မဖြစ်မနေ ဖတ်ထားသင့်တဲ့ ဥရောပသမိုင်း အကျဉ်း
မြန်မာပြန် သုတရသစာအုပ်တွေ ဖတ်တဲ့အခါဖြစ်ဖြစ်၊ သဘ၀သိပ္ပံနဲ့ လူမှုသိပ္ပံ ပညာရပ်တွေ လေ့လာတဲ့အခါဖြစ်ဖြစ် ဥရောပသမိုင်းနောက်ခံ ဗဟုသုတ အတန်အသင့် ရှိထားခြင်းက အကျိုးများလှပါတယ်။ အဲဒီလို အနောက်တိုင်းသမိုင်း လေ့လာနေဖို့ အချိန်မရဘူးဆိုသူတွေအတွက် အခု ဆရာတင်မောင်မြင့် ဘာသာပြန်တဲ့ ‘ဥရောပသမိုင်းမိတ်ဆက်’ စာအုပ်လေးက လိုတိုရှင်းနဲ့ သုတရသ ပေးနိုင်ပါတယ်။
ဥရောပ ဘာသာရေးယုံကြည်မှုခေတ်ဦးဖြစ်တဲ့ အလယ်ခေတ်နဲ့ စထားပြီး၊ အမျိုးသားနိုင်ငံတွေ ပေါ်ပေါက်လာချိန်၊ ဉာဏ်သစ်ပွင့်ချိန်၊ ပြန်လည်ပြုပြင်ရေးခေတ်၊ စွန့်စားရှာဖွေရေးခေတ်၊ မော်ဒန်ဥရောပနဲ့ ဒီိမိုကရေစီဥရောပ အခန်း (၇) ခုကို ရသအဖွဲ့အနွဲ့တွေ ဆွေးနွေးခန်းတွေနဲ့ တင်ပြထားပါတယ်။
တဖြည်းဖြည်း အရိုင်းအစိုင်းခေတ်ကနေ တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးအကြောင်းနဲ့ လူသား လွတ်လပ်မှုအကြောင်းကို ၁၇ ရာစုနဲ့ ၁၈ ရာစု အတွေးအခေါ်ရှင်တွေ ပြောခဲ့တဲ့စကားတွေလည်း ဖော်ပြထားသမို့ တန်ဖိုးရှိပါတယ်..
ဂျွန်အဒမ်စ် (အမေရိကန်)။ အနုပညာနဲ့ သိပ္ပံပညာဟာ လွန်ခဲ့တဲ့ သုံးလေးရာစုကတည်းက တဖြေးဖြေး တိုးတက်လာတယ်။ ဒါကြောင့် လူတွေရဲ့ဘ၀အထွေထွေလည်း ပြောင်းလည်းလာခဲ့တယ်။ ရှေးဦးလူသားတွေအတွက် အံဩကုန်နိုင်ဖွယ်ဖြစ်အောင်ကို ပြောင်းလဲခဲ့တာပါ။
ဗောလ်တဲ (ပြင်သစ်) ။ ကမ္ဘာကြီးဟာ ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီး အဲဒီလိုနဲ့ ပညာဉာဏ်ခေတ်ကို ဦးတည်သွားနေတယ်။ နောက်ပြီး အရည်အချင်းပြည့်တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ဟာ ပြည်သူတစ်ယောက်ရဲ့ အတွေးကို ဖော်ထုတ်ပြောဆိုခွင့်ပေးရမယ်။
ဂျွန်လော့ခ် (အင်္ဂလန်)။ လူဆိုတာ မွေးကတည်းက လွတ်လပ်ခဲ့တာပဲ။ သဘာဝအရ လွတ်လပ်တယ်၊ တရားမျှတတယ်၊ သူ့သဘောတူညီမှုမရှိဘဲ ဘယ်သူကမှ သူ့အပေါ် မလွှမ်းမိုးနို်င်ဘူး။
ဂျက်ဖာဆန်( အမေရိကန်)။ သဘာဝသိပ္ပံအရ လူဟာ လွတ်လပ်မှုအပြည့်နဲ့ မွေးဖွားလာခဲ့တာပဲ။
ရူးဆိုး (ပြင်သစ်)။ ဟုတ်ပါတယ်၊ လူသားဟာ မွေးတုန်းက လွတ်လွတ်လပ်လပ်ပဲ၊ ဒါပေမဲ့ ဘယ်မှာကြည့်ကြည့် သံကြိုးနဲ့ ဆူးခတ်ခံထားရတာချည်းပဲ။
စီဇာဘက်ကာရား (အီတလီ)။ လူတစ်ယောက်က လူတစ်ယောက်ကို လွှမ်းမိုးဖို့ သူ့ရဲ့ သဘောတူညီမှု အဓိက လိုတယ်၊ အဲဒီလိုမဟုတ်ဘဲ လွှမ်းမိုးရင် ဒါဟာ မင်းမဲ့စရိုက်ပဲ။
ဂျက်ဖာဆင် (အမေရိကန်)။ အုပ်ချုပ်သူ တော်တော်များများက သူတို့ကိုယ်သူတို့ တရားစီရင်ခွင့်ရှိတယ်လို့ ထင်ကြတယ်။ အဲဒါက ဘာသာရေးယုံကြည်မှုက ဆင်းသက်လာတာ။ သူတို့ယုံကြည်မှုကို အမှန်တရားလို့ ထင်ကြတယ်။ တခြားလူတွေကိုလည်း အဲဒီအတိုင်း ထင်အောင်လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးကိစ္စဟာ ဘာသာရေးနဲ့ ဘာမှ မပတ်သက်ဘူး။
ရူးဆိုး (ပြင်သစ်)။ အစိုးရတိုင်းမှာ အဓိက ရည်မှန်းချက် နှစ်ခုရှိရမယ်၊ လွတ်လပ်မှုနဲ့ တရားမျှတမှုပဲ။
ဂျွန်လော့ခ် (အင်္ဂလန်) ။ အစိုးရအဖွဲ့တိုင်း အကန့်အသတ် နှစ်ခု ထားရမယ်၊ တစ်- ပြည်သူက ရေးဆွဲတဲ့ ဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရမယ်၊ အယုတ်အလတ်အမြတ် မရွေးရဘူး။ နှစ်- အဲဒီဥပဒေတွေဟာ ပြည်သူ့ဘက်ကို အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်ရမယ်၊ ပြည်သူအလိုမတူဘဲ အစိုးရအနေနဲ့ အခွန်အတုတ်တွေ မကောက်ရဘူး။
ဂျက်ဖာဆင် (အမေရိကန်)။ အုပ်ချုပ်သူတွေဟာ ပြည်သူ့အခိုင်းအစေတွေပဲ ဖြစ်ရမယ်၊ ပြည်သူတွေရဲ့ ဆရာကြီးလို မလုပ်ရဘူး။
ဗောလ်တဲ (ပြင်သစ်)။ နေရာတကာမှာ တော်လှန်ရေးမျိုးစေ့တွေ ကြဲချထားရမယ်…
မြန်မာပြန် သုတရသစာအုပ်တွေ ဖတ်တဲ့အခါဖြစ်ဖြစ်၊ သဘ၀သိပ္ပံနဲ့ လူမှုသိပ္ပံ ပညာရပ်တွေ လေ့လာတဲ့အခါဖြစ်ဖြစ် ဥရောပသမိုင်းနောက်ခံ ဗဟုသုတ အတန်အသင့် ရှိထားခြင်းက အကျိုးများလှပါတယ်။ အဲဒီလို အနောက်တိုင်းသမိုင်း လေ့လာနေဖို့ အချိန်မရဘူးဆိုသူတွေအတွက်
ဥရောပ ဘာသာရေးယုံကြည်မှုခေတ်ဦးဖြစ်တဲ့ အလယ်ခေတ်နဲ့ စထားပြီး၊ အမျိုးသားနိုင်ငံတွေ ပေါ်ပေါက်လာချိန်၊ ဉာဏ်သစ်ပွင့်ချိန်၊ ပြန်လည်ပြုပြင်ရေးခေတ်၊ စွန့်စားရှာဖွေရေးခေတ်၊ မော်ဒန်ဥရောပနဲ့ ဒီိမိုကရေစီဥရောပ အခန်း (၇) ခုကို ရသအဖွဲ့အနွဲ့တွေ ဆွေးနွေးခန်းတွေနဲ့ တင်ပြထားပါတယ်။
တဖြည်းဖြည်း အရိုင်းအစိုင်းခေတ်ကနေ တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးအကြောင်းနဲ့ လူသား လွတ်လပ်မှုအကြောင်းကို ၁၇ ရာစုနဲ့ ၁၈ ရာစု အတွေးအခေါ်ရှင်တွေ ပြောခဲ့တဲ့စကားတွေလည်း ဖော်ပြထားသမို့ တန်ဖိုးရှိပါတယ်..
ဂျွန်အဒမ်စ် (အမေရိကန်)။ အနုပညာနဲ့ သိပ္ပံပညာဟာ လွန်ခဲ့တဲ့ သုံးလေးရာစုကတည်းက တဖြေးဖြေး တိုးတက်လာတယ်။ ဒါကြောင့် လူတွေရဲ့ဘ၀အထွေထွေလည်း ပြောင်းလည်းလာခဲ့တယ်။ ရှေးဦးလူသားတွေအတွက် အံဩကုန်နိုင်ဖွယ်ဖြစ်အောင်က
ဗောလ်တဲ (ပြင်သစ်) ။ ကမ္ဘာကြီးဟာ ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီး အဲဒီလိုနဲ့ ပညာဉာဏ်ခေတ်ကို ဦးတည်သွားနေတယ်။ နောက်ပြီး အရည်အချင်းပြည့်တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ဟာ ပြည်သူတစ်ယောက်ရဲ့ အတွေးကို ဖော်ထုတ်ပြောဆိုခွင့်ပေးရမယ
ဂျွန်လော့ခ် (အင်္ဂလန်)။ လူဆိုတာ မွေးကတည်းက လွတ်လပ်ခဲ့တာပဲ။ သဘာဝအရ လွတ်လပ်တယ်၊ တရားမျှတတယ်၊ သူ့သဘောတူညီမှုမရှိဘဲ ဘယ်သူကမှ သူ့အပေါ် မလွှမ်းမိုးနို်င်ဘူး။
ဂျက်ဖာဆန်( အမေရိကန်)။ သဘာဝသိပ္ပံအရ လူဟာ လွတ်လပ်မှုအပြည့်နဲ့ မွေးဖွားလာခဲ့တာပဲ။
ရူးဆိုး (ပြင်သစ်)။ ဟုတ်ပါတယ်၊ လူသားဟာ မွေးတုန်းက လွတ်လွတ်လပ်လပ်ပဲ၊ ဒါပေမဲ့ ဘယ်မှာကြည့်ကြည့် သံကြိုးနဲ့ ဆူးခတ်ခံထားရတာချည်းပဲ။
စီဇာဘက်ကာရား (အီတလီ)။ လူတစ်ယောက်က လူတစ်ယောက်ကို လွှမ်းမိုးဖို့ သူ့ရဲ့ သဘောတူညီမှု အဓိက လိုတယ်၊ အဲဒီလိုမဟုတ်ဘဲ လွှမ်းမိုးရင် ဒါဟာ မင်းမဲ့စရိုက်ပဲ။
ဂျက်ဖာဆင် (အမေရိကန်)။ အုပ်ချုပ်သူ တော်တော်များများက သူတို့ကိုယ်သူတို့ တရားစီရင်ခွင့်ရှိတယ်လို့ ထင်ကြတယ်။ အဲဒါက ဘာသာရေးယုံကြည်မှုက ဆင်းသက်လာတာ။ သူတို့ယုံကြည်မှုကို အမှန်တရားလို့ ထင်ကြတယ်။ တခြားလူတွေကိုလည်း အဲဒီအတိုင်း ထင်အောင်လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးကိစ္စဟာ ဘာသာရေးနဲ့ ဘာမှ မပတ်သက်ဘူး။
ရူးဆိုး (ပြင်သစ်)။ အစိုးရတိုင်းမှာ အဓိက ရည်မှန်းချက် နှစ်ခုရှိရမယ်၊ လွတ်လပ်မှုနဲ့ တရားမျှတမှုပဲ။
ဂျွန်လော့ခ် (အင်္ဂလန်) ။ အစိုးရအဖွဲ့တိုင်း အကန့်အသတ် နှစ်ခု ထားရမယ်၊ တစ်- ပြည်သူက ရေးဆွဲတဲ့ ဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရမယ်၊ အယုတ်အလတ်အမြတ် မရွေးရဘူး။ နှစ်- အဲဒီဥပဒေတွေဟာ ပြည်သူ့ဘက်ကို အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်ရမယ်၊ ပြည်သူအလိုမတူဘဲ အစိုးရအနေနဲ့ အခွန်အတုတ်တွေ မကောက်ရဘူး။
ဂျက်ဖာဆင် (အမေရိကန်)။ အုပ်ချုပ်သူတွေဟာ ပြည်သူ့အခိုင်းအစေတွေပဲ ဖြစ်ရမယ်၊ ပြည်သူတွေရဲ့ ဆရာကြီးလို မလုပ်ရဘူး။
ဗောလ်တဲ (ပြင်သစ်)။ နေရာတကာမှာ တော်လှန်ရေးမျိုးစေ့တွေ ကြဲချထားရမယ်…
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။