Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 27, 2012

မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက် - Jureslem, Isreal

Tuesday, 10 July 2012 06:41 လှမင်းသူ
 

မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၁)
လှမင်းသူ

ခရစ်တော်ပဋိတ်သန္ဓေစွဲ မည်ဟု ကောင်းကင်တမန်မှဖော်ပြသောနေရာ

Nazareth မြို့ သည် မယ်တော်မာရိနှင့် ယောသတို့ ၏ ဇာတိမြေဖြစ်သည်။ထိုမြို့ ၌ပင် မယ်တော်မာရိအား ကောင်းကင်တမန် ဂါဘရီလ(Gabriel) မှ သန့် ရှင်းသောဝိညာဉ်အားဖြင့် ပဋိတ်သန္ဓေစွဲမည်ဟု ပြောကြားခဲ့သည်။လုကာ ၁း၂၆-၃၈
The Basilica of the Annunciation ဆိုသည့်အရပ်သည် ကောင်းကင်တမန်မှ ထိုသို့ အသိပေးပြောကြားခဲ့သော နေရာဖြစ်သည်။ပုံတွင် ဖော်ပြထားပါသည်။

ပုံ (၁)။ ။The Basilica of the Annunciation
နာဇရက်မြို့ ၌ မယ်တော်မာရိ၏ ရေခပ်တွင်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။ပုံ

ပုံ(၂)။ ။မယ်တော်မာရိ၏ ရေခပ်တွင်း


ခရစ်တော်မွေးဖွားရာနေရာ
ခရစ်တော်သည် ဘက်သလင်မြို့ နွားစားခွက်၌ မွေးဖွားခဲ့သည်။ ကောင်းကင်တမန်မှလည်း အနီးအနားရှိ သိုးထိန်းများသို့ မွေဖွားသည့်သတင်းကို ပြောကြားခဲ့သည်။ မာဂုပညာရှိများမှလည်း လာရောက်တွေ့ ဆုံဖူးမြော်ခဲ့သည်။
Church of the Nativity ကို ကွန်စတင်တိုင်း ဘုရင်မှ ကနဦးဆောက်လုပ်ခဲ့သည်။ ထိုအဆောက်အဦကို ခရစ်တော်မွေးဖွားရာ ဂူနေရာ ပေါ်တွင် ဆောက်လုပ်ခဲ့သည်။အောက်ဖော်ပြပါပုံများသည် ခရစ်တော်မွေးဖွားရာ နေရာနှင့်ဆက်ဆိုင်သော ပုံများဖြစ်သည်။

ပုံ(၁)။။ Church of the Nativity

ပုံ(၂)။။ ခရစ်တော်မွေးဖွားရာ အ၀င်ဝ

ပုံ(၃)။။ ခရစ်တော်မွေးဖွားရာ နေရာနှင့်နွားစားခွက်



ပုံ(၄)။။ ခရစ်တော်မွေးဖွားသည့် နေရာကို ကြယ်ပုံပြုလုပ်ထားသည်။ဘုရားဖူးများ အများအားဖြင့် နမ်းသောနေရာဖြစ်သည်။

ပထမဆုံးတန်ခိုးပြခဲ့သည့်နေရာ
ခရစ်တော်သည် အံ့ဖွယ်တန်ခိုးများပြခဲ့သည်။ ထိုတန်ခိုးများအနက် ပထမဆုံးသောတန်ခိုးကို Nazareth မြို့ အနီး Cana ရွာကလေး၌ ပြခဲ့သည်။ထိုရွာ၏ ဖိတ်ကြားခံရသော မင်္ဂလာဆောင်၌ ရေကို စပျစ်ရေအဖြစ် ပြောင်းလဲစေခဲ့သည်။

ပုံ(၁)။။ Cana ရွာကို အဝေးမှမြင်ရသောမြင်ကွင်း

ပုံ(၂)။ Cana ရွာကလေး၌ ခရစ်တော် တန်ခိုးပြခဲ့သော မင်္ဂလာဆောင်နေရာ

ပုံ(၃)။ Cana ၀ိုင်ကို Souvenirs အဖြစ်ဝယ်ယူနိုင်သည်။


ခရစ်တော်ဗတ္တိဇံ ခံယူသောနေရာ
ခရစ်တော်သည် ယောဒန်မြစ်ကမ်း၌ ၀မ်းကွဲတော်စပ်သူ ယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့သည်။ ခရစ်တော်အား ဘုရားသခင်၏ သိုးသူငယ်အဖြစ် ကြေညာခဲ့ပြီး နှစ်ခြင်းခံယူစဉ် ကောင်းကင်မှ ဂျိုးငှက်သည် ပခုံးပေါ်သို့ ဆင်းသက်ခဲ့သည်။

ပုံ(၁)။။ ဂျော်ဒန်မြစ်

ပုံ(၂)။ ။ဗတ္တိဇံခံယူရာ အ၀င်ဝ

ပုံ(၃)။ ။ဂျော်ဒန်မြစ်ကမ်းတစ်လျှောက်
အချိန်မအားလပ်ပါသဖြင့် အပိုင်းခွဲ၍ တင်ပြရခြင်းကို တောင်းပါအပ်ပါသည်။


မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၂)
အစာရှောင်ဆုတောင်းခြင်း
ဗတ္တိဇံ ခံယူပြီးနောက် ခရစ်တော်သည် အစာရှောင် ဆုတောင်းရန် အလို့ ငှာ ရက်(၄၀) ခန့် ကန္တာရ သို့ ထွက်ခဲ့သည်။ ထိုအရပ်၌ပင် စာတန်သည် သခင်၏ Mission ကို ညှိနှိုင်းရန် သွေးဆောင်ခဲ့သည်။

ပုံ(၁)။ ။ ကန္တာရ

နောက်လိုက်တော်များအား ခေါ်ယူခြင်း
ခရစ်တော်၏ ပထမဆုံးသော နောက်လိုက်တော်များသည် တံငါသည်များဖြစ်၌၍ Galilee ပင်လယ် ကမ်းခြေ၌ တွေ့ ရှိခေါ်ယူခဲ့သည်။ ၄င်းတို့ ၏ ပိုက်ကွန်များကို စွန့် လွတ်၍ မိမိနောက်သို့ လူမျှားသော တံငါများအဖြစ် လိုက်ပါစေခဲ့သည်။
Galilee ပင်လယ် နှင် Galilee ဒေသသည် Israel ၏ မြောက် အရပ်၌ တည်ရှိသည်။ပထမရာစု နှစ်၌ အသုံးပြူခဲ့သော လှေကို ထိုဒေသ၌ မကြာသေးမီကပင် တွေ့ ရှိခဲ့သည်။ ခရစ်တော်သည် အလားတူလှေမျိုးကို အသုံးပြုခဲ့ဟန်ရှိသည်။ထိုလှေကို Jesus Boat ဟူ၍၄င်း၊Galilee Boat ဟူ၍၄င်း ခေါ်ဝေါ်ပြီး Kibbutz Ginosar အရပ်၌ ပြသထားသည်။

ပုံ(၂)။ ။ ပထမရာစု လှေကို ရှာဖွေတွေ့ ရှိခဲ့ပြီး ပြတိုက်၌ ပြသထားပုံ

ပုံ(၃)။ ။ လှေအား ပြူပြင်တည်ဆောက် သောအခါ ဤကဲ့သို့ မြင်ရမည် ဖြစ် သည်။


နာဇရက်၌ ငြင်းပယ်ခံရခြင်း
ကန္တာရ၌ စုံစမ်းနှောက်ယှက်ခြင်း ခံရပြီးနောက် ခရစ်တော်သည် နေရပ် နာဇရက်မြိုသို့ ပြန်သွားလျှက် တရားဇရပ်တို့ ၌ စတင်ဟောပြောတော်မူ၏။ “မည်သည် ပရောဖက်မှ မိမိဇာတိမြေ၌ မျက်နှာမရဟု“ ဟောပြောသောအခါ လူအများတို့ သည် ပြင်းစွာအမျက်ထွက်လျှက် ကိုယ်တော်အား တောင်စောင်းမှ ပစ်ရန် ခေါ်သွားခဲ့ သည်။
Mount Precipice သည် ထိုတောင်ဖြစ်သည်ဟုယူဆရသည်။

ပုံ(၄)။ ။Mount Precipice


Galilee ပြည်၌ သာသနာပြုခြင်း
ခရစ်တော်သည် Galilee ပင်လယ်နှင့် ၀န်းကျင်တ၀ိုက်၌ တရားဒေသနာသင်ကြားခြင်း နှင့် တန်ခိုးများကို ပြခဲ့သည်။ထိုအချိန်များ၌ ခရစ်တော်သည် Carpernum မြိုရှိ St.Peter အိမ်၌ သီတင်းသုံး နေထိုင်ပြုလုပ်ခဲ့သည်။
ထိုအိမ်၌ နေထိုင်သီတင်းသုံးလျက်ပင် မသန်မစွမ်းသူတစ်ဦး၊ St. Peter ၏ ယောက္ခမကို ကုစားခဲ့သည်။

ပုံ(၅)။။ St. Peter ၏ နေအိမ် (ပြန်လည်တူးဖော်ခါစ)

ပုံ(၆)။။ ထိုနေရာ၌ ပင် Franciscan church ကို ပြန်လည်တည်ဆောက်ခဲ့သည်။

ပုံ(၇)။။ Carpenum မြို့ ရှိတရားဇရပ်


လူ၅၀၀၀ အားကျွေးမွေးခြင်း
Galilee ပင်လယ် ကမ်းခြေ၌ ကိုယ်တော်သည် မုန့် အနည်းငယ်နှင့် ငါးအနည်းငယ် ကို ပွားများစေလျက် လူပေါင်း ၅၀၀၀ ကို အံ့မခန်းတန်းခိုးဖြင့် ကျွေးခဲ့သည်။

ပုံ(၈) ။ ။ ထိုအရပ်ဒေသ၌ တည်ဆောက်ထားသော Church

ပုံ(၉)။ ။ မုန့် ငါးလုံးနှင့် ငါးနှစ်ကောင် အထိမ်းအမှတ် ကျေက်ထွင်းလက်ရာ
ဆက်လက်ဖော်ပြပါမည်။

မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၃)အဆုံးသတ်
အဆင်းသဏ္ဌန်ပြောင်းခြင်း
”ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ ကိုခေါ်၍ မြင့်လှစွာ သော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို ဆောင်ကြွတော်မူ၏။ သူတို့ ရှေ့ ၌ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံ သည်ဖြစ်၍။ မျက်နှာတော်သည် နေကဲ့သို ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သိုဖြူလျက်ရှိ၏။”
ရှင်မဿဲ ၁ရး၁-၉
၎ ရာစုနှစ်လောက်ကစ၍ Tabor တောင်သည် ကိုယ်တော် ရုပ်သဏ္ဌန် ပြောင်းသောတောင်အဖြစ် တွေ့ ရှိသတ်မှတ်နိုင်ခဲ့သည်။



ပုံ(၁)။ ။ခရစ်တော် ရုပ်သဏ္ဌန်ပြောင်းသော Tabor တောင်



ပုံ(၂)။ ။တောင်ပေါ်ရှိ ဥယာဉ်


လာဇရု အားထမြောက်စေခြင်း
Bethany ၌ လာဇရု သင်္ချိုင်း ကို သွားရောက် လည်ပတ်နိုင်သည်။အောက်ဖော်ပြပါ ပုံများကို ကြည့်ပါ။

ပုံ(၃) ။ ။ လာဇရု အုတ်ဂူသို့ ဆင်းရာ လှေခါး။


ပုံ(၄) ။ ။လာဇရု အုတ်ဂူအ၀င်ဝ။



ပုံ(၅) ။ ။ လာဇရုအုတ်ဂူကို Church နှင့် Mosque ကြား၌ တွေ့ မြင်ရပုံ။


ဆီမွေးဖြင့် လိမ်းကျံခြင်း
ကိုယ်တော်သည် ရှိမုန်အမည်ရှိသော လူနူ၏နေအိမ်၌ နေထိုင်စဉ် မာရိဟု အမည်ရှိသော အမျိုးသမီး၏ ဆီမွေးဖြင့် လိမ်းကျံခြင်းကို ခံယူတော်မူ၏။

ပုံ(၆)။ ။ ရှိမုန်လက်ထက်က နေအိမ်အတွင်း အဆင်အယင်

နောက်ဆုံးညစာစားပွဲ
ရန်သူလက်သို့  သစ္စာဖောက်ခံရ၍ အပ်နှံခြင်း မခံရမှီ ည၌ ကိုယ်တော်သည် နောက်လိုက်တော်များနှင့် အတူ ညစာစားပွဲကို အတူတကွ စားသောက်ခဲ့သည်။ထိုစားပွဲ၌ ကိုယ်တော်သည် ယနေ့ ခရစ်ယာန်များအားလုံး ပါဝင်ပြုလုပ်ကြသော ”ပွဲတော်မင်္ဂလာ” Eucharist ကို အစပြုခဲ့သည်။
ပွဲတော်တည်ခင်းသော အခန်းသည် ဂျေရုဆလင်မြို့ ရှိ Zion တောင်ပေါ်၌ တည်ရှိသည်။

ပုံ(ရ) ။ ။ Zion တောင်ပေါ်၌ တည်ရှိသော နောက်ဆုံးညစာစားပွဲ အခန်း။

ပုံ(၈)။ ။ပုပ်ရဟန်းမင်းကြီး John Paul II ကို ညစာစားပွဲ အခမ်း၌ တွေ့ မြင်ရစဉ်။

ရန်သူ့ လက်သို့ အပ်နှံခံရခြင်း
ညစာစားပွဲ ပြီးနောက် ခရစ်တော်သည် မိမိ၏ နောက်လိုက်တော်များကို ဂေသရှင်မန်ဥယာဉ်သို့ ခေါ်ဆောင်သွားပြီး တပည့်တော်တို့ အား ဆုတောင်းနေစဉ်အတွင်း စောင့်ကြည့်ကြရန် မိန့် မှာခဲ့သည်။ ရန်သူများကို ခရစ်တော်မည်သူဖြစ်ကြောင်း ယုဒရှကာယုဒ်မှ ညွန်ပြခဲ့သည်။
The Church of All Nations သည် ခရစ်တော်နာကျင်စွာဖြင့် ဆုတောင်ခဲ့သော နေရာ၌ တည်ရှိသည်။အောက်တွင် ဖေါ်ပြထားပါသည်။

ပုံ(၉)။ ။ Church of All Nations


ကရာနီတောင်ကုန်းပေါ်သို့ ကားတိုင်ထမ်းခြင်း
ခရစ်တော်သည် မိမိကိုယ်တိုင် ကားတိုင်ကို ထမ်းလျှက် ကရာနီတောင်ကုန်းပေါ်သို့ လျှောက်လှမ်းခဲ့ရသည်။ Via Dolorosa ဟုခေါ်တွင်သော လမ်းသည် ခရစ်တော်ကားတိုင် ထမ်းရာ လမ်းဟု မှတ်ယူရသည်။ ထိုလမ်းတစ်လျှောက်၌ တစ်ထောက် နားနေစခန်းများ ရှိသည်။အောက်ပုံများကို ကြည့်ပါ။

ပုံ(၁၀)။ Via Dolorosa လမ်းအစ။

ပုံ(၁၁)။ ။ ပထမ စခန်း

ပုံ(၁၂)။ ။ ပဉ္စမမြောက် စခန်း

ပုံ(၁၃)။ ။ အဌမမြောက် စခန်း


ခရစ်တော်ကားတိုင်တင်ခံရသည့်နေရာ
ခရစ်တော်ကို ကရာနီတောင်ကုန်းပေါ်ရှိ Golgotha( ဦးခေါင်းခွံအရပ်) ၌ သူခိုးနှစ်ယောက်ကားတိုင်ကြားတွင် ကားတိုင်တင်ခဲ့သည်။
ယခုအခါ ထိုနေရာသည် Church of the Holy Sepulchre အတွင်းထဲ၌ တည်ရှိသည်။

ပုံ(၁၄)။ ။Church of the Holy Sepulchre ကို အပေါ်စီးမှ တွေ့ မြင်ရပုံ

ပုံ(၁၅)။ ။ ကရာနီကုန်းသို့  သွားရာလှေခါးအ၀င်ဝ

ပုံ(၁၆)။ ။ ခရစ်တော်အား မမြုပ်နှံမှီ ပြင်ဆင်ရာ နေရာ၌ ဘုရားဖူးများ ၀ိုင်းဝန်း၍ ဆီဖြင့်လိမ်းကျံစဉ်


ခရစ်တော်အား မြုပ်နှံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း
ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု၏ တပည့်တော် ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ယေရှု၏ အလောင်းတော်ကိုတောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော်၊ ယောသပ်သည်အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာထားလေ၏။ ကြီးစွာသောကျောက်ကိုလည်း တွင်းဝ၌လှိမ့်ထား ပြီးမှသွား၏။ မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာထိုင်လျက် နေကြ၏။
ရှင်မဿဲခရစ်ဝင် ၂ရး၅ရ-၆၁
ခရစ်တော်အား မြုပ်နှံရာ နေရာ သည် Church of the Holy Sepulchre ၌ တည်ရှိသည်။အောက်ဖော်ပြပါပုံများသည် ခရစ်တော်မြုပ်နှံရာ နေရာနှင့် စပ်ဆိုင်သည်။

ပုံ(၁၇)။ ။ကိုယ်တော်အား မြုပ်နှံရာဂူ


ပုံ(၁၈)။ ခရစ်တော်အား မြုပ်နှံရာ နေရာ


ကောင်းကင်သို့ တက်ကြွတော်မူသည့်နေရာ
ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပြန်လည်တက်ကြွတော်မူသော နေရာသည် Olives တောင် ပေါ်၌ တည်ရှိသည်။ ထိုတောင်ပေါ်၌ ဘုရားကျောင်း ငယ်လေးတစ်ခုတည်ဆောက်ထားပြီး ထိုဘုရားကျောင်းအတွင်း၌ ခရစ်တော်၏ ခြေရာတော်ကို ထုလုပ်ထားသည်။

ပုံ(၁၉)။ ။ ကောင်းကင်သို့ တက်ကြွရာ နေရာ၌ တည်ထားသော ဘုရားကျောင်းငယ်



ပုံ(၂၀)။ ။ ခြေတော်ရာကို အဝေးမှမြင်ရပုံ။



ပုံ(၂၁) ။ ။ ခြေတော်ရာ အနီးကပ်မြင်ကွင်း
ဘုရားသခင်ကောင်းကြီးပေးပါစေ။ လှမင်းသူ

Source... http://www.murann.com/ezine/index.php?option=com_content&view=article&id=1447:--jureslem-isreal&catid=2:knowledge&Itemid=44

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။