Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 26, 2016

#‎လျှို့ဝှက်သိုသိပ်လွန်းသော‬ ရွှင်ပျော်ပျော်မင်းသား

‪#‎Cele‬ တို့ရဲ့ Real life
.
‪#‎လျှို့ဝှက်သိုသိပ်လွန်းသော‬ ရွှင်ပျော်ပျော်မင်းသား

Cele မုဆိုး
................................................................................................................
လွန်ခဲ့သော ၁၅နှစ်ခန့် ၊ ယခုကဲ့သို့သော ဖေဖော်ဝါရီလ၊ ရက်အားဖြင့် ၂၅ရက်နေ့ ...
မိသားစုတစ်စုသည် ကင်ညာနိုင်ငံသို့Cessna 202 aircraft လေယာဉ်စင်းလုံးငှားပြီး ပျံသန်းလျက်ရှိသည်။

အိပ်စက်ခြင်းသည် ကောင်းပါ၏။ သို့သော် နေရာမှန် အချိန်မှန်ဖို့တော့ လိုပါသည်။ မြေပြင်နှင့်အထက် ပေပေါင်း ၁၆ ၀၀၀အထက်တွင် ပျံသန်းလျက်ရှိသော လေယာဉ်ကပ္ပတိန်ထိုင်ခုံနေရာတွင် လေယာဉ်ပျံသန်းနေစဉ် အိပ်ပျော်သွားခြင်းသည် နေရာမှန်၊ အချိန်မှန်တော့ မဟုတ်တော့ပါ။

ယိမ်းထိုးလှုပ်ခတ် လျက် ပျံသန်းနေသည်ကို သတိထားမိသွားသော မိသားစုသည် အလျင်အမြန် လေယာဉ်ထိုင်ခုံနေရာသို့ ရောက်ရှိလာရာ လေယာဉ်ထိုင်ခုံတွင် အိပ်ပျော်နေသော လေယာဉ်ကပ္ပတိန်ကို တွေ့လိုက်ရသည်။ စစ်စစ်အားဖြင့် ရေဓာတ်ခြောက်ခမ်းပြီး မေ့မျှောသွားခြင်းသာ ဖြစ်သည်။
မေ့မျှောနေသော လေယာဉ်ကပ္ပတိန်ကို လင်မယားနှစ်ယောက် ဘယ်ပြန်ညာပြန် ပါးရိုက်ပြီး နိုးကြသည်။ မထူးခြား။ လေယာဉ်သည်သာ မြေပြင်သို့ တစ်နာရီ မိုင်၂၅၀ဖြင့် ထိုးစိုက်လာနေခြင်းသည်သာ တိုးတက်လာသည်။ ထိုအချိန်တွင် ခရီးသည်အဖြစ် လိုက်ပါလာသောအင်ဂျင်နီယာ ယော က်ျားသည် မထင်မှတ်သော လုပ်ရပ်ကို လုပ်လိုက်သည်။
မေ့မျှောသွားသည့် လေယာဉ်ကပ္ပတိန်ကို ထိုင်ခုံမှ ဖယ်လိုက်ပြီး ကပ္ပတိန်ထိုင်ခုံနေရာမှာ ၀င်ထိုင်ကာ လေယာဉ်မောင်းရန် ကြိုးစားသည်။ မိန်းမလုပ်သူက ကပ္ပတိန်ကို ဆက်နိုးသည်။ မရ။ ရေနှင့်ပက်နိုးသည်။ မိနစ်အနည်းငယ်ကြာမှ ကပ္ပတိန်မှာ ပြန်လည်သတိရလာသည်။
ထိုအချိန်ကာလအတွင်း လေယာဉ်ကို ကောင်းစွာထိန်းကျောင်းနေခဲ့သူမှာ လေယာဉ်တစ်ခါမှ မမောင်း တတ်သော ဟာသမင်းသား မစ္စတာဘင်းပင် ဖြစ်ချေတော့သည်။
‪#‎လျှို့ဝှက်တတ်သူ‬
.
မစ္စတာဘင်းလို့ လူသိများကြတဲ့ အက်တ်ကင်ဆွန်ဟာ အရမ်းကို သိုသိပ်လျှို့ဝှက်တဲ့သူတစ်ယောက်ပါ။ ဒီအဖြစ်အပျက်ကိုလည်း နှောင်းမှ သိခဲ့ကြရတာပါ။ ဘယ်လောက်ထိတောင် လျှို့ဝှက်သိုသိပ်ခဲ့လည်းဆိုရင် သူ့ဇနီး ဆွန်နီထရာ ကလေးမွေးခါနီးမှ ကိုယ်ဝန်ရှိမှန်း သူ့အပေါင်း အသင်းတွေ အားလုံး သိကြရတာပါ။ လေယာဉ်ပေါ်မှာ ကပ္ပတိန် မေ့သွားတဲ့အဖြစ်မှာလည်း သူ့အစ်ကို ဂျာနယ်လစ်ရော့ဒနီက နောက်ဆုံးမှ သိခဲ့ရတာပါ။ အဲဒီလို လျှို့ဝှက်သိုသိပ်တတ်တဲ့သူပါ။ သူ့ရဲ့ သမီးချောလေး လီလီအက်တ်ကင်ဆွန်ကိုတောင် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို အတူတက် လာတော့မှ လူတွေ သိခဲ့ကြရတယ်။ လျှို့ဝှက်သလောက် မစ္စတာဘင်းဟာ အရမ်းလည်း စကားနည်းပါတယ်။
.
.
.
‪#‎ဘာကြောင့်‬ လျှို့ဝှက်လဲ
.
.
မစ္စတာဘင်းခေါ် ရိုဝမ်အက်တ်ကင်ဆွန်ဟာ ဘာကြောင့် လျှို့ဝှက်ပြီး စကားနည်းရတာလဲဆိုရင် သူဟာ စကားထစ်တဲ့ရောဂါရှိတာ ကြောင့်လည်း ပါတယ်။ အပြင်မှာ မစ္စတာဘင်းတစ်ယောက် စကားထစ်တာကိုလည်း လူတွေ သိပ်မသိကြပါဘူး။ သရုပ်ဆောင်တဲ့အခါမှာ စကား ထစ်ခြင်း မရှိတာဟာ သူရဲ့ အနုပညာအပေါ် ဈာန်ဝင်စားမှုတစ်ခုကြောင့်လည်း ဖြစ်နိုင်တယ်လို့ တိုင်းမ်မဂ္ဂဇင်းနဲ့အင်တာဗျူးတုန်းက ဖြေသွားတယ်။

ငယ်ငယ်တည်းက စကားထစ်ခဲ့လို့ ကျောင်းနေတုန်းက မစ္စတာဘင်းဟာ ကျောင်းနေဖက်တွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတယ်။ စကားထစ်တာ တင် မဟုတ်ဘဲ သူရဲ့ ပုံပန်းသွင်ပြင်ကလည်း ရိုးရိုးအေးအေး အတီးအတပုံစံပေါက်နေတာကြောင့်လည်း ပါတယ်။
သူရဲ့ ရူပဗေဒဆရာက ဘာပြောခဲ့သလဲဆိုရင် `အတန်းထဲမှာတုန်းက သူ့ရဲ့ ပုံစံဟာ ဘာမှ မထူးခြားပါဘူး။ ထူးချွန်တဲ့အချက်တွေလည်း မတွေ့ရပါဘူး။ သူ့ကို အောင် မြင်ကျော်ကြားမယ့် သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာမယ်လို့လည်း မထင်ခဲ့ပါဘူး။ သူက သူ့လမ်းကို သူကြိတ်ပြီး ဖောက်သွားတတ်တဲ့ လူငယ်မျိုးလောက်ပဲ´လို့ မှတ်ချက်ပြုခဲ့တယ်။
‪#‎ပညာရေးထူးချွန်မှု‬
.

ကျောင်းနေတုန်းက အရမ်းအနေအေးခဲ့တဲ့ မစ္စတာဘင်းဟာ ပညာရေးမှာတော့ ထူးချွန်တယ်။ သူ့အဖေရဲ့ ခြေရာကို ရအောင် နင်းနိုင် ခဲ့တယ်။ သူ့အဖေလို အီလက်ထရောနစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ မစ္စတာဘင်းဟာ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ နယူးကာဆယ်တက္ကသိုလ်နှစ်ခု ကနေ ဘွဲ့ရထားတဲ့သူတစ်ယောက်ပါ။
အင်ဂျင်နီယာဘွဲ့ကို အောက်စ်ဖို့ဒ်ကနေ ယူထားတာပါ။ စာသင်ရင် စကားတစ်လုံးမှ မပြောဘဲ ငြိမ်ပြီး စာလိုက်ခဲ့ပေမယ့် မစ္စတာဘင်းဟာ ဒေါက်တာဘွဲ့ အထိ ရထားတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျောင်းနေတုန်းက ၀န်ကြီးချုပ်တိုနီဘလဲနဲ့က ကျောင်းနေဖက်တွေဖြစ်ခဲ့ပါသေးတယ်။ တိုနီဘလဲက မစ္စတာဘင်းထက် ၂နှစ်ငယ်ပါတယ်။
.
.
.
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။