Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 22, 2016

Prime lens

Prime lens
ကျနော့် ညီလေး က Prime lens အကြောင်း ရှင်းပြဦး ဆိုတာနဲ့ ထင်ရာမြင်ရာလေး ရေးပါရစေ ...
(ကြိုတင်ကြေငြာခြင်း - ကျနော်ရေးသမျှသည် ကျနော့် အသိဥာဏ်မီသလောက် ဖတ်မိသလောက် ကြားမိသလောက် အခြေခံ ရေးသည် ဖြစ်၍ ရာနှုန်းပြည့် မှန်ကန်သည်ဟု မယူဆစေလိုပါ။ ကျနော်ရေးသောအကြောင်းအရာကို အခြေခံ၍ ပျက်စီးခြင်း၊ ထိခိုက်စေခြင်းတို့သည် ကျနော်နှင့် မသက်ဆိုင်စေရ ...)
မှန်ဘီလူးတွေထဲမှာ Zoom lens နဲ့ Prime lens ဆိုပြီး နှစ်မျိုးနှစ်စား အခြေခံအားဖြင့် ခွဲနိုင်ပါတယ်။ zoom ဆိုတာက focal length အကွာအဝေး နှစ်ခုကြား ချိန်လို့ရတဲ့ မှန်ဘီလူးတွေ ဖြစ်ပြီးတော့ Prime lens ဆိုတာကတော့ focal length တစ်ခုတည်းမှာ fixed လုပ်ထားတဲ့ မှန်ဘီလူးတွေ ဖြစ်ပါတယ်။
ဥပမာ 16-35 mm, 70-200 mm lens တွေက zoom lens တွေ ဖြစ်ပြီး 50mm f/1.8, 85mm f/1.2, 400 mm f/5.6 တို့က Prime lens တွေ ဖြစ်ပါတယ်။
ဘာကြောင့် Prime lens သုံးမှာလဲ။
ယေဘုယျ ပြောရင် ပုံအရည်အသွေးကြောင့် ပေါ့။ zoom lens တွေက focal length အမျိုးမျိုး ပြောင်းလဲ ရိုက်လို့ရတာကြောင့် ဘက်စုံ အသုံးပြုနိုင်သော်ငြား အဲဒီ focal length ပြောင်းလဲရခြင်းကြောင့် ပုံရဲ့ အရည်အသွေးကို ထိခိုက်စေတာပါပဲ။ နမူနာ ပြောရင် ဘက်စုံသုံးလို့ရတဲ့ ရုံးအကူက စာရင်းကိုင်တစ်ယောက်လို စာရင်းအင်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။
ဘယ်နေရာမှာ အဓိကထိသလဲဆိုတော့ ပုံရဲ့ ပြတ်သားမှုမှာပါ။ Zoom Lens နဲ့ ရိုက်တဲ့ပုံတွေမှာ ပုံမှန် ကင်မရာမှာ ကွန်ပြူတာမှာ ကြည့်ရုံနဲ့တော့ သိသာမှာ မဟုတ်ပေမယ့် ပုံကို ချဲ့ကြည့်တဲ့အခါ သိသာလေ့ရှိပါတယ်။ ပုံကြီးကြီးထုတ်တဲ့အခါကျ အဲဒီသိသာမှုကို မြင်ရနိုင်ပါတယ်။
Prime lens ရဲ့ ပြတ်သားမှုက ယေဘုယျအားဖြင့် zoom lens တွေထက် သာလွန်လေ့ရှိပါတယ်။
နောက်တစ်ခုက distortion လို့ခေါ်တဲ့ ပုံရိပ်ကွေးမှုပါ။ Zoom Lens တွေရဲ့ မှန်ဘီလူး အစီအစဉ်က focal length အားလုံးနဲ့ အဆင်ပြေအောင် လုပ်ထားရတာမို့ အစွန်းနှစ်ဖက်မှာ ပုံရိပ်ကွေးတာ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် wide lens တွေမှာ ပိုသိသာပါတယ်။
Prime lens က focal length ချင်းတူရင်တောင် ပုံရိပ်ကွေးမှုကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
Vignetting, Chromatic aberration စတာတွေမှာလည်း focal length ချင်း၊ aperture ချင်းတူမယ်ဆိုရင် zoom lens တွေမှာ ပိုတွေ့ရပါတယ်။
Faster lens
Prime lens တွေကို သုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုပါ။ Prime lens တွေက အပါချာ ကျယ်ကျယ် လာလေ့ရှိပါတယ်။ ဥပမာ 50mm f/1.8, 85mm f/1.2, 40mm f/2.8,
အပါချာ ကျယ်တဲ့အတွက်
၁။ shutter speed ကို ပိုတင်နိုင်ပါတယ်။ ဒါကြောင့်လည်း Prime lens တွေကို fast lens လို့ ခေါ်ကြတာပါ။ shutter speed ကို ပိုမြန်အောင် ရိုက်နိုင်လို့ (က) လက်လှုပ်လို့ ပုံဝါးတာကို သက်သာစေပါတယ်။ တော်ရုံအလင်းရောင်မှာ လက်နဲ့ ကိုင်ရိုက်လို့ ဖြစ်နိုင်ပါတယ်။ (ခ) လှုပ်ရှားနေတဲ့ subject တွေကို ရိုက်တဲ့အခါမှာလည်း freeze movement ရစေပါတယ်။
၂။ Depth of field ကို နည်းစေပါတယ်။ DOF နည်းတဲ့အတွက် ကိုယ့်ရဲ့ subject ကို ပေါ်လွင်စေပါတယ်။ နောက်ခံဝါးဝါးလေး ဆိုတာ DOF နည်းတာကို ပြောတာပါ။
နောက်ထပ် အားသာချက်ကတော့ Prime lens တွေမှာ လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်း ပိုနည်းတဲ့အတွက် zoom lens တွေထက် ကြာရှည်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါက မှန်ဘီလူး တစ်ခုချင်းစီပေါ်တော့ မူတည်ပါတယ်။
ကဲ ... ဒါဆို ဝယ်သင့်ပြီလား။ ဒါလေးတွေလည်း ထည့်စဉ်းစားကြည့်ပါဦး။
၁။ ရှေ့တိုးနောက်ဆုတ်
focal length အသေဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ ပုံစံ အကွာအဝေးရဖို့ လူက ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ တစ်ဖက်မှာ အားနည်းချက် ဖြစ်ပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ပုံဖန်တီးမှု အလေ့အကျင့်ကို ပိုအားကောင်းစေနိုင်ပါတယ်။
၂။ မှန်ဘီလူး အလဲအလှယ်
ဒီဘက်မှာ အလှပုံလေး ရိုက်ဖို့ 85mm လေးတပ်ထားတုန်း ဆယ်ယောက်လောက် သူငယ်ချင်းတွေက စုပြီး ရိုက်ကြဖို့ လာခေါ်ပြီ ဆိုပါစို့။ လူကလည်း နောက်ဆုတ်စရာ နေရာက မရှိဘူး။ ဒါဆို မှန်ဘီလူး ကျိန်းသေပေါက် လဲရမှာပါ။ မှန်ဘီလူး လဲဖို့ အချိန် ကုန်ပါတယ်။ နောက်ပြီး လူထူထူ မှာ မှန်ဘီလူး ခဏခဏလဲရင် ဖုန်ဝင်ဖို့ ပိုများနိုင်ပါတယ်။
၃။ ဈေးကြီးတယ်။
Prime lens တော်တော်များများက အရည်အသွေးကောင်းပါတယ်။ ဒါကြောင့် ဈေးလည်း ကြီးပါတယ်။ ဒီနေရာမှာ ဈေးပေါတဲ့ မှန်ဘီလူး မရှိဘူးလား ဆိုရင် ရှိပါတယ်။ ဒါပေမယ့် အရည်အသွေး သိသိသာသာ ကွာတော့ ဈေးကောင်းတဲ့ ပရိုမ်းလန်စ်းလေးတွေ လိုချင်တာလည်း မိတ်ဆွေကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
လောလောဆယ်တော့ ဒီလောက်ဆိုရင် လုံလောက်မယ် ထင်ပါတယ်။ တွေးမိမြင်မိ၊ မှားတာရှိရင် ထောက်ပြဆွေးနွေးနိုင်ပါတယ်။ ပြီးအောင် ဖတ်တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

မျိုးမင်းထွန်း
https://www.facebook.com/myo.junior မှ ရယူဖော်ပြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။