သတ္တိဆိုတာ
=======
“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့” သူမက မေးသည်။
“ဟုတ်တယ်”
“အင်းလေ…………ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လဲ အဲဒီလို ရှိလာအောင် နှိုးဆွပေး ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ။
ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ် ”

……………………………………………………
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကျွန်မစတင်းဖိုဒ့်ဆေးရုံမှာ ဆေးရုံမှာစေတနာ့
ဝန်ထမ်းအလုပ်လုပ်ခဲ့ဖူးတယ်၊
အဲဒီမှာ လီဇာဆိုတဲ့ လူနာတစ်ယောက် ကျွန်မတွေ့ရတယ်၊ သူကလေးက အင်မတန်ဖြစ်ခဲ တဲ့ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူနာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကိုသွင်းပေးတဲ့နည်းလမ်းတစ်ခုပဲရှိတော့တယ်၊
ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုးဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ပဋိဇီဝပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်၊ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒရှိသလားလို့မေးတယ်၊
ကောင်လေးဟာ ခဏတော့တွေဝေသွားတာ ကျွန်မသတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူပြန်ဖြေတယ်၊
“မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ်”တဲ့။
“အဲဒါနဲ့ သူ့ဆီကသွေးကိုသွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလည်းခုတင်တစ်လုံးနဲ့လှဲရင်း ကြည့်နေတယ်၊ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ကြည့်နေသူတွေအားလုံးနည်းတူ သူလည်းပြုံးတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးကဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်းပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကိုမော့ကြည့်ပြီး တုန်တုန်ယင်ယင်အသံလေးနဲ့ သူမေးရှာတယ်”
၊ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလားတဲ့။
“ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး၊ သူက သူ့အစ်မအတွက်သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး”၊
အဲဒါပါပဲ၊ သတ္တိစိတ်မွေးပေးတဲ့ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေတွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာရှိတတ်လာခဲ့တာပါ။
[ မူရင်း။ ။ Dan Millman ၏ On Courage]
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။