Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 28, 2016

"အာဏာရှင်လက်ပါးစေများကို ဖော်ထုတ်ရှုတ်ချကြပါစို့"

"အာဏာရှင်လက်ပါးစေများကို ဖော်ထုတ်ရှုတ်ချကြပါစို့"

ရွေးကောက်ပွဲ ရှုံးထားတဲ့အစိုးရတစ်ရပ်က အစိုးရစီမံကိန်းတွေကို တက်သုတ်ရိုက် မဟားဒယား ဆောင်ရွက်နေတာ ကြည့်မြင်လို့မကောင်းကြောင်း ပြည်သူအများပြောဆိုနေကြတာ အတော်ကြာပါပြီ။ လွှတ်တော်သစ်ကြီးပေါ်လာတော့ ဒီကိစ္စကိုလည်း ဦးစားပေးစဉ်းစားတာ မြင်ချင်ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်လွှဲမပြောင်းပေးခင် နိုင်ငံပိုင်မြေတွေနဲ့ အစိုးရစီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းတာတွေ အလျင်စလိုမလုပ်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီကိစ္စကိုမကျေနပ်တဲ့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်ရှိအချိန်ဟာ အစိုးရဟောင်းကနေ အစိုးရသစ်ကို တိုက်ရိုက်အစိုးရချင်း အာဏာလွှဲပြောင်းတဲ့ ကာလမဟုတ်ဘဲ ရွေးကောက်ပွဲအနိုင်ရ ပါတီနဲ့သာ ဆွေးနွေးနေတဲ့ အချိန်ဖြစ်တယ်ဆိုတာကို ကွဲပြားဖို့လိုကြောင်းနဲ့ အစိုးရဟောင်းလက်ထက်မှာ မပြီးပြတ်သေးပဲ ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေရှိတယ်လို့ ပြောပါတယ်။

ဦးဇော်ဌေးရဲ့ခြေပချက်ဟာ မခိုင်လုံပါဘူး။ သူ့အဆိုအရ လွှတ်တော်သစ်ဟာ အစိုးရဟောင်းအပေါ် အပြန်အလှန်ထိန်းညှိ လုပ်ဆောင်တာကို သဘောမတူတဲ့လေသံမျိုး ဖြစ်နေပါတယ်။ လွှတ်တော်ရဲ့အခွင့်အရေးဟာ လွှတ်တော်အတည်ပြုတာနဲ့ အပြည့်အဝရရှိရမှာဖြစ်ပြီး အစိုးရအုပ်ချုပ်သူ မည်သူပင်ဖြစ်ပါစေ လွှတ်တော်တစ်ရပ်က လွှတ်တော်ရဲ့ အလုပ်ကို လုပ်တာကို တာဆီးခွင့်မရှိပါ။ လုပ်ထုံးလုပ်နည်းအရ ငြင်းပယ်ခွင့်လည်းမရှိပါ။

လွှတ်တော်တစ်ရပ်လုံးကို သတိပေးစကားပြောတဲ့ ဦးဇော်ဌေးဆိုသူရဲ့ ရာထူးကလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် သာဖြစ်ပါတယ်။ ဗျူရိုကရက်ရာထူးထဲမှာ ဝင်နေတဲ့ စစ်အာဏာရှင်ပေါက်စတစ်ယောက် ဖြစ်ပါတယ်။ ဗျူရိုကရက် ရာထူးနဲ့လူက နိုင်ငံရေးအရ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်တစ်ရပ်လုံးကို ဝေဖန်လိုက်တဲ့စကားဟာ နောင်အစိုးရသစ်လက်ထက်မှာ ဝန်းကြီးဒုဝန်ကြီးအဆင့် နိုင်ငံရေးရာထူးတွေမှာ ဝင်ရောက်လုပ်ကိုင်ကြမယ့် ပြည်သူဘက်သား များအတွက် သတိပေးခေါင်းလောင်းသံပါ။

ဦးဇော်ဌေးအပြောထက် ထက်ဆိုးတာက ကချင်ပြည်နယ်က ဘိန်းခင်းဖျက်အဖွဲ့ကို ကူညီကြဖို့ ဝိုင်းမော်မဲဆန္ဒနယ် ပြည့်သူ့လွှတ်တော်အမတ် တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုအစိုးရက လာရောက်ဖြေကြားဖို့ ပျက်ကွက်ခဲ့တာပဲဖြစ်တယ်။ စစ်အာဏာရှင်ဟောင်းများနဲ့ ဖွဲ့ထားတဲ့ အစိုးရဟောင်းရဲ့ ကိုယ်ကျိုးအတ္တကြည့်ခြင်း၊ လူကြီးလူကောင်းမဆန်ခြင်း၊ ဥပဒေမလေးစားခြင်းတို့ဟာ အဆိုနှစ်ခုနဲ့တင် ပေါ်လွင်ပါပြီ။

ပြန်ကြားရေးဝန် ဦးရဲထွဋ်ကတော့ “ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စုအစိုးရက ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာ က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။" ဒါဟာ ဥပဒေသဘောကို နည်းနည်းမှ နားမလည်ပဲ ကလေးပြော ပြောခြင်းမျှသာ ဖြစ်ပါတယ်။ တာဝန်ခံခြင်း မရှိစေရဆိုခဲ့ရင် လွှတ်တော် သက်တမ်းကုန်တာနဲ့ အစိုးရလည်း ဆင်းပေးရတော့မှာပါ။ မဟုတ်ရင် အထိမ်းအကွပ် မဲ့သွားတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးပဲ ကျန်ခဲ့မှာဖြစ်တော့ ဥပဒေသဘောအရကို အခြေခံမူများနဲ့ ဘောင်မဝင်ပါ။

အရင်အစိုးရဟာ မဆင်းခင်သုံးလေးလမှာ နောက်အစိုးရအတွက် ပြသနာ အများအပြား ဖန်တီးခဲ့လို့ရသလို မသမာမှု အများအပြားနဲ့ ဗိုက်ကားအောင် စားသွားလို့ ရပါတယ်။ နောက်ဆက်ခံမယ့်အစိုးရကို ပြသနာအများအပြား ပေးသွားလို့ရပါတယ်။ ဒီလိုအဖြစ်တွေ မပေါ်အောင်နိုင်ငံတကာမှာ အစိုးရကူးပြောင်းမှု ပြဌာန်းချက်များရှိပြီး ဆင်းကာနီးအစိုးရက အလုပ်တွေအများကြီး မလုပ်သွားအောင် ထိမ်းချုပ်ထားကြပါတယ်။ မြန်မာပြည်မှာ ဒီလို ထိန်းချုပ်တဲ့ ဥပဒေမျိုးမရှိတဲ့အပြင် ဗျူရိုကရေစီရာထူးတွေထဲ နှစ်ရှည်လများ မြှုပ်နှံထားတဲ့ စစ်အာဏာရှင်ပေါက်စလေးများ အများအပြား ရှိနေပါသေးတယ်။ ဒီလို ပြင်ဆင်ထားမှုတွေဟာ နောက်တက်လာမယ့်အစိုးရအတွက် မသေးလှတဲ့ စိမ်ခေါ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ ပြည်သူကရွေးချယ်လိုက်တဲ့ လွှတ်တော်များ အစိုးရများ အလုပ်လုပ်သာအောင် ပြည်သူအများကပဲ ဝိုင်းဝန်းကူညီကြရပါလိမ့်မယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေတဲ့ အာဏာရှင်လက်ပါးစေများကို ဖော်ထုတ်ရှုတ်ချခြင်းအားဖြင့် ဝိုင်းဝန်းကူညီကြရပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးပါစေ။

အတွေးအမြင် #HaveASay
Photo: Hmuu Zaw(Facebook)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။