Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 22, 2016

အောင်ဆန်းသူရိယဘွဲ့ရ ဂေါ်ရခါးလူမျိုးစွပ်ဗဟာဒူးရိုင်း အကြောင်း

အောင်ဆန်းသူရိယဘွဲ့ရ ဂေါ်ရခါးလူမျိုးစွပ်ဗဟာဒူးရိုင်း အကြောင်း
------------------------

သူ၏ လုပ်ရည်ကိုင်ရည်၊ ဖြတ်ထိုးဥာဏ်နှင့်ရဲစွမ်းသတ္တိသည် မြန်
မာတင်မက ကမ္ဘာမှာပါစံတင်လောက်ပေသည်။

စွပ်ဗဟာဒူးရိုင်းဟုဆိုသည်နှင့် ရန်သူတစ်ရာကျော်အလောင်းများ ၏အလယ်တွင် ဘရင်းဂန်းကိုင်ပြီးကျဆုံးနေသည့် စစ်သူကြီး တစ် ဦးအဖြစ်သာမြင်ယောင်မိပါတော့သည်။
အမှန်စင်စစ်တော့သူသည် စစ်သူကြီးတဦးမဟုတ်ခဲ့သလို အရာရှိ
တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ မြန်မာ့တပ်မတော်မှ သာမာန် ရဲဘော်လေးတစ်ယောက်သာ။


ဖြစ်စဉ်မှာ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်
တပ်ရင်း၏ (ဃ) တပ်ခွဲ သည် ရှမ်းပြည်တောင်ပိုင်း တာလေမှ ပန် ခီသို့ချီတက်စဉ် အင်အားအဆ မတန်များပြားသော ရန်သူတရုတ် ဖြူသောင်းကျန်းသူများနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ရန်သူမှ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် မိမိတပ်မှ ပါ လာသည့် စစ်ကားခုနှစ် စီးပေါ်ရှိ စစ်သည်အားလုံးနီးပါး ကျဆုံးခဲ့
ရသည်။ ထိုအချိန်၊ ထိုအခြေအနေဝယ် အသက်ရှင် ကျန်သူတဦး
မှာ စွတ်ဗဟာဒူးရိုင်းပင်ဖြစ်လေတော့သည်။

သူသာကျဆုံးခဲ့ပါလျှင် တပ်မတော်ပိုင်ရိက္ခာ၊ယာဉ်၊လက်နက်များ
အားလုံး ရန်သူ့ လက်အတွင်းသို့ ကျရောက်မည်မှာ မလွဲဧကန်
ပင်။

အင်အားခြင်း မမျှသည့် ရန်သူအား ပြန်တိုက်ခိုက်လျှင်လည်း နိုင်
ရန်ရာခိုင်နှုန်း နည်းလွန်းလှသည်။ ထွက်ပြေးလျှင် အသက်ဘေးမှ လွတ်မြောက်နိုင်သော်ငြားလည်း သူ၏ ဆုံးဖြတ်ချက်က ပြတ်သား လွန်းလှသည်။


သူသေမှ တပ်ပိုင် ယာဉ်၊ ရိက္ခာ၊ လက်နက်များကို ရန်သူတို့ ရစေ့
မည်ဟု သန္နိဌာန်ချကာ ကားပေါ်တွင် ပါလာသောသေနတ်များကို အောက်သို့ ဆွဲချသည်။ ပြီးနောက် ထို သေနတ်များကို ရင်ဘောင် တန်းဖြန့်ခင်းပြီးနောက် ဆက်သွယ်ရေးစက်ဖြင့် နောက်တန်းသို့
အကြောင်းကြားသည် ။ ပြီးသည်နှင့် သေနတ်များဖြန့်ခင်းထား
ရာနေရာ၏ တဖက်ထိပ်မှစပြီး သေနတ်ကိုပစ်လေတော့သည်။
သေနတ်ပစ်နေရင်းမှလည်း သူ၏နှုတ်မှ.....

" ဘယ်ဘက်ကပစ်ဟေ့" ဟု အော်ဟစ်ကာ ညာဘက်သို့ ပြေး
ပြန်သည်။ ထို့နောက် ညာဘက်သို့ ပြေးပြန်ကာ " ညာဘက်က
ပစ်ဟေ့" ဟူ၍ ထပ်မံအော်ဟစ်ပြီး အလယ်မှ လက်ပစ်ဗုံးထပ်
ပစ်လေသည်။

" မြန်မာ့တပ်မတော်ကွ မင်းတို့ လူအင်အားလောက်တော့မမှုဘူး"
သူတစ်ဦးတည်း တောင်ပြေးလိုက် ပစ်လိုက်၊ အော်လိုက်၊ မြောက် ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်ကာ တဖက်ရန်သူတပ်များ
အား မိမိတို့ထံတွင် ရန်သူအား ခုခံတိုက်ခိုက်ရန် အင်အားရှိနေ
သေးဟန်ဖြင့် စိတ်ဓါတ်ရေးရာအရပါ စစ်ကစားခဲ့လေသည်။

ရန်သူတပ်များသည်လည်း မြန်မာ့တပ်မတော်မှာ အင်အားအ
မြောက်အများ ကျန်ရှိနေသေးသည်ဟု မှတ်ထင်ကာ အနီးကပ်
ချေမှုန်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ စွတ်ဗဟာဒူး ရိုင်းသည် မမော
နိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်ပြုရင်းဖြင့် တဖက်ရန်သူများအား ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေခဲ့လေသည်။

ရန်သူမှာလည်း စွတ်ဗဟာဒူးရိုင်းအား တက်ရောက်ချေမှုန်းနိုင်ရန် ရဲစွမ်းသတ္တိမရှိလေသောကြောင့် အကျဆုံးများနေချိန်ဝယ် မြန်မာ့ တပ်မတော်မှ စစ်ကူများရောက်လာခဲ့ ပါတော့သည်။
သို့သော် တပ်သားစွတ်ဗဟာဒူးရိုင်းကတော့ ရန်သူတစ်ရာကျော်
အလောင်းများ၏ အရှေ့တွင် ဘရင်းဂန်းသေနတ်ကို ကျစ်ကျစ်ပါ
အောင်ပိုက်လျက် ထရပ်ကားကိုမှီရင်း ကျဆုံးနေခဲ့ပါပြီ။

နောက်ဆက်တွဲ ….

ကိုယ်ပိုင်အမှတ် ၀၁၉၁၄၊ ကျဆုံးရဲဘော် ဆပ်ဘဟား ဒူရွိုင်းသည် ကျဆုံးချိန်ထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဧည့်နိုင်ငံသား ကဒ်ပြား သော်လည်းကောင်း၊ နိုင်ငံသား ကဒ်ပြားသော် လည်းကောင်း မ
ပိုင်ဆိုင်သည်ကို တွေ့ရှိရကြောင်း တပ်မတော် မှတ်တမ်းဌာနမှ
မှတ်ချက်ရေးထိုး ပေးပို့ခဲ့ပါသည်။

ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌါနမှ တပ်မတော်အတွင်း
ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း (ခြောက်တန်းကျောင်း သား) အဖြစ်လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်
ထားဆဲဖြင့်လည်းကောင်းပြန်လည်ပေးပို့ခဲ့ပါသည်။

တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌာနတို့က သုံး ပါတီတပ်ပေါင်းစု သိမ်းယူထားသောမဲနယ်တောင်ပေါ်သို့ ကွန်မန် ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက်
သိမ်းပိုက်ခဲ့သောစစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ်အား ပထမဆုံး
ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့တံဆိပ်သာ ရဲဘော်ဆပ်ဘဟားဒူး
ရွိုင်းအား အပ်နှင်းရန် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် ထံ
တင်ပြခဲ့ကြသည်။

ထိုအချိန်မတိုင်မီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ် ပြားသော်လည်းကောင်း၊ ဧည့်
နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားသော်လည်းကောင်း မပိုင်ဆိုင်ခဲ့သည့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အမြင့်မား
ဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံး
ဖြတ်ခဲ့ပါသည်။ ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသားကဒ်ပြား အမြန်ဆုံး ထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။

စာကြွင်း။ မှတ်တမ်းမှတ်ရာများ ချွတ်ချော်မှားယွင်းမှုရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာလျှင် ဖြစ်ပါကြောင်း။
ရေးသားသူ = Khant Linn Htet
မှတ်ချက် - အောင်ဆန်းသူရိယဆွတ်မဟာဒူးရိုင်းရဲ့ပုံကို ရှာရခက် တာမို့ ဒုတိယကမ္ဘာစစ်အတွင်းက ဂေါ်ရခါးတပ်ရင်းတွေရဲ့ ပုံတွေ
ကို မှန်းဆကြည့်နိုင်အောင်ထည့်ပေးလိုက်ပါတယ်။ ပုံထဲမှာပါတဲ့
မြစ်ကိုဖြတ်ကူးနေတဲ့ပုံဟာ ဗြိတိသျှ အမှတ် ၄ ဂေါ်ရခါးတပ်ရင်း
ပါ။ မြန်မာနိုင်ငံက ဖိုးဂေါ်ရခါးခေါ် ခလရ ၄ ဟာလည်း အဲဒီတပ်
ရင်းကိုအမွေဆက်ခံထားတာဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။