Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 21, 2016

ကျွန်တော့အလုပ် ကျွန်တော်လုပ်နေတာဖြစ်တဲ့အတွက် Forever Young အကြောင်း မမေးပါနဲ့လို့ဆိုလာတဲ့ ဘန်နီဖြိုး


သီချင်းပဲဆိုနေတဲ့ အဆိုတော်တစ်ယောက်မို့သူ့ကိုတော့ ကားမရိုက်လောက်ဘူးရယ်လို့ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရသူကတော့ ဘန်နီဖြိုးပါ။ ဒါပေမဲ့ သူကြိုက်တဲ့ ဇာတ်လမ်းနဲ့ သူစိတ်ဝင်စားတဲ့ ကာရိုက်တာမို့လို့ ဇာတ်လမ်းတွဲလေးကို စတင်ရိုက်ကူးလာခဲ့သူ ဘန်နီဖြိုးနဲ့ တွေ့ဆုံခိုက် ခုလက်ရှိ သူပါဝင်သရုပ်ဆောင်နေတဲ့  Charm ဇာတ်လမ်းတွဲအကြောင်း မေးမြန်းကြည့်လိုက်တော့
-အဆိုတော်တစ်ယောက်အနေနဲ့ ပထမဆုံး ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးရတဲ့ စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကားရိုက်တာကျတော့ စာနယ်ဇင်းမှာဖြေခဲ့သလိုပါပဲ။ ပထမဆုံး အတွေ့အကြုံဖြစ်တဲ့ အတွက်ကြောက်တာတွေရော၊ ရင်ခုန်တာတွေရော၊ စမ်းသပ်ချင်တဲ့စိတ်တွေရော အစုံပါပဲခင်ဗျ။
-ပရိသတ်တော်တော်များများက အစ်ကို့ကို ကားမရိုက်လောက်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အခုဗြုန်းစားကြီး ဒီဇာတ်လမ်းတွဲကို ရိုက်ကူးလိုက်တဲ့အခါမှာသူတို့လဲအံ့သြနေကြတယ်။
အရင်ကတည်းက အင်တာဗျူးတွေတော်တော်များများမှာလဲ ကျွန်တော်ဖြေခဲ့ဖူးပါတယ်။ ကျွန်တော်ဒီအတိုင်း သမရိုးကျ ဇာတ်လမ်းဆို မရိုက်ချင်ဘူး။ ချစ်ကြိုက်ကွဲညားလဲ ကျွန်တော်စိတ်မ၀င်စားဘူး။ အဲ့ဒါကြောင့် ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်း၊ ကျွန်တော်ကြိုက်တဲ့ ဒါရိုက်တာနဲ့ဆုံဖြစ်ခဲ့လို့ရှိရင် ရိုက်ချင်ရိုက်ပါမယ်လို့ဖြေခဲ့ဖူးပါတယ်။ အခု ဒီဟာကလဲ ဇာတ်လမ်းရော၊ ကျွန်တော်နဲ့ အလုပ်အတူတူတွဲလုပ်တဲ့သူတွေရောက ကိုယ်တကယ် စိတ်တိုင်းကျတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ယုံကြည်ရတဲ့သူတွေဖြစ်တဲ့အတွက် လုပ်ဖြစ်ခဲ့တာပါ။
-ဒီဇာတ်လမ်းရဲ့ နာမည် Charm ဆိုတာကလဲ အစ်ကို့ကိုရည်ညွှန်းထားတာဆိုတော့လေ ဒီအပေါ်မှာရော ဘယ်လိုလေးပေးဖြစ်ခဲ့တာလဲ။
ကားနာမည်ကတော့ အမျိုးမျိုးစဉ်းစားခဲ့တာပဲ ခင်ဗျ။ ဘာပေးရမှန်းလဲ မသိဘူး။ ဘာမှလဲလိုက်ဖက်မဲ့ဟာမျိုး မရှိဘူး။ တိုတိုတုတ်တုတ်နဲ့လူတွေလဲ လွယ်လွယ်မှတ်မိတဲ့ဟာမျိုးဖြစ်စေချင်တယ်။ ဒီကားထဲမှာ ကျွန်တော့ရဲ့ဇာတ်ကောင် စရိုက်အရကြိုပြီးတော့မြင်တာတွေလဲ ပါတယ်။ အဲ့ဒါတွေကို ပရိသတ်တွေ ချက်ချင်းနားလည်သွားအောင် ဘယ်လိုပြောပြရမှန်းလဲမသိဘူး။ အဲ့ဒါကြောင့် မထူးဘူးကွဆိုပြီး ကျွန်တော့်ရဲ့ဇာတ်ကောင် Charm ဆိုတဲ့နာမည်ကိုပဲ ဇာတ်လမ်းနာမည်အဖြစ်ပေးဖြစ်ခဲ့တာပါ။
-ဒီနေ့ဆိုရိုက်တာ သုံးရက်ရှိပြီလို့သိရတယ်။ စင်ပေါ်မှာ အမြဲသီချင်းဆိုနေရတဲ့သူ တစ်ယောက်အနေနဲ့ဒီရှုတင်ပေါ်မှာရော အသားကျရဲ့လား။
ပွင့်ပွင့်လင်းလင်းပြောရရင် အသားတော့ ဘယ်လိုလုပ်ကျပါ့မလဲဗျာ။ ကျွန်တော်က စင်ပေါ်မှာသီချင်းဆိုရုံပဲ ဆိုတတ်တာ ကိုယ့်မြူးဇစ်ဗီဒီယိုတွေ ရိုက်တဲ့အခါမှာတောင် အမြဲအခက်တွေ့နေကျဆိုတော့ ဒါက ဇာတ်လမ်းတွဲ လဲဖြစ်နေတယ်။ အဲ့ဒါကြောင့် ရက်ငါးဆယ်လောက်စာကြီးကို ဒီနေရာမှာပဲ နောက်ပြန်လာမဲ့ အခန်းတွေကိုကြိုရိုက်ထားတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော့အတွက်ကလဲ ပထမဆုံးအတွေ့အကြုံဖြစ်နေတဲ့ အတွက် ကိုသားညီတို့ရော စီနီယာလူကြီးတွေအားလုံးရော Support လုပ်ပေးတဲ့နောက်ကို လိုက်ရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဘာမှမလုပ်တတ်ဘူး။ သရုပ်ဆောင်တာကအစ ကိုသားညီကရှေ့ကနေ သရုပ်ဆောင်ပြတယ်။ အဲ့ဒါကိုနောက်ကနေ ကျွန်တော်က လိုက်လုပ်တယ်။ နောက်ပြီးတော့ မင်းသမီးပေါ့။ မင်းသမီးကလဲ သူငယ်ချင်းအချင်းချင်းဖြစ်နေလို့သာ ကျွန်တော်ဒီလောက် သရုပ်ဆောင်နိုင်တာ။ အပြင်လူဆို တော်တော်ရှိန်မာ။ ဘာလို့လဲဆိုတော့ ကျွန်တော်ရှက်တယ်ဗျ။
-အဲ့ဒါဆို မြူးဇစ်ဗီဒီယိုတွေ ရိုက်ခဲ့တုန်းကနဲ့အခုဇာတ်လမ်းတွဲ ရိုက်ရတဲ့ကွာခြားချက်က ရော မတူဘူးလို့ပြောလို့ရလား။
မြူးဆစ်ဗီဒီယိုမှာလဲ ကျွန်တော့သီချင်းတွေကြည့်တဲ့သူဆို သိပါလိမ့်မယ်။ များသောအားဖြင့် ဇာတ်လမ်းတွေနဲ့သရုပ်ဆောင်တဲ့ဟာဆို ကျွန်တော် သရုပ်ဆောင်တာ တစ်ခု၊ နှစ်ခုပဲရှိပါလိမ့်မယ်။ အဲ့ဒီတစ်ခု၊ နှစ်ခုကလဲ ကျွန်တော်နဲ့အရမ်းကို ရင်းရင်းနှီးနှီးရှိတဲ့သူတွေနဲ့ပဲ ကျွန်တော်သရုပ်ဆောင်တာများပါတယ်။ အဲ့လိုမျိုးကြီးတွေ သရုပ်မဆောင်တတ်ဘူး။ Mood တွေနဲ့ဟဲဗီးကြီးတွေ သရုပ်ဆောင်တာမျိုး ကျွန်တော်မလုပ်တတ်ဘူး။ အဲ့ဒီတော့ ကျွန်တော်နိုင်သလောက်လေးပဲ လုပ်ခဲ့တာများတယ်။ ဇာတ်လမ်းတွဲကတော့ ခုနကပြောသလို ကျွန်တော်စမ်းသပ်ချင်တဲ့စိတ်တွေရော၊ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ရော အားလုံးကြောင့် လုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီး လုပ်တဲ့အချိန်မှာ အခက်အခဲတွေ ကတော့ကြုံနေရတာပေါ့နော်။ ပထမဆုံးနေ့က ရင်လဲခုန်တယ်။ မနေ့ကဒုတိယနေ့၊ ဒီနေ့တတိယနေ့နောက်ရက်တွေမှာလဲ ၀ါရင့်ဧည့်သည်သရုပ်ဆောင်တွေကလဲ တစ်ပတ်စာ တစ်ပတ်စာ ပါလာမှာဖြစ်တဲ့အတွက်သူတို့တွေနဲ့လဲတွေ့ရဦးမယ်။ ရှိန်နေရဦးမယ်ပေါ့။
-ဒီဇာတ်လမ်းတွဲလေးအောင်အောင်မြင်မြင်ပြီးသွားရင်ရော ဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးကမ်းလှမ်းတဲ့သူတွေရှိလာရင် လက်ခံရိုက်ကူးဖြစ်ဖို့ရှိမလား။
အခုလောလောဆယ်တော့ ဘာမှမရှိပါဘူး။ ဒီဟာကိုလက်ခံတယ်ဆိုတာလဲ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းမို့လို့ကျွန်တော်ရိုက်ဖြစ်ခဲ့တာပါ။ တခြားဟာက ဘာအစီအစဉ်မှမရှိသေးပါဘူး။
-အခုလက်ရှိဇာတ်လမ်းတွဲထဲက ကာရိုက်တာက အပြင်ကကာရိုက်တာနဲ့ရော ကွာခြားမှုရှိလား။
တချို့အပိုင်းတွေကတော့ ကွာခြားပြီး တချို့အပိုင်းတွေကတော့ မကွာပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ လူငယ်တစ်ယောက်ဖြစ်နေတဲ့အတွက် ဒီထဲက ဟာကလဲနှုတ်ခမ်းမွှေးတပ်ပြီးလူကြီးနေရတာမဟုတ်တဲ့အတွက် ကျွန်တော့အပြင်က ကာရိုက်တာနဲ့ နီးစပ်မှုရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ပုံစံအရ အစပိုင်းမှာ Comedy လေးတွေပိုများပြီး နောက်ပိုင်းကျတော့မှ အတည်လေးတွေဆိုတော့လေ။ Comedy ပိုင်းကခက်လဲခက်တဲ့အတွက် ကျွန်တော်မလုပ်နိုင်တဲ့ဟာတွေ၊ မလုပ်တတ်တဲ့အရာတွေအများကြီးရှိပါတယ်။ အရမ်းကြီးဖိလုပ်ရတဲ့အပိုင်းတွေလဲရှိပါတယ်။
-ဂီတနဲ့ပတ်သက်တဲ့လှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။
ဒီရဲ့အရှေ့ရက်တွေကတော့ ကျွန်တော့အခွေကို လုပ်နေရင်းကနေ ဒီဇာတ်လမ်းတွဲစတဲ့အတွက် ကျွန်တော်သီချင်းလုပ်နေတာကို ခဏရပ်ထားရတယ်။ ဒီအားတဲ့ရက်တွေတော့ လုပ်ဖြစ်တယ်။ ကျွန်တော်နဲ့ကျွန်တော့ သူငယ်ချင်းတွေနဲ့ အတွဲခွေတစ်ခွေ ထွက်ဖို့ရှိပါတယ်။ အဲ့ဒီအခွေကတော့ အမြန်လုပ်နေတာဖြစ်တဲ့အတွက် အရင်ထွက်လာမှာပါ။ တစ်ကိုယ်တော်အခွေကလဲ ပြင်ဆင်နေပါပြီ။ နှစ်ကုန်ပိုင်းတော့ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။
-ရှိုးအနေနဲ့လက်ခံထားတာရောရှိမလား။
ရန်ကုန်ရှိုးတော့မရှိပါဘူး။ ဒါပေမဲ့ Frenzo နဲ့တော့ နယ်ရှိုးတွေထွက်ဖြစ်နေပါတယ်။
-Karrot brand အနေနဲ့ဒီဇိုင်းသစ်လေးတွေတင်ထားတာလဲတွေ့ရတယ်နော်။ အဲ့ဒါကရော ဘယ်တော့လောက်အတိအကျထုတ်ဖြစ်မလဲ။
Karrot က Genius ဆိုင်မှာ တင်ပြီးရောင်းတယ်ပေါ့။ ကိုဖြိုးလေးနဲ့တိုင်ပင်ပြီး Gold Culture ရဲ့အသစ်ဒီဇိုင်းတွေနဲ့ product နှစ်ခုချိန်ပြီးတော့ တိုင်ပင်ပြီးတော့လုပ်ဖြစ်သွားမှာပါ။ Coming Soon ဆိုပြီးတင်ထားတဲ့ ဒီဇိုင်းသစ်လေးကလဲ ပစ္စည်းတွေရောက်ပြီ ဆိုရင် ဈေးနှုန်းသတ်မှတ်ပြီးရောင်းပေးသွားမှာပါ။ ကျွန်တော်နဲ့ကိုဖြိုးလေးတို့ကရှယ်ယာသဘောမျိုးတွေနဲ့ရောညီအစ်ကိုပုံဆန်မျိုးလေးတွေလုပ်နေတာဆိုတော့ ကျွန်တော်တစ်ယောက်တည်းတော့တန်းလုပ်လို့မရဘူး။ ကိုဖြိုးလေးတို့လဲအားပြီးကျွန်တော်လဲအားတဲ့အချိန်ကျရင်ဘယ်နေ့မှာထွက်မယ်။ ဘယ်နေ့မှာပရိုမိုးရှင်းလုပ်မယ်ဆိုတာကို ထပ်ပြီးကြေညာပါ့မယ်။
-အဲ့ဒီ Karrot ဆိုတဲ့  Brand လေးကိုရော ဘယ်လိုမျိုးစလုပ်ဖြစ်တာလဲ။
ငယ်ငယ်ကတည်းက အကျီင်္ဒီဇိုင်းလေးတွေ ဆွဲလဲဆွဲတယ်။ ၀ါသနာလဲပါတယ်။ အဲ့ဒီဝါသနာကို ပုံဖော်ချင်တာပါပဲခင်ဗျ။ ကိုယ့်အစ်ကိုတွေကလဲ ဒီလောကထဲမှာ ဘာပဲဖြစ်ဖြစ် သူတို့တွေကအရင်ကတည်းက စလုပ်ခဲ့ကြတာဆိုတော့လေ။ သူတို့လဲကူညီတဲ့အတွက်ကြောင့်လုပ်ဖြစ်သွားတာပါ။
-ပြီးခဲ့တဲ့ ချစ်သူများနေ့ကိုရော ဘယ်လိုမျိုးဖြတ်သန်းခဲ့လဲ။
ချစ်သူများနေ့က ထုံးစံအတိုင်းပဲ ရှိုးဆိုပါတယ်။ ကျွန်တော်ရယ်၊ စိုင်းစိုင်းရယ်၊ G-Fatt ရယ် မုံရွာမှာ ချစ်သူများနေ့ကို သုံးယောက်တူတူဖြတ်သန်းခဲ့ပါတယ်။
-အစ်ကိုတို့အိမ်မှာ ကောင်တာဖွင့်ရောင်းတဲ့ Forever Young နဲ့ပတ်သက်ပြီး ကာစတမ်မာတွေဆီက Feedback ဆိုးဆိုးတွေပြန်ကြားရတယ်ပေါ့။ အဲ့ဒီအတွက် စာနယ်ဇင်းပွဲလုပ်ပေးမယ်လို့ကြားတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲသိချင်ပါတယ်။
ကျွန်တော်ကကျွန်တော့်အလုပ် ကျွန်တော်လုပ်နေတာဗျ။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စကိုကျွန်တော့ကိုမမေးတာပိုကောင်းပါလိ့မ်မယ်။

Trend Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။