by စာပေခရီးသွားခြေလှမ်းများ
on Friday, September 16, 2011 at 9:55am
- ယောက်ျား တစ်ယောက်အတွက် သင့်ရဲ့ မျက်ရည်ကျတယ်ဆိုတာ မထိုက်တန်ပါဘူး...သင်နဲ့ ထိုက်တန်တဲ့ ယောက်ျားလေးဟာလဲ သင့်ကို မျက်ရည်ကျအောင် မလုပ်ပါဘူး။
- မိန်းကလေးတွေဟာ တယ်လီဖုန်းနဲ့ တူပါတယ်။ သင်က သူ့ကို ထိလို့ရတယ် စကားပြောလို့ရတယ်။ ဒါပေမဲ့ ခလုတ်မှားနှိပ်မိရင်တော့ အဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။
- ကမ္ဘာပေါ်မှာ အပေါများဆုံး အရာ ၂ ခုက ဟိုက်ဒရိုဂျင်နဲ့ မိုက်မဲခြင်းတို့ပါပဲ။
- အမြဲတမ်း တတ်နိုင်သလောက် ရယ်မောပါ.... ဆေးဝါးထက် ဈေးပိုသက်သာလို့ပါ။
- ယောက်ျားလေးတွေဟာ ကြယ်ပွင့်လေးတွေလိုပဲ...သန်းနဲ့ ချီပြီးရှိပေမဲ့ သင့်ရဲ့ အိပ်မက်တွေအကောင်အထည်ဖော်ပေးမဲ့ သူက တစ်ယောက်ထဲပဲ ရှိပါတယ်။
- သင့်ရဲ့ အသက်ကို နှစ်နဲ့ မတွက်ပါနဲ့ ... အပေါင်းအသင်းပမာဏနဲ့ တွက်ပါ။
- အသက်ရှင်ဖို့ သတ္တိမွေးပါ။ လူတိုင်းသေနိုင်လို့ပါ။
- လူကြီးတွေဆိုတာ တကယ်တော့ ပိုက်ဆံရှိတဲ့ ကလေးတွေပါပဲ။
- အချစ်ဟာ ကစားပွဲ မဟုတ်ဘူးဆိုရင် ကစားတဲ့လူတွေ က ဘာလို့ အဲလောက်များရတာလဲ။
- ဘာမှ မပိုင်ဆိုင်တော့ရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူးပေါ့။
- မုန်းရတာ လွယ်တယ်... ချစ်ရတာ ပိုက်ဆံကုန်တယ်။
- သင့်ကို ရေကူးသင်ပေးသူကို ရေနှစ်သတ်ဖို့ မကြိုးစားပါနဲ့။
- ဘ၀ရဲ့ အကောင်းဆုံးအရာတွေက မမြင်နိုင်ပါဘူး။ ဒါကြောင့်လဲ အိပ်မက်မက်တဲ့ အခါနဲ့ အနမ်းပေးတဲ့အခါ မျက်လုံးမှိတ်ထားရတာ ဖြစ်နိုင်ပါတယ်။
- အချစ်ဟာ သင်္ချာနဲ့ တူပါတယ်။ ရိုးစင်းတဲ့ အတွေးအခေါ်၇ှိ သလို ရှုပ်ထွေးမှုလဲ ရှိပါတယ။်
- ကောင်လေးတစ်ယောက်က သူ့ချစ်သူမိန်းကလေးကို နှင်းဆီ ၁၂ ပွင့် ပေးပါတယ်။ ၁၁ ပွင့်က အစစ်ဖြစ်ပြီး ၁ ပွင့်က အတုပါ...ပြီးတော့ သူက ပြောတယ်... ငါမင်းကို နောက်ဆုံး နှင်းဆီ ကြွေကျတဲ့ အချိန်ထိ ချစ်ပါမယ်တဲ့။
- မှတ်ထားရမှာက ...ဒီနေ့ဆိုတာ သင်စိတ်ပူပန်ခဲ့တဲ့ မနေ့ကရဲ့  မနက်ဖြန်ဖြစ်ပါတယ်။
- တစ်ယောက်ယောက်ကို ချစ်မိပြီဆို၇င် သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပြီး အဲဒီနေရာက အမြန်ဆုံးထွက်လာခဲ့ပါ...ဘာလို့လဲဆိုတော့ သူက ရဲကို ခေါ်ပြီး ပြန်ပေးဆွဲမှုနဲ့ သင့်ကို အကြပ်ရိုက်စေမှာမို့ပါ။
- တကယ်လို့မင်းကို ချစ်တာနဲ့ အသက်ရှုတာကို ရွေးချယ်ရမယ်ဆို၇င်...ငါ့ရဲ့ နောက်ဆုံးအသက်ရှုသံတွေဟာ မင်းကို ချစ်တယ်ဆိုတဲ့ စကားတွေပဲဖြစ်ပါလိမ့်မယ်။
- ဘုရားသခင် တကယ်လို့ ကျွန်ုပ်ကို ပိန်အောင် မလုပ်နိုင်ခဲ့ရင် ကျွန်ုပ်မိတ်ဆွေတွေကို ၀ အောင်လုပ်ပေးပါ။
မူရင်း ၊ ၊ Cute Sayings ကို ဘာသာပြန်သည်။
ကျေနပ်နိုင်ကြပါစေ။
(ဇေယျာ) 16/Sep/2011, Friday, 9:00 am
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။