Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 25, 2016

Jack Ma (Alibaba Group ၏ ဖခင်)

စာဖတ်သူ ၃ သိန်းပြည့် ဆောင်းပါးရှည်
Jack Ma (Alibaba Group ၏ ဖခင်)
--------------------

"KFC ကြက်ကြော်ဆိုင် တရုတ်ပြည်လာတော့ လူ ၂၄ ယောက် တိတိ အလုပ်သွားလျှောက်ခဲ့ကြတယ်။ ၂၃ ယောက် အရွေးခံ ရတယ်။ ကျုပ် ကံကောင်းလို့ ကျန်ခဲ့တာ။" - Jack Ma , Alibaba Group ၏ တည်ထောင်သူကြီး ပြောခဲ့သော ကမ္ဘာကျော်စကား

ဒီဆောင်းပါးကို ကြိုက်လွန်းလို့ ဖော်ပြတာ ခဏခဏ ပါပဲ။ စာဖတ်သူ လူဟောင်းတွေ လဲ ရိုးနေလောက်ပါပြီ။ ဒါပေမယ့် ကျန်တဲ့ မဖတ်ရသေးသူများအတွက် တစ်ခုမက ကျန်အောင် ထပ်မံ ဖော်ပြ ပေးလိုက်ရပါတယ်။

Jack Ma က တကယ့် အောက်ခြေသမားပါ။ ကျောင်းဆရာ အဖြစ်ကနေ စီးပွားရေးလောကထဲကို ဝလုံးအဆင့်စရေးဖို့ ခုန်ဝင်လာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒီ အလီဘာဘာ အွန်လိုင်း ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းကြီးကို မစတင်မီမှာ သူ့ မိတ်ဆွေ တွေကို ထမင်းစားဖိတ်လို့ ၂ နာရီ လောက် နီးနီး ထိုင်ခိုင်းပြီးတော့ လုပ်ချင်တဲ့ စီမံကိန်းကို ချပြဖူးတယ်။ အကုန်လုံးလိုလိုက သူ့ကို မလုပ်ဖို့ ဝိုင်းတား ကြတယ်။

"မင်းလို ကျောင်းဆရာ က အင်တာနက် အကြောင်း ဘယ်လောက် သိလို့လဲ။ ကဲ သိတယ်ပဲထား.. ဘယ်မလဲ ရင်းနှီးငွေ.." စသဖြင့် တစ်ယောက်တစ်ပေါက်ဝိုင်းထောာက်ပြီး ပြောကြတယ်။ ဒီအားလုံး ထဲက နောက်ဆုံး မိတ်ဆွေ တစ်ယောက်ကပဲ သူ့ကို ဘာပြောလဲ ဆိုတော့..

"ဟေ့ သူငယ်ချင်း.. တွေဝေမနေနဲ့.. မင်းလုပ်ချင်တယ် ဆိုရင် လုပ်လိုက်... အကောင်းဆုံးတော့ လုပ်။ အေး.. မင်းထင်သလို ဖြစ်မလာ ခဲ့ရင်လည်း ကျောင်းဆရာ ပြန်လုပ်ပေါ့.." တဲ့။

ဒီစကားကြားလိုက်ရတဲ့ အခါမှာ သူ အရမ်း အားတက်သွားခဲ့တယ်။ ဒီ တစ်ယောက်ထဲသော မိတ်ဆွေရဲ့ တွန်းအားလေး "မှားရင် နောက်ပြန်ဆုတ်လို့ ရတယ်" ဆိုတဲ့ စကားလေး.. ဒီတွန်းအားလေး နဲ့ပဲ ကျန်လူတွေ ကန့်ကွက်နေတဲ့ ကြားက ရှေ့ကို မကြောက်မရွံ့ တရစပ် တိုးခဲ့တယ်။

ဒီလိုရုန်းကန်ရင်းတက်လာခဲ့တဲ့ Jack Ma ဟာ အခုဆိုရင် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် တစ်ယောက် ဖြစ်နေပြီ ဖြစ်ပါတယ်။ သူ့ အတွေ့အကြုံတွေနဲ့ ရင်းပြီးရခဲ့တဲ့ အသိတွေကိုလည်း ဟောပြောပွဲ အမြောက်အမြားမှာ ပြောကြားခဲ့ပြီးသားပါ။ အောင်မြင်မှုများလဲ ရခဲ့ပါတယ်။ ဒီထဲက အချို့ကို အောက်မှာ ဖော်ပြလိုက်ရပါတယ်။

[ကျရှုံးခြင်းနှင့် ဆင်းရဲခြင်း ဒဿန]

လူတစ်ယောက် စီးပွားရေး လောကမှာ ကျရှုံးတယ်ဆိုတာ ဒီ အချက် လေးချက်ကြောင့်ဗျ။

- လူတကာမြင်တဲ့ အခွင့်အရေးကိုမြင်ပေမယ့် လူနည်းစုပဲ မြင်တဲ့ နောက်ကွယ်က အခွင့်အရေးကို မမြင်ခြင်း

- မြင်တဲ့ အခွင့်အရေး တိုင်းကိုလဲ အထင်သေးခြင်း

- မိမိ အလုပ်နဲ့ ပတ်သက်ပြီး ဗဟုသုတ မရှိခြင်း

- အခွင့်အရေး မြင်မြင်ချင်းထ မလုပ်တတ်ခြင်း

ဆိုတဲ့ လေးချက် ဖြစ်တယ်။ ဒီ လေးချက်ကို မပြုပြင် နိုင်ဘူး ဆိုတာ ရှင်းပါတယ်။ ငွေ အပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့လူ မပြင်နိုင်ဘူး။ ဥပမာ တစ်ခုပေးမယ်။ Starbucks ကော်ဖီဆိုင် ရဲ့ အောင်မြင်မှု ကို ကြည့်နေတဲ့ လူတွေ သိန်းသန်းမက ရှိတယ်။ လူတိုင်းလိုလို တွက်ချက် နေတာ ကတော့ ဒီ ကော်ဖီဆိုင် ရဲ့ ဝင်ငွေ၊ ထွက်ငွေ ထိန်းသိမ်းပုံ။ ဘာ menu နဲ့ ဆွဲဆောင် တယ်။ ဘယ်လို လူတွေ လာဝယ် သောက်တယ်။ ဘယ်လောက် အကွာ ကနေ လာဝယ်တယ်။ ဘယ်အချိန်.. စသဖြင့် သမား ရိုးကျ လူတစ်ယောက် ဦးနှောက်နဲ့ တွေးထုတ်လို့ရတဲ့ အပိုင်း မှာ လေ့လာနေကြတာများတယ်။ ၁၉၉၃ ခုနှစ်မှာ အဆိုပါ လူတစ်သန်း လိုမျိုး အမြင် ထက် ပိုတဲ့ အမေရိကန်လူငယ် တစ်ယောက် ပေါ်ပေါက် လာခဲ့တယ်။ သူ့နာမည်က Jay Sorensen။ သူသတိပြု မိတာကနေ ထွက်ပေါ်လာတဲ့ တီထွင်မှု က အလွန်ရိုးရှင်းသော အတွေးစလေး တစ်စပါပဲ။ ကော်ဖီခွက် တွေအတွက် စက္ကူအပတ် (ကိုင်ထားရင် မပူအောင်)။ ဒါလေးကို သူ Starbucks အပါအဝင် အခြား နာမည်ကြီး ကော်ဖီဆိုင် တွေမှာ လိုက်လံ ပြသကြည့်တော့ အားလုံးက သဘောကျ ပြီးတော့ အော်ဒါမှာတာ နောက်ဆုံး ဒီဘာမဟုတ်တဲ့ စက္ကူ ပတ်လေး တစ်ပတ်၊ အဲသည် စက္ကူပတ် အရွက် တစ်ရွက်ကို မြန်မာငွေ ပျမ်းမျှ တစ်ရာ နှစ်ရာလောက် သာတန်တဲ့ စက္ကူ ပတ်လေးတွေ လိုက်သွင်းရင်းက ယနေ့ခေတ် ဆယ်ကျော်သက် အရွယ် မီလျံနာ သူဌေး စာရင်းဝင် သွားဖူးပါတယ်။

ဒီလိုဆိုရင် ရှင်းရှင်းလေး။ ဆင်းရဲနေတဲ့ လူတစ်ယောက်က ဒီ အချက်လေးချက်ကို ပြုပြင်ရ ကောင်းမှန်း မသိလို့ ကျိန်းသေ ဆင်းရဲတာ မဟုတ်လား။ ဆင်းရဲခြင်းက လွတ်ချင်စိတ် မပြင်းပြ သေးသရွေ့တော့ လူတစ်ယောက်ဟာ ခုနက ကျုပ်ပြောတဲ့ လေးချက်ကို ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုလို့လဲ သူမထင်ဘူး။ ဒါလေးတွေကို ရှင်းအောင် အချက် လေးတွေ ထုတ်ပြ ကြည့်မယ်။

- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ချမ်းသာချင်စိတ် မပြင်းပြလို့။

- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ရှေ့ကို ကြိုမမြင် တတ်လို့။

- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ သမားရိုးကျ အမြင်ကို ခင်ဗျား မကျော်တက်ရဲလို့။

- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ တိကျတဲ့ ဆုံးဖြတ်ချက် ရယ်၊ ခံယူချက်ရယ် ကင်းမဲ့နေလို့။

ဟုတ်တယ် မဟုတ်လား။ ပြီးတော့ -

- ချမ်းသာလိုစိတ် လေးပဲရှိလိုက် ခင်ဗျား ခုနက အခြေအနေတွေ အားလုံးကို ဖြတ်ကျော်ပြီးသား ဖြစ်နေပြီ။

- ချမ်းသာလိုစိတ်လေးကပဲ ခင်ဗျားကို အသိသစ်တွေ ပေးလိမ့် မယ်။ အတတ်သစ် အမြင်သစ်တွေ ရှာကြံပေးလိမ့်မယ်။

- ချမ်းသာလိုစိတ် လေးပဲ ရှိလိုက် ခင်ဗျား ရဲ့ ထင်ရှားနေတဲ့ ကျရှုံးမှုတွေ အားလုံး အခွင့်အရေး အဖြစ် အသွင် ပြောင်းသွား စေရမယ်။

ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့.. ခင်ဗျား ရှေ့ဆက်ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့.. ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

[ချမ်းသာမှု စက်ဝန်းနှင့် အကောင်းဆုံး Customer]

အရင်းနှီးဆုံး မိတ်ဆွေတွေရယ် မိသားစုဝင်တွေရယ်ကို ဈေးရောင်းရင် ခင်ဗျား ဘယ်လောက်နဲ့ ရောင်းရောင်း သူတို့စိတ်ထဲမှာ ခင်ဗျားသည် သူတို့ ငွေကို ယူနေပါတယ် လို့ပဲ မြင်တယ်။ ခင်ဗျား ဘယ်လိုပဲ ဈေး အသက်သာ ဆုံး ထားပေး ထားပေး သူတို့အနေနဲ့ ဒါကို ကျေးဇူး တင် အသိအမှတ်ပြု လိမ့်မယ်မထင်နဲ့။

ခင်မင်ရင်းနှီးတဲ့ လူတစ်ယောက် ဆီက ပစ္စည်းတစ်ခုကို ဝယ်ရ တာ ထက်ကို တစိမ်းတစ်ယောက် လာရောင်းတဲ့ အမျိုးတူ ပစ္စည်း တစ်ခုကို ဝယ်ရတာကို ပိုကျေနပ်နိုင်သူ လူတစ်မျိုး ခင်ဗျား တို့ တစ်ယောက် ချင်းစီ အတွက် လောကမှာ ရှိနေတယ်။ ဒီ ကုန် ပစ္စည်းတစ်ခု ဟာ ခင်ဗျား အတွက် အရင်း ဘယ်လောက် ရှိနိုင်တယ် ဆိုတာ၊ အချိန် ဘယ်လောက်ကုန်တယ် ဆိုတာ၊ ဘယ်လောက် ပင်ပန်း ခက်ခဲစွာ ရလာတယ် ဆိုတာ ကို စိတ်မဝင်စားဘူး။ ဘာ ကြောင့် လဲ ဆိုရင် သူတို့ ရင်ထဲမှာ "ဪ.. ငါ ဒီလောက် သက်သာ သွား ပါလား.. ဒါမှ မဟုတ် ဪ.. ငါ့ကို သူဒီလို လုပ်ပေး ပါလား" ဆိုတဲ့ အမြင်ထက် "ဪ.. ငါ့ဆီက သူဒီလောက် ယူသွားပါလား" ဆိုတဲ့ အမြင် ရှိနေ တယ်။

ဒါ အလွန် အခြေခံကျတဲ့ ဈေးရောင်းခြင်း အတွေးအခေါ်ပဲ။

ချမ်းသာသူတို့ ဘာ့ကြောင့် ဆက်ကာ ဆက်ကာ ချမ်းသာ ကြသလဲ။ အဓိက အကြောင်းရင်းကတော့ သူတို့ဟာ သူတို့နဲ့ ဆက် နွယ် နေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် အတွက် လိုလို လားလား ထောက်ပံ့ ပေးလိုစိတ် ရှိနေလို့ပဲ။ တစ်ယောက်က တစ်ယောက် ကို ထောက်ပံ့တဲ့ အခါမှာ တုံ့ပြန်မှု သဘာဝအရ ကိုယ့်ဆီ ကို ထောက်ပံ့မှု ပြန်လာ တယ်။ သူငယ်ချင်း မိတ်ဆွေ တွေ ဒီလို တစ်ယောက်ကနေ နောက် တစ်ယောက်၊ နောက် တစ်ယောက်ကနေ နောက်ထပ် တစ် ယောက် စသဖြင့် ဒီ ချမ်းသာမှု စက်ဝန်းအတွင်းမှာ ထောက်ပံ့ နေခြင်းအားဖြင့် စက်ဝန်းဟာလဲ ကြီးထွား ကြွယ်ဝ လာတယ်။

အရမ်းကို ရိုးရှင်းတဲ့ လောဂျစ်ပါ။ ခင်ဗျား ဒါကို နားလည်တဲ့ အချိန် ခင်ဗျား ချမ်းသာပြီလို့သာ မှတ်လိုက်။

ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင် အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျားကို စယုံမှာ "သူစိမ်း" တစ်ယောက်ပဲ။ သူစိမ်း တစ်ယောက် ခင်ဗျားကို ယုံနေတဲ့ အချိန် "သူငယ်ချင်း" တွေက ခင်ဗျားကို မယုံ့ တယုံ ဖြစ်နေလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ "ဆွေမျိုး" တွေက ခင်ဗျားကို လှောင်ပြောင် နေကြလိမ့်မယ်။ ခင်ဗျားကို လုံးလုံး မယုံမှာက ခင်ဗျား "မိသားစု" ပဲ။

မိသားစုဝင်တွေကို ခင်ဗျား တစ်စုံတစ်ခု ရောင်းမယ်ဆိုပါတော့။ ခင်ဗျား ဘယ်တော့မှ အမြတ် အများကြီးမရဘူး။ အဆိုးဆုံးက ခင်ဗျား မမြတ်ပါဘူး ဆိုတာကိုလဲ သူတို့ ယုံလိမ့်မယ် မထင်နဲ့။ ဒါ့ကြောင့် မိသားစုသည် ကိုယ့်ကို မယုံဆုံး နဲ့ ရောင်းရ အခက်ဆုံး customer။

တစ်ချိန်မှာ ခင်ဗျား အောင်မြင်လာချိန် ခင်ဗျား အနေနဲ့ မိသားစု အတွက် ဆွေမျိုး အတွက် သူငယ်ချင်းအတွက် စသဖြင့် အသီးသီး ထောက်ပံ့နိုင်လာချိန်။ ခင်ဗျားကို ဘယ်သူမှ မယုံခင် ထဲက ယုံခဲ့တဲ့ "သူစိမ်း" အတွက်ကို စဉ်းစားမိခဲ့ရဲ့လား။

ဒါ့ကြောင့် ချမ်းသာကြွယ်ဝလာချိန် မိသားစုတွေ သူငယ်ချင်းတွေကို ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုတော့ခင်ဗျားရဲ့ ချမ်းသာမှု စက်ဝန်း ချဲ့တဲ့ အနေနဲ့ ဖြစ်တယ်။ ပြီးတော့ မမေ့မလျော့ "သူစိမ်း" ဖြစ်တဲ့ ခင်ဗျားရဲ့ နေ့စဉ် Customer တွေကိုလဲ ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုရင် သူစိမ်း ဆိုတာ ခင်ဗျား တို့ကို တကယ် ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ The Best Customer တွေ ဖြစ်လို့ပါပဲ။

[Jack Ma ရဲ့ အတွေးအခေါ်]

ကျုပ် ပိုကာ ကစားရတာ ကြိုက်တယ်ဗျ။ ကစားတာ တော်လှ တယ်တော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုရင် ကျုပ် မတွက်တတ်လို့။ ဒါကြောင့် ကျုပ် ခံစားမှုနောက် လိုက်ပြီးတော့ပဲ ကစားလေ့ ရှိတယ်။ တဖြည်းဖြည်းနဲ့ ကျုပ် ဒီပိုကာကစားဝိုင်း နောက်က လူတွေရဲ့ ဒဿန အတွေးအခေါ်လေးတွေကို ရိပ်စား မိလာ တယ်။ လူတွေဟာ ခံစားမှုနဲ့ပဲ အပြင်ကိုထုတ်ပြ လေ့ရှိ တယ်။ ဒါပေမယ့် ဒီနောက်ကွယ်မှာ နက်နဲတဲ့ အတွေးအခေါ် တစ်ချို့ရှိတယ်။

ကျုပ်လည်း ခံစားမှုနောက်ကို စလိုက်ခဲ့တယ်။ ကျုပ်ကို ကျုပ် ပျော်အောင်နေတယ်။ ဒီနောက်ကွယ်က ခံယူချက်က ကျုပ် မပျော်ရင် ကျုပ်လုပ်ဖော်ကိုင်ဖက်တွေလဲ မပျော်တော့ဘူး။ ကျုပ် ကုမ္ပဏီ ရှယ်ယာဝင် တွေလဲ မပျော်တော့ဘူး။ နောက်ဆုံး ကျုပ်ရဲ့ customer တွေပါ မပျော်တော့ဘူး။

ဒါ့ကြောင့် ကျုပ် ပျော်အောင်ပဲနေတယ်။

ခင်ဗျားဟာ ပိုက်ဆံ သိန်းတစ်ထောင်ရှိသူ တစ်ယောက် ဆိုရင်တော့ အလွန်ကံကောင်းသူ တစ်ယောက်ပေါ့။ သိန်းပေါင်း တစ်သောင်း လောက်များ ရှိနေရင်တော့ ခင်ဗျား ပြဿနာ တက်ပြီ။ ငွေတွေ ဒီလောက်အများကြီးကြောင့် ခေါင်းခဲနေ ရပြီလေ။

ဒီ့ထက်ပိုပြီးတော့ နိုင်ငံတော့်ဘဏ္ဍာအဆင့် ပမာဏလောက် ငွေတွေ ခင်ဗျားလက်ထဲမှာ ရှိနေပြီ ဆိုရင်တော့... ခင်ဗျား ထိုင်ခေါင်းခဲနေလို့ မရတော့ဘူး။ ဒါသည် တာဝန်တစ်ရပ် ဖြစ်လာပြီ။ လူထုအားလုံးရဲ့ ယုံကြည်မှုကို ခင်ဗျား ခေါင်းပေါ် ပိုးထားရတာ။ ဘာကိုယုံကြည်တာလဲဆိုရင် ခင်ဗျားသည် အခြားလူတွေထက် ဒီငွေတွေကို ပို အကျိုးရှိစွာ သုံးနိုင်မယ်ဆိုတဲ့ ယုံကြည်မှု။

ဒီလိုအခါမှာ ခင်ဗျားရဲ့ သမားရိုးကျ လေးလံတဲ့ လှုပ်ရှားမှုတွေ ကနေ ခင်ဗျားကိုယ်တိုင် ဆန့်ကျင်နေရ လိမ့်မယ်။ ခါတိုင်းလို အရာရာကို ပေါ့ပေါ့လေး ယူဆထားလို့ မရတော့ဘူး။ ဘာမှ မလုပ်ပဲနဲ့ ထိုင်ပြီး စားမြုံ့ပြန်နေတာ လုံးဝ မလုပ်သင့်တော့ဘူး။ အတိတ်က အောင်မြင် ခဲ့တာတွေကို ခင်ဗျားများများ တွေးနေ လေ ခင်ဗျားကျရှုံးမှု ဘက်ကို ဦးတည်နေလေပဲ။ ဒါကြောင့် အတိတ်ကိုတွေးတတ်တဲ့ အချိန် တွေမှာဆိုရင် တွေးနေမယ့်တူတူ အောင်မြင်ခဲ့တဲ့ အတိတ်ထက်ကို ကျရှုံးခဲ့တဲ့ ဖြစ်ရပ်တွေကို ပဲတွေးပြီး အကြောင်းကို စဉ်းစားပါ။ ဒါမှသာ အနာဂတ်မှာ ခင်ဗျား အမှားကိုပြင် အမှန်ကို လျှောက်လို့ နောက်ထပ် အောင်မြင်မှု တစ်ခုဆီ တက်လှမ်းနိုင်မှာ ဖြစ်တယ်။

- မှတ်စုကြမ်းမှ ညီကိုမောင်နှမများ ပူးပေါင်းတင်ဆက်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။