အဋ္ဌမမြောက် Edward ဘုရင်မင်းမြတ်(သို့မဟုတ်) နှစ်ဆယ်ရာစု၏ နာမည်ကျော်အချစ်ဇာတ်လမ်းတစ် ပုဒ်
************************** ************************** ***************
အင်ပါယာပြည့်ရှင်ဘုရင်တစ်ပါးအနေနဲ့
အချစ်အတွက် နန်းစည်းစိမ်နဲ့ အာဏာကို စွန့်ခဲ့တယ်ဆိုရင် စာဖတ်သူအနေနဲ့
ယုံကြည်နိုင်ပါ့မလား… အချစ်အတွက် အစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတွေကို
ဆန့်ကျင်ချိုးဖောက်ခဲ့တဲ့ ဧကရာဇ်ဘုရင်တစ်ပါး နှစ်ဆယ်ရာစုအတွင်းမှာ
ပေါ်ပေါက်ခဲ့တယ်ဆိုတာ သင်သိပါရဲ့လား။ ဒါဟာ ပါးစပ်ရာဇဝင်တစ်ခုမဟုတ်ပဲ အမှန်တကယ်ရှိခဲ့ပါတယ်။
.
သူကတော့ ဗြိတိသျှနေမဝင်အင်ပါယာကြီးရဲ့
အရှင်သခင်တစ်ပါးဖြစ်တဲ့ အဋ္ဌမမြောက် Edward ဘုရင်ဟောင်း Windsorမြို့စား
Edward မင်းသားကြီးပဲ ဖြစ်ပါတယ်။ Edwardမင်းသားကြီးကို 1894ခုနှစ် ဇွန်လ
23ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပဉ္စမမြောက် George ဘုရင်မင်းမြတ်နဲ့
Maryဘုရင်မတို့ရဲ့ သားကြီးသြရသဖြစ်ပြီး မွေးချင်းလေးယောက်အထဲမှာ
အကြီးဆုံးသားဖြစ်ပါတယ်။ Osborne ရေကြောင်းတက္ကသိုလ်၊ Dartmouth
တော်ဝင်ဘုရင့်ရေတပ်မတော်စစ် တက္ကသိုလ်နဲ့ Oxford တက္ကသိုလ်လက်အောက်ခံ Magdalen ကောလိပ်တို့မှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ဗြိတိသျှဘုရင့်တော်ဝင်မိသား စုရဲ့ အရေးပါတဲ့သူတစ်ဦးဖြစ်ပြီး အင်ပါယာကြီးရဲ့ ထီးမွေနန်းလျှာတစ်ပါးအဖြစ် လူသိများထင်ရှားခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
.
1911ခုနှစ်မှာ ဖခင်ဖြစ်သူ ပဉ္စမမြောက် Georgeဘုရင် ထီးနန်းဆက်ခံခဲ့ပြီး Edwardဟာ ဝေလကျွန်းကို အပိုင်စားရသူ အိမ်ရှေ့မင်းသားဖြစ်လာခဲ့ပါ တယ်။ ပထမကမ္ဘာစစ်ဖြစ်ပွားချိန်တွင်
ဘုရင့်ကြည်းတပ်မတော်မှာ အမှုထမ်းခဲ့ပါတယ်။ အီတလီစစ်မျက်နှာတွင်
တာဝန်ထမ်းဆောင်ရစဉ် ဂျာမန်ပရက်ရှန်းတပ်များက သူတာဝန်ကျတဲ့ ခံတပ်ကို
အပြင်းအထန်ဝိုင်းရံတိုက်ခို က်စဉ် “ငါသေလို့ အကြောင်းမထူး၊ ဘုရင်မင်းမြတ်မှာ သားသမီးသုံးယောက်ကျန်သေးတယ် ”လို့ စစ်ရုံးချုပ်ကို ပြတ်ပြတ်သားသား အကြောင်းပြန်ခဲ့သူလည်း ဖြစ်ပါတယ်။
.
ပထမကမ္ဘာစစ်လွန်ကာလမှာ အိမ်ရှေ့စံမင်းသားတစ်ပါးအနေ နဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်စာနယ်ဇင်းမီဒီယာတွေ မှာ
“ကြောက်ရွံမှုကင်းတဲ့ မြင်းစီးသမား”၊ “လူပျိုလူလွတ်များရဲ့ စံပြပုဂ္ဂိုလ်”၊
“နှုတ်ခမ်းနီမလေးများရဲ့ အိပ်မက်” စသည်ဖြင့် ဖော်ပြခဲ့ကြပါတယ်။
.
သူ့ဘဝကို လုံးဝပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ သူ့ရဲ့အိမ်ရှေ့စံဘဝ 1931ခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီ့အမျိုးသမီးကတော့ အမေရိကန်နိုင်ငံသူ Wallis Simpson ဆိုသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရေတပ်မတော်က လေသူရဲတစ်ဦးရဲ့ ဇနီးဟောင်းဖြစ်ပါတယ်။ သူမဟာ မင်းသားကြီးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး နောက်ပိုင်းမှာ ချစ်သူတွေဘဝရောက်ရှိခဲ့ကြပါ တယ်။ 1934ခုနှစ်မှာတော့ မင်းသားကြီး Edwardက သူတို့နှစ်ယောက်ရည်ငံနေကြေ ကာင်းနဲ့ သူ့အနေနဲ့ Mrs. Simpsonကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြောင်းကို ဘုရင့်မိသားစုနဲ့ တိုင်းပြည်ကို ဖွင့်ဟခဲ့ပါတော့တယ်။
.
ဗြိတိန်လွှတ်တော်၊ အစိုးရဝန်ကြီးအဖွဲ့၊ ဓနသဟာယနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတစ်နိုင်ငံလုံးက
Mrs. Simpsonလို အိမ်ထောင်ပျက်တစ်ယောက်ကို သူတို့ရဲ့ ဝေလမင်းသမီးအဖြစ်၊
နောင်တစ်ချိန်မှာ နန်းတက်ရမယ့် ဗြိတိသျှနန်းလျှာတစ်ပါးရဲ့ ကြင်ယာတော်
ဘုရင်မလောင်းအဖြစ် လက်ခံဖို့ ခါးခါးသီးသီးငြင်းဆိုခဲ့ကြပါတယ်။
ပဉ္စမမြောက် George ဘုရင်မင်းမြတ်နဲ့ Maryဘုရင်မတို့ကတော့ ဒီအမျိုးသမီးဟာ
သူတို့ရဲ့ သားကို လိင်ပိုင်းဆိုင်ရာအရ ဖြားယောင်းသွေးဆောင်ထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ အင်္ဂလန်ကျောင်းတော် သာသနာပိုင်များအနေနဲ့ကလည်း သူတို့နှစ်ဦးကို ထိမ်းမြားပေးဖို့ လုံးဝငြင်းဆိုခဲ့ပါတယ်။
.
မည်သို့ပင်ဆိုစေကာမူ 1936ခုနှစ် ပဉ္စမမြောက် George ဘုရင်မင်းမြတ်နတ်ရွာစံပြီး မင်းသားကြီးဟာ အဋ္ဌမမြောက် Edward ဘုရင်မင်းမြတ်အနေနဲ့ ဗြိတိသျှထီးနန်းကို ဆက်ခံခဲ့ပါတယ်။ ဘာသာရေး၊ နိုင်ငံရေးနဲ့ အခြားသော ဓလေ့ထုံးတမ်းဥပဒေများက ပိတ်ပင်တားဆီးထားတဲ့ကြားကပင် Edwardဘုရင်ဟာ 1936ခုနှစ် ဒီဇင်ဘာလ 10ရက်နေ့မှာ ထီးနန်းစွန့်လွှတ်ကြောင်းကြေ ငြာချက်ကို
လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာ11ရက်နေ့ မနက် 1နာရီခန့်မှာ
ရေဒီယိုမိန့်ခွန်းကတစ်ဆင့် တစ်ကမ္ဘာလုံးကို ကြေငြာခဲ့ပါတယ်။ Edward
မင်းသားကြီး ထီးနန်းစွန့်ပြီးနောက်မှာ Windsorမြို့စားအဖြစ်
ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ 1937ခုနှစ်မှာတော့ Edwardမင်းသားကြီးဟာ
ပြင်သစ်နိုင်ငံက ဘုရားကျောင်းကလေးတစ်ခုမှာ သူ့ချစ်သူ Wallis Simpsonနဲ့
လက်ထပ်ခဲ့ပါတယ်။
.
သူတိုနှစ်ဦး ပြင်သစ်နိုင်ငံ Parisမြို့မှာ နေထိုင်နေစဉ်အတွင်း နာဇီဂျာမနီနိုင်ငံကို 1937ခုနှစ် အောက်တိုဘာလမှာ ဗြိတိသျှတော်ဝင်မိသားစုရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟစ်တလာကို ထောက်ခံသူအဖြစ် ပြည်သူလူထုရဲ့ စွပ်စွဲခြင်းကို ခံခဲ့ရပြန်ပါတယ်။ 1940ခုနှစ် Lisbonမြို့ကို ဂျာမန်တပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက်မှာ ညီတော် ဆဋ္ဌမမြောက် Georgeဘုရင်အမိန့်နဲ့ Bahamaကျွန်းစုများရဲ့ ဘုရင်ခံချုပ်နဲ့ စစ်သေနာပတိချုပ်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံခဲ့ရပါတယ်။
.
သူ မကွယ်လွန်မီမှာ ပြင်သစ်နိုင်ငံကို ပြန်လာခဲ့ပြီး 1972ခုနှစ် မေလ 28ရက်နေ့မှာ Parisမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို Windsorရဲတိုက်မှာ မြုပ်နှံခဲ့ပြီး နောင်14နှစ်အကြာ Wallis Simpsonကွယ်လွန်ချိန်မှာ သူ့ဂူဗိမ္မာန်ဘေးမှာ မြုပ်နှံခဲ့ပါတယ်။
.
ဘုရင်တစ်ပါးအနေဖြင့် သူ့လုပ်ရပ်မှားသည်ဟု ဆိုကြသူများလည်း ရှိပါလိမ့်မယ်။ အချစ်သူရဲကောင်းကြီးအဖြစ် လေးစားကြသူများလည်း ရှိပါလိမ့်မယ်။ မည်သို့ပင်ဆိုဆို Edwardမင်းသားကြီးရဲ့ နာမည်ကျော် ထီးနန်းစွန့်မိန့်ခွန်းနဲ့အ တူ နှစ်ဆယ်ရာစု၏ နာမည်ကျော်အချစ်ဇာတ်လမ်းတစ် ပုဒ်အဖြစ် ယနေ့တိုင် ပြောဆိုနေကြစမြဲပဲ ဖြစ်ပါတော့တယ်။ ။
.
“………ကျွန်တော်ချစ်မြတ်နိုးရ တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကူညီဖေးမမှုမပါပဲ ဗြိတိသျှအင်ပါယာကြီးရဲ့ ဧကရာဇ်ဘုရင်တစ်ပါးထမ်းဆောင် ရမယ့် တာဝန်နဲ့ဝတ္တရားတွေကိုကျေပွန်အောင် ကျွန်တော်ထမ်းဆောင်နိုင်လိမ့်မှာ မဟုတ်ပါဘူး……… “
________
ကိုစောညို
( Focus Youth E-magazine )
**************************
အင်ပါယာပြည့်ရှင်ဘုရင်တစ်ပါ
.
သူကတော့ ဗြိတိသျှနေမဝင်အင်ပါယာကြီးရ
.
1911ခုနှစ်မှာ ဖခင်ဖြစ်သူ ပဉ္စမမြောက် Georgeဘုရင် ထီးနန်းဆက်ခံခဲ့ပြီး Edwardဟာ ဝေလကျွန်းကို အပိုင်စားရသူ အိမ်ရှေ့မင်းသားဖြစ်လာခဲ့ပါ
.
ပထမကမ္ဘာစစ်လွန်ကာလမှာ အိမ်ရှေ့စံမင်းသားတစ်ပါးအနေ
.
သူ့ဘဝကို လုံးဝပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ သူ့ရဲ့အိမ်ရှေ့စံဘဝ 1931ခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီ့အမျိုးသမီးကတော့ အမေရိကန်နိုင်ငံသူ Wallis Simpson ဆိုသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရေတပ်မတော်က လေသူရဲတစ်ဦးရဲ့ ဇနီးဟောင်းဖြစ်ပါတယ်။ သူမဟာ မင်းသားကြီးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး နောက်ပိုင်းမှာ ချစ်သူတွေဘဝရောက်ရှိခဲ့ကြပါ
.
ဗြိတိန်လွှတ်တော်၊ အစိုးရဝန်ကြီးအဖွဲ့၊ ဓနသဟာယနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတစ်နိုင်ငံလံ
.
မည်သို့ပင်ဆိုစေကာမူ 1936ခုနှစ် ပဉ္စမမြောက် George ဘုရင်မင်းမြတ်နတ်ရွာစံပြီး မင်းသားကြီးဟာ အဋ္ဌမမြောက် Edward ဘုရင်မင်းမြတ်အနေနဲ့ ဗြိတိသျှထီးနန်းကို ဆက်ခံခဲ့ပါတယ်။ ဘာသာရေး၊ နိုင်ငံရေးနဲ့ အခြားသော ဓလေ့ထုံးတမ်းဥပဒေများက ပိတ်ပင်တားဆီးထားတဲ့ကြားကပင
.
သူတိုနှစ်ဦး ပြင်သစ်နိုင်ငံ Parisမြို့မှာ နေထိုင်နေစဉ်အတွင်း နာဇီဂျာမနီနိုင်ငံကို 1937ခုနှစ် အောက်တိုဘာလမှာ ဗြိတိသျှတော်ဝင်မိသားစုရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟစ်တလာကို ထောက်ခံသူအဖြစ် ပြည်သူလူထုရဲ့ စွပ်စွဲခြင်းကို ခံခဲ့ရပြန်ပါတယ်။ 1940ခုနှစ် Lisbonမြို့ကို ဂျာမန်တပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက်မှာ ညီတော် ဆဋ္ဌမမြောက် Georgeဘုရင်အမိန့်နဲ့ Bahamaကျွန်းစုများရဲ့ ဘုရင်ခံချုပ်နဲ့ စစ်သေနာပတိချုပ်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံခဲ့ရပါတယ်။
.
သူ မကွယ်လွန်မီမှာ ပြင်သစ်နိုင်ငံကို ပြန်လာခဲ့ပြီး 1972ခုနှစ် မေလ 28ရက်နေ့မှာ Parisမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို Windsorရဲတိုက်မှာ မြုပ်နှံခဲ့ပြီး နောင်14နှစ်အကြာ Wallis Simpsonကွယ်လွန်ချိန်မှာ သူ့ဂူဗိမ္မာန်ဘေးမှာ မြုပ်နှံခဲ့ပါတယ်။
.
ဘုရင်တစ်ပါးအနေဖြင့် သူ့လုပ်ရပ်မှားသည်ဟု ဆိုကြသူများလည်း ရှိပါလိမ့်မယ်။ အချစ်သူရဲကောင်းကြီးအဖြစ် လေးစားကြသူများလည်း ရှိပါလိမ့်မယ်။ မည်သို့ပင်ဆိုဆို Edwardမင်းသားကြီးရဲ့ နာမည်ကျော် ထီးနန်းစွန့်မိန့်ခွန်းနဲ့အ
.
“………ကျွန်တော်ချစ်မြတ်နိုးရ
________
ကိုစောညို
( Focus Youth E-magazine )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။