Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 27, 2016

ခွေးတစ်ကောင်၏ လည်ပတ်

ခွေးတစ်ကောင်၏ လည်ပတ်
--------------------------------

တစ်ခါက အင်မတန်ကိုက်တတ်တဲ့ ခွေးတစ်ကောင်ရှိပါသတဲ့။ အဲဒီခွေးဟာ အခြားခွေးတွေလို ထိုးဟောင်ပြီး လိုက်ဆွဲတာမျိုး မဟုတ်ဘဲ လူတွေနဲ့နောက်ကို တိတ်တဆိတ်သွားပြီး အနားရောက်မှ ခြေသလုံးကို ပိုင်ပိုင်နိုင်နိုင် ကိုက်တတ်တာမျိုးဖြစ်တယ်။ အဲဒီလိုနဲ့ သူလက်ချက်မိတဲ့ လူတွေဟာ ခွေးပိုင်ရှင်ဆီကို သွားရောက် တိုင်တန်းကြသတဲ့။ အဲဒီလို သူ့ခွေးနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေများလာတဲ့အခါ ခွေးပိုင်ရှင်ဟာ အတန်ကြာစဉ်းစားတယ်။ နောက်ဆုံးမှာတော့ သူဟာ အကြံတစ်ခုရခဲ့တော့တယ်။ ခွေးပိုင်ရှင်ဟာ ကြေးခလောက်တွေ တပ်ဆင်ထားတဲ့ လည်ပတ်ကြိုးတစ်ခုကို ပြုလုပ်ပြီး သူ့ရဲ့ ခွေးလည်ပင်းမှာ ပတ်ပေးထားခဲ့တယ်။ လူတွေဟာ ခွေးလည်ပင်းက ခလောက်သံကို ကြားတာနဲ့ သူတို့နောက်ကို ခွေးရောက်နေပြီဆိုတာကို သိနိုင်ပြီး ရှောင်ရှားသွားနိုင်ကြတယ်။

အဲဒီလို လူတွေရဲ့ အဝေးက ရှောင်ရှားသွားတာကို မြင်တဲ့အခါ ခွေးက ဒီလိုစဉ်းစားတယ်။

"ငါ့ဟာ အင်မတန်တော်တဲ့ ခွေးထူး၊ ခွေးမြတ် ပေတကား။ ငါတော်လွန်းတဲ့အတွက် ငါ့သခင်တောင် မနေနိုင်ပဲ ဆုတံဆိပ် ချီးမြှင့်တာပေပဲ၊ အဲဒီ ဆုတံဆိပ်ကို မြင်တာနဲ့ လူတွေတောင် ငါ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြပြီ။ ငါလို ခွေးထူး ခွေးမြတ်တစ်ကောင်က သာမာန်လမ်းဘေးက ခွေးလေခွေးလွင့်တွေကို အဖက်လုပ်နေရင် ငါ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်"

အဲဒီအချိန်ကစပြီး ခွေးမိုက်ဟာ သူ့အဖော် ခွေးတွေတင်မက၊ တစ်ရပ်ကွက်လုံးက ခွေးတွေကို ပါ အဖက်မလုပ်ပဲ နေခဲ့တော့တယ်။ ခွေးတစ်ကောင်ကောင်နဲ့ မျက်နှာချင်းဆိုင်မိရင်လည်း သူ့နှုတ်သီးကို အပေါ်ထောင်၊ ခေါင်းမော့ပြီး ခပ်မာမာပဲ ရှောင်ရှားသွားတော့တယ်။

တစ်နေ့တော့ လည်ဆွဲပိုင်ရှင် ခွေးကို မျက်စေ့နောက်နေတဲ့ ခွေးကြီးတစ်ကောင်ဟာ သူ့ကို ဂုတ်ကို အပိုင်ဆွဲ ပြီး အရည်ပြားတွေ စုတ်ပြဲကုန်တဲ့အထိ ကိုက်ပြစ်လိုက်တယ်။ အဲဒီအခါမှာတော့ မာန်မာနတက်နေတဲ့ ခွေးဟာ တဂိန်ဂိန်အော်မြည်ရင်း အမြီးကုပ်ကာ မှောက်မိုက်တဲ့ ချောင်တစ်ချောင်မှာ ၀င်ခွေနေခဲ့တော့တယ်။

ဒီပုံပြင်ဟာ အီစွတ်ရဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်။ ဒီပုံပြင်ထဲက ခွေးဟာ "တလွဲမာန" အကြောင်းကို ကျနော်တို့ကို ပြောပြနေခဲ့တယ်။ တချို့သောသူတွေဟာ "ဆိုးခြင်း၊ မိုက်ခြင်း၊ သောက်စားခြင်း၊ နာမည်ဆိုးနဲ့ကျော်ကြားခြင်း" တွေကို ဂုဏ်ဒြပ်တစ်ခုသဖွယ် ဂုဏ်ယူနေလေ့ရှိကြတယ်။ ခွေးပိုင်ရှင်ရဲ့ လည်ပတ်နဲ့တူတဲ့ "ဒီကောင်က ဇရှိတဲ့ကောင်၊ ရပ်ကွက်ထဲက ဘယ်ကောင်ကမှ သူ့ကို မော်မကြည့်ရဲဘူး" "မင်းကတော့စံပဲဟေ့၊ မင်းလောက်သောက်နိုင်တဲ့ကောင် မရှိဘူး၊ တကယ့်ကောင်" "ငါ့ကောင်ကတော့ လက်သွက်တယ်ဟေ့၊ ဟောတစ်ယောက်၊ ဟောတစ်ယောက်ပဲ" စတဲ့ စကားတွေကို ဂုဏ်ယူနေတတ်ကြတဲ့ ခွေးမိုက်လို လူတွေဖြစ်တယ်။ မိမိရဲ့ ဆိုးခြင်း၊ မိုက်ခြင်း စတဲ့ ဂုဏ်ပုဒ်တွေကြောင့် သူတော်ကောင်းတွေရဲ့ ရှောင်ကျဉ်ခြင်း ခံရတဲ့အခါမှာလည်း ခွေးရဲ့မာန်တက်ခြင်းနဲ့ တူတဲ့ "ငါ့ရဲ့အရှိန်အ၀ါကြောင့် ငါ့အနားတောင်မလာရဲဘူး" ဆိုတဲ့ မကြောင်းသတင်းကို ဂုဏ်ဒြပ်တစ်ခုအဖြစ် ထင်မြင်နေကြပြန်တယ်။ ခွေးလည်ပတ်ဟာ ဆိုးဝါးခြင်း၊ မိုက်မဲခြင်း ပြယုဂ် ဆိုတာကို မသိဘဲ၊ ဆုလာဘ်တစ်ခု ၊ ဂုဏ်ယူဖွယ်တစ်ခုလို့ ထင်နေကြပြန်တယ်။

အဲဒီလိုခွေးမိုက်နဲ့တူတဲ့ မိုက်မဲခြင်းဂုဏ်ဒြပ်ကို ခုံမင်ကြသူများဟာ ခွေးကြီးရဲ့ကိုက်ခဲခြင်းနဲ့တူတဲ့ ကိုယ့်ထက်မိုက်မဲသူ၊ လက်စားချေလိုသူများ နဲ့တွေ့တဲ့အခါမှာတော့ ခွေးမိုက်ရဲ့ တဂိန်ဂိန်ညဉ်းညူခြင်းလို၊ ကြောက်ရွံ့ထိန့်လန့်စွာနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်း ရတတ်တယ်လို့ဆိုတယ်။ ခွေးမိုက်ဟာ ချောင်မှာ ခွေနေသလို တရားဓမ္မ အလင်းရောင် နဲ့ဝေးကွာရာအရပ်မှာသာ ပုန်းကွယ်ဖြတ်သန်းရလိမ့်မယ်လို့ဆိုလိုရင်းဖြစ်တယ်။

Sometimes what appears to be a clap on the back is actually a slap on the face.
ဆိုတဲ့စကားလို ကိုယ့်ကို အားပေးနေတဲ့လက်ခုပ်သံတွေဟာ ကိုယ့်မျက်နှာကို ဖြတ်ရိုက်နေတဲ့ ရိုက်ချက်တွေ ဖြစ်နေတတ်တယ်လို့ဆိုတယ်။ ကိုယ့်ရဲ့ မိုက်မဲခြင်း၊ လမ်းမှားခြင်းကို ချီးကျူးတဲ့ ချီးကျူးထောပနာပြုသူ တွေဟာလည်း ကိုယ့်ကို လောကရဲ့ အမှောင်ဆုံးနေရာကို တွန်းပို့နေသူများ ဖြစ်နေတတ်တာကို သတိပြုသင့်လှတယ်။

လည်ပတ်များ၏ သဘောကို ဆင်ခြင်နိုင်ကြပါစေ
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။