အိမ်ကွင်း
ချာလီ ချက်ပလင်နဲ့ သိကျွမ်းခင်မင်သွားတဲ့ သူဌေးကြီးတွေက သူမလိုက်ချင်ပါဘူးဆိုတာတောင် တစ်ရက် ဂေါက်ကွင်းကို အတင်းခေါ်သွားကြတယ်။
ဟိုရောက်တော့ သူဌေးကြီးတွေရိုက်တာ အားလုံးက အဆင်ပြေပြေ။ ချာလီ ချက်ပလင်ရိုက်တာတွေက တောင်ရောက်မြောက်ရောက်။ သူ့မှာ တစ်ချက်လွဲတိုင်း တဝါးဝါး တဟားဟား လှောင်ရယ်တာကို ခံနေရတော့တာ။
တစ်ရက် သူ့ဟာသဖျော်ဖြေပွဲဆီ လာကြည့်ဖို့ အဲဒီသူဌေးတွေဆီ မေတ္တာလက်မှတ်တွေ ပို့လိုက်တယ်။ ပွဲနေ့ရောက်တော့ ပွဲမစခင် သူတို့တွေကို စင်ပေါ်ဖိတ်ကြားပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အားလုံးကို မိတ်ဆက်ပေးပြီးတော့ တစ်ဆက်တည်း ပြောချလိုက်တာက . . .
" ဒီသူဌေးကြီးတွေက တစ်ယောက်ကို ပြက်လုံးတစ်ခုစီ ပြောပြပြီးမှ စင်ပေါ်က ဆင်းကြပါလိမ့်မယ် " တဲ့။
သူဌေးတွေ ငါးပါးမှောက်ကုန်တယ်။ လက်ကိုင်ပုဝါထုတ်သူထုတ်၊ ရှူဆေးဘူး ထုတ်သူထုတ်၊ မျက်မှန်ကို အဝတ်စနဲ့ သုတ်သူသုတ်။ ချွေးစေးတွေ ပြန်လို့။ ချာလီ ချက်ပလင်ကလည်း ခဏလောက် ငြိမ်ကြည့်နေလိုက်တယ်။ သူဌေးကြီးတွေ ဘာပြောရမှန်းမသိဘဲ သူ့ကို ကြည့်လာတော့ . . .
" ခင်ဗျားတို့ အခု ကျုပ်ဂေါက်ကွင်းထဲ ရောက်နေကြပြီလေ " တဲ့။
#လူသာမန်
ချာလီ ချက်ပလင်နဲ့ သိကျွမ်းခင်မင်သွားတဲ့ သူဌေးကြီးတွေက သူမလိုက်ချင်ပါဘူးဆိုတာတောင
ဟိုရောက်တော့ သူဌေးကြီးတွေရိုက်တာ အားလုံးက အဆင်ပြေပြေ။ ချာလီ ချက်ပလင်ရိုက်တာတွေက တောင်ရောက်မြောက်ရောက်။ သူ့မှာ တစ်ချက်လွဲတိုင်း တဝါးဝါး တဟားဟား လှောင်ရယ်တာကို ခံနေရတော့တာ။
တစ်ရက် သူ့ဟာသဖျော်ဖြေပွဲဆီ လာကြည့်ဖို့ အဲဒီသူဌေးတွေဆီ မေတ္တာလက်မှတ်တွေ ပို့လိုက်တယ်။ ပွဲနေ့ရောက်တော့ ပွဲမစခင် သူတို့တွေကို စင်ပေါ်ဖိတ်ကြားပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အားလုံးကို မိတ်ဆက်ပေးပြီးတော့ တစ်ဆက်တည်း ပြောချလိုက်တာက . . .
" ဒီသူဌေးကြီးတွေက တစ်ယောက်ကို ပြက်လုံးတစ်ခုစီ ပြောပြပြီးမှ စင်ပေါ်က ဆင်းကြပါလိမ့်မယ် " တဲ့။
သူဌေးတွေ ငါးပါးမှောက်ကုန်တယ်။ လက်ကိုင်ပုဝါထုတ်သူထုတ်၊ ရှူဆေးဘူး ထုတ်သူထုတ်၊ မျက်မှန်ကို အဝတ်စနဲ့ သုတ်သူသုတ်။ ချွေးစေးတွေ ပြန်လို့။ ချာလီ ချက်ပလင်ကလည်း ခဏလောက် ငြိမ်ကြည့်နေလိုက်တယ်။ သူဌေးကြီးတွေ ဘာပြောရမှန်းမသိဘဲ သူ့ကို ကြည့်လာတော့ . . .
" ခင်ဗျားတို့ အခု ကျုပ်ဂေါက်ကွင်းထဲ ရောက်နေကြပြီလေ " တဲ့။
#လူသာမန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။