Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 28, 2016

တခေတ်တခါက နာမည်ကျော် ''ရွှေဘ''

တခေတ်တခါက နာမည်ကျော် ''ရွှေဘ''
-----------------------------------------

မွေးသက္ကရာဇ် - ၃၀၊ ၃၊ ၁၉၂၈
နိုင်ငံ - မြန်မာ
အမည်ရင်း - အေးကြည်
မိဘအမည် - ပန်းချီဆရာကြီး ဦးအောင်မြတ် + ဒေါ်ကွမ်း
မွေးဖွားရာဒေသ - ပုသိမ်မြို့
ကိုးကြယ္မႈ - အစၥလာမ္ဘာသာ
ထင်ရှားကျော်ကြားမှု - နိုင်ငံကျော် ပြည်သူချစ်သော ရုပ်ရှင်သရုပ်ဆောင် နံပါတ်(၁)

ရွှေဘ ခံနေရတုန်းတော့ ...

တရုံလုံးဟာ
အသာတိတ်ဆိတ်
မျက်ရည် ကျိတ်လည်
ရင်မောတယ်….တဲ့။

ရွှေဘ ပြန်ထလာမှ ...
ရွှေဘဟေ့ ရွှေဘ
ဒါမှ တို့လူ
ဂုဏ်ယူမဆုံး
အုံးအုံးကျွက်ကျွက်
လက်ခုပ်ဖြောင်းဖြောင်း
မညောင်းတမ်း တီးတယ်။

ပရိသတ်နဲ့ ရွှေဘ ...
ရွှေဘနဲ့ ပရိသတ်
ပေါင်းစပ်ကြည့်တော့
နတ်ဖက်တဲ့အတွဲ
လိုက်လည်းလိုက်ပါ့
မြန်မာ့ရုပ်ရှင်သမိုင်းဝယ်……။

(ကိုပေါ ရဲ့ကဗျာ)
ယနေ့ခေတ်လူငယ်များ ရွှေဘကို သိမီလိုက်ကြမည် မဟုတ်ပေ။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းလောက်သာ တစ်ခေတ်တစ်ခါက ပရိသတ်များအကြား လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ရုပ်ရှင်သရုပ်ဆောင် ရွှေဘကို သိမြင်ကြပေလိမ့်မည်။ ရွှေဘကို တောရော မြို့ပါ ပရိသတ်အများစုက လက်ခံကြသည်။ ကျေးလက်ဒေသ အချို့၌ဆိုလျှင် ရုပ်ရှင်ဇာတ်လမ်းအရ ရွှေဘအညှင်းဆဲခံနေရလျှင် ပိတ်ကားကို ခဲနှင့် ပေါက်သည်အထိ ကြုံတွေ့ကြရသည်။ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော်လည်း ရွှေဘ အကယ်ဒမီ မရခဲ့ပေ။ သို့သော် ရွှေဘသည် နှစ်ပေါင်းအတော်ကြာ ပရိသတ်အသည်းစွဲ ဖြစ်ခဲ့သည်။ ကျေးလက်တောရွာ အချို့၌ ယနေ့တိုင် ရွှေဘ အကြောင်းကို မြိန်ရေယှက်ရေ ပြောဆိုနေကြဆဲဖြစ်သည်။ ရွှေဘသည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင်များထဲတွင် ကျော်ကြားမှု နံပါတ်(၁) ဖြစ်ခဲ့သည်။
စွန့်စားလိုသူ လူငယ်တစ်ဦး
၁၉၂၈-ခုနှစ် မတ်လ(၃၀)ရက်တွင် ရွှေဘကို ပုသိမ်မြို့ မြို့ပတ်လမ်း၌ ပန်းချီဆရာကြီး ဦးအောင်မြတ် နှင့် ဒေါ်ကွမ်း တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး ဖြစ်၏။ အမည်ရင်း အေးကြည်ဖြစ်ပြီး အတန်းပညာကို အလယ်တန်းအထိ သာသင်ယူခဲ့ဖူးသည်။ ရေကူး၊ လက်ဝှေ့ထိုး၊ ဒိုင်ဗင်ထိုး၊ မြင်းစီး၊ ခြင်းလုံးခတ်၊ စသည့် အားကစားနည်းများကို နှစ်သက်သည်။
ငယ်စဉ်ကပင် ရုပ်ရှင်ဘက်၌ ၀ါသနာပါသဖြင့် အသက် ၁၇-နှစ်တွင် ရန်ကုန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ရေကျော်၊ လမ်း ၅၀ ရှိ ဦးလေးအိမ်၌ တည်းခိုနေထိုင်သည်။ အသက်မွေးဝမ်းကျောင်း အဖြစ် သံဖြူဆရာ အလုပ် လုပ်ရသည်။ တစ်ဖက်မှလည်း လက်ဝှေ့ကျော် ကျားဘငြိမ်းထံ လက်ဝှေ့ပညာ သင်ယူလေ့လာ၏။
ရွှေဘဟူသည်

၁၉၄၄-ခုနှစ်တွင် ပဲရော့ရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ ဖေကြိုင်က သတ္တိ ဗျတ္တိ အမည်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စီစဉ်သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ထားသူမှာ မင်းသားကျော်ရွှေ (နောင် ကျော်ဆွေဟုအမည် ပြောင်းလဲခဲ့သူ) ဖြစ်သည်။ ဇာတ်လမ်းအရ မင်းသား ကျော်ရွှေသည် မော်တော်ဆိုင်ကယ် စီးကာ စော်ဘွားကြီးကုန်း တောင်ကုန်းပေါ်မှ ခုန်ချရမည့် အခန်းပါရှိသည်။ ဒါရိုက်တာဖေကြိုင်က ဤအခန်းကို လူစားမထိုးဘဲ မင်းသားကျော်ရွှေ ကိုယ်တိုင် သရုပ်ဆောင်ရန် ပြောဆိုသည်။ သို့သော် ကျော်ရွှေက ငြင်းပယ်သည်။ သူ့အနေဖြင့် လူစားထိုး ရိုက်ကူးရန်သာ ဆန္ဒရှိခဲ့သည်။
နောက်ဆုံး ဒါရိုက်တာနှင့် သရုပ်ဆောင်မင်းသားအကြား အချေအတင် အငြင်းအခုံ ဖြစ်ကြကာ အစီအစဉ် ပျက်သွားသည်။ ဒါရိုက်တာ ဖေကြိုင်က မင်းသားကျော်ရွှေအား `မလုပ်နိုင်ရင် ထွက်သွား၊ မင်းမရှိရင်လည်း မင်းရဲ့အဘ လာလိမ့်မယ်´ဟူ၍ ရင့်ရင့်သီးသီး ပြောဆိုခဲ့သည် ဆိုပါသည်။ ဤသို့ဖြင့် ဒါရိုက်တာဖေကြိုင်က သရုပ်ဆောင်မင်းသားသစ် အပူတပြင်း ရှာဖွေရတော့သည်။ နောက်ဆုံး ရေကျော် လမ်း၅၀ တွင် သံဖြူလုပ်ငန်း လုပ်ကိုင်နေသော အေးကြည်ဆိုသော လူငယ်ကလေးကို သွားတွေ့ကြသည်။ အေးကြည်သည် ဒါရိုက်တာ ဆရာခန့်၏ လက်နက်ပုန်း အသံတိတ်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည် ဆို၏။ နောက်ဆုံး ဒါရိုက်တာ ပဲရော့ဖေကြိုင်ပြောသည့် ကျော်ရွှေမရှိလျှင် ကျော်ရွှေ၏ အဘလာလိမ့်မည် ဟူသောစကားအရပင် လူငယ်ကလေးမှာ ရွှေဘ ဖြစ်လာခဲ့သည်။ သတ္တိ ဗျတ္တိ ဇာတ်ကားတွင် လူစားမထိုးဘဲ ကိုယ်တိုင်လုပ်ပြခဲ့၍ ခါးရိုးကျိုးကာ ဆေးရုံတက် ခဲ့ရသေးသည်။
ရွှေဘ၏ ဇာတ်ကားများ

သတ္တိ၊ ဗျတ္တိ (အသံတိတ်ဇာတ်ကား)
မိုးသည်းထည်းမှာ
တရားခံ (သီသီ)
သဲသဲမဲမဲ (မြမြရီ၊ နှင်းနွယ်စိုး)
ဗိုလ်စံဖဲ (သင်းသင်းလဲ့)
မိုက်ခေတ်ကုန်ပြီ (ကြည်ကြည်ဌေး)
သွေး (စံရှားတင်)
ရဲရဲတောက် (မေမြင့်ရီ)

ဘ၀နိဂုံး
ရွှေဘသည် ရုပ်ရှင်မင်းသမီး သင်းသင်းလဲ့နှင့် အိမ်ထောင်ကျကာ သားသမီး (၉)ယောက်ထွန်းကားခဲ့သည်။
(စာသားကို ဂူဂဲလ်မှတ်စုစာအုပ်မှ ယူပါသည်။)
ဓာတ်ပုံများ - မူရင်းပိုင်ရှင်များ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။