by Han Thit Nyeim on Saturday, March 19, 2011 at 7:26am
ထင်းခုတ်သမား။ ။ နည်းနည်းလောက် လမ်းဖယ်ပေးကြပါ ခင်ဗျာ
သူ့ အော်သံကြောင့် လူအများက လမ်းဖယ်ပေးကြသော်လည်း ဖယ်မပေးသူ တစ်ယောက်ရှိလေသည်။ ထိုသူမှာ ဝတ်ကောင်းစားလှများဖြင့် ရှော့ပင်းထွက်လာသော စက်ဆီ ကောင်မလေး တစ်ယောက်ဖြစ်လေသည်။
ကောင်မလေး။ ။ အံမယ်၊ ဒီလောက် လမ်းအကျယ်ကြီး ရှိနေတာ ငါ့နောက်တည့်တည့်က လိုက်လာပြီး ဖယ်ခိုင်းရသေး၊ မဖယ်တော့ ဘာဖြစ်လဲ
ထင်းခုတ်သမား။ ။ နည်းနည်းလောက် လမ်းဖယ်ပေးကြပါ ခင်ဗျာ
နောက်ဆုံးတော့ ထင်းခုတ်သမားလည်း ထင်းစည်းကို မနိုင်မနင်းနဲ့ သယ်ပြီး ကောင်မလေးကို ဖြတ်အကျော်မှာ ထိုးထိုးထောင်ထောင် ထင်းချောင်းများက ကောင်မလေးကို ငြိမိတော့သည်။ ကောင်မလေးလည်း ပြဲသွားတော့သည်။ (အင်္ကျီဖြစ်ပါသည်)
ကောင်မလေး။ ။ အမေ့... ပြဲသွားပြီ... လျော်၊ လျော်...
ထင်းခုတ်သမား။ ။ ကျွန်တော်ပြောသားပဲ လမ်းဖယ်ပေးပါဆိုတာကို
ကောင်မလေး။ ။ သိဘူး၊ စခန်းရောက်မှ ရှင်းမယ်၊ ဒါပဲ...
ဒီလိုနဲ့ ကောင်မလေးက လက်ဆွဲခေါ်လာသဖြင့် ထင်းခုတ်သမားလည်း ထင်းစည်းကြီးတန်းလန်းနဲ့ ယက်ကန် ယက်ကန်ဖြင့် စခန်းသို့ ရောက်လာလေတော့သည်။
စခန်မှူး။ ။ ဘယ်ကနေ ဘယ်လို ဖြစ်လာတာလဲ ကလေးမ
ကောင်မလေး။ ။ ဒီလိုပါ စခန်းမှူးကြီးရယ်... ဒီလောက်လမ်းအကျယ်ကြီးမှာမှ ကျွန်မနောက်က ကပ်လိုက်လာပြီး အင်္ကျီကို ပြဲအောင် လုပ်တာ... အဟင့်... ရှက်လိုက်တာနော်...
စခန်းမှူး။ ။ ဟေ့ကောင်၊ ဟုတ်သလား
ထင်းခုတ်သမားက ဘာမှ ပြန်မဖြေဘူး။ ဘာလို့လဲဆိုတော့ သူ့အတွေးနဲ့ သူနစ်မျောနေလို့ပါ။ သူတွေးနေတာက သူတစ်ဝက်တစ်ပျက်နဲ့ သင်ခဲ့ဖူးတဲ့ ကျောင်းသင်ခန်းစာထဲက ထင်းခုတ်သမားနဲ့ မာနရှင် လူဝကြီးရဲ့ ပုံပြင်အကြောင်းပါ။ အဲဒီပုံပြင်ကို သင်ရတုန်းက သူအရမ်းနှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ တစ်ဝက်တစ်ပျက် ကျောင်းသားဘဝထဲက မှတ်မှတ်ထင်ထင် အရှိဆုံး သင်ခန်းစာလို့လည်း ပြောနိုင်ပါတယ်။
အဲဒီပုံပြင်မှာ ထင်းခုတ်သမားတစ်ယောက်ဟာ ထင်းစည်းကြီးထမ်းပြီး ဈေးကိုသွားတဲ့အခါမှာဖြစ်တယ်။ လမ်းကျဉ်းလေးကို ဖြတ်တဲ့အခါမှာ “လမ်းနည်းနည်းလောက် ဖယ်ပေးကြပါခင်ဗျာ” လို့ သူက အော်အော်ပြီး သွားတယ်။ အဲဒီလို ထင်းစည်းကြီး ထမ်းလာတဲ့ ထင်းခုတ်သမားကို တခြားသူတွေက ဖယ်ပေးကြပေမယ့် မာနရှင် လူဝကြီးတစ်ယောက်ကတော့ ဖယ်မပေးခဲ့ဘူး။ အဲဒီလူဝကြီးက “ဒီလို ဆင်းရဲသားရဲ့ စကားကို ငါလို လူချမ်းသာက နားထောင်ရမလား” ဆိုပြီး မာနတစ်ခွဲသားနဲ့ ဖယ်မပေးပဲနေခဲ့တယ်။
ဒီလိုနဲ့ ထင်းစည်ကို မနိုင်မနင်းသယ်လာတဲ့ ထင်းခုတ်သမားက လူဝကြီးကို ကျော်အတက်မှာ သူ့ရဲ့ ထင်းစည်းနဲ့ လူဝကြီးရဲ့ အင်္ကျီနဲ့ ငြိပြီး စုတ်ပြဲသွားစေခဲ့တယ်။ ဒီတော့ လူဝကြီးက ထင်းခုတ်သမားကို အင်္ကျီစုတ်ပြဲစေမှုနဲ့ တရားရုံးတော်ကို ခေါ်သွားပြီး တိုင်တယ်။ တရားရုံးကိုရောက်လို့ တရားသူကြီးက “မောင်မင်း သူ့အင်္ကျီကို စုတ်ပြဲအောင် လုပ်သလား” လို့ မေးတဲ့အခါမှာ ထင်းခုတ်သမားက ဘာမှမဖြေပဲ တုံဏှိဘာဝေ ပေတေတေနဲ့ ထိုင်နေတယ်။
ဒီတော့ တရားသူကြီးက လူဝကြီးကို “အသင့်လူက စကားလည်း မပြောတတ်ပါလား” လို့ မှတ်ချက်ပြုတော့ လူဝကြီးက “မဟုတ်ပါ၊ လမ်းမှာတုန်းက သူစကားပြောတတ်ပြီး လမ်းနည်းနည်းလောက် ဖယ်ပေးကြပါ” လို့လည်း အော်သည်ဟု တရားသူကြီးမင်းကို လျှောက်တယ်။ အဲဒီအခါမှာ တရားသူကြီးမင်းက “သူက လမ်းဖယ်ခိုင်းရဲ့သားနဲ့ သင်က မဖယ်တာဟာ သင့်အလွန်ဖြစ်တယ်။ ဒီအတွက် အင်္ကျီစုတ်ပြဲသွားတာမှာ သူ့မှာ အပြစ်မရှိ” ဟု မှတ်ချက်ချပြီး အမှုကို မှန်ကန်စွာ ဆုံးဖြတ်ခဲ့တယ်။
ခု အဲဒီပုံပြင်ထဲက အတိုင်း ဖြစ်လာပါပြီ။ အဲဒီပုံပြင်ထဲမှာ ထင်းခုတ်သမားဟာ မာနရှင် လူဝကြီးကို ရုံးတော်မှာ စကားတစ်ခွန်းမှ မပြောဘဲ လှပစွာ အနိုင်ယူသွားခဲ့ပါတယ်။ ထင်းခုတ်သမားက တွေးပြီး ကြိတ်ပြုံးလေး ပြုံးမိတော့သည်။
စခန်းမှူး။ ။ ဟေ့ကောင်၊ ပြုံးစိစိ လုပ်မနေနဲ့... ငါမေးနေတယ်လေကွာ... မင်းသူ့အင်္ကျီကို ပြဲအောင် လုပ်တယ်ဆို...
ထင်းခုတ်သမားက ပြန်မဖြေဘူး။ ဒါနဲ့ ပဲ စခန်းမှူးကြီးက ကောင်မလေးဘက်ကို လှည့်ပြီး မေးတော့တယ်။
စခန်းမှူး။ ။ ဟဲ့၊ ကလေးမ... နင့်အကောင်က စကားမပြောတတ်ဘူး ထင်တယ်
စခန်းမှူးက အဲလိုမေးတော့ ကောင်မလေးရဲ့ အတွေးထဲမှာ စဉ်းစားခန်းတွေ ရောက်လာတော့တယ်။ သူမ တွေးမိတာက အလယ်တန်းကျောင်းသူဘဝတုန်းက သင်ခဲ့ဖူးတဲ့ “ထင်းခုတ်သမားနဲ့ မာနရှင် လူဝကြီး” ဆိုတဲ့ ပုံပြင်အကြောင်းပါ။ အဲဒီထဲက ထင်းခုတ်သမားက “လမ်းနည်းနည်းလောက် ဖယ်ပေးကြပါခင်ဗျာ” လို့ အော်တယ်။ ပြီးတော့ ရုံးတော်ကို ရောက်သွားတဲ့အခါကျတော့ စကားတစ်ခွန်းမှ မပြောတော့ဘူး။ ခု သူမအင်္ကျီကို စုတ်ပြဲအောင်လုပ်တဲ့ ထင်းခုတ်သမားကလည်း ဒီအတိုင်းပဲ။ တစ်ထပ်တည်း ချွတ်စွတ်လို့တောင် ပြောလို့ရတယ်။ ပုံပြင်ထဲကနဲ့ မတူတာဆိုလို့ ဟိုမှာက ဈေးကို သွားတဲ့ လမ်းကျဉ်းလေးဖြစ်ပြီး ခုဟာက ကတ္တရာလမ်းမကျယ်ကြီး ဖြစ်နေတာ တစ်ခုပဲ။
“အင်း... ဒီလူခမျာ ပုံပြင်ပဲ ရူးနေတာလား၊ စိတ်ပဲ မနှံ့တာလား မသိဘူး” ကောင်မလေးက တစ်ကိုယ်တည်းတွေးပြီး ပြုံးလိုက်မိတယ်။
စခန်းမှူး။ ။ ဟေ့... ကလေးမ... ဘာတွေ တွေးနေတာလဲ... နင့်အကောင်က စကားမပြောတတ်ဘူးလား...
အဲဒီတော့မှ ကောင်မလေးလည်း ပုံပြင်ထဲကနေ လက်တွေ့ကမ္ဘာထဲကို ပြန်ရောက်လာတော့တယ်။ ချက်ချင်းပဲ မျက်နှာကို အတတ်နိုင်ဆုံးလေး ပြုံးအောင်ပြုပြီး စခန်းမှူးကို ပြောလိုက်တယ်။
ကောင်မလေး။ ။ အာ၊ မဟုတ်ပါဘူး၊ စခန်းမှူးကြီးရယ်... လမ်းမှာဖြင့် ကျွန်မနောက်ကနေ လိုက်ပြီး ပြောတာဖြင့်စုံလို့...
စခန်းမှူး။ ။ ဟုတ်လား၊ ဘာတွေပြောလဲ
ကောင်မလေး။ ။ ဟို... သူပြောတာကလား၊ ဟို... ဟိုဟာ...
စခန်းမှူး။ ။ ဘာဟိုဟာလဲ... ပြောလေ...
ကောင်မလေး။ ။ အဲ... သမီး၊ သမီးရှက်လို့ပါ... ပြောရမှာဖြင့်...
စခန်းမှူး။ ။ ပြောလေ... သမီးရဲ့ မရှက်ပါနဲ့...
ကောင်မလေး။ ။ ဟိုလေ... သူပြောတာက... သောက်ကောင်မ၊ လမ်းဖယ်ပေးစမ်း၊ မဟုတ်ရင် ငါ့အချောင်းနဲ့ နင့်ဟာနဲ့ ထိုးမိပြီး ပြဲသွားမယ် တဲ့... အဲ... အဲလိုပြောတာ...
စခန်းမှူး။ ။ အာ... အတော်ညစ်ပတ်တဲ့ကောင်ပဲ... ဟေ့ကောင်... မင်းအတော်ရိုင်းပါလားကွ...
စခန်းမှူးက ထင်းခုတ်သမားကို လှည့်ပြီးအော်တော့တယ်။
ထင်းခုတ်သမား။ ။ အာ... မဟုတ်... သူ၊ သူလျှောက်ပြောနေတာပါ စခန်းမှူးကြီး... အဲလို မဟုတ်ပါဘူး...
ကောင်မလေး။ ။ ဘာမဟုတ်ရမှာလဲ... ရှင်ပဲ လမ်းဖယ်ခိုင်းခဲ့တာ မဟုတ်လား
စခန်းမှူး။ ။ ဟေ့ကောင်၊ မင်း ညစ်တီးညစ်ပတ်ထပ် မလုပ်နဲ့... မဖယ်ခိုင်းဘူးလား...
ထင်းခုတ်သမား။ ။ ဖယ်တော့ ဖယ်ခိုင်းပါတယ်။ ဒါပေမဲ့ အဲလို...
စခန်းမှူး။ ။ ဟေ့ကောင်၊ ငါမေးတာကိုဖြေ... မင်း ဖယ်ခိုင်းသလား... မဖယ်ခိုင်းဘူးလား... မင်းကြောင့် သူများ အရှက်ရနေပြီ...
ထင်းခုတ်သမား။ ။ ဖယ်တော့ ဖယ်ခိုင်းပါတယ်။ ဒါပေမဲ့... ခုနကလို...
စခန်းမှူး။ ။ ဟကောင်... မင်းအတော်ပေရှည်တာပဲ၊ အစက ငါမေးတော့ အ’အလို ရေငုံနှုတ်ပိတ်လုပ်နေတယ်။ ခုကျတော့ ဝင်ပြောပြန်တယ်။ ငါက ဘာယုံရမှာလဲ။
ထင်းခုတ်သမား။ ။ ဟို... ဟို... ကျွန်တော်...
စခန်းမှူး။ ။ တော်ပြီ ထပ်မပြောနဲ့တော့... မင်းကို သူများသားသမီး အိနြေ္ဒပျက်ပြားစေမှုနဲ့ တစ်ပတ်ချုပ်တယ်။ ဒါပဲ...။
ထင်းခုတ်သမား။ ။ ဗျာ...
ပုံပြင်လေးက ဒါပါပဲ။ ယုံချင်သလိုသာ ယုံကြပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
ညောင်ပင်စောင့် ရုက္ခစိုးက အဲလိုတိုင်လား. . . သူ့ကိုမြင်မှမမြင်ရတာ ဘယ်လိုရှောင်လို့လွတ်မှာလဲ. . .သူလဲ ကောင်မလေးဘုန်းကံပိတာလေ. . . အဲဒါမဖယ်ပေးရကောင်းလားဆိုပြီး ဖမ်းစားလို့...ညောင်ပင်တွေရော ခရေပင်တွေပါ ကုန်တယ်. . .ဟုတ်တယ် ကောင်မလေးကိုအဲဒီဟာတွေ ဒုက္ခလိုက်ပေးလို့. . .(၁၀)ရပ်ကွက်ရဲစခန်းရှေ့က ညောင်ပင်ဟောင်းကြီးပါ. . . ရွှေညောင်ပင်ဘိုးဘိုးကြီးတောင် ကံကောင်းလို့သက်သာသွားတာ. . .ကလေးလိုခွေးလိုမှတ်ပြီးစမ်းတာ. . .သူတို့ဘာသာ ဘုရားရိုက်ခံရလို့ဘုံပျောက်တာ
ReplyDelete