်းခံခဲ့ရပါသည်။ ထိုကဲ့ သို့ ဘဏ္ဍာရေးအခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင် လိုက်ရသော စစ်အစိုးရသည် နိုင်ငံခြားငွေရရှိရေးအတွက် သဘာဝသယံဇာတ ပေါမျာြး<ွကယ်ဝမှုကို အခြေခံ၍ ''စီး ပွားရေးပိတ်ဆို့တာ တို့မမှုပါ''ဟူသော စာသားပါဝင်သော သီချင်းကိုစပ်ဆို၍ ပြည်တွင်းရုပ်/သံလိုင်းများတွင် နေ့စဉ် နေ့တိုင်းလိုလိုလွှင့်ကာ ဝါဒဖြန့်ခဲ့သည့်အတိုင်း သဘာဝ သယံဇာတများကို အိမ်နီးချင်းနိုင်ငံများသို့ရောင်းချ၍ ဝင် ငွေရှာခဲ့ပါသည်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် မဆလအစိုးရထံ မှ အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရကို ပထမဆုံး အသိအမှတ်ပြုပြီး နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘော တူညီချက်များကို အမိအရ လက်မှတ်ရေးထိုးနိုင်ခဲ့သော နိုင်ငံသည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို အား ပေးအားမြှောက်ပြုခဲ့သော တရုတ်နိုင်ငံပင်ဖြစ်သလို ၁၉၈၈ ဒီဇင်ဘာ ၁၄ ရက်တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီး ချာမာလစ်လောင်ချိုင်ယုသည် မြန်မာနိုင်ငံသို့ အ လည်အပတ် ရောက်ရှိလာပြီးနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် သစ်ထုတ်ခွင့်ကို ထိုင်းကုမ္ပဏီ ၃၅ခု က သစ်ထုတ်ခွင့် ၄၇ ခုကို ရရှိသွားခဲ့ပါသည်။
သဘာဝသယံဇာတများတည်ရှိရာ ဝေးလံခေါင်ဖျား သောနေရာများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများက ထိန်းချုပ်ထားသဖြင့် ထိုကိစ္စကို ကိုင်တွယ်ဖြေ ရှင်းလိုခြင်းအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ် အစိုးရသည် ၁၉၈၉ ခုနှစ်မှစတင်၍ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ပြုလုပ်ခဲ့ပါသည်
ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် နိုင်ငံရေးအရ သဘောတူညီမှုများ လုံးဝမပါဝင်ခဲ့ဘဲ လက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၄င်းတို့ထိန်းချုပ်ရာ ဒေသအသီးသီးတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် များကိုရရှိခဲ့ကြပါသည်။ ထိုအပစ်အခတ်ရပ်စဲရေးသဘော တူညီချက်များ၏ အစိတ်အပိုင်းတစ်ခုအနေနှင့် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအပြင် လမ်းနှင့် တံ တားများ တည်ဆောက်ခြင်းလုပ်ငန်းများသာ အဓိကဆောင် ရွက်ခဲ့ကြပါသည်။ ထိုလမ်းများ၊ တံတားများကြောင့်ပင်လျှင် ဗဟိုအစိုးရအနေနှင့်လည်း သယံဇာတပေါမျာြး<ွကယ်ဝသော ဒေသများကို ပိုမိုလက်လှမ်းမီသွားခဲ့ရသလို အပစ်အခတ် ရပ်စဲ၍ စီးပွားရေးလုပ်ငန်းများကို အထူးအခွင့်အရေးများ နှင့် လုပ်ကိုင်ခွင့်ရရှိထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ၏ မျက်နှာသာပေးခြင်းခံရသော စီးပွားရေးလုပ်ငန်းရှင်များသည် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါသော သဘာဝပတ် ဝန်းကျင်နှင့် ဂေဟစနစ်တို့ ပျက်ယွင်းစေသည်အထိ သစ် ထုတ်လုပ်ခြင်း၊ ကျောက်စိမ်း၊ ရွှေနှင့်သတ္တုတူးဖော်ခြင်းလုပ် ငန်းများကို အလွန်အကျွံပြုလုပ်ခဲ့ကြပါသည်။
ထိုအခြေအနေများ၏အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် သစ်တောအပြုန်းတီး ဆုံးနိုင်ငံနှင့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများအတွင်း သစ်တောပြုန်းတီးမှု အမြင့်ဆုံးနိုင်ငံအဖြစ် ရောက်ရှိခဲ့ရပါ သည်။ သစ်တောပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာရသော နောက်ဆက်တွဲဆိုးကျိုးအနေနှင့်လည်း မြန်မာနိုင်ငံအတွင်း ရှိ မြစ်ချောင်း အင်းအိုင်များတွင် နုန်းအလွန်အကျွံပို့ခြင်း၊ တိမ်ကောခြင်း၊ ပျောက်ကွယ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအ တွက် အဓိကလိုအပ်ချက်ဖြစ်သော အဖိုးတန်မြေဆီလွှာ များ ဆုံးရှုံးပျောက်ကွယ်ခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်း လဲခြင်း၊ သဘာဝဘေးအန္တရာယ်များ ယခင်ကထက် ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်လာခြင်း၊ ရေချိုအရင်းအမြစ်များ လျော့နည်းပပျောက်လာခြင်း စသည့်ပြဿနာများနှင့် ရင် ဆိုင်ကြုံတွေ့လာရပြီဖြစ်ပါသည်။
၁၉၉၄ ဒီဇင်ဘာ၅ရက်က ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၂၆/၉၄) ဖြင့် ချမှတ်ခဲ့သော မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးမူဝါဒတွင် 'နိုင်ငံတစ်နိုင်ငံ၏ြ<ွကယ်ဝချမ်းသာမှု သည် ယင်းနိုင်ငံ၏ ပြည်သူများ၊ ယဉ်ကျေးမှုအမွေအနှစ် များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများပင် ဖြစ်ကြ သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာ မူဝါဒရည်မှန်း ချက်မှာ ပြည်သူတစ်ရပ်လုံး၏ လူနေမှုဘဝအဆင့်အတန်း ကို မြှင့်တင်ပေးရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ် ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက် ညီမှုတို့ကို ရရှိစေရေးပင်ဖြစ်သည်။ နိုင်ငံတိုင်းသည် တခြား နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုကို မထိပါးစေရန် (သို့) အကျိုးစီးပွားကို မထိခိုက်စေရန် အထူးအလေးထား ၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ မိမိ နိုင်ငံပိုင် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲနိုင်သည့် အချုပ်အခြာအာဏာပိုင်ခွင့်ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးနွယ်ဆက်များ၏အကျိုးငှာ သဘာဝသယံဇာတပစ္စည်း များကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့်နိုင်ငံ သားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှု ကို ပဓာနကျသော ရည်မှန်းချက်အဖြစ် တာဝန်ထားရှိရ မည်ဖြစ်သည်'ဟုဖော်ပြထားပါသည်။
သို့ပါသော်လည်း နိုင်ငံ၏ကြွယ်ဝချမ်းသာသမျှသော သဘာဝသယံဇာတများကို အစိုးရအဆက်ဆက်က ပြဋ္ဌာန်း ထားခဲ့သည့် ဥပဒေများကိုကျော်လွန်ပြီး နှုတ်မိန့်များ၊ အမိန့် ကြော်ငြာစာများထုတ်ပြန်ကာ အလိုရှိသလို ထုတ်ယူအသုံး ချခဲ့ကြသည့်အတွက်ကြောင့်လည်းကောင်း၊ အစိုးရနှင့် နား လည်မှုရယူထားသော လက်နက်ကိုင်အဖွဲ့အစည်းများက လည်း ထိုနည်းတူစွာပင် ထုတ်ယူသုံးစွဲခဲ့ကြသည့်အတွက် ကြောင့်လည်းကောင်း၊ ထိုသယံဇာတဆိုင်ရာလုပ်ငန်းများ တည်ရှိရာဒေသများရှိ မူရင်းနေထိုင်သူ ဒေသခံပြည်သူ လူထုအများစုမှာ ¤င်းတို့၏ မူလနေရပ်များမှ အတင်းအ ကျပ်ဖယ်ရှားခံရခြင်း၊ လယ်မြေ၊ ယာမြေ၊ ရွာမြေများ သိမ်း ဆည်းခံရခြင်း၊ ထိုစီမံကိန်းများ၊ ထိုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေထု၊ လေထု၊ ရေထုညစ် ညမ်းမှုများ ဖြစ်ပေါ်လာရသည့်အတွက် ထိုညစ်ညမ်းမှုများ ကြောင့် ¤င်းတို့၏လူမှုရေး၊ စီးပွားရေးဆိုင်ရာ နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာရခြင်း၊ အထူးအားဖြင့် မြန်မာနိုင်ငံ၏ သဘာဝသစ်တောကြီးများ အလွန်အကျွံ ပျောက်ဆုံးကုန် ခြင်းတို့သည် လက်ရှိအစိုးရနှင့် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ နေထိုင်ရာ ဒေသများတွင် ဖြစ်ပေါ်လျက်ရှိပါ သည်။ ထို့ကြောင့်ပင်လျှင် အမျိုးသားအဆင့်နှင့် အပြည် ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်း ၄၇ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (FSWE)က ''အစိုးရက ကချင်ပြည်နယ်တွင် ကုမ္ပဏီပေါင်း ၁၁ခုကို မြေဧကလေးသိန်းနီးပါးကို ပီလော ပီနံ၊ ကြံ စသော စီမံကိန်းသီးနှံများစိုက်ပျိုး၍ လုပ်ပိုင်ခွင့်ပြု ခဲ့သည်။ ယင်းတို့အနက်ထက်ဝက်ခန့်မှာ ကမ္ဘာပေါ်တွင် အ ကြီးဆုံးဖြစ်သည့် ကျားထိန်းသိမ်းရေးစခန်းရှိရာ ဟူးကောင်း ချိုင့်ဝှမ်းဒေသတွင်ဖြစ်သည်''ဟု ထုတ်ပြန်ခဲ့ပါသည်။
၂ဝ၁၂ ခုနှစ် မေလတွင်ထုတ်ပြန်ခဲ့သော ကချင်လူ မှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (Kachin Development Net-working Group-KNDE) ၏ 'ကချင်ဖွံ့ဖြိုးတိုးတက်ရေး မှ သင်ခန်းစာများ'အမည်ရှိ အစီရင်ခံစာတွင် ''သဘာဝ အရင်းအမြစ်များ မည်မျှပင် ထုတ်ယူတူးဖော်နေသော်လည်း ဒေသခံ ပြည်သူများမှာ တိုးတက်ဖွံ့ဖြိုးလာသည်မရှိဘဲ (၁၉၉၄ အပစ်အခတ်ရပ်စဲပြီး ဖော်ဆောင်သည့်) ဖွံ့ဖြိုး ရေးစီမံကိန်းများ မရှိခင်ကထက်ပင် ပိုမို ဆင်းရဲမွဲတေမှုကို ရင်ဆိုင်လာရသည်''ဟု ဖော်ပြခဲ့ပါသည်။
၃၁-၃-၂ဝ၁၅တွင် ''ငြိမ်းချမ်းရေးအတွက် မျှော်လင့် ချက်ရောင်ခြည်တင် မကပါဘူး။ အလင်းတန်းတွေ ပေါ် လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ''ဟု နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်း ပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား လက်မှတ် ရေးထိုးသော အခမ်းအနားတွင် မှတ်ချက်ပြု ပြောကြား လိုက်ပြီဖြစ်ပါသည်။
ငြိမ်းချမ်းရေးကို ကျွန်တော်တို့လိုလားပါသည်။ ငြိမ်း ချမ်းမှုရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်သက်တမ်း အရှည်ကြာဆုံး နိုင်ငံစာရင်းဝင် ကျွန်တော်တို့နိုင်ငံသည် ထိုပြည်တွင်းစစ် များကို အကြောင်းပြု၍ပင် ကမ္ဘာပေါ်တွင်အဆင်းရဲဆုံးနိုင်ငံ စာရင်းတွင်လည်း ပါဝင်နေဆဲပင်ဖြစ်ပါသည်။ ကမ္ဘာကျော် စီးပွားရေးပညာရှင် ပေါလ်ကိုလီယာက ''သယံဇာတလဲ ပေါမည်၊ နိုင်ငံသားတွေလဲ ဆင်းရဲမည်၊ အစိုးက နိုင်ငံ ရေးအထိန်းအကွပ်လဲ မဲ့မည်၊ တိုင်းရင်းသားလူမျိုးကလဲ ကွဲပြားစုံလင်မည်ဆိုလျှင်တော့ ထိုနိုင်ငံသည် ဖွံ့ဖြိုးတိုး တက်မှုတွင် အောက်ဆုံးမှာ ရောက်နေလေတော့သည်''ဟု ရေးသားထားပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ တည် ဆောက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည် တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်ဖွဲ့မကျန် ပူးပေါင်းပါဝင်ရေး၊ ထိုအဖွဲ့အစည်းများအားလုံးနှင့် နိုင်ငံ ရေးအရ အကျေအလည်ညှိနှိုင်းဆွေးနွေး၍ သဘောတူ ညီမှုရရှိရေးစသည့်အချက်များအပြင် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများ၊ ပြည်နယ်များရှိ သဘာဝသယံဇာတ များကို သက်ဆိုင်ရာ တိုင်း၊ ဒေသ၊ ပြည်နယ်အစိုးရများ၊ ဒေသခံပြည်သူများနှင့် ပြည်ထောင်စုအစိုးရတို့အကြား မည်သို့မည်ပုံ စီမံအုပ်ချုပ်မည်၊ အကျိုးအမြတ်များ မည် သို့ ခွဲဝေသုံးစွဲမည်၊ သယံဇာတဆိုင်ရာ အကျိုးအမြတ်များ ကို စီမံခန့်ခွဲရာတွင် ပြည်သူလူထုက မည်ကဲ့သို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့်ရရှိမည်၊ ထိုသယံဇာတများမှ ရရှိမည့် ဝင်ငွေများ လျော့နည်းလာချိန်တွင် ကြုံတွေ့လာရမည့် ပြဿနာများကို ရင်ဆိုင်ရန်အတွက် မည်သို့ ကြိုတင်ပြင် ဆင်ရမည်ဟူသော အချက်များကိုလည်း ထည့်သွင်းဆွေး နွေး ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြစေလိုပါကြောင်း အကြံ ပြု တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။