Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 26, 2016

ဆရာမြင့်မိုးအောင်အပေါ်အထင်မှားခြင်း နဲ့ ဆရာမြင့်မိုးအောင် ၏ *ဗုဒ္ဓပူဇနိယ * ရှင်းတမ်း

ဆရာမြင့်မိုးအောင်အပေါ်အထင်မှားခြင်း
နဲ့
ဆရာမြင့်မိုးအောင် ၏ *ဗုဒ္ဓပူဇနိယ * ရှင်းတမ်း

=====
Arakanese Community ဆိုသောFacebook စာမျက်နှာတွင် HADAYA မှတင်ထားသောPOSTပါ ……

ဓာတ်ပုံမှာ… ပြည်ထောင်စုသမ္မတ မြန်မာနှိင်ငံတော်အစိုးရ၏ ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ပထမတန်း `ရခိုင်ဖတ်စာ´၏ နောက်ဆုံးစာမျက်နှာတွင်ပါရှိသည့် ဗုဒ္ဓပူဇနိယ ယိမ်း သာခြင်းစာများ ဖြစ်ပါသည်။

တေးသံရှင်`ချမ်းချမ်း´သီဆိုပြီး နှိင်ငံကျော်ခဲ့သည့် ရခိုင်လူမျိုးတို့၏ `ယိမ်းသာခြင်း´တစ်ပုဒ် ဖြစ်ပါ၏။
တေးရေးသူမှာ စစ်တွေမြို့မှ ရခိုင်လူမျိုး `ဦးဦးဘသာ´ဖြစ်ပါသည်။၁၉၆၄ခုနှစ် ပြည်ထောင်စုနေ့တွင် ရန်ကုန်သို့ကပြဖြေဖျော်မည့် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ မြတ်ဘုရားရှင်ကို ပူဇော်သည့် ရခိုင့်ဆီမီးခွက်အကယိမ်းအတွက် သင့်လျှော်လိုက်ဖက်လွန်းစွာ စပ်ဆိုရေးသားခဲ့သည့် သီချင်းတစ်ပုဒ် ဖြစ်ပါ၏။

ပထမဆုံးသီဆိုသူမှာလည်း `တေးရေးသူ-ဦးဦးဘသာ´ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ထို့နောက် ဖိုးလမင်းယပ်တောင်လုပ်ငန်းနှင့် စေတနာပုံနှိပ်တိုက်ကို လုပ်ကိုင်ခဲ့သည့် ဦးအောင်ကျော်သာနှင့် ရခိုင်ရိုးရာ ယဉ်ကျေးမှုဌာနမှဖြစ်သော မစန္ဒာသန်း မဥမ္မာသန်းတို့က တိပ်ခွေထုတ်၍ သီဆိုခဲ့ကြသည်။
မစန္ဒာသန်းနှင့် မဥမ္မာသန်းတို့မှာ ညီအစ်မနှစ်ဦးဖြစ်ကာ ရခိုင်ရိုးရာ ယဉ်ကျေးမှုဌာန၏ အဖွဲ့ဝင်လူကြီးတစ်ဦးဖြစ်သူ ဦးအောင်ကျော်သန်း၏ သမီးများဖြစ်ပါသည်။ လက်ရှိ ပြည်တော်သာရပ်ကွက်တွင် နေထိုင်ပါသည်။
ဦးအောင်ကျော်သာမှာ ရခိုင်မိုနို တေးသံရှင်တစ်ဦးဖြစ်ပြီး နဝတခေတ်မှ ဆိုကရေးတီး ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ကာ… နောက်ပိုင်း၌ နှိင်ငံတော်အဆင့် ဆိုကရေးတီး ဒိုင်လူကြီးအဖြစ်လည်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။လက်ရှိလည်း ဆောင်ရွက်နေဆဲသာ ဖြစ်ပါသည်။
ဤမျှလောက်ဆိုက တေးသံရှင်ချမ်းချမ်း၏ `ဗုဒ္ဓပူဇနိယ´သီချင်းမြစ်ဖျားကို သိရှိ အရိပ်ကျကြပေတော့မည်။
ဤသို့ ရေးသားတင်ပြရခြင်းမှာ အဆိုတော်ချမ်းချမ်းကိုယ်တိုင်က သူ့ဘဝ၏ အနုပညာခရီးတွင် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနှိင်ခဲ့သည့် ဗုဒ္ဓပူဇနိယသီချင်း၏ မူလတေးရေးနှင့် မူလတေးသံရှင်များကို ထုတ်ဖော်ပြောကြားသံကို မကြားမိဘဲ တေးရေးဆရာ ကိုမြင့်မိုးအောင်က ဆိုခိုင်းလို့ ဆိုလိုက်တာပါဟုသာ မြင့်မိုးအောင်ကဘဲ တေးရေးသလိုလို ဝေလည်လည် လုပ်နေ၍ဖြစ်ပါသည်။
အမှန်ဆိုလျှင် ချမ်းချမ်းကိုယ်တိုင်ကပင် မူလ/မူပိုင် အနုပညာရှင်များကို ကိုယ့်တို့အနုပညာသည်အချင်းချင်း ရိုင်းပင်းကူညီသည့်အားဖြင့် မြှင့်တင်ဖော်ထုတ် ကျေးဇူးတင်ရပါမည်။ထို့မှတစ်ဖန် ဤသီချင်းကို သီဆိုခွင့်တောင်းခံခြင်း တေးသီချင်း ဉာဏ်ပူဇော်ကြေး ပေးခဲ့ခြင်းမရှိပါက မူပိုင်ခွင့်များပင် ချိုးဖောက်ရာကျကာ `ခိုးယူခြင်း´မြောက်သည့်အတွက် ရခိုင့်အနုပညာရှင်များအနေဖြင့် ဤအတိုင်း ပေါ့ပေါ့တန်တန် မနေကြတော့ဘဲ ထိရောက်စွာ အရေးယူရမည့် ကိစ္စသာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
- HADAYA-

ဆရာမြင့်မိုးအောင် ၏ *ဗုဒ္ဓပူဇနိယ * ရှင်းတမ်း
ဆရာမြင့်မိုးအောင် ရဲ့
ဗုဒ္ဓပူဇနိယ သီချင်းနဲ့ပတ်သက်ပြီး တေးရေး မြင့်မိုးအောင် မှ အသိပေးရှင်းလင်းချက်
ကျွန်တော် တေးရေး မြင့်မိုးအောင်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်အနည်းငယ်က ဒီသတင်းကိုကြားပါတယ်။
ဒါပေမယ့် ကျွန်တော်က Facebook သိပ်မဝင်ဖြစ်တော့အတိအကျမသိဘူးဖြစ်နေတယ်။
ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် 7Days ဂျာနယ်က
လဲမေးပါတယ်။မိတ်ဆွေတစ်ယောက်ကလဲပြပါတယ်။အခုလိုကျွန်တော်ဆီ ကိုFace Book ကနေအကြောင်းကြားတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။အကြီးအကျယ်လွဲမှားမှုကြီးဖြစ်တဲ့အတွက်
ကိုယ်ချင်းစာမိပါတယ်။သက်ဆိုင်သူအားလုံးကို
လဲသေချာရှင်းပြချင်ပါတယ်။
ဗုဒ္ဓပူဇနိယ တေးသီချင်းကို၂၀၀၈ ခုနှစ်လောက်မှာ MRTV4 မှာတင်ဆက်တဲ့Fashion Music Festival
အစီအစဉ် မှာ ကျွန်တော်စီစဉ် ထုတ်လွှင့်ခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားရေဒီယို က မဥမ္မာသန်း အကူအညီနဲ့ပါ။သူပဲမြန်မာပြန်ပေးပါတယ်။အကအဖွဲ့လည်းသူတို့ပါပဲ။တေးရေးသူ အမည်မေးတော့ ဦးအောင်ကျော်ခိုင် လို့ပြောပါတယ်။တေးရေးအမည်လဲတပ်ပါတယ်။
တေးရေးခလဲသူကတစ်ဆင့်ပေးလိုက်ပါတယ်။ကျွန်တော်က Music Producerသက်သက်ပါ။
MTV EXIT ကထုတ်လွှင့်ချိန်မှာတော့ မဥမ္မာသန်း ကလဲ နေပြည်တော် ကို အလုပ်ပြောင်းရွှေ့ရင်းဆိုင်
ကယ်မတော်တဆဖြစ်လို့ဆုံးသွားတယ်လို့သိရပါတယ်။တစ်ခြားအသိ တစ်ယောက်ကလဲ တေးရေး
ဦးအောင်ကျော်ခိုင်မဟုတ်ပဲ ရိုးရာတေးပဲလို့ပြောတဲ့အတွက် MTV EXIT စီစဉ် သူတွေကလဲ တေးရေး ခမပေးဖြစ်ပဲ တေးရေးအမည်လဲအတိအကျမဖော်ပြနိုင်ခဲ့ပဲ ရခိုင်ရိုးရာဓမ္မတေးလို့ပဲဖော်ပြပေးနိုင်ခဲ့ပါတယ်။
တေးသံရှင် ချမ်းချမ်း က သူ့ရဲ့အိပ်မက်စီးရီးထဲမှာထည့်လိုက်တဲ့အခါ ကျွန်တော့် ကိုခင်မင်ရင်းနှီးတယ်ဆိုပြီး ကြိုတင်အကြောင်းမကြားခဲ့ပါဘူး။ စာနယ်ဇင်း ပွဲဖိတ်လို့ရောက်တဲ့အခါမှာတော့သီချင်းစာအုပ်နဲ့ကာဗာမှာမှားယွင်းပုံနှိပ်ထားတာတွေ့ရပါတယ်။ကျွန်တော် Music Producer လုပ်ပေးခဲ့တဲ့သီချင်း၂ပုဒ်လုံးပါ။တစ်ပုဒ် ကတော့ ဆရာမင်းသုဝဏ်ရဲ့ကဗျာကို ဆရာK ရဲ့ သံစဉ် နဲ့ ပုခက်လွှဲချင်းပါ။ရွာဆိုတဲ့ဇါတ်ကားအတွက် ဇါတ်ဝင်တေးအဖြစ်ဖန်တီးခဲ့တာပါ။နောက်တစ်ပုဒ်က ဗုဒ္ဓပူဇနိယပါ။နှစ်ပုဒ်စလုံးကို တေးရေး မြင့်မိုးအောင်ဆိုပြီးမှားတပ်ထားတာပါ။အဲဒီအတွက် စာနယ်ဇင်းတွေသိအောင် ကျွန်တော်ကိုယ်တိုင် ချမ်းချမ်းရှေ့မှာရှင်းလင်းပြောပြပြီး ချမ်းချမ်းကိုယ်စားလည်းသက်ဆိုင်သူ
တွေအားလုံးကို တောင်းပန်ခဲ့ပါတယ်။သူပေးတဲ့တေးရေးခကိုလည်း ပုခက်လွှဲ ချင်းအတွက် ဆရာမင်းသုဝဏ်နဲ့ ဆရာK မိသားစု။ ဗုဒ္ဓပူဇနိယသီချင်းအတွက်တေးရေးသူမသိတောင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ကို အပ်နှံဖို့ရည်ရွယ်ခဲ့ပါတယ်။မူပိုင်ခွင့်ကိစ္စတွေ နဲ့ဆက်နွယ်ပြီးဆရာဦးသန်းမောင်(စစ်တွေ)နဲ့တွေ့ဆုံချိန်မှာလဲ တေးရေးအမည်မှန် ကူညီစုံစမ်းပေးရန်နဲ့ မသိခဲ့ရရင် ရခိုင်ယဉ်ကျေးမှု အဖွဲ့ကိုပေးချင်တဲ့အကြောင်းစကားစပ်ရင်းပြောဖြစ်ခဲ့ပါတယ်။
အခုကိစ္စကတော့ ချမ်းချမ်းက သူ့ရဲ့အိပ်မက်စီးရီးကို Myanmar online Store မှာရောင်းတဲ့အခါ
အချက်အလက်တွေမလိုဘူးထင်ပြီး မှန်အောင်ပြင်ဆင်မပေးလိုက်တဲ့အတွက်အခုလိုစိတ်ရှုပ်ထွေးစရာတွေပေါ်ပေါက်သွားရတာပါ။ဒီကိစ္စကိုသိသိချင်းပဲ ချမ်းချမ်းကိုရော Myanmar online Store ကိုရောအကြောင်းကြားပြီးပါပြီ။ပုခက်လွှဲသီချင်းရေးသူအမည်မှန်ကိုလဲ ပြောင်းလဲပြီးပါပြီ။ဗုဒ္ဓပူဇနိယ သီချင်းကတော့ တေးရေးသူနေရာမှာ ရခိုင်ရိုးရာဓမ္မတေး လို့ပဲလတ်တလောပြင်ဆင်ထားပြီး အမည်မှန်သိတဲ့အခါ အတိအကျဖော်ပြနိုင်မှာဖြစ်ပါတယ်။ဦးအောင်ကျော်ခိုင်လား။ဦးဦးဘသာ လား။
တစ်ခြားတစ်ယောက်လား။အတိအကျသိသူတွေကူညီ ပေးစေချင်ပါတယ်။
ကျွန်တော်ဟာမူပိုင်ခွင့်ကိုရော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုပါ လေးစားတန်ဖိုးထားသူပါ။
ဘာပဲဖြစ်ဖြစ် ဝေဖန်ရေးသားအကြောင်းကြားကြသူတွေကို ကျေးဇူးတင်သလိုသက်ဆိုင်သူအားလုံးကိုလဲ
အနူးအညွတ် တောင်းပန်ပါတယ်။
လိုအပ်တာရှိသေးရင်လဲ ၀၉ ၇၉၅၀၃၀၇၂၁ ကို
ဆက်သွယ်မှာကြားနိုင်ပါတယ်။
လေးစားစွာဖြင့်
တေးရေး - မြင့်မိုးအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။