စလုံး added 3 new photos.
**********************************************
မြန်မာပြည်ကနေ ပြည်ပနိုင်ငံကို ထွက်ခွာတော့မယ်ဆိုလျှင် ခရီးဆောင်အိတ်တွေချိန်၊ လေယာဉ် Boarding Pass ထုတ်ယူပြီးနောက် အပေါ်ထပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဂိတ်ကို မတက်ခင် မြေညီထပ်တွင် "မြန်မာရွှေ့ပြောင်းလုပ်သားများသတင်းပို့နေရာ" ဆိုတဲ့ ကောင်တာလေး တစ်ခု ဖွင့်လှစ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဟိုးယခင်က မရှိဘဲ ဖွင့်လှစ်ထားတာ သိပ်မကြာသေးလှပါဘူး။
၎င်း ကောင်တာလေးနှင့် ပတ်သက်ပြီး မကြာခင်က မြန်မာပြည်မှ စင်္ကာပူသို့ ပြန်လာခဲ့သူ ကိုကျော်ကြီးက ယခုလို ရှင်းပြလာပါတယ်။
ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။
ရပ်ရွာ၊ ဌာနေ၊ ပြန်ချိန်နှင့် လုပ်ငန်းခွင် ထိခိုက်ရှနာ နစ်နာကြေးတို့အား အချိန်နှင့် တပြေးညီ ကူညီ ဆောင်ရွက် ပေးနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။
မိမိကိုယ်တိုင် တိတိကျကျ၊ မှန်မှန် ကန်ကန် ရေးဖြည့်သွင်းခဲ့ပါမှသာ ကူညီသူများမှ မြန်မာပြည်ရှိ သင့်မိသားစုထံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်မည် ဖြစ်ပါကြောင်း သိရပါတယ်။
အခမဲ့ ၀န်ဆောင်ပေနေခြင်း ဖြစ်ပါသဖြင့် ပြည်သူများ ဘက်မှ တစ်ဦးချင်း ၀ိုင်းဝန်းကူညီမှသာလျှင်
သင်၏ မိဘ၊ ဆရာ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများ မှလည်း သင် အိမ်ပြန်လာချိန်ကို ၀မ်းသာစွာဖြင့် ဆီးကြို စောင့်မျှော်နေနိုင်မည် ဖြစ်ပါကြောင်း ကိုကျော်ကြီးက ရှင်းပြပါတယ်။
"အလုပ်သမားလေးတွေက Passport လုပ်တာကအစ ပွဲစားနဲ့ လုပ်ကြတယ်။ တစ်ချို့ 
Passport တွေမှာ ပွဲစားတွေက အစားထိုးပြီး လက်မှတ်တု ထိုးပေးထားတာတွေရှိတယ်။
အဲဒါတွေက နိုင်ငံရပ်ခြားမှာ အမှုကိစ္စဖြစ်လို့ ရဲစခန်းရောက်ရင် ပြဿနာ
တက်တော့တာပါပဲ။ Passport မှာ ထိုးထားတဲ့ လက်မှတ်နဲ့ ရဲစခန်းမှာ
ထိုးခိုင်းတဲ့ လက်မှတ် မတူတော့ ရဲစခန်းက passport ပြန်ထုတ်မပေးတော့တာတွေ
ရှိတယ်။ ဒီမှာ လုပ်ငန်းခွင်ထဲမှာ မတော်တဆဖြစ်ပြီး သေဆုံးသွားကြတာတွေရှိတယ်။
တိုက်ပေါ်က ခုန်ချပြီး သေကြောင်းကြံတဲ့ အိမ်အကူလေးတွေရှိတယ်။
ပြဿနာဖြစ်လာရင် ဘယ်ကို လိုက်လို့ လိုက်ရမှန်းမသိတော့ဘူး။ နေရပ်အတိအကျ
မသိဘူးလေ။" လို့ စင်္ကာပူနိုင်ငံတွင် သာရေး၊ နာရေး၊ ဘာသာရေး ကိစ္စရပ်များတွင်
တက်ကြွစွာ ကူညီပေးနေသူ ကိုကျော်ကြီး က ထပ်မံ ရှင်းပြပါတယ်။
နိုင်ငံရပ်ခြားသို့ ယခုမှ ထွက်လာကြမည့်သူများ အဆိုပါ ကောင်တာတွင် မိမိလက်ရေးဖြင့် ကိုယ်တိုင်းရေးသား ဖောင်ဖြည့်ပြီး လက်မှတ်ထိုးခဲ့ကြပါလို့ စာရေးသူမှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု) https://www.facebook.com/Salonecollection/
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာမှ "မြန်မာရွှေ့ပြောင်းလုပ်သားများသတင်းပို့နေရာ" ကောင်တာ
ပြည်ပမှာ အလုပ်သွားလုပ်ကြမည့်သူများ ရေးဖြည့်ရမည့် အကြောင်းအရာများ။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာမှ "မြန်မာရွှေ့ပြောင်းလုပ်သားများသတင်းပို့နေရာ" ကောင်တာတွင် ရေးဖြည့်ရမည့် ဖောင်ပုံစံ။
နိုင်ငံရပ်ခြားသို့ ယခုမှ ထွက်လာကြမည့်သူများ အဆိုပါ ကောင်တာတွင် မိမိလက်ရေးဖြင့် ကိုယ်တိုင်းရေးသား ဖောင်ဖြည့်ပြီး လက်မှတ်ထိုးခဲ့ကြပါလို့ စာရေးသူမှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု) https://www.facebook.com/Salonecollection/
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာမှ "မြန်မာရွှေ့ပြောင်းလုပ်သားမ
ပြည်ပမှာ အလုပ်သွားလုပ်ကြမည့်သူများ ရေးဖြည့်ရမည့် အကြောင်းအရာများ။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာမှ "မြန်မာရွှေ့ပြောင်းလုပ်သားမ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။