Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 22, 2016

သင်ပိုင်ဆိုင်သောရတနာတပါး

သင်ပိုင်ဆိုင်သောရတနာတပါး

ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ရတနာဟာ ဘာလဲလို့မေးရင်လူတွေက အမျိုးမျိုးဖြေကြပါလိမ့်မယ်။ တချို့က ရွှေ၊ တချို့ကပတ္တမြား၊ ကျောက်စိမ်း စသဖြင့် သူတို့စိတ်ထဲမှာ ထင်တာတွေဖြေကြပါလိမ့်မယ်။ အဲဒီတွင်းထွက်ကျောက်သံပတ္တမြားတွေကို ငွေအမြောက်အများပေးပြီး ဈေးကြီးပေးဝယ်ကြရတာကြောင့် အဖိုးတန်တယ်လို့ ပြောကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီရတနာတွေဟာ စက်ဘီးတစီး၊ မော်တော်ကားတစီးဖြစ်အောင် လုပ်နိုင်စွမ်းရှိပါသလား။ လကမ္ဘာတက်ဖို့ အာကာသယဉ်တစီး လုပ်ပေးနိုင်သလား။ ဘယ်လုပ်ပေးနိုင်ပါ့မလဲ။ အဲဒါတွေက သက်မဲ့ပစ္စည်းတွေမို့ ပစ္စည်းတခုလုပ်ပေးနိုင်တဲ့ အစွမ်းမရှိကြပါဘူး။

ဒါပေမဲ့ လူတိုင်းမှာရှိကြတဲ့ဦးနှောက်ကတော့ မော်တော်ကား၊ တီဗွီ၊ ကွန်ပြူတာ၊ တယ်လီဖုံး၊ အာကာသယဉ်စတာတွေ အကုန်တီထွင်နိုင်တယ်။ ပစ္စည်းတွေ လုပ်ပေးနိုင်တယ်။ တောရွာလေးတရွာကနေ အထပ်အမြင့်အဆောက်အဦတွေပါတဲ့ မြို့ကြီးတခုကို ဖန်တီးပေးနိုင်တယ်။ ကမ္ဘာကြီးကနေ မိုင်ပေါင်း သန်းချီဝေးတဲ့လကမ္ဘာနဲ့ တခြားဂြိုဟ်တွေကို သွားရောက်စူးစမ်းလေ့လာမှုလုပ်နိုင်တယ်။ လူ့ဦးနှောက်ဟာ အဲဒီလိုဖြစ်ချင်တာကို ဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိပေမဲ့ လူတွေဟာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေလောက် တန်ဖိုးမထားကြတာ တွေးကြည့်ရင် အလွန်ဝမ်းနဲစရာကောင်းလှပါတယ်။

တခါက အမေရိကန်နိုင်ငံရဲ့မြို့သေးသေးလေးတခုမှာ နေထိုင်တဲ့ အင်းဒီးယန်းလူနီအဖိုးကြီးတယောက်ရဲ့ ခြံဝင်းထဲက မြေအောက်ကနေ ရေနံတွေအများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ ရေနံတူးတဲ့ကုမ္ပဏီတခုက သူ့ခြံဝင်းကို ဒေါ်လာသန်းချီပေးပြီး အပိုင်ဝယ်လိုက်တယ်။ အဖိုးကြီးဟာ ရတဲ့ပိုက်ဆံတွေနဲ့ မြို့ပြင်တနေရာမှာ အိမ်ဆောက်ထားတဲ့ခြံလေးတခြံဝယ်လိုက်တယ်။ နောက်ပြီး သူအလွန်လိုချင်နေတဲ့ အရမ်းဈေးကြီးတဲ့ ကာဒီလက်ဇိမ်ခံကားမဲကြီးတစီးကိုလဲ ဝယ်လိုက်တယ်။

သူဟာ မနက်တိုင်း အဲဒီဇိမ်ခံကားကြီးကို မောင်းပြီး လမ်းပေါ်မှာသွားလာနေကြတဲ့ ဈေးသွား၊ဈေးပြန်လူတွေကို ပြုံးပြုံးကြီးလုပ်ရင်း အော်ဟစ်လက်ပြနူတ်ဆက်လေ့ရှိတယ်။ လပေါင်းအတန်ကြာအောင် မနက်တိုင်း သူလုပ်နေကျ အလုပ်ပါ။ လမ်းပေါ်မှာဈေးသွား၊ဈေးပြန်တွေနဲ့ ပြည့်ကြပ်နေပေမဲ့ သူ့ကားကြီးနဲ့ လူတိုက်မိတာ တခါမှ မရှိခဲ့ပါဘူး။ ဘယ်တိုက်မိပါ့မလဲ။ သူ့ကားကြီးကို ရှေ့ကနေမြင်းကြီး၂ကောင်က ကားကို စက်မနိုးပဲ ဆွဲသွားနေတာကိုး။ သူ့ကားကြီးရဲ့ အင်ဂျင်ပါဝါဟာ မြင်းကောင်ရေ (၁၀၀)အားရှိပါတယ်။ ဒါပေမဲ့ အဖိုးကြီးကတော့ မြင်း(၂)ကောင်ကိုပဲ သုံးပါတယ်။

ပုံပြင်လေးဟာ ရီစရာလို့ထင်ရပေမဲ့ လူတွေရဲ့အကြောင်းကို ဖေါ်ကျုးထားတာပါ။ ပုံပြင်က ဘာပြောချင်တာလဲ။ လူတွေရဲ့ဦးနှောက်ဟာ တီထွင်ဉာဏ်ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းတွေရှိတယ်။ မဖြစ်နိုင်ဘူးလို့ထင်ရတာကိုလဲ ဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ လူတွေဟာ သူတို့ဦနှောက်ရဲ့ စွမ်းရည်နဲနဲလေးကိုပဲ သုံးကြတယ်။ ဒါကြောင့်လဲ လူအတော်များများဟာ မွေးကတဲကနေ သေသည့်တိုင်အောင် ချို့ချို့ငဲ့ငဲ့မထင်မရှား နေသွားခဲ့ကြရတယ်။ သိပ္ပံပညာရှင်တွေရဲ့သုတေသနစမ်းသပ်ချက်တွေအရ လူတွေဟာ သူတို့ဦးနှောက်စွမ်းရည်ရဲ့ (၂)ရာခိုင်နူန်းကနေ (၅)ရာခိုင်နူန်းပဲ ရှိကြတယ်တဲ့။

ဒါဆိုရင် ဒီလောက်တောင်စွမ်းအားကြီးတဲ့ ဦးနှောက်ရဲ့စွမ်းရည်ကို (၁၀၀)ရာခိုင်နူန်းမဟုတ်တောင် ရာခိုင်နူန်းအတော်မျာများကို အသုံးချနိုင်ရင် မကောင်းဘူးလား။ ကောင်းတာပေါ့လို့ ဖြေကြမှာပါ။ ဒါဆိုရင် ဦးနှောက်စွမ်းရည်မြင့်တက်လာအောင် ဘယ်လိုလုပ်ရမလဲ။

ပထမဆုံးအနေနဲ့လုပ်ရမှာက စောစောကအခန်းမှာ ရေးပြခဲ့တဲ့ အကောင်းမြင်စိတ်ကို ဦးနှောက်ထဲကို နေ့စဉ်သွင်းပေးပါ။ ဘယ်လိုသွင်းပေးရမှာလဲ။ အကောင်းမြင်တဲ့စကားတွေကို နေ့စဉ်ရွတ်ပေးပါ။ အကောင်းမြင်စိတ်ဖုံးလွှမ်းနေတဲ့ ဦးနှောက်ဟာ ကြည်လင်သန့်စင်နေတဲ့အတွက် သင့်ကိုအောင်မြင်ကြီးပွားအောင် စိတ်ခွန်အားတွေပေးမှာဖြစ်သလို အကြံသစ်ဉာဏ်သစ်တွေ ပေါ်ထွက်လာစေပါလိမ့်မယ်။

ဒုတိယအနေနဲ့ ဘာလုပ်သင့်သလဲဆိုတော့ သင့်ကိုလမ်းညွှန်ပြသပေးမဲ့ ဆရာတယောက်ကို ရှာပါ။ ငှားပါ။ တချိ့လူတွေဟာ ဘယ်လောက်ပဲ ကြိုးစားပေမဲ့ နည်းစံနစ်မမှန်ကန်မှုကြောင့် အောင်မြင်မှုမရကြပါဘူး။ တတ်သိနားလည်တဲ့ဆရာမှသာ သင့်ရဲ့အမှားကိုမြင်သိပြီး အမှန်ဖြစ်အောင် ညွှန်ပြပေးနိာင်ပါလိမ့်မယ်။ တချို့အားကစားသမားတွေဟာ သူတို့ထက် ခန္ဓာကိုယ်ပိုထွားကြိုင်းပြီး ပိုသန်မာသူကို အနိုင်ယူနိုင်တာ နည်းစံနစ်ကြောင့်ပါ။ နာမည်ကျော်ဘောလုံးသမားတွေ လုံးဝမပါတဲ့ဘောလုံးသင်းတသင်းဟာ နာမည်ကျော်ဘောလုံးသမားတွေပါတဲ့ ဘောလုံးသင်းကို အနိုင်ကစားနိုင်တာ နည်းပြမန်နေဂျာရဲ့ နည်းစံနစ်ကြောင့်ပါ။

တတိယအနေနဲ့ ဝါသနာပါတဲ့အလုပ်ကို လုပ်ပါ။ လူတွေဟာ ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရရင် သူတို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းကို အပြည့်အဝမသုံးတတ်ကြဘူး။ လုပ်နေတဲ့အလုပ်ကို စိတ်မပါ၊ စိတ်မဝင်စားကြလို့ပါ။ ဝါသနာပါတဲ့အလုပ်ကို လုပ်နေပြီဆိုရင် ထမင်းမေ့ဟင်းမေ့နဲ့ နေ့မအိပ်ညမအိပ် လုပ်တတ်ကြသလို စိတ်ရောကိုယ်ပါအစွမ်းကုန်လုပ်တတ်ကြတယ်။

အရေးကြီးဆုံးအချက်က မိမိရဲ့ခေါင်းထဲမှာ အဖိုးတန်ဆုံးရတနာတခုဖြစ်တဲ့ ဦးနှောက်တခုရှိနေတယ်၊ အဲဒီရတနာကို တန်ဖိုးထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမှာလဲ။ ဦးနှောက်ကို အမြဲသန့်သန့်ရှင်းရှင်းကြည်ကြည်လင်လင် ဖြစ်နေပါစေ။ ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ။

ဦးနှောက်ထဲကို အမှိုက်တွေမထဲ့ပါနဲ့။ ဘာအမှိုက်တွေလဲ။ မဟုတ်တရုတ်စာတွေဖတ်တာ၊ ညစ်ညမ်းခွေတွေကြည့်တာ၊ အတင်းအဖျင်းစကားတွေနားထောင်တာတွေပါ။ နေ့စဉ်အမှိုက်တွေကို ဦးနှောက်ထဲ ထဲ့ပေးနေတာ တနေ့တရက်ဆိုမသိသာပေမဲ့ လ၊နှစ်ချီကြာလာပြီဆိုရင်တော့ ဦးနှောက်ထဲမှာ အမှိုက်တွေ ဘယ်လောက်များနေပြီလဲဆိုတာ တွေးကြည့်စမ်းပါ။ အမှိုက်တွေဖုံလွှမ်းနေပြီး ဂျီးတက်၊ သံချေးတက်နေတဲ့ ဦးနှောက်ဟာ ဘယ်မှာစွမ်းအားပြည့် အလုပ်လုပ်နိုင်ပါတော့မလဲ။ ဘယ်မှာ အကြံသစ်၊ဉာဏ်သစ်တွေ ထုတ်ပေးနိုင်ပါတော့မလဲ။ တချိုက တရားထိုင်ကြတယ်။ ဘာသာရေးအရ အင်မတန်ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်သလို ဦးနှောက်ကို သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောပေးလိုက်ပါတယ်။

ဦးနှောက်ကိုစွမ်းအားအပြည့်သုံးဖို့ အမှိုက်မထဲ့ရုံနဲ့ မပြီးသေးပါဘူး။ ဦးနှောက်ကို ခွန်အားဖြစ်စေမဲ့အစာတွေလဲ ကျွေးပေးရပါအုံးမယ်။ ဦးနှောက်ခွန်အားဖြစ်စေမဲ့အစာဆိုတာ ဘာတွေလဲ။ အကျိုးရှိစေမဲ့စာအုပ်စာပေများဖတ်ရှုခြင်း၊ ဗဟုသုတရစေမဲ့ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးသော အောင်မြင်သူတွေရဲ့ဟောပြောမှုတွေကို အသံသွင်းထားတဲ့ စီဒီအခွေတွေကိုနားထောင်ပေးခြင်းစတာတို့ပါပဲ။

တချို့က ပြောကြတယ်။ စဉ်းစားဉာဏ်နဲတဲ့လူဟာ ဦးနှောက်သေးတယ်တဲ့။ စဉ်စားဉာဏ်ကောင်းသူကို ဦးနှောက် ကြီးတယ်တဲ့။ တကယ်တော့ လူတွေရဲ့ဦးနှောက်အရွယ်အစားတွေဟာ တယောက်နဲ့တယောက် သိတ်ကွာကြတာ မဟုတ်ပါဘူး။ ဦးနှောက်စွမ်းရည်ဟာ ဦးနှောက်ကို ဘယ်လောက်အသုံးပြုသလဲပေါ်မှာ မူတည်ပြီး ကွာခြားသွားတာပါ။ မသုံးပဲထားတဲ့ဓါးဟာကြာလေ တုံးလေဖြစ်လာသလို အသုံးမပြုတဲ့ဦးနှောက်ဟာလဲ ကြာလေတုံးလေ ဖြစ်သွားမှာပါပဲ။ အောင်မြင်ကြီးပွားသူတွေဟာ ဦးနှောက်ကို အရမ်းအသုံးပြုကြတယ်။ တချိန်လုံး လုပ်ငန်းအောင်မြင်အောင် ဘာတွေလုပ်ရမယ်ဆိုတာ ကြံဆနေတယ်။ စာတွေဖတ်ပြီး သူတို့ကိုယ်ကို တိုးတက်အောင် အမြဲတမ်းစာတွေဖတ်နေတယ်။ အသစ်အဆန်းတွေကို လေ့လာနေတယ်။ ဓါးဟာအမြဲတမ်းသွေးနေလေ ထက်လေဆိုတာလိုပါပဲ။

အချုပ်အားဖြင့်ပြောရရင် အောင်မြင်သူတွေနဲ့မအောင်မြင်သူတွေရဲ့ကွာခြားချက်တခုက ဦးနှောက်ကို ဘယ်လောက်သုံးသလဲဆိုတာ ဖြစ်တာမို့ သင် အောင်မြင်ကြီးပွားချင်တယ်ဆိုရင် ဦးနှောက်စွမ်းရည်မြင့်တက်လာအောင် သင့်ဦးနှောက်ကို အမြဲတမ်းဂရုစိုက်ထိန်းသိမ်းပြီး၊ အသုံးပြုနေဖို့ များများစဉ်းစားနေဖို့ လိုတယ်ဆိုတာကို သတိထားစေချင်ပါတယ်။

မှတ်ချက်။ ရေးနေဆဲစာအုပ်ဖြစ်တဲ့ "အောင်မြင်ကြီးပွားဖို့ဆိုတာ သိရင်မခက်ပါ" ထဲက စာမြည်းလေးတပုဒ်ပါ။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေဖေါ်ဝါရီ(၂၃)ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။