Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 21, 2016

အောင်မြင်ရေးစိတ်စွမ်းအင်(၄) ဆွဲဆောင်ခြင်းနိယာမ

အောင်မြင်ရေးစိတ်စွမ်းအင်(၄)
ဆွဲဆောင်ခြင်းနိယာမ
JOB seekers Journal Vol.3,No.10

ဆွဲဆောင်ခြင်းနိယာမတရား (Law of Attraction) ဟာ ဘ၀အောင် မြင်မှုအတွက် အင်မတန်အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက် ကြီးတစ်ခုဖြစ်ပါတယ်။ ဒီနိယာမဟာ ကျွန်တော်တို့ဘ၀မှာ လိုချင်တဲ့၊ ဖြစ်ချင်တဲ့ အရာအားလုံးကို ကိုယ့်ဘ၀ထဲရောက်လာအောင် ဆွဲဆောင် ညှို့ယူနိုင်စွမ်းရှိတဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါကြောင့် ဆွဲဆောင်ခြင်း နိယာမလို့ ခေါ်တာဖြစ်ပါတယ်။
ဒီနိယာမတရားဟာ စကြာဝဠာကြီးတစ်ခုလုံးကို ကြီးစိုးထားတဲ့ လောကနိယာမပဲဖြစ်ပါတယ်။ သင်ဟာ ဘယ်လိုလူပဲ ဖြစ်ဖြစ်၊ ဘယ်မှာပဲ နေနေ၊ ဘာအလုပ်ပဲလုပ်လုပ် ဒီနိယာမဟာ လူသားတွေရဲ့ ဘ၀တစ်ခုလုံး ကို ပုံသွင်းပေးနိုင်စွမ်းရှိပါတယ်။ လောကမှာ ဘယ်လောက်ပဲ ကြီးမားတဲ့ အောင်မြင်မှု၊ ချမ်းသာမှုပဲဖြစ်နေပါစေ ဒီနိယာမကို စနစ်တကျသုံးတတ် ရင် ဆွဲဆောင်ယူနိုင်စွမ်းရှိပါတယ်။
စာဖတ်သူဟာ ဒီဆွဲဆောင်ခြင်းနိယာမတရားကို ကိုယ့်ရဲ့ အတွေး တွေကနေ စတင်အသက်သွင်း အသုံးချနိုင်ပါတယ်။ နိယာမရဲ့ အလုပ် လုပ်ပုံကတော့ သင်ဘာတွေးတွေး သင့်တွေးတဲ့အရာတွေကို ဆွဲငင်ယူ ဆောင်တတ်တဲ့ သဘောတရားရှိနေပါတယ်။ ဘယ်အတွေးတွေမဆို တန် ပြန်သက်ရောက်နိုင်တဲ့ ဆွဲငင်အားတွေ ရှိနေပါတယ်။ သင်ဟာ ကောင်း တဲ့အရာတွေကို တွေးနေရင် ကောင်းတာတွေကို ဆွဲဆောင်နေတာပါ။ မကောင်းတာတွေ တွေးနေရင်တော့ မကောင်းတာတွေကို ဆွဲငင်နေ တာပါပဲ။
နိယာမတရားဟာ သင့်ရဲ့ အတွေးတွေပေါ်မှာ မူတည်ပြီး အချိန် တိုင်းဆွဲငင်နေတာဖြစ်ပါတယ်။ ဘယ်တော့မှလည်း မရပ်ပါဘူး။ အတွေး တွေရှိနေသမျှ ကာလပတ်လုံး အမြဲတမ်းဆွဲငင်နေမှာဖြစ်ပါတယ်။ ဒီဆွဲ ဆောင်ခြင်းနိယာမကို နားလည်ဖို့ဆိုရင် မိမိကိုယ်ကို သံလိုက်တုံး တစ်တုံး လို့ ရှုမြင်ကြည့်နိုင်ပါတယ်။ သံလိုက်မှန်ရင် သံတွေကို ဆွဲငင်တတ်ပါတယ်။ ရိုးရိုးသံတုံးဟာ သံတွေကို မဆွဲငင်နိုင်ပေမယ့် သံလိုက်ဓာတ်ရှိတဲ့ သံတုံး ဆိုရင် ဆွဲငင်နိုင်ပါတယ်။
လူဟာလည်း သံတုံးကြီးလိုပါပဲ။ ဒီအတိုင်းနေရင်တော့ ဆွဲငင်ဓာတ် မရှိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက်တွေ ကတော့ သံလိုက်ဓာတ်လိုပါပဲ။ သံလိုက်ဓာတ်အားပြင်းရင် ပြင်းသလို ဆွဲငင်အားပြင်းပါတယ်။ ဒီလိုပါပဲ။ လူတွေရဲ့ အတွေးတွေနဲ့ စိတ်အားတွေ ပြင်းထန်ရင် ပြင်းထန်သလောက် ဆွဲငင်အားဟာလည်း ပြင်းပါတယ်။
ဒီစကြာဝဠာလောကကြီးမှာ အားအကောင်းဆုံး သံလိုက်ဓာတ်ဟာ လူသားတွေမှာ ရှိနေပါတယ်။ အဲ့ဒီဆွဲအားဟာ ကမ်္ဘာပေါ်မှာ အားအ ကောင်းဆုံးလည်းဖြစ်ပါတယ်။ ဒီလိုဆွဲအားပြင်းတဲ့ ဆွဲဆောင်အားတွေက ဘယ်ကနေထွက်သလဲဆိုရင် လူသားတွေရဲ့ အတွေးတွေကနေ ဆွဲငင် အားတွေ ထုတ်လွှတ်နေတာဖြစ်ပါတယ်။ ဒီအတွေးတွေဟာ တူညီတဲ့ အရာတွေကို ဆွဲငင်ဖို့ အသင့်ဖြစ်နေပါတယ်။
ဆွဲဆောင်ခြင်းနိယာမတရားဟာ တူရာတူရာကို ဆွဲငင်တတ်တဲ့ သဘောသဘာဝရှိနေပါတယ်။ ဒီတော့ တစ်ခုခုကို တွေးတယ်ဆိုပါတော့။ အဲ့ဒီအတွေးရဲ့ နောက်ဆက်တွဲ အတွေးတွေဟာ တသီတတန်းကြီးပါလာ အောင် ဆွဲယူလိုက်မှာပါပဲ။ စာဖတ်သူက မပျော်ရွှင်နိုင်တဲ့အကြောင်းကို တွေးလိုက်ပြီဆိုတာနဲ့ အဲ့ဒီဆိုးရွားတဲ့ အတွေးတွေဟာ တစ်ဆက်တည်း စီကာစဉ်ကာ ဆက်တိုက်ပါလာတော့တာပါပဲ။ ဒီမပျော်ရွှင်နိုင်တဲ့ အတွေး တွေကို ဆက်တွေးလေလေ ပိုပြီး စိတ်ဆင်းရဲ စရာကောင်းလေ၊ စိတ်ညစ် စရာကောင်းလေ ဖြစ်တော့မှာပါပဲ။ မပျော်ရွှင်နိုင်တဲ့အတွေးဟာ မပျော် ရွှင်စရာတွေကိုပဲ ဆွဲငင်ပေးလိုက်လို့ဖြစ်ပါတယ်။
ဒီလို တွေးနေတဲ့အချိန်မှာ အဲ့ဒီအတွေးနဲ့ တူညီမျှတဲ့ ဆွဲငင်ဓာတ် တွေက လှိုင်းတွေအနေနဲ့ ထွက်နေမှာဖြစ်ပါတယ်။ စိတ်ညစ်စရာတွေ တွေးရင် စိတ်ညစ်တဲ့ လှိုင်းတွေထွက်လာပါတယ်။ ပျော်စရာတွေးရင် ပျော်ရွှင်တဲ့ လှိုင်းဓာတ်တွေ ထွက်နေမှာပါ။ ဒေါသဖြစ်စရာတွေ တွေးရင် ဒေါသလှိုင်းတွေ ထုတ်လွှတ်ပေးနေမှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဆွဲငင်လှိုင်းဓာတ်တွေဟာ ကိုယ်တွေးနေတဲ့အတိုင်း ကိုယ့်ဘ၀ထဲကို ဆွဲ ဆောင်ယူငင်ပေးပါတယ်။ ဒါဟာ ဆွဲဆောင်ခြင်း နိယာမရဲ့ အလုပ်လုပ်ပုံ ပါပဲ။
သင်ဘာတွေးနေသလဲ အခုပဲစဉ်းစားကြည့်လိုက်ပါ။ တွေးတဲ့ အတွေးတွေအတိုင်း လက်တွေ့ဘ၀မှာ အမှန်တကယ်ဖြစ်လာမှာပါပဲ။ အတွေးတိုင်းဟာ ဆွဲငင်ယူဆောင်တတ်တယ်ဆိုတာ မမေ့ပါနဲ့။ လူတွေ၊ အရာဝတ်္ထုတွေ၊ အဖြစ်အပျက်တွေ အားလုံးကို တွေးလို့ရသလို တွေးတဲ့ အတိုင်းလည်း ဆွဲငင်နေတော့တာပါပဲ။
သင်ဟာ လိုချင်တဲ့အရာတစ်ခုရှိရင် အဲ့ဒီအရာကိုပဲ တွေးပါ။ ကိုယ် လိုချင်တဲ့ အရာပေါ်မှာပဲ စိတ်အာရုံတွေကို စူးစိုက်ထားပါ။ ဒီအရာကိုယ့် ဘ၀ထဲကို ရောက်လာတယ်လို့ ခံစားပါ။ တွေးတောပါ။ ဒါဟာ ကိုယ် လိုချင်တဲ့ အရာကို ညှို့ငင်ဆွဲယူတာနဲ့ အတူတူပါပဲ။ ဒီတော့ သင်ဘာတွေး မလဲ။ ဖြစ်ချင်တာတွေးရင် ကိုယ်ဖြစ်ချင်တဲ့ အခြေအနေကို ဆွဲဆောင်တာ ဖြစ်ပြီး မဖြစ်ချင်တာတွေ တွေးရင် ကိုယ်မဖြစ်ချင်တဲ့ အရာကို ဆွဲဆောင် နေတာဖြစ်ပါတယ်။
ဆွဲဆောင်ခြင်းနိယာမကို သိလို့ဖြစ်စေ၊ မသိလို့ပဲဖြစ်စေ၊ ယုံတာဖြစ် စေ၊ မယုံတာဖြစ်စေ တွေးရင် တွေးတဲ့အတိုင်း ဆွဲဆောင်နေမှာသဘာဝ ပါပဲ။ သင်ဟာ နောက်ကျနေတဲ့အခါ နောက်ကျတာကိုပဲတွေးပြီး စိတ်ပူ ပင်နေမယ်ဆိုရင် နောက်ကျခြင်းတွေကို ဆွဲဆောင်မိပြီး ပိုနောက်ကျစေ မယ့်အခြေအနေတွေဖြစ်လာတော့တာပါပဲ။ ဒီတော့ ဘယ်လိုတွေးမလဲ။ သင်စောရောက်ဖို့၊ အချိန်မီရောက်ဖို့ကိုသာ တွေးပါ။ ပြောချင်တာက သင်ဖြစ်ချင်တာသာ သင်တွေးပါ။ သင်မဖြစ်ချင်တာ သင်မတွေးပါနဲ့။ ဘာလို့လဲဆိုတော့ သင်ဘာတွေးတွေး အမှန်တကယ်ဖြစ်လာမှာမို့လို့ပါပဲ။
သင်ဟာအကြွေးတွေရှိနေတာနဲ့ပတ်သက်လို့တွေးပြီး ကြွေးပူမိနေရင် အကြွေးတွေကိုပဲ ဆွဲဆောင်ထားပြီး အကြွေးနွံထဲက ထွက်နိုင်မှာ မဟုတ် ပါဘူး။ ဒါဆိုဘာလုပ်ရမလဲ။ သင့်အတွေးကို ပြောင်းလိုက်ရုံပါပဲ။ အကြွေး တွေ ပြန်ဆပ်နိုင်ဖို့တွေးပါ။ အကြွေးတွေ မရှိချင်ရင် အကြွေးကင်းနေတယ် လို့တွေးပါ။ ငွေကြေးတွေ ပေါများကြွယ်ဝနေတယ်လို့တွေးပါ။ ငွေကြေး အပူအပင် ကင်းနေတယ်လို့ တွေးပါ ခံစားပါ။ ဒါဆို ဘာဖြစ်လာမလဲ။ ဆွဲဆောင်ခြင်း နိယာမက သူ့သဘာဝအတိုင်း အလုပ်လုပ်ပေးနေပါလိမ့် မယ်။
သင်ဟာ ဆင်းရဲတာကို မလိုချင်ရင် ဆင်းရဲခြင်းကို တွေးနေတာ ရပ်ပြီး ကြွယ်ဝချမ်းသာတာကိုသာ တွေးဖို့လိုအပ်ပါတယ်။ သင်ဟာ အောင်မြင်မှုတွေရချင်တယ်ဆိုရင် အောင်မြင်မှုကိုသာ အာရုံစိုက်ပြီး အောင်မြင်ကြောင်းကိုသာ တွေးရပါလိမ့်မယ်။ သင်ဟာ ကျန်းမာခြင်းတွေ ကို ပိုင်ဆိုင်ချင်ရင် ကျန်းမာသန်စွမ်းနေတာကိုသာ တွေးပြီး ရောဂါဝေဒနာ အကြောင်းတွေကို တွေးတာရပ်ပစ်ရပါလိမ့်မယ်။ ပျော်ရွှင်မှုတွေ လိုချင်ရင် ပျော်ရွှင်ကြောင်းတွေကိုသာ တွေးပါ။ ချစ်ခင်မှုတွေ လိုချင်ရင် ချစ်ခင်မှု တွေရနေပြီလို့ကို တွေးပါ။
သင်ဟာ လုပ်နိုင်တယ်လို့ တွေးရင် သင်ဘာမဆို လုပ်နိုင်နေပါ လိမ့်မယ်။ မလုပ်နိုင်ဘူးလို့ တွေးရင် ဘာမှ ဖြစ်အောင် မလုပ်နိုင်ပါဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သံသယ၀င်နေရင် အောင်မြင်မှုဟာလည်း ဝေးနေမှာဖြစ်ပါတယ်။ ဒီတော့ သင့်အတွေးဟာ အရမ်းအရေးကြီးတယ်။ ဆွဲဆောင်အားပြင်းတယ်။ တူညီတဲ့အရာကို ဆွဲငင်တတ်တဲ့ သဘောရှိ တယ်။ ဒါကြောင့် သင့်အတွေးတွေကို သတိထားပါ။
သင်တွေးတဲ့အတွေး (Thought) တွေဟာ သင့်ရဲ့ စိတ်ခံစားချက် (Feeling) တွေကို ဖြစ်စေပါတယ်။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက် (ဇော) တွေတိုင်းမှာ ဆွဲအားပြင်းတဲ့ လှိုင်းဓာတ်တွေရှိနေပါတယ်။ သင် တွေးနေတဲ့ အချိန်၊ သင်ခံစားနေတဲ့အချိန်မှာ ဒီလှိုင်းတွေဟာ စကြာဝဠာ လောကကြီးထဲကို လွှင့်ထုတ်နေပါတယ်။ ပြီးတော့ ဒီလှိုင်းတွေဟာ သင် တွေးနေတဲ့အရာတွေကို လောကကြီးဆီကနေ သင့်ဆီကို ပြန်လည်ဆွဲငင် ယူဆောင်လာတော့မှာဖြစ်ပါတယ်။
အတွေးတွေဟာ အင်မတန် အစွမ်းထက်မြက်ပါတယ်။ အတွေးတွေ ကြောင့် ဖြစ်လာတဲ့ စိတ်ခံစားချက် (Feeling) ဇောတွေဟာလည်း အလွန်တန်ခိုးစွမ်းအားပြင်းထန်လှပါတယ်။ ဒီဆွဲဆောင်ခြင်းရဲ့ အခြေခံ သဘောတရားကတော့ အရမ်းရိုးရှင်းလှပါတယ်။ ကျွန်တော်တို့ တွေးတဲ့ အတွေးတွေအတိုင်း အမှန်တကယ်ဖြစ်လာတယ်ဆိုတာပါပဲ။
ဒီတော့ ဒီနိယာမတရားကို လက်ကိုင်ထားပါ။ ယုံကြည်ပါ။ သင့် အနာဂတ်ဟာ သင်အခုဘာတွေးနေတယ်ဆိုတဲ့ ပေါ်မှာ မူတည်နေပါ တယ်။ သင်အခုတွေးနေတဲ့အရာရာတိုင်းဟာ သင့်အနာဂတ်ကို ပုံဖော် ဆောင်မယ့် မျိုးစေ့တွေပဲဖြစ်ပါတယ်။ သင့်ကံကြမ်္မာဟာ သင့်လက်ထဲမှာ ပါ။သင့်ဘ၀ကို သင်ကိုယ်တိုင်ဖန်တီးတည်ဆောက်ယူလို့ ရပါတယ်။ သင့် အတွေးကို သင်ပိုင်နေတာပဲ။ သင်ဘာတွေးမလဲဆိုတာ သင့်အလုပ်ပါပဲ။
ဒါကြောင့် သင့်အနေနဲ့ ဒီဆွဲဆောင်ခြင်းရဲ့ နိယာမသဘောကို နားလည် သွားပြီဆိုရင် ဒီနေ့ကစတင်ပြီး သင့်အတွေးနဲ့ သင့်ဘ၀အလုံးစုံကို ကောင်း သထက်ကောင်းအောင် ဖန်တီးနိုင်ပါပြီ။
သင်ဟာ အောင်မြင်နေတယ်လို့ တွေးထားပါ။
သင်ဟာ စည်းစိမ်ဥစ်္စာ ပေါကြွယ်ဝနေတယ်လို့ တွေးထားပါ။
သင်ဟာ လူချစ်လူခင်ပေါများနေတယ်လို့ တွေးထားပါ။
သင်ဟာ ဆွဲဆောင်မှုရှိတယ်လို့ တွေးထားပါ။
သင်ဟာ ဘာမဆို စွမ်းဆောင်နိုင်တယ်လို့ တွေးထားပါ။
သင်ဟာ အခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်နိုင်တယ်လို့ တွေး ထားပါ။
သင်ဟာ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်းနေတယ်လို့ တွေးထားပါ။
သင်ဟာ ခွန်အားတွေ စွမ်းအားတွေ အပြည့်ရှိနေတယ်လို့ တွေးထားပါ။
ဖြစ်ချင်တဲ့အရာတွေကိုပဲ တွေးပါ။ ပိုင်ဆိုင်ချင်တဲ့ အရာတွေကိုပဲ တွေးပါ။ တွေ့ကြုံလာစေချင်တဲ့ အခြေအနေကို တွေးထားပါ။ လွယ်လွယ် လေးပါ။ သင့်အတွေးလေးကနေ စတင်လိုက်ရုံပါပဲ။ အခုပဲ သင့်ရဲ့ အနာ ဂတ်ဘ၀ သာယာလှပမှုကို တွေးတောပြီး သင့်ကိုယ်ထဲက စွမ်းအားပြင်းတဲ့ ညှို့ငင်လှိုင်းဓာတ်တွေကို ထုတ်လွှတ်ကာ ဆွဲဆောင်ယူလိုက်ပါတော့။

ဖူးကျော်ဇင်(Future Wave)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။