စင်္ကာပူမှာမြန်မာအိမ်အကူများအလွန်အမင်းများလာခြင်း၏နောက်ဆက်တွဲပြဿနာများ။
~~~~~~~~~~~~~~~~~~~~
စင်္ကာပူ ၂၉ ဖေဖော်ဝါရီလ
ဒီpost လေးရဲ့ပထမပိုင်းကိုစင်္ကာပူနိုင်ငံမှာ မြန်မာ့အရေးကိုတက်ကြွစွာကူညီပေးနေသူ အမကြီး Kitty Aye Mar Mar ရဲ့ facebook မှာတင်ထားတာလေးကိုဦးစွာဖော်ပြပေးပါရစေ။
~~~~~~~~~~~~~~~~~~~
ဒီလပိုင်းအတွင်းhome နဲ့မြန်မာသံရုံးကိုပြေးလာတဲ့သူတွေသိပ်များပါတယ်
အားလုံးကိုခြုံပြောရယင်တော့ ဘာမျှသေချာမလေ့လာမစုံစမ်းပဲ အလွယ်တကူ စင်္ကာပူရောက်လာ အိမ်အကူဆိုမှတော့ကျော့ကျော့လေးနေလိုဘယ်ရပါ့မလဲ မလုပ်နိုင်ဘူးပြောပြီး အလွယ်တကူပဲထွက်ပြေးလာကြပါတယ်
ဒါတွေဟာမဖြစ်သင့်တာတွေပါ
စေတနာနဲ့လုပ်ကိုင်ကူညီနေသူတွေကိုစေတနာနည်းသွားအောင်လုပ်လိုက်တဲ့အတိုင်းပါပဲ
မြန်မာသံရုံးဆိုသိပ်ပြီးသည်းခံရှာပါတယ်
ဒီလိုအလွယ်တကူထွက်ပြေးလာသူတွေကိုtaxiဘိုးပေးရတာက တစ်ယောက်ကို ၂၅ဒေါ်လာနဲ့ ၃၀ဒေါ်လာပါ ဒီငွေကိုဘယ်စာရင်းထဲမှာမှပြလို့မရတော့သံရုံးဝန်းထမ်းများအချင်းချင်းငွေစုကောက်ပြီးပေးကြရတာပါ
ဒါတောင်စေတနာကောင်းတဲ့ ဒေါ်ထိပ်တင်ထွေး အစားအစာကျွေးတာကသူပိုင်ငွေနဲ့မို့ပါ
အကြောင်းအရာမယ်မယ်ရရမရှိပဲထွက်ပြေးလာတာတွေများတော့လွန်နေပြီမို့ဒီpostကိုရေးလိုက်ရခြင်းပါ ဒီနေ့မှာပဲပြေးလာဘို့ဖုံးခေါ်တာ၃ယောက်ရှိပါပြီ
စင်္ကာပူမလာခင် helper အိမ်အကူအနေနဲ့ဘာတွေလုပ်ရတယ်ဆိုတာသေချာလေ့လာခဲ့ဘို့ကောင်းပါတယ်
ခုခေတ်မှာface bookဟာအတော်သီတင်းစုံသိရတာမို့ ကိုယ်သွားလုပ်မည့်နိုင်ငံကလူတွေအကြောင်းအိမ်အကူတွေရဲ့အလုပ်တွေရင်ဆိုင်ရတာတွေကိုသေချာလေ့လာသင့်ပါတယ်တချို့များထိုသတင်းမျိုးတော့မလေ့လာ BF များနဲ့chattingလုပ်ဖို့သာစိတ်များပြီးရောက်လာကြ ပါတယ်
အေးဂျင့်ကိုလည်းမိမိဘာလုပ်ရမည်ဆိုတာ မိမိသွားလုပ်ရမည်အိမ်၏မိသားစုဝင်ဘယ်နှစ်ယောက်ဆိုတာတောင် မမေးမြန်းပဲအလွယ်တကူထွက်လာကြပါတယ်
စာချူပ်မှာဘာရေးထားမှန်းတောင်မသိမမေးမြန်းပဲလက်မှတ်ထိုးကြပါတယ်
စင်္ကာပူရောက်လို့ အလုပ်နဲ့နှဖူးတွေဒူးတွေ့ထိတဲ့အခါအလုပ်ပင်ပန်း မှုကြောင့်ဟုအကြောင်းပြပြီးထွက်ပြေးလာကြပါတယ်
အဲလိုထွက်ပြေးလာတဲ့သူတစ်ယောက်အတွက်အချိန်တွေအကုန်ခံပြီးhomeရဲ့ဝန်ထမ်းများက case ကို စကားပြန်များနဲ့မှတ်တမ်းတင် အေးဂျင်နဲ့အိမ်ရှင်ကိုချိတ်ဆက် momမှာcancelလုပ် ပြန်ဘို့အတွက်စီစဉ်ပေးစတာတွေကိုလုပ်ပေးကြရပါတော့တယ်
Homeအဆောင်ကိုရောက်လာသောသူများမှာလည်း အဆင့်သင့်စားရနေရတော့ စလုံးကိုလာပြီးငွေရှာမယ်ဆိုတဲ့ရည်ရွယ်ချက်များလည်းပျောက်ပြီး အလုပ်ရှာပေးသူရှိတာတောင်မှ အလုပ်မလုပ်ချင်ပဲ ရည်းစားနဲ့တချိန်လုံးစကားပြော ရည်စားနဲ့လျှောက်လည်မယ်သာအာရုံထားပါတယ် တချို့ပေါ့လေ
ဒါတွေကိုတွေ့ရမြင်ရတာတဲ့အခါ စေတနာယုတ်နည်းစေပါတယ်
လိုရင်းကိုပြောရယင်ဖြင့် အိမ်အကူလာလုပ်မည့်သူများ သေချာလေ့လာပြီးမှလာစေချင်ပါတယ် စင်္ကာပူငွေဟာအလွယ်မရပါ
အကြောင်းအရာမခိုင်လုံပဲနဲ့လည်းထွက်ပြေးမလာကြပါနဲ့
အေးဂျင့်ကြေးမကြေသေးပဲပြေးလာသူများ မိမိဘာသာတာဝန်ယူရပါမည်
မြန်မာဘက်မှချူပ်ထားသောအေးဂျင်ကြေးမပေးနိုင်လျှင်ဘာဖြစ်မည်ညာဖြစ်မည်ဆိုတာများကို တာဝန်ခံပြီးဖြေရှင်းပေးမည်မဟုတ်ပါ
နည်းနည်းရိုင်းစွာပြောရလျင်တော့ကိုယ်ညံ့ကိုံ့ယ်ခံလို့ပဲပြောရပါမည်
အဖွဲ့အစည်းအသီးသီးမှကူညီနေသူများအားစေတနာခန်းအောင်မလုပ်ကြပါနဲ့လို့ပဲပြောပါရစေ
~~~~~~~~~~~~~~~~~~
ပထမပိုင်းမှာဖော်ပြထားတာက Home ဆိုတဲ့စေတနာ့ဝန်ထမ်းအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်နေတဲ့ အမကြီး Kitty Aye Mar Mar ရဲ့ကိုယ်တိုင်ရေး ခံစားချက်ပါ။
ဒုတိယပိုင်းအနေနဲ့ယမန်နေ့ (၂၈/၂/၂၀၁၆) မနက်ပိုင်းက စင်္ကာပူရောက် မြန်မာအင်္ဂျင်နီယာမလေးရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ။
မြန်မာအင်္ဂျင်နီယာမလေး မစန်းစန်းဟာ စာရေးသူဆီ ဖုန်းခေါ်လာပါတယ်။ အကြောင်းကတော့ သူမ အပြင်ဘက်ကို ကိစ္စတစ်ခုနဲ့ထွက်လာစဉ် လမ်းမှာ မြန်မာအိမ်အကူမလေးတစ်ယောက်နဲ့တွေ့ပါတယ်တဲ့။
အဲဒီအိမ်အကူမလေးက သူ့ကို မြန်မာမှန်းသိတော့ အကူအညီတောင်းပါတယ်တဲ့။ သူမကို အိမ်ရှင်က မကြိုက်လို့ဆိုပြီး ဆူပူကာ အိမ်ပေါ်မှမောင်းချလိုက်ပါတယ်တဲ့။
လမ်းမပေါ်ရောက်လာပြီး ဘယ်သွားရမှန်းလည်းမသိ၊ ဘယ်မှလည်းမသွားတတ်နဲ့ဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ တွေ့တဲ့လူတိုင်းကို အကူအညီတောင်းခံနေတာပါတဲ့ဗျာ။
မစန်းစန်း ဆီက ဖုန်းရလျှင်ရခြင်း မြန်မာသံရုံးကို ဖုန်းဆက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မြန်မာသံရုံးမှာ ရုံးစောင့်ပဲရှိပြီး သံရုံဝန်ထမ်းတွေအားလုံး မြန်မာကလေးတွေစာမေးပွဲဖြေတာကို အခန်းစောင့်သွားကြပါတယ်တဲ့။
ကောင်စစ်ရေးရာသံမှုးက Home က ဒေါက်တာသိန်းသန်းဝင်းဆီ ဖုန်းဆက်ထားမယ်။ အဲဒီကို ထွက်ပြေးလာတဲ့ ခလေးမလေးကို ပို့ပေးပါတဲ့။
ကဲဒါကဒီPost ရဲ့ဒုတိယပိုင်းပါ။
~~~~~~~~~~~~~~~~~~
စာရေးသူဟာ MOM အသိအမှတ်ပြုသင်တန်းကျောင်းတစ်ခုကို ကျန်ခဲ့တဲ့အပတ်က တစ်ပတ်တိတိ သွားရတဲ့အကြောင်းရှိခဲ့ပါတယ်။
အဲဒီသင်တန်းကျောင်းဟာ စင်္ကာပူကိုအသစ်ရောက်လာသမျှသောအိမ်အကူများကို safety နဲ့ပတ်သက်ပြီး တစ်ရက်တာပို့ချပေးတဲ့ course တွေကိုလည်းဖွင့်လှစ်ထားပါတယ်။
စာရေးသူရောက်ရှိစဉ်မှာ သတိထားမိတာက မြန်မာအိမ်အကူများဟာ အခြား ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့အိမ်အကူများထက် လူဦးရေအများကြီးသင်တန်းလာတက်နေတာ နေ့စဉ် တွေ့ရပါတယ်။
ကျွန်တော်ကပဲ ကိုယ့်အမျိုးတွေပဲလေဆိုပြီး နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ သူတို့တွေကြည့်ရတာ အချို့ဟာ အသက် ၂၃ နှစ်ဆိုတာ မယုံစရာပါပဲ။ငယ်လွန်းနေတယ်။ စင်္ကာပူမှာ အသက် ၂၃ နှစ်ပြည့်မှ တရားဝင် အိမ်အကူလုပ်ခွင့်ပြုပါတယ်။
ကဲပြောချင်တာကတော့home ကမြန်မာ့အရေးဆောင်ရွက်နေသူတွေကော၊ မြန်မာသံရုံးက ဝန်ထမ်းတွေကော သိထားရမှာက စင်္ကာပူကို မြန်မာအိမ်အကူမလေးတွေဟာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေကြပါကြောင်း။
မြန်မာနိုင်ငံအစိုးရရုံးများဖြစ်တဲ့အလုပ်သမားရေး၊နိုင်ငံခြားရေးနှင့်ပြည်ထဲရေးက အရာထမ်း၊အမှုထမ်းများလည်း ဒီကိစ္စကိုပေါ့ပေါ့မတွက်ကြပါရန်အထူးတိုက်တွန်းလိုက်ပါတယ်။
မြန်မာသံရုံး-စင်္ကာပူနှင့် Home လိုမျိုး လူမှုစေတနာရှင်အဖွဲ့များအနေနဲ့လည်းလူအင်အားနှင့်ငွေကြေးအင်အားကိုတောင့်တင်းအောင်ကြိုတင်ပြင်ဆင်ထားပေးကြပါလို့တိုက်တွန်းလိုက်ပါရစေ။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော
အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
Photo Credit- ST file
~~~~~~~~~~~~~~~~~~~~
စင်္ကာပူ ၂၉ ဖေဖော်ဝါရီလ
ဒီpost လေးရဲ့ပထမပိုင်းကိုစင်္ကာပူနိ
~~~~~~~~~~~~~~~~~~~
ဒီလပိုင်းအတွင်းhome နဲ့မြန်မာသံရုံးကိုပြေးလာတဲ
အားလုံးကိုခြုံပြောရယင်တော့
ဒါတွေဟာမဖြစ်သင့်တာတွေပါ
စေတနာနဲ့လုပ်ကိုင်ကူညီနေသူေ
မြန်မာသံရုံးဆိုသိပ်ပြီးသည်
ဒီလိုအလွယ်တကူထွက်ပြေးလာသူေ
ဒါတောင်စေတနာကောင်းတဲ့ ဒေါ်ထိပ်တင်ထွေး အစားအစာကျွေးတာကသူပိုင်ငွေန
အကြောင်းအရာမယ်မယ်ရရမရှိပဲထ
စင်္ကာပူမလာခင် helper အိမ်အကူအနေနဲ့ဘာတွေလုပ်ရတယ်
ခုခေတ်မှာface bookဟာအတော်သီတင်းစုံသိရတာမ
အေးဂျင့်ကိုလည်းမိမိဘာလုပ်ရ
စာချူပ်မှာဘာရေးထားမှန်းတော
စင်္ကာပူရောက်လို့ အလုပ်နဲ့နှဖူးတွေဒူးတွေ့ထိတ
အဲလိုထွက်ပြေးလာတဲ့သူတစ်ယော
Homeအဆောင်ကိုရောက်လာသောသူမ
ဒါတွေကိုတွေ့ရမြင်ရတာတဲ့အခါ
လိုရင်းကိုပြောရယင်ဖြင့် အိမ်အကူလာလုပ်မည့်သူများ သေချာလေ့လာပြီးမှလာစေချင်ပါ
အကြောင်းအရာမခိုင်လုံပဲနဲ့လ
အေးဂျင့်ကြေးမကြေသေးပဲပြေးလ
မြန်မာဘက်မှချူပ်ထားသောအေးဂ
နည်းနည်းရိုင်းစွာပြောရလျင်
အဖွဲ့အစည်းအသီးသီးမှကူညီနေ
~~~~~~~~~~~~~~~~~~
ပထမပိုင်းမှာဖော်ပြထားတာက Home ဆိုတဲ့စေတနာ့ဝန်ထမ်းအဖွဲ့အစ
ဒုတိယပိုင်းအနေနဲ့ယမန်နေ့ (၂၈/၂/
မြန်မာအင်္ဂျင်နီယာမလေး မစန်းစန်းဟာ စာရေးသူဆီ ဖုန်းခေါ်လာပါတယ်။ အကြောင်းကတော့ သူမ အပြင်ဘက်ကို ကိစ္စတစ်ခုနဲ့ထွက်လာစဉ် လမ်းမှာ မြန်မာအိမ်အကူမလေးတစ်ယောက်န
အဲဒီအိမ်အကူမလေးက သူ့ကို မြန်မာမှန်းသိတော့ အကူအညီတောင်းပါတယ်တဲ့။ သူမကို အိမ်ရှင်က မကြိုက်လို့ဆိုပြီး ဆူပူကာ အိမ်ပေါ်မှမောင်းချလိုက်ပါတယ
လမ်းမပေါ်ရောက်လာပြီး ဘယ်သွားရမှန်းလည်းမသိ၊ ဘယ်မှလည်းမသွားတတ်နဲ့ဖြစ်နေ
မစန်းစန်း ဆီက ဖုန်းရလျှင်ရခြင်း မြန်မာသံရုံးကို ဖုန်းဆက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မြန်မာသံရုံးမှာ ရုံးစောင့်ပဲရှိပြီး သံရုံဝန်ထမ်းတွေအားလုံး မြန်မာကလေးတွေစာမေးပွဲဖြေတာ
ကောင်စစ်ရေးရာသံမှုးက Home က ဒေါက်တာသိန်းသန်းဝင်းဆီ ဖုန်းဆက်ထားမယ်။ အဲဒီကို ထွက်ပြေးလာတဲ့ ခလေးမလေးကို ပို့ပေးပါတဲ့။
ကဲဒါကဒီPost ရဲ့ဒုတိယပိုင်းပါ။
~~~~~~~~~~~~~~~~~~
စာရေးသူဟာ MOM အသိအမှတ်ပြုသင်တန်းကျောင်းတ
အဲဒီသင်တန်းကျောင်းဟာ စင်္ကာပူကိုအသစ်ရောက်လာသမျှသေ
စာရေးသူရောက်ရှိစဉ်မှာ သတိထားမိတာက မြန်မာအိမ်အကူများဟာ အခြား ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့အိမ်အကူမျ
ကျွန်တော်ကပဲ ကိုယ့်အမျိုးတွေပဲလေဆိုပြီး
ကဲပြောချင်တာကတော့home ကမြန်မာ့အရေးဆောင်ရွက်နေသူေ
မြန်မာနိုင်ငံအစိုးရရုံးမျာ
မြန်မာသံရုံး-စင်္ကာပူနှင့် Home လိုမျိုး လူမှုစေတနာရှင်အဖွဲ့များအနေန
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော
အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/
Photo Credit- ST file
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။