ဒီပဲယင်းဂုဏ်ကို ပြန်ဆယ်သူ
----- ----- ----- -----
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်းမြို့နယ် ကျီရွာတွင် ဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်ကြိုးပမ်းမှုကြောင့် ဒီပဲယင်းမြို့ငယ်ကလေးသည် ပြည်တွင်းပြည်ပနှစ်ဌာနစလုံး ၌ ဟိုးဟိုးကျော် နာမည်ကြီးခဲ့ပါသည်။
ယင်းမတိုင်မီက ပြည်ပကမဆိုထားနှင့် ပြည်တွင်းကပင် ဒီပဲယင်းမြို့ငယ်လေးကို သိသူနည်းပါးပါသည်။ မေ ၃၀ ရက် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်အားထုတ်မှုမအောင်မြင်သော်လည်း ဒီပဲယင်းဟူသော အမည် ကား လူတိုင်းပါးစပ်ဖျားတွင် အမည်ဆိုးဖြင့် ထင်ရှားခဲ့ပါသည်။
ရှေးမနှောင်းမှာပင် ကဗျာဆရာကြည်မောင်သန်းက ''ဒီပရင်္ဂ'' အမည်ဖြင့် ဒီပဲယင်းဖြစ်ရပ်ဆိုးကို မှတ်တမ်းတင်ခဲ့ ပါသည်။ ထိုကဗျာကို ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုအချိန်က ယင်းကဗျာကို ကူးယူကြ၊ ရွတ်ဆိုကြပြီး ကဗျာဆရာလည်း တရှိန်ထိုး နာမည်ကြီးခဲ့ပါသည်။
လူတို့ဓမ္မတာ အချိန်ကြာလာသော် ဒီပဲယင်းကိုမေ့လျော့လာကြပါသ ည်။ မမေ့လျော့နိုင်သူများကား ဇာတိမြို့၏ ဂုဏ်သတင်းအမည်းစက် စွန်းထင်းရမှုကိုခံပြင်းကြသည်။ ဒီပဲယင်းသူ၊ ဒီပဲယင်းသားများသာဖြစ်ကြပါသ ည်။ ထိုသို့ခံပြင်းစေကာမူ န၀တခေတ်တွင် အုပ်ချုပ်သူ စစ်အာဏာရှင်များကို ဘာမျှစောဒကမတက်ဝံ့ကြပေ။
ထိုအချိန်ကစ၍ မိမိဇာတိမြို့၏ဂုဏ်ကိုပြန်ဆ ယ်ရန်
အပတ်တကုတ် ကြိုးစားခဲ့သူကား ဒေါက်တာဦးမြင့်ခိုင်။ သူ၏ အမည်ရင်းက
ဦးလှအောင်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၉၉ ခု ပြာသိုလဆန်း ၁၃ ရက် ကြာသပတေးနေ့
(၁၉၃၇)တွင် ဒီပဲယင်း၌ ဖွားမြင်ခဲ့သူဖြစ်ပါသည်။ မိဘများကား ဒီပဲယင်း
မြို့သူကြီးဦးဖူးညိုနှင့် ဒေါ်အေး။ ၁၉၆၆ ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးနှင့်
ဆေးကုသရေးဘွဲ့(B.V.S.)ကိုရရှိခဲ့၏။ တိရစ္ဆာန်ဆေးကု ဦးစီးဌာန လေ့ကျင့် ရေးသင်တန်းကျောင်း၊ တိရစ္ဆာန်ဆေးကုသိပ္ပံတွင် လက်ထောက်ကျောင်းအုပ်အဖြစ်အမှုထမ်းနေစဉ် ၁၉၈၈ အရေးတော်ပုံဖြစ်ပွားခဲ့သည်။ ၈၈ နှင့် ဆက်နွှယ်လျက် အလုပ်မှ ရပ်နားခြင်းခံခဲ့ရပေသည်။
ဦးမြင့်ခိုင်သည် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သော်လည်း
ငယ်စဉ်ကပင် စာပေများကိုဖတ်ရှုပြီး စာပေများကို ရေးသားသူလည်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာတရားကို လေးလေးနက်နက် သက်ဝင်ယုံကြည်ရုံသာမက
လက်တွေ့လိုက်နာကျင့်သုံးရမည်ဟု ခံယူထားသူ ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်ကိုအထူးလေ့လာ ကာ ဗုဒ္ဓ ဘာသာတရားဆိုင်ရာစာအုပ်များကိုလည်း ရေးသားပါသည်။ သူရေးသားသော ဘာသာရေးစာအုပ်များမှ အမြတ်အစွန်းကို စိတ်မ၀င်စားဘဲ မိတ်ဆွေအပေါင်းအသင်းများဖတ် ရန်ပေးလေ့ရှိပါသည်။
ကြည်မောင်သန်း၏ 'ဒီပရင်္ဂ'ကဗျာပါလာပြီးနောက်ပိုင်း
ဦးမြင့်ခိုင်သည် သူ၏ဇာတိမြို့အကြောင်း အထောက် အထားများကို တက္ကသိုလ်များ
ဗဟိုစာကြည့်တိုက်သို့ အခေါက်ခေါက်အခါခါ လာရောက်ရှာဖွေဖတ်ရှုပါသည်။ ထိုစဉ်က
ဆရာဦးမြင့်ခိုင်ကို ဒီပဲယင်းသားဟု မသိခဲ့ပါ။ ၂၀၁၆ ဇန်န၀ါရီ ၁၁ ရက်တွင်
ဆရာရေးသော ''ဒီပဲယင်းမြို့သမိုင်း'' စာအုပ် မိတ်ဆက်ပွဲကျင်းပမည်။
ဆက်ဆက်လာပါဟုဖိတ်ကြားတော့မှ ဆရာ့ကို ဒီပဲယင်းသားဖြစ်ကြောင်း သိရပါသည်။
၂၀၀၃ ခုနှစ်ကခံစားခဲ့ရသော ဇာတိမြို့အတွက် မခံချင်စိတ်နှင့် ၀မ်းနည်းကြေကွဲမှုကို တိကျသေချာသော သမိုင်းအထောက်အထားများမှတဆင့်
ဒေါက်တာဦးမြင့်ခိုင်က ပြန်လည်ချေပထားသည်။ စာအုပ်အမည်က
''ဒီပဲယင်းသမိုင်း''။ ၂၀၁၅ ဒီဇင်ဘာလတွင် စတင်ဖြန့်ချိခဲ့သည်။
စာအုပ်ကိုအခန်း ၁၂ ခန်းခွဲ၍ ရေးသားထား သည်။ ခိုင်မာသောသမိုင်းဖြစ်စေရန် ရှေးမြန်မာရာဇ၀င်စာအုပ်များ ကိုသာမက ပေစာ၊ ပုရပိုက်စာ၊ ကျောက်စာ၊ ခေါင်းလောင်းစာများကိုပါ ကိုးကားထားသည်။
မင်းရွာခေါင်းလောင်းစာအရ ဒီပဲယင်းမြို့ကို မြန်မာသက္ကရာဇ် ၅၀၁ ခုတွင် အလောင်းစည်သူကလည်းကောင်း၊ ၅၅၅ တွင် နရပတိစည်သူ မင်းကြီးကလည်းကောင်း တည်ထောင်ခဲ့ကြသည်။ မြို့သက်နှစ်ပေါင်း ၈၉၀ ကျော်ပြီ ဖြစ်၏။ ဒီပဲယင်းမြို့သည် မြန်မာ့သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အရေးပါ သောသမိုင်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။ လူတော်လူကျော်များ ပေါ်ထွက်ခဲ့သည်။ သို့သော် သီပေါမင်း ပါတော်မူပြီးနောက်ပိုင်းမှစ ၍ ဒီပဲယင်းမြို့၏သမိုင်း တဖြည်းဖြည်း မှေးမှိန်လာသည်။ ၂၀၀၃ မရောက်မီအထိ လူသိနည်းသော မြို့အိုမြို့ဟောင်းတမြို့အ ဖြစ် ရပ်တည်နေခဲ့ရပေသည်။
ပုဂံခေတ်က ဒီပဲယင်းကို ထိပေအ်သျင်မြို့ဟု ခေါ်ဆိုကြသည်။ ယခုဒီပဲယင်းတွင် ကောနေသော ကန်တော်ကြီးကို အနော်ရထာ(သို့) မဏိစည်သူတည်ခဲ့သည်ဆိုသော်လည်း
အထောက်အထားမပြနိုင်ပေ။ သို့သော် ပုဂံခေတ်မတိုင်မီက
ဒီပဲယင်းဖြစ်လာမည့်ဒေသတွင် ကတူးလူမျိုးများ နေထိုင်ကြကြောင်း အထောက်
အထားများရှိပါသည်။
ဒီပဲယင်းမြို့သည် မြန်မာမင်းများလက်ထက်က ပထ၀ီဝင်အနေအထားအရ အရေးပါသော မြို့တမြို့ ဖြစ်ခဲ့ပါ သည်။ ပုဂံ၊ အင်းဝစသော မင်းနေပြည်တော်များအတွက် ဒီပဲယင်းသည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်မှ ရှမ်း၊ ရှမ်း-တရုတ်တို့ကို ခုခံတားဆီးရာနယ်စပ်ဖြစ်ပါသည်။ ဒီပဲယင်းသည် ကုန်းပိတ်မြို့ဖြစ်၍ ဒီပဲယင်းသို့ လာရောက်ရန် ကုန်းလမ်းတခုတည်းသာရှိခြင်း ၊ ပုဂံ၊ အင်းဝတို့မှ မြင်းနှင့်လာလျှင်ပင် ၁၀ ရက်ခရီး လာရခြင်း စသည်တို့က စစ်ရေးဆိုင်ရာလုံခြုံရေးအတွ က် အရေးပါသေမြို့ဖြစ်ခဲ့ပေသည်။
သမိုင်းအထောက်အထားအရ ဒီပဲယင်းမြို့၏ ပထမဆုံးမြို့စားကား အောင်စွာအမတ်ဖြစ်၏။ သက္ကရာဇ် ၅၅၅ တွင် နရပတိစည်သူမင်းကြီးက အပိုင်စားပေးခဲ့ခြင်းဖြစ်သည်။
ပထမအင်းဝခေတ် သက္ကရာဇ် ၇၂၇ တွင် ''တပရင်းကို သတိုးသင်္ခသူစား၏''ဟု
ပြဆိုထားသည်။ အင်းဝမိုးညှင်း မင်းတရားကြီးလက်ထက်တွင်မူ သားတော်
ဥတ္တမသီရိဇေယျနော်ရထာကို ဒီပဲယင်းမြို့အားစားစေသည်။ ပြည်စုံမင်းသီဟသူလက်ထက်
(၈၃၀- ၈၄၂) တွင် သားတော်အိမ်ရှေ့မင်းအား ကံကြွေးချတော်မူသည်ဟု
သမိုင်းမှတ်တမ်းများကဆိုသဖြ င့် ဒီပဲယင်း၏ အရေးပါမှုကို သိရှိနိုင်ပါသည်။
ဟံသာဝတီခေတ်၌လည်း ဒီပဲယင်းကို အိမ်ရှေ့မင်းသားများအား အပိုင်စားပေးခြင်းအကြောင်းရ င်းကား
ဒီပဲယင်းတွင် ပယ်ကိုးသန်းကျယ်သော လယ်မြေရှိခြင်း၊
သီးနှံစပါးအထွက်များခြင်း၊ ထူးချွန်ထက်မြက်သော ခြေလျင်စစ်သည်၊
မြင်းစစ်သည်နှင့် လေးစစ်သည်တို့ရှိခြင်းစသော အချက်များကြောင့်ပေတည်း။
သမိုင်းသုတေသနအရ ပေါ်တူကီငဇင်ကာ(သို့မဟုတ်) ငအင်ကာသည် မည်သူဟုအတပ်မပြောနိုင်စေကာမူ၊ မြန်မာရာဇ၀င်အရ ပေါ်တူကီ ငဇင်ကာကို ခေါင်းဖြတ်ခဲ့သူများမှာ တောင်ငူဘုရင် မင်းရဲကျော်ထင်ဦးစီး သောတပ်မှ ဒီပဲယင်းစစ်သည်များဖြစ်သည်။ ထိုအချက်ကို ဒီပဲယင်းသားများက ယနေ့ထိတိုင် ဂုဏ်ယူ ကြပါသည်။
ဒီပဲယင်းမြို့သည် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်မှ ရှမ်း၊ ရှမ်း-တရုတ်များ မြန်မာမင်းနေပြည်တော်များသို့ လာရောက်တိုက်ခိုက်တိုင်း ခံတပ်မြို့ဖြစ်ရခြင်း၊ မွန်-မြန်မာစစ်ပွဲကာလများ၌လ ည်း စစ်တလင်း ဖြစ်ခဲ့ရသည်။ မွန်-မြန်မာစစ်ပွဲများအတွင်း
အထိနာခဲ့သော မြို့များတွင် ဒီပဲယင်းလည်း ပါဝင်ခဲ့သည်။ သက္ကရာဇ် ၈၆၈ တွင်
ဒီပဲယင်းသည် မိုးညှင်းစလုံ၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သက္ကရာဇ် ၁၁၁၄
တွင် မွန်တို့လက်အောက်သို့ ကျရောက်ခဲ့သည်။
မုဆိုးဘိုသူကြီးဦးအောင်ဇေယျ
(နောင်သော် အလောင်းမင်းတရား ဦးအောင်ဇေယျ)က မွန်များကို တိုက် ထုတ်သည့်အခါ
ဒီပဲယင်းသားများ ပါဝင်ခဲ့ကြသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျလက်ထက်တွင်
သားတော်ကြီးမောင်လောက်(နောင်တော်ကြီး)အား
ဒီပဲယင်းမြို့ကို စားစေသည်။ ထို့ကြောင့် ဒီပဲယင်းခြေလျင် စစ်သည်၊
မြင်းသည်များသည် အိမ်ရှေ့ဥပရာဇာ (မောင်လောက်)၏ နောက်တော်ပါများအဖြစ် တတိယ
မြန်မာ နိုင်ငံ ပြန်လည်ထူထောင်ချိန်တွင် အမှုထမ်းခဲ့ကြသည်။ အိမ်ရှေ့ ဥပရာဇာ၏
ဒီပဲယင်းစစ်သည်များသည် ပြည်ရွှေဆံတော်အရပ်တွင် တပ်စွဲထားသော မွန်တပ်ကို
တိုက်ခိုက်အောင်မြင်ခဲ့ပေသည်။
မှတ်တမ်းအထောက်အထားများအရ ရခိုင်ဘုရင်ထံ သစ္စာခံခဲ့သော ပသီကုလား ၂၈၀ ကို နေခွင့်၊ အမှုထမ်း ခွင့်ပေးရာနေရာများအနက် ဒီပဲယင်းလည်း ပါဝင်ပါသည်။ တပယင်းမြို့ ကျေးခင်သာမြို့နယ်တွင် နေထိုင်လုပ် ကိုင်စားသောက်ခွင့်ပေးသည်ဟူ သော မှတ်တမ်းကိုလည်း ဒီပဲယင်းသမိုင်းတွင် ဖော်ပြထားပါသည်။
စာအုပ်အစ၌ပင် မြန်မာမင်းများလက်ထက်က မြို့ဟုသတ်မှတ် သော အင်္ဂါရပ်များအရ ဒီပဲယင်းသည်ရှေးအခါ ကပင် မြို့ဖြစ်ကြောင်း စာရေးသူက ရှင်းလင်းတင်ပြထားပါသည်။ ယခုထိ ရှေးနှစ်ပေါင်း ၈၉၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းကြီးကိုသမို င်းသုတေသနများ မလုပ်ကြပုံကိုလည်း ထောက်ပြထားပါသည်။
ဒီပဲယင်းမှ ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့သောနယ်ပယ်အသီးသီး မှ
ပညာရှင်များ၊ မင်းမှုထမ်းများ၊ စစ်သည်များစာရင်းကိုလည်း ဖော်ပြထားပါသည်။
ချယ်ရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကြည်မောင်သန်း၏ ကဗျာကိုလည်း
ပြန်လည်ဖော်ပြထားပြီး ''ညောင်ပင်အိုကြီးကို လာချိုင်တာ တရွာသားတွေပါနော်''
ဆောင်းပါးကို ဆက်လက်ဖော်ပြထားပါသည်။
ယင်းဆောင်းပါးကို ၁၆ စက်တင်ဘာ ၂၀၁၄ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခဲ့သည်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ရေးသားသူဥဂ္ဂါညိုသည် ဒေါက်တာဦးမြင့်ခိုင်၏ ကလောင်ခွဲတခုဖြစ်၏။ ဒေါက်တာဦးမြင့်ခိုင်က ဒီပဲယင်းအရေးတွင် သတ်ဖြတ်ရိုက်နှက်ကြသူများသည်
ဒီပဲယင်းသားများ မဟုတ်ကြောင်း ဖြေရှင်းထားသည့် ဆောင်းပါးဖြစ်ပါသည်။
လောကဓမ္မတာ လောကဓံအနိမ့်အမြင့်ကို သက်ရှိလူသားများသာမက
သက်မဲ့မြို့ရွာတိုင်းပြည်များလည်း ကြုံရသည်ပင်။
သီပေါမင်းပါတော်မူအပြီးနောက်ပိုင်း
လူသိနည်းလာသော ဒီပဲယင်းမြို့ကို ၂၀၀၃ ဒီပဲယင်းအရေးအခင်းကြောင့်
လူသိများလာသော်လည်း ယခင်ကဲ့သို့ ကောင်းသတင်းဂုဏ်ဖြင့်
အမည်သင်းပျံ့ခြင်းမဟုတ်ပေ။ လူထုခေါင်း ဆောင်ကို လုပ်ကြံရာနယ်မြေအဖြစ်
အမည်ဆိုးခဲ့ရသည်။
ဒေါက်တာဦးမြင့်ခိုင်က ဇာတိမြေကိုချစ်စိတ်၊ အမှန်တရားကို မြတ်နိုးစိတ်ဖြင့် ကာလ ကြာရှည်သုတေသနပြုပြီး နောက် ဒီပဲယင်း၏ ရှေးက ဂုဏ်ကျေးဇူးများကို ပြန်လည်ဖော်ထုတ်ပေးပါသည်။ အရုပ်ဆိုး အကျည်းတန်သော လုပ်ကြံမှုကြီးတွင်လည်း ဒီပဲယင်းသားများမပါဝင်ကြောင်း
နိုင်ငံနှင့်လူမျိုးသို့ ရှင်းချက်ထုတ်ပြလိုက်သည်။ သမိုင်း သုတေသီများ၊
သမိုင်းကျောင်းသား၊ ကျောင်းသူများသာမက လွှတ်တော်အမတ်များ၊
တိုင်းပြည်အုပ်ချုပ်ကြမည့် တာဝန်ရှိသူများ၊ ဗဟုသုတရှာမှီးနေသူများ
မဖြစ်မနေဖတ်သင့်သည့် စာအုပ်ကောင်းတအုပ် ဖြစ်ပါသည်။
ခင်နှင်းဦး
----- ----- ----- -----
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်းမြို့နယ် ကျီရွာတွင် ဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်ကြိုးပမ်းမှုကြောင
ယင်းမတိုင်မီက ပြည်ပကမဆိုထားနှင့် ပြည်တွင်းကပင် ဒီပဲယင်းမြို့ငယ်လေးကို သိသူနည်းပါးပါသည်။ မေ ၃၀ ရက် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်အားထုတ်မှုမအောင်မြင်သော်လည်း ဒီပဲယင်းဟူသော အမည် ကား လူတိုင်းပါးစပ်ဖျားတွင် အမည်ဆိုးဖြင့် ထင်ရှားခဲ့ပါသည်။
ရှေးမနှောင်းမှာပင် ကဗျာဆရာကြည်မောင်သန်းက ''ဒီပရင်္ဂ'' အမည်ဖြင့် ဒီပဲယင်းဖြစ်ရပ်ဆိုးကို မှတ်တမ်းတင်ခဲ့ ပါသည်။ ထိုကဗျာကို ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုအချိန်က ယင်းကဗျာကို ကူးယူကြ၊ ရွတ်ဆိုကြပြီး ကဗျာဆရာလည်း တရှိန်ထိုး နာမည်ကြီးခဲ့ပါသည်။
လူတို့ဓမ္မတာ အချိန်ကြာလာသော် ဒီပဲယင်းကိုမေ့လျော့လာကြပါသ
ထိုအချိန်ကစ၍ မိမိဇာတိမြို့၏ဂုဏ်ကိုပြန်ဆ
ဦးမြင့်ခိုင်သည် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သော
ကြည်မောင်သန်း၏ 'ဒီပရင်္ဂ'ကဗျာပါလာပြီးနောက်ပ
၂၀၀၃ ခုနှစ်ကခံစားခဲ့ရသော ဇာတိမြို့အတွက် မခံချင်စိတ်နှင့် ၀မ်းနည်းကြေကွဲမှုကို တိကျသေချာသော သမိုင်းအထောက်အထားများမှတဆင
မင်းရွာခေါင်းလောင်းစာအရ ဒီပဲယင်းမြို့ကို မြန်မာသက္ကရာဇ် ၅၀၁ ခုတွင် အလောင်းစည်သူကလည်းကောင်း၊ ၅၅၅ တွင် နရပတိစည်သူ မင်းကြီးကလည်းကောင်း တည်ထောင်ခဲ့ကြသည်။ မြို့သက်နှစ်ပေါင်း ၈၉၀ ကျော်ပြီ ဖြစ်၏။ ဒီပဲယင်းမြို့သည် မြန်မာ့သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အရေးပါ သောသမိုင်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။ လူတော်လူကျော်များ ပေါ်ထွက်ခဲ့သည်။ သို့သော် သီပေါမင်း ပါတော်မူပြီးနောက်ပိုင်းမှစ
ပုဂံခေတ်က ဒီပဲယင်းကို ထိပေအ်သျင်မြို့ဟု ခေါ်ဆိုကြသည်။ ယခုဒီပဲယင်းတွင် ကောနေသော ကန်တော်ကြီးကို အနော်ရထာ(သို့) မဏိစည်သူတည်ခဲ့သည်ဆိုသော်လည
ဒီပဲယင်းမြို့သည် မြန်မာမင်းများလက်ထက်က ပထ၀ီဝင်အနေအထားအရ အရေးပါသော မြို့တမြို့ ဖြစ်ခဲ့ပါ သည်။ ပုဂံ၊ အင်းဝစသော မင်းနေပြည်တော်များအတွက် ဒီပဲယင်းသည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်မှ ရှမ်း၊ ရှမ်း-တရုတ်တို့ကို ခုခံတားဆီးရာနယ်စပ်ဖြစ်ပါသည
သမိုင်းအထောက်အထားအရ ဒီပဲယင်းမြို့၏ ပထမဆုံးမြို့စားကား အောင်စွာအမတ်ဖြစ်၏။ သက္ကရာဇ် ၅၅၅ တွင် နရပတိစည်သူမင်းကြီးက အပိုင်စားပေးခဲ့ခြင်းဖြစ်သည
ဟံသာဝတီခေတ်၌လည်း ဒီပဲယင်းကို အိမ်ရှေ့မင်းသားများအား အပိုင်စားပေးခြင်းအကြောင်းရ
သမိုင်းသုတေသနအရ ပေါ်တူကီငဇင်ကာ(သို့မဟုတ်) ငအင်ကာသည် မည်သူဟုအတပ်မပြောနိုင်စေကာမ
ဒီပဲယင်းမြို့သည် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်မှ ရှမ်း၊ ရှမ်း-တရုတ်များ မြန်မာမင်းနေပြည်တော်များသိ
မုဆိုးဘိုသူကြီးဦးအောင်ဇေယျ
မှတ်တမ်းအထောက်အထားများအရ ရခိုင်ဘုရင်ထံ သစ္စာခံခဲ့သော ပသီကုလား ၂၈၀ ကို နေခွင့်၊ အမှုထမ်း ခွင့်ပေးရာနေရာများအနက် ဒီပဲယင်းလည်း ပါဝင်ပါသည်။ တပယင်းမြို့ ကျေးခင်သာမြို့နယ်တွင် နေထိုင်လုပ် ကိုင်စားသောက်ခွင့်ပေးသည်ဟူ
စာအုပ်အစ၌ပင် မြန်မာမင်းများလက်ထက်က မြို့ဟုသတ်မှတ် သော အင်္ဂါရပ်များအရ ဒီပဲယင်းသည်ရှေးအခါ ကပင် မြို့ဖြစ်ကြောင်း စာရေးသူက ရှင်းလင်းတင်ပြထားပါသည်။ ယခုထိ ရှေးနှစ်ပေါင်း ၈၉၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းကြီးကိုသမို
ဒီပဲယင်းမှ ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့သောနယ်ပယ်အသီးသီး
ယင်းဆောင်းပါးကို ၁၆ စက်တင်ဘာ ၂၀၁၄ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခဲ့သည်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည
သီပေါမင်းပါတော်မူအပြီးနောက
ဒေါက်တာဦးမြင့်ခိုင်က ဇာတိမြေကိုချစ်စိတ်၊ အမှန်တရားကို မြတ်နိုးစိတ်ဖြင့် ကာလ ကြာရှည်သုတေသနပြုပြီး နောက် ဒီပဲယင်း၏ ရှေးက ဂုဏ်ကျေးဇူးများကို ပြန်လည်ဖော်ထုတ်ပေးပါသည်။ အရုပ်ဆိုး အကျည်းတန်သော လုပ်ကြံမှုကြီးတွင်လည်း ဒီပဲယင်းသားများမပါဝင်ကြောင
ခင်နှင်းဦး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။