ပါရာစီတမော ( Paracetamol )
=====================
ပါရာစီတမောကို မြန်မာနိုင်ငံမှာ ဆရာဝန်များညွှန်ကြားမှုမရှိပဲ
ကွမ်းယာဆိုင်မှာ လွယ်လွယ်ကူကူဝယ်ယူပြီး
ပဲကြီးလှော်စားသကဲ့သို့ စားသောက်နေကြတယ်။
တကယ်တော့ ပါရာစီတမောဟာ အဆိပ်တက်တတ်တဲ့ဆေးဝါးပါ။
အချို့ ပါရာစီတမောကို ကော်ဖီနဲ့အတူသောက်တတ်ကြပါတယ်။
အဲဒါ ပြဿနာပါ။
ပါရာစီတမောကို ကော်ဖီနဲ့တွဲသောက်ရင်
အသည်းကိုပျက်စီးစေပါတယ်။
ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ကြောင့်လို့ သိပ္ပံပညာရှင်များကဆိုတယ်။
မကြာခဏသောက်ဖြစ်နေတယ်ဆိုရင် တော့
သေတဲ့အထိဖြစ်နိုင်ပါတယ်လို့ ဆိုတယ်။
မကြာသေးခင်ကလည်း ပါရာစီတမောနဲ့ ကိုကာကိုလာအချိုရည်ကို တွဲသောက်မိလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ပါရာစီတမောကို အလွန်အကျွံသောက်မိရင်
အသည်းပျက်စီးပြီးသေစေနိုင်တ ယ်ဆိုတာ
အရင်ကတည်းကသိထားကြပြီး ဖြစ်ပါလိမ့်မယ်။
ပါရာစီတမောဆိုတာ တကယ်တော့
ကမ္ဘာကျော် အနာအကျင်ပျောက်ဆေးပါ။
ဒါပေမဲ့ သူ့ကိုအသည်းမှအစာခြေရည်များ က
ဖြိုဖျက်လိုက်တဲ့အခါ သေစေတဲ့အဆိပ်အင်ဇိုင်းများကိုထွက်ပေါ်စေပါတယ်။
အဲဒီအဆိပ်ပမာဏဟာ ကဖိန်းနဲ့တွေ့ဆုံတဲ့အခါ
အဆိပ်အင်အားကို ၃ ဆအထိမြင့်တက်သွားစေတယ်။
ဒီလိုပဲ အရက် (အယ်လ်ကိုဟော) နဲ့တွဲသောက်မိရင်လည်း
အသည်းကို သေစေတဲ့အထိပျက်စီးစေပါတယ်။
ဒါကြောင့် အများပြည်သူများအနေနဲ့
ပါရာစီတမောအဆိပ်သက်ရောက်မှု တွေကို
အသိရှိဖို့လိုအပ်ပါတယ်လို့ အမေရိကန်နိုင်ငံ Seattle ရှိ
University of Washinton မှသုတေသီ
Dr. Sidney Nelson ကဆိုတယ်။
Researcher Dr Sidney Nelson, of the University of Washington in Seattle, said: 'People should be informed about this potentially harmful interaction.
ဒီလိုဆိုလိုက်လို့ ကော်ဖီသောက်တာရပ်ဖို့မလိုသလို
ပါရာစီတမောသောက်တာလည်း မစွန့်လွတ်ရပါဘူး။
ဒါပေမဲ့ ကော်ဖီနဲ့ ပါရာစီတမော
အတူတွဲမသောက်မိစေဖို့တော့ လိုအပ်ပါတယ်။
ပါရာစီတမော့ဟာ အန္တရာယ်ရှိနေပေမယ့်
သားအိမ်ကင်ဆာအန္တရာယ်ကို လျော့ပါးစေတယ်ဆိုတာလည်းတွေ့ ရှိထားတယ်။
သုတေသီတွေတွေ့ရှိချက်အရ
ပါရာစီတမော စဉ်ဆက်မပြတ်သောက်သုံးနေတဲ့အ မျိုးသမီးများမှာ
သားအိမ်ကင်ဆာအန္တရာယ်ဖြစ်ဖို့  ၃၀% ပိုနည်းပါးတာတွေ့ရတယ်။
ဘာပဲပြောပြော ပါရာစီတမောကို တာရှည်သုံးစွဲရင်
ကျောက်ကပ်နဲ့ အသည်းပျက်စီးတတ်ပြီး
သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများဖြစ်တတ်တယ်ဆိုတာ သိထားကြဖို့လိုအပ်ပါတယ်။
ထို့အတူ ကော်ဖီများများသောက်သူနဲ့
ကော်ဖီပြင်းပြင်းသောက်သူများအနေနဲ့လည်း
ပြဿနာစုံရရှိနိုင်တယ်ဆိုတာ သိထားကြပါလို့ဆိုတယ်။
Credit to Sayar Htin Aung
=====================
ပါရာစီတမောကို မြန်မာနိုင်ငံမှာ ဆရာဝန်များညွှန်ကြားမှုမရှိပ
ကွမ်းယာဆိုင်မှာ လွယ်လွယ်ကူကူဝယ်ယူပြီး
ပဲကြီးလှော်စားသကဲ့သို့ စားသောက်နေကြတယ်။
တကယ်တော့ ပါရာစီတမောဟာ အဆိပ်တက်တတ်တဲ့ဆေးဝါးပါ။
အချို့ ပါရာစီတမောကို ကော်ဖီနဲ့အတူသောက်တတ်ကြပါတယ
အဲဒါ ပြဿနာပါ။
ပါရာစီတမောကို ကော်ဖီနဲ့တွဲသောက်ရင်
အသည်းကိုပျက်စီးစေပါတယ်။
ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ကြောင့်လို့ သိပ္ပံပညာရှင်များကဆိုတယ်။
မကြာခဏသောက်ဖြစ်နေတယ်ဆိုရင်
သေတဲ့အထိဖြစ်နိုင်ပါတယ်လို့
မကြာသေးခင်ကလည်း ပါရာစီတမောနဲ့ ကိုကာကိုလာအချိုရည်ကို တွဲသောက်မိလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ပါရာစီတမောကို အလွန်အကျွံသောက်မိရင်
အသည်းပျက်စီးပြီးသေစေနိုင်တ
အရင်ကတည်းကသိထားကြပြီး ဖြစ်ပါလိမ့်မယ်။
ပါရာစီတမောဆိုတာ တကယ်တော့
ကမ္ဘာကျော် အနာအကျင်ပျောက်ဆေးပါ။
ဒါပေမဲ့ သူ့ကိုအသည်းမှအစာခြေရည်များ
ဖြိုဖျက်လိုက်တဲ့အခါ သေစေတဲ့အဆိပ်အင်ဇိုင်းများက
အဲဒီအဆိပ်ပမာဏဟာ ကဖိန်းနဲ့တွေ့ဆုံတဲ့အခါ
အဆိပ်အင်အားကို ၃ ဆအထိမြင့်တက်သွားစေတယ်။
ဒီလိုပဲ အရက် (အယ်လ်ကိုဟော) နဲ့တွဲသောက်မိရင်လည်း
အသည်းကို သေစေတဲ့အထိပျက်စီးစေပါတယ်။
ဒါကြောင့် အများပြည်သူများအနေနဲ့
ပါရာစီတမောအဆိပ်သက်ရောက်မှု
အသိရှိဖို့လိုအပ်ပါတယ်လို့ အမေရိကန်နိုင်ငံ Seattle ရှိ
University of Washinton မှသုတေသီ
Dr. Sidney Nelson ကဆိုတယ်။
Researcher Dr Sidney Nelson, of the University of Washington in Seattle, said: 'People should be informed about this potentially harmful interaction.
ဒီလိုဆိုလိုက်လို့ ကော်ဖီသောက်တာရပ်ဖို့မလိုသလ
ပါရာစီတမောသောက်တာလည်း မစွန့်လွတ်ရပါဘူး။
ဒါပေမဲ့ ကော်ဖီနဲ့ ပါရာစီတမော
အတူတွဲမသောက်မိစေဖို့တော့ လိုအပ်ပါတယ်။
ပါရာစီတမော့ဟာ အန္တရာယ်ရှိနေပေမယ့်
သားအိမ်ကင်ဆာအန္တရာယ်ကို လျော့ပါးစေတယ်ဆိုတာလည်းတွေ့
သုတေသီတွေတွေ့ရှိချက်အရ
ပါရာစီတမော စဉ်ဆက်မပြတ်သောက်သုံးနေတဲ့အ
သားအိမ်ကင်ဆာအန္တရာယ်ဖြစ်ဖို
ဘာပဲပြောပြော ပါရာစီတမောကို တာရှည်သုံးစွဲရင်
ကျောက်ကပ်နဲ့ အသည်းပျက်စီးတတ်ပြီး
သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများဖြစ်တတ်တယ်ဆ
ထို့အတူ ကော်ဖီများများသောက်သူနဲ့
ကော်ဖီပြင်းပြင်းသောက်သူမျာ
ပြဿနာစုံရရှိနိုင်တယ်ဆိုတာ သိထားကြပါလို့ဆိုတယ်။
Credit to Sayar Htin Aung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။