သင့်ကလေး အူရောင်ငန်းဖျား (တိုက်ဖွိုက်) ဖြစ်ခဲ့လျှင်
-------------------------- -------------------------- -------------------------- ----------------
အူရောင်ငန်းဖျား (တိုက်ဖွိုက်) ဆိုတာ
...
အူရောင်ငန်းဖျားလို့ခေါ်တဲ့ တိုက်ဖွိုက်ရောဂါက ကလေး၊ လူကြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတ ယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကလေးတွေမှာပိုပြီး တွေ့ရတတ်ပါတယ်။ တိုက်ဖွိုက်ဘာကြောင့် ဖြစ်တာလဲဆိုရင် Samonella Typhi လို့ခေါ်တဲ့
ပိုးတွေကြောင့်ဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ အစားအစာထဲမှာ ဖော်ပြပါရောဂါပိုးတွေပါလာရင် ကူးစက်နိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ယင်ကောင်လို သတ္တ၀ါမျိုးဟာ ပထမ မစင်ကိုနားမယ်၊ ပြီးရင်
အစားအစာတွေပေါ်ကိုနားမယ်။ အစားအစာပေါ်နားချိန်မှာ ပထမ မစင်ပေါ်မှာနားထားတာတွေကို အစားအစာပေါ် ပြန်အန်ချမယ်။ ဒါက ယင်ကောင်ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ အဲလိုယင်နားထားတဲ့ မသန့်တဲ့အစားအစာကို စားမိရင် ရောဂါ
ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ယင်နားတဲ့အစားအစာတွေကို မစားသင့်ပါဘူး။ ဒီရောဂါပိုးကပူတဲ့ဒဏ်ကိုမခံ နိုင်ပါဘူး။
ဒီတော့ အစားအစာဆိုရင် ပူပူနွေးနွေးနဲ့ ယင်မနားတဲ့အစားအစာတွေကိုပဲ
စားသင့်ပါတယ်။ ရေဆိုရင်လည်း သေချာကျိုချက်ထားတဲ့ရေကို သောက်ပါ။
ကိုယ်စားမယ့် အစားအစာနဲ့ သောက်ရေတွေမှာ ယင်မနားအောင်ဂရုစိုက်ရမယ်။
ကလေးဖျားနေတဲ့အချိန်မှာဆိုရ င် ပူပူနွေးနွေးအစားအစာကလွဲပြီး တခြားအစားအစာတွေကျွေးချိန်မှာ သတိထားဖို့ လိုပါတယ်။
.......................... .......................... .......................... .......................... .......................... ......
ကလေး၏ ရောဂါအခြေအနေ
...
တိုက်ဖွိုက်ဖြစ်တဲ့ကလေးက ရိုးရိုးကိုယ်ပူဖျားနာသလိုပဲ
ဖျားမယ်၊ ကလေးက နုံးလာမယ်၊ မဆော့တော့ဘူး၊ မှိုင်တွေ နေတတ်တယ်။ ဒီရောဂါပိုးက
အဆိပ်ကို ထုတ်တဲ့ပိုးဖြစ်တဲ့အတွက် ကလေးဟာ တစ်ခါတလေ
ဖျားနာလို့ဖြစ်တဲ့ပုံစံမျိုးမ
ဟုတ်ဘဲ ပိုနုံးပြီး၊ မအီမသာပိုဖြစ်လာမယ်။ တိုက်ဖွိုက်ဖြစ်တဲ့ကလေးဟာ ပထမဆုံးအနေနဲ့ အူရောင်လာမယ်။ ဒီရောဂါပိုးဟာ အူကနေတစ်ဆင့်တစ်ကိုယ်လုံးကို ပြန့်သွားတာကြောင့် ကလေးဟာ တအားကိုယ်တွေပူပြီး ဖျားတာ၊ တက်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီရောဂါကို အူရောင်ငန်းဖျားလို့ခေါ်ကြတာ ဖြစ်တယ်။ အူရောင်ပြီးဖျားမယ်၊ ကလေးက ကိုယ်အပူချိန်ကြောင့် တက်တဲ့အထိပါဖြစ်နိုင်တဲ့အတွ က် အဲလိုအချိန်မှာ စိုးရိမ်ရပါတယ်။ ရောဂါဖြစ်တယ်လို့
သံသယရှိတာနဲ့ ရှေးဦးသူနာပြုစုနည်းထက် ဒီရောဂါကို ပျောက်အောင် သေချာကုသနိုင်မယ့် ဆေးရှိနေတာကြောင့် သေချာဆေးကုသမှု ခံယူတာကတော့ အကောင်းဆုံးပါပဲ။ ဒီရောဂါပိုးကို နှိမ်နင်းနိုင်မယ့် ဆေးကို သုံးပြီး ကုသရင် ပျောက်ကင်းသွားနိုင်ပါတယ်။ ရောဂါကိုသိချိန်မှာ အချိန်ဆွဲမနေဘဲ မြန်မြန်သိ၊ မြန်မြန်ဆေးသောက်ရင် ကောင်းသွားနိုင်ပါတယ်။ ဒါဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း မဖြစ်နိုင်တော့ပါဘူး။
.......................... .......................... .......................... .......................... .......................... ......
အစာကျွေးသင့် မသင့်
...
တိုက်ဖွိုက်ရောဂါဟာ အူရောင်ပြီး ဖြစ်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် လူနာအနေနဲ့ အူထဲမှာ အစာကြာကြာခြေရမယ့် အခြေအနေမျိုး ရှိမနေဖို့လိုပါတယ်။ အူကိုသိပ်ပြီး အလုပ်မပေးသင့်ပါဘူး။ အစာတွေကို အရမ်းခြေနေရတဲ့အခါမှာ အူကရောင်နေတော့ ရောင်ရာကနေ အူပေါက်သွားတဲ့အခြေအနေမျိုး အထိ
ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုက်ဖွိုက်ဖြစ်တဲ့လူနာကို ဆရာတို့က အဖတ်
လုံးဝမကျွေးခိုင်းဘူး။ အရည်ပဲတိုက်ခိုင်းတယ်။ ဒါပေမဲ့ အရည်ထဲမှာ
စွပ်ပြုတ်မပါ ဘူး။ စွပ်ပြုတ်ထဲမှာက အဆီဖုလေးတွေပါပြီး ပိုးပွားတာကို
အားပေးတဲ့အတွက် အရည်ထဲမှာဆိုရင်စွပ်ပြုတ်ကို
မသောက်ခိုင်းပါဘူး။ စွပ်ပြုတ်ကလွဲရင် တခြားအရည်တွေဖြစ်တဲ့ လက်ဖက်ရည်၊
ကော်ဖီ၊ ဟောလစ်၊ နွားနို့၊ မိုင်လိုနဲ့ သစ်သီးဖျော်ရည်လို
အရည်တွေကိုသောက်လို့ရတယ်။ ဒါပေမဲ့ အဖတ်လုံးဝမပါအောင် စစ်ပြီးတော့
သောက်ရမယ်။ ဒါက လူနာအာဟာဖြစ်ဖို့အတွက် တိုက်ကျွေးတာဖြစ်တယ်။ ဒီတော့မှ လူနာက
အာဟာရလည်းမပျက်ဘူး၊ အူကလည်း သိပ်ပြီး အ
လုပ်လုပ်စရာမလိုတာကြောင့် ဆရာတို့အနေနဲ့က အရည်ကိုပဲ သောက်စေချင်တယ်။ ဒီလိုမဟုတ်ဘဲ အစာမာမာတွေကျွေးမယ်ဆိုရင် နဂိုကတည်းက ရောင်နေတဲ့အူရဲ့နံရံတွေက ရိပြီး အစာကို အတင်းချေဖျက်ရတာကြောင့် အူပေါက်သွားတာမျိုးဖြစ်သွား နိုင်တယ်ဆိုတာကို သတိထားသေချာလိုက်နာဖို့လိုပါတယ်။ နောက်ပိုင်း ရောဂါက သက်သာသွားပြီး အဖျားလည်းကျသွားပြီဆိုတော့မှ အစာပျော့ပျော့လေးတွေကို နည်းနည်းချင်းစကျွေးရမယ်။ အစာကြေလွယ်တဲ့အစားအစာတွေကို စပြီးကျွေးရမယ်။ အစာမကြေနိုင်တဲ့ အစားအစာတွေကိုတော့ ရှောင်ဖို့လိုပါတယ်။
ပါမောက္ခ ဦးအက်စ်ကျော်လှ (ကလေးအထူးကုဆရာဝန်ကြီး)
(Good Health Journal 579)
#Good_Health_Journal_Faceb ook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်း ပါးများကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/ Good-Health-Journal-3907742 110236…/
--------------------------
အူရောင်ငန်းဖျား (တိုက်ဖွိုက်) ဆိုတာ
...
အူရောင်ငန်းဖျားလို့ခေါ်တဲ့ တိုက်ဖွိုက်ရောဂါက ကလေး၊ လူကြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတ
ပိုးတွေကြောင့်ဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ အစားအစာထဲမှာ ဖော်ပြပါရောဂါပိုးတွေပါလာရင
အစားအစာတွေပေါ်ကိုနားမယ်။ အစားအစာပေါ်နားချိန်မှာ ပထမ မစင်ပေါ်မှာနားထားတာတွေကို အစားအစာပေါ် ပြန်အန်ချမယ်။ ဒါက ယင်ကောင်ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ အဲလိုယင်နားထားတဲ့ မသန့်တဲ့အစားအစာကို စားမိရင် ရောဂါ
ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ယင်နားတဲ့အစားအစာတွေကို မစားသင့်ပါဘူး။ ဒီရောဂါပိုးကပူတဲ့ဒဏ်ကိုမခံ
..........................
ကလေး၏ ရောဂါအခြေအနေ
...
တိုက်ဖွိုက်ဖြစ်တဲ့ကလေးက ရိုးရိုးကိုယ်ပူဖျားနာသလိုပ
ဟုတ်ဘဲ ပိုနုံးပြီး၊ မအီမသာပိုဖြစ်လာမယ်။ တိုက်ဖွိုက်ဖြစ်တဲ့ကလေးဟာ ပထမဆုံးအနေနဲ့ အူရောင်လာမယ်။ ဒီရောဂါပိုးဟာ အူကနေတစ်ဆင့်တစ်ကိုယ်လုံးကိ
သံသယရှိတာနဲ့ ရှေးဦးသူနာပြုစုနည်းထက် ဒီရောဂါကို ပျောက်အောင် သေချာကုသနိုင်မယ့် ဆေးရှိနေတာကြောင့် သေချာဆေးကုသမှု ခံယူတာကတော့ အကောင်းဆုံးပါပဲ။ ဒီရောဂါပိုးကို နှိမ်နင်းနိုင်မယ့် ဆေးကို သုံးပြီး ကုသရင် ပျောက်ကင်းသွားနိုင်ပါတယ်။ ရောဂါကိုသိချိန်မှာ အချိန်ဆွဲမနေဘဲ မြန်မြန်သိ၊ မြန်မြန်ဆေးသောက်ရင် ကောင်းသွားနိုင်ပါတယ်။ ဒါဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေလည်
..........................
အစာကျွေးသင့် မသင့်
...
တိုက်ဖွိုက်ရောဂါဟာ အူရောင်ပြီး ဖြစ်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် လူနာအနေနဲ့ အူထဲမှာ အစာကြာကြာခြေရမယ့် အခြေအနေမျိုး ရှိမနေဖို့လိုပါတယ်။ အူကိုသိပ်ပြီး အလုပ်မပေးသင့်ပါဘူး။ အစာတွေကို အရမ်းခြေနေရတဲ့အခါမှာ အူကရောင်နေတော့ ရောင်ရာကနေ အူပေါက်သွားတဲ့အခြေအနေမျိုး
လုပ်လုပ်စရာမလိုတာကြောင့် ဆရာတို့အနေနဲ့က အရည်ကိုပဲ သောက်စေချင်တယ်။ ဒီလိုမဟုတ်ဘဲ အစာမာမာတွေကျွေးမယ်ဆိုရင် နဂိုကတည်းက ရောင်နေတဲ့အူရဲ့နံရံတွေက ရိပြီး အစာကို အတင်းချေဖျက်ရတာကြောင့် အူပေါက်သွားတာမျိုးဖြစ်သွား
ပါမောက္ခ ဦးအက်စ်ကျော်လှ (ကလေးအထူးကုဆရာဝန်ကြီး)
(Good Health Journal 579)
#Good_Health_Journal_Faceb
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။