ထိုင်းအစိုးရ ဝက်ဘ်ဆိုက် များကို ဇန်နဝါရီလဆန်းမှစ၍ ဆက်တိုက်
တိုက်ခိုက်နေပြီး အ ချက်အလက်များ စုဆောင်းရယူ နေကြောင်း မြန်မာနိုင်ငံမှ
ဟက် ကာ အဖွဲ့အစည်းတစ်ခုက ပြော ကြားသည်။
Blink Hacker Group (BHG) က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာ မျက်နှာတွင် အဆိုပါ တိုက်ခိုက်မှုများကို ထုတ်ပြန်ကြေညာခဲ့သ လို Email ဖြင့် ဆက်သွယ်မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင်လည်း ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု၌ မြန်မာလုပ်သားနှစ်ဦးအား သေဒဏ်ချမှတ်သည့် ထိုင်းအာဏာပိုင်များကို လက်စားချေတုံ့ပြန်နေခြင်းဟု ဖြေကြားခဲ့ သည်။
ထိုင်းတရားရုံးတစ်ခုက ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းတွင် မြန်မာ လုပ်သားနှစ်ဦးအား သေဒဏ်ချ မှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှု စီ ရင်ချက်မှာ မှားယွင်းနေပြီး မြန်မာ နှစ်ဦးမှာ အပြစ်မရှိဘဲ မြေစာပင် ဖြစ်နေခြင်းဟု ဝေဖန်မှုများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
BHG က ၎င်းတို့သည် ထိုင်း အကျဉ်းဦးစီးဌာန၊ တရားရေးဝန် ကြီးဌာန အပါအဝင် ဝက်ဘ်ဆိုက် များမှ အချက်အလက်များကို ထိုး ဖောက်ရယူပြီး ယင်းတို့ကို လူ သိရှင်ကြား ထုတ်ဖော်ပြသရန် အစီအစဉ်ရှိကြောင်းလည်း ဆို သည်။
ထိုင်းရဲတပ်ဖွဲ့က ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံနေရခြင်းကို အတည်ပြုဝန်ခံခဲ့ပြီး အဆိုပါ ကိစ္စ၏ လက်သည်မှာ မြန်မာ ဟက်ကာများ ဖြစ်သည်ဟု အခိုင် အမာ မယူဆနိုင်သေးကြောင်း ငြင်းဆိုခဲ့သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ စစ်တပ်အုပ်ချုပ်သည့်စနစ် ကုန်ဆုံးသွားပြီးကတည်းက ယခု တိုက်ခိုက်မှု အပါအဝင် ဟက် ကာလှုပ်ရှားမှုများ ပိုမိုမြင့်တက် လာကြောင်း လေ့လာသူများက ဆိုသည်။
အမျိုးသားရေးဝါဒကို အ ခြေခံသည့် ဟက်ကာများက ပြည် ပနိုင်ငံများမှ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခြင်းသည် အသစ်အ ဆန်း မဟုတ်တော့သလို အစိုးရ မူဝါဒများကို ဝေဖန်ခြင်း၊ (သို့မဟုတ်) ဘင်္ဂါလီအရေးတွင် ထောက်ခံမှုဆန်ဆန် ရေးသား ခြင်းများ ရှိခဲ့သည့် ပြည်တွင်းမီဒီ ယာများလည်း ပစ်မှတ်ထားခံခဲ့ ရဖူးသည်။
BHG က Irrawaddy နှင့် DVB ကဲ့သို့ သတင်းဝက်ဘ်ဆိုက် များကိုလည်း ၎င်းတို့ ပစ်မှတ်ထား ကြောင်း ပြောဆိုခဲ့ဖူးပြီး မီဒီယာကို ဝါဒဖြန့်မှုအဖြစ် ခုတုံးလုပ်အသုံး ချနေခြင်း မပြုသင့်ဟု ၎င်းတို့ ယုံကြည်ကြောင်း ပြောကြားထား သည်။
အဆိုပါ ဝက်ဘ်ဆိုက်နှစ်ခု ၏ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း ဟက်ကာများ၏ တိုက် ခိုက်မှု ခံခဲ့ရကြောင်း အတည်ပြုခဲ့ သည်။
BHG က ၎င်းတို့သည် မြန် မာစစ်တပ်နှင့် ပူးပေါင်းကာ ပိုမို ကောင်းမွန်သည့် အင်တာနက် ပတ်ဝန်းကျင်ကို တည်ဆောက် ရန် အဆင်သင့် ရှိခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ဟု ဆိုသည်။
BHG တွင် အဖွဲ့ဝင် ၂၀ ရှိပြီး တပ်မတော်နှင့် ဆက်နွှယ်သူ တစ်ဦးမျှ မပါရှိကြောင်းလည်း ပြောကြားထားသည်။
ဟက်ကာတိုက်ခိုက်မှုများ တွင် မြန်မာ့တပ်မတော်၏ ဆိုက် ဘာစစ်တပ်ယူနစ်များ ပူးပေါင်း ပါဝင်နေကြောင်း စွပ်စွဲမှုများ လည်း ထွက်ပေါ်ဖူးရာ အစိုးရ ပြောရေးဆိုခွင့်ရအရာရှိ ဦးရဲထွဋ် က ငြင်းဆန်ပြီး မြန်မာ့တပ်မ တော်၏ စွမ်းဆောင်ရည်နှင့် ပတ် သက်၍ အချို့သော လူပုဂ္ဂိုလ်များ က လွန်လွန်ကဲကဲ ခန့်မှန်းနေကြကြောင်း မှတ်ချက်ပေးထားသည်။
—Ref: Bangkok Post
http://www.7daydaily.com/story/59043

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။