Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 30, 2012

ရွှေဥ မဥချင်သော ငန်း

by Han Thit Nyeim on Tuesday, March 22, 2011 at 7:26am


(Source: http://en.wikipedia.org/wiki/The_Goose_That_Laid_the_Golden_Eggs)
..........................................................

တစ်ခါတုန်းက မထူးဆန်းသော လူတစ်ယောက်ရှိလေသည်။ (မထူးဆန်းသောကြောင့် သာမန်လူဟုသာ ယူဆကြပါကုန်။) ထိုသူ့ထံတွင် ထူးဆန်းသော ငန်းတစ်ကောင်ရှိ၏။ ထူးဆန်းရခြင်းမှာ ထိုငန်းသည် ရွှေဥဥသော ကြောင့် ဖြစ်လေသည်။ (ထိုထက်မက ထူးဆန်းသည်ကို ဆက်လက်ဖတ်ရှုလျှင် တွေ့ပါဦးမည်)

ငန်းမှာ ထိုသို့ ရွှေဥဥသည် ဆိုသော်လည်း အီစွတ်၏ “The Goose That Laid the Golden Eggs” ပုံပြင်ထဲက ငန်းလို တစ်နေ့တစ်လုံး ဥသည် မဟုတ်ချေ။ ထိုငန်းတစ်သက်တာတွင် ဥတစ်လုံးသာ ဥခဲ့ဖူးလေသည်။ ထို့ကြောင့် “တစ်လုံးတည်း ရွှေဥ” လို့ပင် တင်စားရမည့် ငန်းလည်း ဖြစ်သည်။


ငန်းပိုင်ရှင်ကလည်း အီစွတ်ပုံပြင်ထဲက လူလို ငတုံး ငပြိန်း မဟုတ်ချေ။ ငန်း၏ တန်ဖိုးကို သူကောင်းစွာ သိလေသည် ထို့ကြောင့် ငန်းကို စားကောင်းသောက်ကောင်းများ သေချာစွာ ကျွေးမွေးပြီး နေ့စဉ်လည်း သန့်ရှင်းသုတ်သင်ပေးလေသည်။

သည်လိုနှင့် ရက်မှလ၊ လမှ နှစ်သို့ပင် ကြာညောင်းလာခဲ့တော့သည်။ ထိုထူးဆန်းသော ငန်းသည် ထူးဆန်းစွာပင် ရွှေဥ တစ်လုံးသာ ဥပြီး မည်သည့်ဥကိုမှ ဆက်လက်၍ မဥချေ။ ငန်းပိုင်ရှင်လည်း ဒီနေ့ဥနိုးနိုး၊ မနက်ဖြန် ဥနိုးနိုးနှင့် စောင့်ရင်း နေ့ရက်တို့သာ ကုန်လွန်လာတော့သည်။

တစ်နေ့ သည်းမခံနိုင်သည့်အဆုံးမှာတော့ ငန်းပိုင်ရှင်သည် ဒေါသဖြင့် အီစွတ်ပုံပြင်စာအုပ်ကို ယူ၍ တစ်စစီစုတ်ဖြဲပြီး မီးပုံထဲ ပစ်ထည့်လိုက်တော့သည်။ ထို့နောက် ဓားတစ်ချောင်းကို ယူ၊ ငန်းလှောင်အိမ်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ငန်း၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ငန်း။ ။ ဟ၊ ဟ... နေ... နေပါဦးဗျ

ပိုင်ရှင်။ ။ အလို... အထူးအဆန်းပါလား၊ မင်းက စကားပြောတယ်...။။။

ငန်း။ ။ ဒါဘာထူးဆန်းလဲဗျ။ ခင်ဗျားကိုတောင် ရွှေဥ တစ်လုံးပေးခဲ့သေးတာပဲ မဟုတ်လား။

ပိုင်ရှင်။ ။ ဟုတ်ပါပြီလေ... ထားကွာ... မင်းက လူလိုနားလည်တယ်ဆိုတော့ လူလိုပဲ ငါပြောမယ်... ရွှေဥတွေ ထပ်လိုချင်တယ်... ဥပေးကွာ...

ငန်း။ ။ အေးဆေးလေဗျာ... တစ်လုံး ဥပေးပြီးပြီပဲ...။

ပိုင်ရှင်။ ။ ဘာကွ... ငါ့မှာဖြင့် မင်းကို ကျွေးလိုက်မွေးလိုက်၊ ရေမိုးချိုးပေးခဲ့ရတာတွေ... နှစ်နဲ့တောင် ချီနေပြီကွ...။

ငန်း။ ။ အဲဒီတော့... ဘာဖြစ်လဲဗျ

ပိုင်ရှင်။ ။ ဟ... ငါနစ်နာတာပေါ့ကွ...

ငန်း။ ။ အံမယ်... စောင့်ရတာကိုပဲ နစ်နာရတယ်ရှိသေး... ဒီမှာ... လဘက်ကောင်းစားချင်ရင် ပလောင်တောင်တက် နှေးတယ်ဆိုတာ မကြားဖူးဘူးလား။

ပိုင်ရှင်။ ။ တော်စမ်းကွာ... ဥပမာတွေ၊ ဥပမာတာတွေ မလိုချင်ဘူး... ဥပါတာပဲ လိုချင်တယ်... မင်းအခု ဥပေးမလား မဥပေးဘူးလား... ဒီမှာ ဓားနော်... အီစွတ်ပုံပြင်ထဲကလို ဖြစ်သွားမယ် ဘာမှတ်နေလဲ...

ငန်း။ ။ အဟား... ဟား... ဟား... လုပ်လေဗျာ... လုပ်လိုက်စမ်းပါ။ ခင်ဗျားလည်း အီစွတ်ပုံပြင်ထဲက လူပြိန်းလို ဖြစ်သွားမှာပေါ့ဗျ...

ပိုင်ရှင်။ ။ ငါမလုပ်ရဲဘူး ထင်လို့လား...

ငန်း။ ။ ကျွန်တော်ကကော မသေရဲဘူး ထင်လို့လား... လုပ်လိုက်စမ်းပါဗျ... ဟား... ဟား... ဟား... ဟား...

ပိုင်ရှင်။ ။ တောက်... ငါနော်...

ငန်း။ ။ ဟား... ဟား... ဟား... ဟား...

ပိုင်ရှင်။ ။ တော်ကွာ... အရင်က ရွှေဥတစ်လုံးမျက်နှာထောက်ထားပြီး ခု သက်ညှာလိုက်မယ်။ ဒါပေမဲ့ ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ... မနက်ဖြန်ကစပြီး တစ်နေ့ တစ်လုံး ပုံမှန်ဥပေးဖို့လိုတယ်... ဒါပဲ။

ငန်း။ ။ အောင်မယ်... လာ လာချည်သေး၊ ကျုပ်ဥပေးမှ ခင်ဗျားရမှာပါဗျ...

ပိုင်ရှင်။ ။ ဘာကွ... တောက်... ငါလုပ်မိမယ်နော်...

ငန်း။ ။ လုပ်လေဗျာ... လုပ်လိုက်... ဟား... ဟား... ဟား... ဟား...

ပိုင်ရှင်။ ။ တောက်...။။။

ငန်း၏ ခြောက်ကပ်ကပ်ရယ်သံနှင့်အတူ ငန်းပိုင်ရှင်၏ တစ်နေ့တာလုံးသည် ခြောက်ကပ်တိတ်ဆိတ် သွားလေတော့သည်။ သူ့ခမျာ တစ်နေကုန်တစ်နေခန်း ဘယ်မှ မသွားနိုင်ဘဲ ငန်းကို ဥဥအောင် မည်သို့လုပ်ရမည်ကို ထိုင်စဉ်းစားလေတော့သည်။

ဘဲဥအစ ရှာမရသလို ငန်းဥအစ ရှာရသည်မှာလည်း အတော်ပင် ခက်လှပေသည်။ ငန်းကို ဥဥအောင် တိုင်းရင်းဆေးပဲ တိုက်ရမလိုလို၊ ဝမ်းနှုတ်ဆေးပဲ ကျွေးရမလိုလို။ လူသိမခံလိုသဖြင့် တိရစ္ဆာန်ဆရာဝန်၊ ဘာညာတွေလည်း သူသွားမပြချင်။ ငန်းပိုင်ရှင်အတွက် အတော်ပင် ခေါင်းခြောက်သည့် ကိစ္စဖြစ်တော့သည်။ ဒီလိုနဲ့ တစ်နေ့နဲ့ တစ်ညတိတိ စဉ်းစားပြီးသောအခါ ငန်းကို မည်သို့ ပညာပေးရမည်ကို သူစိတ်ကူးရလာတော့သည်။

နောက်တစ်နေ့ မနက်မှာ ရေသန့်ဗူးခွံတစ်ခုရယ်၊ ကြိုးတစ်ခွေရယ်နဲ့ အလုပ်ရှုပ်နေတဲ့ ငန်းပိုင်ရှင်ကို တွေ့ရတော့သည်။ သူက ရေသန့်ဗူးအောက်ခြေကနေ သုံးချိုးတစ်ချိုးလောက် အမြင့်ထိကို ဓားနဲ့ ဖြတ်လိုက်တယ်။ ပြီးတော့ အနားလေးဘက်မှာ အပေါက်လေးခုဖောက်ပြီး ကြိုးလေးချောင်းတပ်လိုက်တယ်။ ပြီးတဲ့အခါမှာတော့ ငန်းရှိရာကို ခပ်ပြုံးပြုံးနဲ့ ရောက်လာတယ်။

ငန်း။ ။ မင်္ဂလာပါဗျာ... နံနက်စာလည်း မစားရသေးပါလားဗျ။

ပိုင်ရှင်။ ။ လာမယ်... လာမယ်... နံနက်စာမလာခင် မင်းကို ဝတ်စုံအရင် ဆင်မြန်းပေးမလို့...

ငန်း။ ။ ဟ၊ ဟ... ဘာကြီးလဲဗျ။ မဟုတ်တာတွေ လုပ်မယ် မကြံနဲ့နော်...

ပိုင်ရှင်က ချက်ချင်းပဲ ငန်းကိုဖမ်းပြီး ရေသန့်ဗူးခွံကို ငန်းရဲ့ဖင်မှာစွပ်ပြီး ကြိုးတွေကို ငန်းရဲ့ ကိုယ်နဲ့ လည်ပင်းတွေမှာ ပတ်သိုင်းချည်လိုက်တယ်။

ပိုင်ရှင်။ ။ ဟဲ... ဟဲ... ငါ့ကို ဥ ဥမပေးချင်တဲ့ကောင်... ခု မင်းကို ဖင်ပိတ်ပလိုက်ပြီ... မဥပေးချင်လည်း နေကွာ... ကိစ္စမရှိဘူး... ဖင်ပိတ်ငြင်းချင်လည်းငြင်းပေရော့...။

ငန်း။ ။ ဟ... ဟ... အဲလိုတော့ မလုပ်နဲ့လေဗျာ...

ပိုင်ရှင်။ ။ မရှည်နဲ့ ရော့... နံနက်စာ... ဝအောင် မြိုဆို့... အဝင်သာလိုချင်တဲ့ မင်းကိုယ်ခန္ဓာအတွက် ထွက်ပေါက်ဆိုတာလည်း မရှိဘူးလို့သာမှတ်...

ဒီလိုနဲ့ တစ်နေ့နဲ့ တစ်ည ကျော်လွန်သွားလို့ နောက်တစ်နေ့မနက်ခင်းကို ရောက်လာပြန်ပါတော့တယ်။ ငန်းရှိရာ အိမ်ရှေ့ခန်းကိုထွက်လိုက်တော့ သူ့ကို မချိုမချဉ်မျက်နှာပေးနဲ့ တအီအီလုပ်နေတဲ့ ငန်းကို တွေ့ရပါတော့တယ်။

ငန်း။ ။ ဆရာသခင်...

ပိုင်ရှင်။ ။ ဘာ၊ ခုမှ ဆရာသခင်လဲ...

ငန်း။ ။ ဟုတ်ကဲ့ပါ ဆရာ... ဖင်ပိတ်ပြီးတော့လည်း ထပ်မငြင်းတော့ပါဘူး။ ဖင်ကိုတော့ ပိတ်မထားပါနဲ့ဗျာ။ ခံရခက်လွန်းလို့ပါ… ဥ ဆိုလည်း ဥပေးပါ့မယ်ဗျာ...။

ပိုင်ရှင်။ ။ အေး... အဲဒီလို လိမ်မာမှပေါ့ကွ... ဟား၊ ဟား...

ဤသို့ဖြင့် မထူးဆန်းသော ငန်းပိုင်ရှင်သည် ထူးဆန်းစွာ ရွှေဥဥသော ငန်းကြောင့် ထူးဆန်းစွာ သူဌေးဖြစ်သွားလေတော့သတည်း။

ပုံပြင်လေးကတော့ ဒါပါပဲ။ ယုံချင်မှ ယုံကြပါ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။