Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 3, 2015

ဂစ်တာသမားဖြစ်ခဲ့ဖူးတဲ့ ပင်လယ်ဓားပြကြီး(သို့မဟုတ်)နာမည်ကြီး မင်းသား JOHNNY DEPP...

 
ဂစ်တာသမားဖြစ်ခဲ့ဖူးတဲ့ ပင်လယ်ဓားပြကြီး

(သို့မဟုတ်)

နာမည်ကြီး မင်းသား JOHNNY DEPP...

.
.
.
Johnny Depp ဆိုတဲ့ မင်းသားအသစ်တစ်ယောက် ဟောလီးဝုဒ်မှာ ပေါ်လာတော့ မိန်းကလေးတွေ သည်းသည်းလှုပ် ဖြစ်ခဲ့ဖူးပါတယ်။ အိုင်းရစ်ရှ်နဲ့ ဂျာမန်သွေး ပါသူ Depp ဟာ သူ့အဖေရဲ့  အဘွားဖြစ်သူဆီက ချဲရိုကီတို့ ရုပ်သွင်ဖြစ်တဲ့ ပါးရိုးအကျ နဲ့ နှာတံကို ရရှိပြီး ချောမောနေတော့ မိန်းကလေးတွေ အဖြစ်သည်းမယ်ဆို သည်းလောက်ပါတယ်။ Depp ရဲ့  နာမည်အပြည့်အစုံက John Christopher Depp II ဖြစ်ပြီး ၁၉၆၃ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေကတော့ Depp အပါအဝင် လေးယောက်ရှိပြီး ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး နှစ်ယောက် ဖြစ်ပါတယ်။ Depp ဟာ ငယ်စဉ်ကလေးဘဝကတည်းက
မြို့ ပေါင်း ၂၀ ကျော် ပြောင်းရွေ့နေထိုင်ခဲ့ရပြီး အသက် ၇ နှစ် အရွယ်ရောက်တော့မှ ဖလော်ရီဒါပြည်နယ်၊ Miramar ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မိဘတွေ အဆင်မပြေမှုကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး Depp ဟာ ကလေးဘဝတုန်းက ကိုယ့်ကိုယ်ကို ဓားနဲ့ မွှန်းခဲ့တဲ့အတွက် အမာရွတ် ၈ ခုလောက် ကျန်ခဲ့ပါတယ်။ Depp ဟာ အသက် ၁၄ နှစ် အရွယ်ရောက်တော့ မူးယစ်ဆေးဝါးကို စတင်သုံးစွဲမိသွားပါတယ်။ အရာရာကို စူးစမ်းချင်တဲ့အရွယ်လည်း ဖြစ်တော့ သော့ခတ်ထားတဲ့ စာသင်ခန်းတံခါးတွေကို ရိုက်ချိုးပြီး အထဲမှာ ဘာတွေရှိလဲသိချင်လို့ လျှောက်ကြည့်ခဲ့ပါတယ်။ ဒါ့အပြင် Depp ဟာ ငယ်ငယ်တုန်းက ခဏခဏ အဖမ်းခံခဲ့ရပေမယ့် ပထမဦးဆုံး အဖမ်းခံရတဲ့ပြစ်မှုကတော့ ဗန်ကူးဘားမှာ မူးယစ်ဆေးဝါးရောင်းချလို့ပဲ ဖြစ်ပါတယ်။ အသက် ၁၅ နှစ် အရွယ်လောက်မှာ အဖေနဲ့အမေ ကွာရှင်းပြတ်စဲလိုက်တဲ့အတွက်ကြောင့် Depp ဟာ ကျောင်းဆက်မတက်တော့ဘဲ ထွက်လိုက်ပါတယ်။ အဲဒါကြောင့် Depp ဟာ ROCK ဂီတသမားတစ်ယောက် ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အမေဖြစ်သူကလည်း Depp အသက် ၁၃ နှစ် အရွယ်လောက်တုန်းက ဂစ်တာတစ်လက် လက်ဆောင် ဝယ်ပေးခဲ့တဲ့အတွက် ဂစ်တာတီးခတ်ခြင်းကို ပိုပြီးတော့ ဦးစားပေးခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်လောက်မှာ Depp ဟာ The Kids လို့ အမည်ရတဲ့ Garage သီချင်းအမျိုးအစားတွေ တီးခတ်တဲ့ တီးဝိုင်းမှာ ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ The Kids တီးဝိုင်းဟာ L.A တစ်ဝိုက်မှာ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဓာတ်ပြားတိုက်တွေက စာချုပ်ချုပ်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တီးဝိုင်းနာမည်ကို Six Gun Method လို့ ပြောင်းလဲခဲ့ပါတယ်။ ဂစ်တာသမားဖြစ်သူ Depp ဟာလည်း ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ မှာ တီးဝိုင်းက ဒရမ်သမားရဲ့  ညီမဖြစ်သူ မိတ်ကပ်ပညာရှင် Lori Anne Allison နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပြားမထုတ်ဖြစ်ခင်မှာပဲ တီးဝိုင်း ပြိုကွဲသွားခဲ့တဲ့အတွက် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ Depp ဟာ Kock City Angles တီးဝိုင်းထဲကို ရောက်သွားပြီး Mary သီချင်းကို ပေါင်းရေးပြီးတော့ Young Man's Blues ဆိုတဲ့ ပထမဆုံး အယ်လ်ဘမ်မှာ ထည့်ခဲ့ကြပါတယ်။ Depp ဟာ ဂစ်တာသမားအဖြစ် အောင်မြင်ဖို့ သိပ်မသေချာတဲ့အတွက် မိန်းမဖြစ်သူ Lori Anne Allison က ရုပ်ရှင်မင်းသား Nicolas Cage နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ဒါ့အပြင် မိန်းမဖြစ်သူရဲ့  တိုက်တွန်းမှုကြောင့် Depp ဟာ ၁၉၈၄ ခုနှစ်ဝန်းကျင်မှာ A Nightmare On Elm Street ဆိုတဲ့ ပထမဆုံး ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ မိန်းမဖြစ်သူ Lori Anne Allison နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၈၇ ခုနှစ်လောက်မှာ တက်သစ်စ မင်းသား Depp ဟာ 21 Jump Street ဆိုတဲ့ ရုပ်သံစီးရီးပေါက်သွားလို့ "teen idol" ဖြစ်ပြီး ပေါ်ပြူလာဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် Depp ဟာ Tim Burton
ရုပ်ရှင်က ရိုက်တဲ့ Edward Scissorhands ဇာတ်ကားအပြီးမှာတော့ "teen idol" ဆိုတဲ့ ဘဝကို အပြီးတိုင် ကျောခိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကာလတွေမှာ Depp ဟာ Edward Scissorhands, Ed Wood, Donnie Brasco နဲ့ Sleepy Hollow ဆိုတဲ့ ဇာတ်ကားတွေမှာ နေရာကောင်း ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ Pirates of the Caribbean: The Curse of the Black Pearl နဲ့ အမျိုးသားဇာတ်ဆောင်ဆု အော်စကာ လျာထားခြင်း ခံခဲ့ရပါတယ်။ Depp ရဲ့  အောင်မြင်တဲ့ ဇာတ်ဆောင်နေရာက ရုပ်ရှင်ဇာတ်ကားတွေကတော့ Finding Neverland, Charlie and the Chocolate Factory, Dark Shadows, Once Upon a Time in Mexico, From Hell, The Lone Ranger, Sweeney Todd: The Demon Barber of Fleet Street, ကာတွန်းဇာတ်ကောင်ရုပ်ရှင် Rango နဲ့ နာမည်ကျော် ပင်လယ်ဓားပြဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ Depp ဟာ ပြင်သစ်အနုပညာရှင် ရုပ်ရှင်မင်းသမီး Vanessa Paradis နဲ့ သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ မေလမှာ Lily-Rose Melody Depp ဆိုတဲ့ သမီးတစ်ယောက်ကို မွေးဖွားခဲ့ပြီး
၂၀၀၂ ခုနှစ် ဧပြီလမှာတော့ သားဖြစ်သူ Jack John Christopher Depp ||| ကို မွေးဖွားခဲ့ပါတယ်။

အနှစ်ချုပ်ရရင်တော့ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် ၅၁ နှစ် ရှိနေပြီဖြစ်တဲ့
Depp ဟာ မိန်းမဖြစ်သူ မင်းသမီးချော
Amber Heard နဲ့အတူ နေထိုင်ရင်း အနုပညာအလုပ်တွေကို
တောက်လျှောက်လုပ်ကိုင်နေပြီ
ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့
Pirates of the Caribbean: Dead Men Tell No Tales (2017) ကိုလည်း ရိုက်ကူးနေပါတယ်။

------The End------
ကျွန်တော် ကြိုးစားရှာဖွေရသလောက်
ပြန်လည်မျှဝေခြင်းဖြစ်တဲ့အတွက်
အကြောင်းအရာ မပြည့်စုံရင်လည်း
ဆောရီးဗျို့ ။ smile emoticon

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။