ရုံးနောက်ကျလို့ အဌားကားနဲ့သွားရတာမျိုးမဖြစ်စေဖို့ အိပ်ရာစောစောထတာမျိုးလည်းလုပ်သင့်ပါတယ်။
၁ - ကြေညာ
အသုံးစရိတ်ကို ချွေတာတော့မှာဖြစ်ကြောင်း အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို ကြေညာထားပါ။
၂ - သဘောထားပြောင်း
ပိုက်ဆံနဲ့ပက်သက်ပြီး သဘောထားပြောင်းလဲပါ။ လုံလုံလောက်လောက်မရလို့ ငြီးငြူနေမယ့်အစား ရလာတဲ့ပမာဏကိုပဲ ပိုတန်ဖိုးထားပါ။
၃ - အရေးကြီးဆုံး
ဝယ်စရာရှိတာတွေ၊ လုပ်စရာရှိတာတွေကို စာရင်းလုပ်ပါ။ အရေးကြီးဆုံးဆိုတဲ့အရာကိုပဲလုပ်ပြီး ကျန်တာတွေကိုလျော့ချလိုက်ပါ။
play
၎ - စုံစမ်း
ဆိုင်တစ်ဆိုင်သွားစားမယ်ဆို ဒီဆိုင်အကြောင်းအရင်စုံစမ်းပါ။ သင်နဲ့သင့်လျော်မှုရှိမှ သွားပါ။
၅ - တီဗီလိုင်း
မကြည့်ဘဲနဲ့ ဝယ်ထားတဲ့ တီဗီလိုင်းတွေရှိရင် သက်တမ်းမတိုးပါနဲ့။
၆ - အင်တာနက်
အနီးအနားက wifi အခမဲ့ရမယ့်နေရာမျိုးကို ရှာဖွေထားပါ။ အီးမေးလ်နဲ့ အခြားရုံးအလုပ်ကိစ္စတွေကို ကိုယ့်ဖုန်းနဲ့လုပ်ခြင်းမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။ Data Plan ဝယ်တာမျိုးကို တော်ရုံနဲ့မလုပ်ပါနဲ့။
play
၇ - ရုပ်ရှင်သွားကြည့်ခြင်း
ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ခြင်းအစား အိမ်မှာ ခွေဝယ်ကြည့်တာက အကုန်အကျတော်တော်သက်သာပါတယ်။
၈ - ဘားတွေနဲ့ခပ်ဝေးဝေးနေပါ
အရက်ဘီယာသောက်တဲ့လူဆိုရင်တော့ အိမ်မှာသောက်တာက အကုန်အကျ သိသိသာသာကိုသက်သာပါတယ်။
၉ - အိမ်အနီးအနား
အပြင်ထွက်စားတာမျိုး၊ ဆိုင်တစ်ဆိုင်သွားတာမျိုးလုပ်ဖို့ ကြုံလာရင် ကိုယ့်မြို့နယ်ပတ်ဝန်းကျင်လောက်ကိုပဲသွားဖို့ အရင်ဆုံးစဉ်းစားပါ။
play
၁၀ - လျော့ချ
ပုံမှန်အလေ့အကျင့်ကြောင့်ဖြစ်ပေါ်လာတဲ့အသုံးစရိတ်ကို လျော့ချပါ။ နေ့စဉ်ကော်ဖီသုံးခွက်အစား နှစ်ခွက်သောက်တာမျိုးပါ။ သောက်ရင်လည်း ဆိုင်မှာမဟုတ်ဘဲ ကော်ဖီထုပ်ဖျော်သောက်တာမျိုးပါ။
၁၁ - အသွားအလာ
ဆိုက်ကားနဲ့သွားနေခြင်းအစား လမ်းလျှောက်သွားတာမျိုးဟာ ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ ရုံးနောက်ကျလို့ အဌားကားနဲ့သွားရတာမျိုးမဖြစ်စေဖို့ အိပ်ရာစောစောထတာမျိုးလည်းလုပ်သင့်ပါတယ်။
Photos & Source: wikiHow
Credit: duwun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။