by Kaung Myat Min on
Sunday, July 3, 2011 at 12:40pm
ရွှေသတ္တု တူးဖော်တဲ့ ကုမ္ပဏီကြီး တွေရဲ့
လက်ချောင်းတွေ ထဲက တချွင်ချွင် မြည်နေတဲ့ ရွှေဒင်္ဂါး ရေတွက် သံတွေ ဟာ တကယ်တော့
မြစ်ကြီးတွေနဲ့ တောင်တန်း တွေရဲ့ ငိုကြွေးသံတွေ ဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ ရွှေရဲ့
၈၅ ရာခိုင်နှုန်း ကျော်ကို လက်ဝတ် ရတနာတွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ ဒါကြောင့်
ရွှေတူးဖော်ခြင်းဟာ အစား အစာစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်း လောက် သို့မဟုတ်
နောက်ဆုံး စက္ကူထုတ်လုပ်တဲ့ လုပ်ငန်းလောက် တောင်မှ လူသားတွေအတွက် မရှိ မဖြစ်
လိုအပ်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။
လက်ထပ်လက်စွပ်တစ်ကွင်း ရရှိဖို့ လိုအပ်တဲ့ ရွှေပမာဏအတွက် စွန့်ပစ် ရတဲ့ ညစ်ညမ်းအမှိုက်သရိုက် တန်၂၀ ခန့်ရှိတယ်ဆိုတာ သင်သိပါသလား။ ရွှေကို သန့်စင်ထုတ်ယူတဲ့ နည်းအမျိုးမျိုးရှိရာ ကျောက်တောင် တွေကို မိုင်းခွဲပြီး ကျောက်သားတွေထဲ က ရွှေကို သန့်စင်ယူခြင်း၊ ရွှေကြော မြေသားများ တူးခြင်း (ရွှေတွင်းတူး ခြင်း) နဲ့ မြစ်ကမ်းပါးများမှ ရွှေကို ကျင်ယူခြင်းတို့ရှိကြပါတယ်။ အဆုံး သတ်မှာ မြစ်တွေအဆိပ်သင့်ပြီး တောင်တန်းတွေဟာ အစိတ်စိတ်ပြို ပျက်သွားတော့တယ်။ ရွှေကို မြေသား ထဲကနေ ထုတ်ယူဖို့ အက်စစ်အမျိုးမျိုး၊ ပျော်ရည် (Solvent) များ၊ ဆိုင်ယာ နိုက်၊ မာကျူရီ (ပြဒါး)၊ အာဆင်းနစ် အစရှိတဲ့ပြင်းထန်တဲ့ အဆိပ်အတောက် အမျိုးမျိုးကို အသုံးပြုရပါတယ်။ ရွှေဟာ အထူးသဖြင့် ဆာလ်ဖာကြွယ်ဝတဲ့ မြေကြီးထဲမှာ ခိုအောင်းတတ်တယ်။
ဒါကြောင့်ရွှေကိုသန့်စင်ယူပြီးတဲ့နောက မြေသားစွန့်ပစ်တဲ့အခါ ဆာလ်ဖာတွေ များပြားစွာ စုပုံလာပြီး အဲဒီဒေသမှာ အက်စစ်မိုးတွေကို ရွာသွန်းစေတယ်။ ရွှေတူးရာက စွန့်ပစ်လိုက်တဲ့ရေတွေ ထဲမှာ အက်စစ်တွေနဲ့ ဆိုင်ယာနိုက်၊ မာကျူရီ၊ ခဲဓာတ်၊ အာဆင်းနစ် အပါအ၀င်အခြားအဆိပ်အတောက်တွေ လည်း ပျံ့နှံ့ပါဝင်သွားတယ်။ အဆိပ အတောက်တွေနဲ့ အက်စစ်တွေနဲ့ ညစ်ညမ်းသွားတဲ့ မြေပြင်ဟာလည်း နှစ်ထောင်ပေါင်းများစွာ ကြာမှသာ ပကတိအနေအထားကို ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ရွှေတူးဖော်ခြင်း (Gold mining) ဟာ ဒေသခံတွေရဲ့ ရေရှည်စီးပွားရေး ကွင်းဆက် (economies) တွေအပြင် ဂေဟစနစ် ecosystems ကိုပါ အကြီး အကျယ်ထိခိုက်စေပါတယ်။ ဒါကြောင့် ရွှေကို တူးဖော်တဲ့ သူတွေဟာ လူသားတွေ အတွက် မရှိမဖြစ် အသုံးဝင်ခြင်းမရှိတဲ့ ရွှေအတွက် အဖိုးတန်လှတဲ့ တောင်တန်း တွေ၊ မြစ်တွေ၊ မြေပြင်တွေကို ဖျက်ဆီးပစ်နေကြတာဟာ ရူးသွပ်မိုက်မဲလှတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ထိတွေ့သမျှကိုဖျက်ဆီးခြင်း (တစ်နည်းအားဖြင့်) မျိုးဖြုတ် သတ်ဖြတ်ခြင်း (Genocide)
သတ္တုရှာဖွေတဲ့ ကုမ္ပဏီတွေဟာ ဒေသခံ လူထုဆီကို ပျက်စီးဆုံးရှုံးခြင်းနဲ့ သေခြင်းတရားတို့ကို ဆောင်ယူလာတယ်။ သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေဟာ သစ်တောတွေ၊ တောင်တန်းတွေ၊ မြစ်တွေကို ဖျက်ဆီး တယ်။ သေနတ်တွေ၊ အရက်၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို သယ်ဆောင်လာပြီး သူတို့ရောက်ရာ ဒေသရဲ့ သဘာဝတရားကို ဖျက်ဆီးတယ်။ စုပြုံပြွတ်သိပ်နေတဲ့ မိုင်းလုပ်သား တွေဟာ ငှက်ဖျားအပါအ၀င် ကူးစက်ရောဂါတွေ ဖြန့်ဝေရာနေရာ ဖြစ်လာတယ်။
အဆိပ်အတောက်များ
၁။ ဆိုင်ယာနိုက် (Cyanide) နှင့် မာကျူရီ (Mercury) (ပြဒါးဓာတ်) ကျောက်သား၊ မြေသားထဲက ရွှေကို ထုတ်ယူဖို့ ဆိုင်ယာနိုက်ကို အသုံးပြုရ ပါတယ်။ ဆိုင်ယာနိုက်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး ဆန်စေ့ ခန့်ပမာဏဟာ လူကို ချက်ချင်းလဲကျသေဆုံးသွားစေနိုင်တယ်။ ကမ္ဘာပေါ်ရှိ ရွှေတွင်းအကြီးတွေက တစ်နှစ်ကို အသုံးပြုတဲ့ ဆိုင်ယာနိုက် ပမာဏဟာတန်ချိန် ၁၉၀၀ ခန့်ရှိပါတယ်။ ဘယ်သတ္တုတွင်းကမှ ဆိုင်ယာနိုက်တွေ ဂေဟစနစ်ထဲ ရောက်ရှိသွားခြင်းကို ဂရုစိုက်ရှောင်ရှားခြင်း မပြုကြဘူး။
၁၉၉၀ ပြည့်နှစ်က ကာဂျစ်စတန်မှာ ကနေဒါပိုင် ရွှေမိုင်းတစ်ခုက ဆိုင်ယာနိုက်တွေ စွန့်ပစ်မှုကြောင့် လူလေးဦး သေဆုံးပြီးမြစ်ရဲ့အောက်ပိုင်းမှာနေတဲ့ လူထောင်ပေါင်းများစွာ အဆိပ်သင့်ခဲ့တယ်။ ၁၉၈၀ မှ ၁၉၉၀ အတွင်း ကယ်လီဖိုးနီးယား၊ နီဗာဒါ၊ အာရီဇိုးနားရှိ ရွှေတွင်းတွေရဲ့အနီးက ဆိုင်ယာနိုက်နဲ့ ညစ်ညမ်းနေတဲ့ ရေအိုင်တွေအနီးမှာ ငှက်ကောင်ရေ ၇၀၀၀ ခန့် ပြုတ် ကျသေဆုံးခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလမှာ ရိုမေးနီးယားနိုင်ငံက Baia Mare Mine က ဆိုင်ယာနိုက်နဲ့ တခြား heavey metals တွေ ပါဝင်တဲ့ ရွှေဆေးကြောတဲ့ရေတွေနဲ့ Tisza မြစ် ရေကို ညစ်ညမ်းစေခဲ့လို့ ငါး ၁၂၄၀ တန် သေဆုံးခဲ့ပြီး အဲဒီမြစ်ရေကို သောက်သုံးရတဲ့လူ ၂.၅ သန်းကို လည်း ဒုက္ခ ရောက်စေခဲ့တယ်။
မာကျူရီ (ပြဒါး)ကိုလည်း ရွှေတူး ဖော်ခြင်းမှာ အသုံးပြုရာ ပြဒါးဟာ ဦးနှောက်အာရုံကြောရောဂါများ၊ သေ ဆုံးခြင်းများ အထိဖြစ်ပွားစေတဲ့ အဆိပ် အတောက်ဖြစ်တယ်။ ယနေ့ ဆန် ဖရန်စစ္စကို ပင်လယ်ကွေ့မှာရှိတဲ့ ပြဒါး အဆိပ်သင့်မှုရဲ့ ၅၀ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ၁၈၄၉ ခုနှစ်က ရွှေ တူးဖော် ခြင်းများမှ ကြွင်းကျန်ခဲ့ခြင်းဖြစ်တယ်။ အလားတူပဲ တစ်ပိုင်တစ်နိုင် ရွှေကျင် တဲ့လုပ်ငန်းလေးတွေမှာလည်း ပြဒါးကို အသုံးပြုတယ်။ ဘရာဇီးရွှေမိုင်း လုပ် သားတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ ပြဒါးအဆိပ်သင့်နေပါတယ်။ ဆိုင်ယာနိုက်၊ ပြဒါးနဲ့ အခြား အဆိပ်အတောက်တွေဟာ ရွှေတွင်း ရှိတဲ့ဒေသက သတ္တ၀ါတွေရဲ့ အစာ ကွင်းဆက်နဲ့ အဲဒီဒေသက လူသား တွေနဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေး ကို ဆွေစဉ်မျိုးဆက်အထိပါ နှစ်ပေါင်း များစွာ ဒုက္ခပေးနေပါတယ်။
ရွှေတူးဖော်ခြင်းရဲ ဘေးထွက် ပစ္စည်း အမှိုက်သရိုက်များ
ကျောက်တောင်တွေကို ဖြိုချပြီး ရွှေကို ရှာယူပြီးသွားတဲ့အခါ မြေသား ကျောက်သားများဟာ စွန့်ပစ်အမှိုက် များ ဖြစ်သွားပြီး စနစ်တကျစွန့်ပစ်ဖို့ ကုန်ကျစရိတ် အလွန်ကြီးပါလိမ့်မယ်။ အဲဒီစွန့်ပစ်မြေသားတွေဟာ အထက် ဖော်ပြပြီးခဲ့တဲ့ အဆိပ်ဓာတ်တွေ၊ အက်စစ်တွေနဲ့ ညစ်ညမ်းနေပါတယ်။ ရရှိလာတဲ့ ရွှေနဲ့ ညစ်ညမ်းမြေသားရဲ့ အချိုးဟာ (World Watch Instituteရဲ့ အစီရင်ခံစာအရ) (၁း၃၀၀၀၀၀၀) ရှိပါတယ်။ ရွှေ တစ်တန်တိုင်း အတွက် စွန့်ပစ် ညစ်ညမ်းမြေသားတန်ချိန် သုံးသန်း ရှိတယ်လို့ ပြောနိုင်ပါတယ်။
လေထုညစ်ညမ်းခြင်း
ကျောက်သားတွေထဲက ရွှေကို ထုတ်ယူတဲ့အခါ အလွန်ပြင်းထန်တဲ့ အပူချိန်ကိုလည်း သုံးရတဲ့အတွက် လေထုထဲမှာ ဖုန်မှုန့်၊ မီးခိုး၊ နိုက် ထရိုဂျင်နဲ့ ဆာလ်ဖာတို့ရဲ့ အောက် ဆိုက်ဒ်ဓာတ်ငွေ့များ ထွက်ပေါ်လာစေ ပြီး လေထုညစ်ညမ်းစေပါတယ်။
မြစ်များပျက်စီးခြင်း
ရွှေတူးဖော်တဲ့အခါ မြစ်တွေရဲ့ ကမ်းပါးတွေကို ပြင်းထန်တဲ့ Pressure သုံးပြီး ပိုက်နဲ့ထိုးချကာ ဖြိုပစ် ပါတယ်။ မြစ်ရေဟာ နောက်ကျိလာ ပြီး ဓာတုပစ်္စည်းတွေနဲ့ ညစ်ညမ်း အဆိပ်သင့်လာတယ်။ မြစ်ရဲ့ သဘာဝ အနေအထား ပျက်ယွင်းမှုကြောင့် မြစ် ထဲက သတ္တ၀ါတွေမျိုးသုဉ်းပြီး မြစ်ကို အမှီပြုနေတဲ့ လူထုကိုလည်း ထိခိုက် စေပါတယ်။ ရွှေတူးဖော်ခြင်းကြောင့် မြစ်တွေ ပျက်စီးကြရမှာဖြစ်ပါတယ်။
လူထုကျန်းမားရေးကို ထိခိုက်မှု
ရွှေဈေးနှုန်းကို ဘယ်လောက် ရှိလဲလို့ မေးသည်ဆိုပါစို့။ တောင်အာ ဖရိကနိုင်ငံရဲ့ သတ္တုတွင်းဝန်ကြီး သြအ့ေ ရဲ့ ခန့်မှန်းချက်အရဆိုလျှင် ရွှေတစ်တန်ရဲ့ တန်ဖိုးဟာ လူ့ အသက်တစ်ချောင်းနဲ့ ပြင်းထန်စွာ ဒဏ်ရရာရမှု ၁၂ ခု ဖြစ်ပ်ပါတယ်။ တောင်ပြိုခြင်း၊ တွင်းပိခြင်း၊ မီးလောင် ခြင်း၊ အပူရှပ်ခြင်း စတာတွေကြောင့် တစ်နှစ်မှာ မိုင်းလုပ်သား ၁၅၀၀၀ ခန့်ရဲ့ အသက်တွေ စတေးရတယ်။ ရွှေမိုင်းလုပ်သားတွေဟာ တီဘီ၊ ငှက်ဖျား၊ အဆုတ်ရောင်ရောဂါ၊ silicosis လို့ခေါ်တဲ့ အဆုတ်ရောဂါ တစ်မျိုးနဲ့ အဆုတ်ကင်ဆာရောဂါ တွေကိုလည်း ခံစားရတယ်။
လူတစ်ဦး ရဲ့ ပျမ်းမျှသက်တမ်း ၆၄ နှစ်ရှိတဲ့ နိုင်ငံမှာ ရွှေမိုင်းလုပ်သားတွေရဲ့ ပျမ်းမျှ သက်တမ်းက ၃၅-၄၀ နှစ်သာ ရှိပါ တယ်။ ရွှေတွင်းတွေရဲ့ အဆိပ်သင့် ညစ်ညမ်းမှုတွေကြောင့် အဲဒီဒေသက ဒေသခံလူတွေဟာ နာတာရှည် ရင်ကျပ် ပန်းနာ၊ အရြေုပားရောဂါ များ၊ ခဲဆိပ်သင့်ခြင်းနဲ့ အခြားသော သတ္တုတွင်းကြောင့် ဖြစ်တဲ့ရောဂါတွေ ခံစားရပါတယ်။
လူမှုရေး၊ စီးပွားရေး ပြဿနာများ
စီးပွားရေးပညာရှင်များက သတ္တု တူးဖော်ခြင်းလုပ်ငန်းတွေကို မှီခိုအား ထားခြင်းဟာ နိုင်ငံအတွက် ရေရှည်မှာ ကောင်းမွန်တဲ့ အမျိုးသားစီးပွားရေး ဆိုင်ရာ နည်းဗျူဟာမဟုတ်ကြောင်း တွက်ချက်ပြသခဲ့တယ်။ ကမ္ဘာမှာ သဘာဝသယံဇာတပေါကြွယ်ဝတဲ့နိုင်ငံ တွေဟာ ဆင်းရဲမွဲတေမှု အမြင့်မားဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး တိုင်းပြည်တွေဖြစ်ပြီး အဲဒီဖြစ်ရပ်ကို the resource curse “သယံဇာတ ကျိန်စာ”လို့ ခေါ်ပါတယ်။ ဟားဗက် မှ စီးပွားရေးပညာရှင် ၂ ဦး၏ ဖွံဖြိုး ဆဲနိုင်ငံ ၉၅ နိုင်ငံကို လေ့လာမှုအရ သတ္တုသယံဇာတ တင်ပို့မှုကို မှီခိုလေ မြို့ပြဖွံ့ဖြိုးမှု နှေးကွေးလေဖြစ်ကြောင်း တွေ့ခဲ့ရတယ်။
ရွှေထွက်ရှိတဲ့ ဒေသဖြစ်ခြင်းဟာ ဂုဏ်ယူစရာမဟုတ်ပါ။ ခဏတာကြည့် ရင်ဒေသခံတွေအတွက် စီးပွားရေး အခွင့်အလမ်းကောင်းသလိုနဲ့ ရေရှည် စီးပွားရေးကို ထိခိုက်ပါတယ်။ ပြီး တော့ အဲဒီရွှေတွေအတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ မြေထုရေထု လေထုညစ်ညမ်းမှု၊ ရှေးမူမပျက် ရိုးရာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း တဲ့ ဓလေ့များ ပျက်စီးမှု၊ ကျန်းမာရေး ကို ထိခိုက်မှုတို့ကို အဖိုးအခအဖြစ် ပေးလိုက်ရပါတယ်။ လယ်ယာ စိုက် ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေ ကို ထိခိုက်ပါတယ်။ ယေဘုယျအား ဖြင့် တော့ ရွှေတူးဖော်တဲ့ လုပ်ငန်းက ရတဲ့ အကျိုးအမြတ်တွေက ပြည်ပက သတ္တုတူးဖော်တဲ့ ကုမ္ပဏီကြီးတွေနဲ့ ဗဟိုအစိုးရဆီကိုသာ စီးဆင်းသွားပါ တယ်။ ဒေသခံလူထုရရှိတဲ့ အကျိုး အမြတ်က မပြောပလောက်ပါဘူး။
ရွှေသတ္တုတွင်းအဖြစ် ပြောင်းလဲ သွားတဲ့ မြို့မှာ လုပ်သားတွေနဲ့ ပြင်ပ က ရောက်လာတဲ့ လူဦးရေတွေ များ ပြားလာတာကြောင့် မြို့ပြလိုအပ်ချက် တွေလည်းများလာပါတယ်။ အရက်စွဲမှု၊ လိင်အပျော်အပါး၊ မူးယစ်ဆေးဝါးနဲ့ အခြား မှုခင်းတွေလည်း ပိုများလာ တယ်။ သတ္တုတွင်း ပိုင်တဲ့အဖွဲ့အစည်း က ဒေသခံလူထုအတွက် ကျောင်း တွေ၊ လမ်း/တံတားတွေ တည် ဆောက်ပေးပြီး လူမှုရေး ပံ့ပိုးကူညီမှု တွေလည်း လုပ်ပေးရင်းနဲ့ မသိမသာနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ နေရာကို ၀င်ယူတဲ့ သဘောမျိုးတွေ ဖြစ်လာ တယ်။ သတ္တုတွေကုန်ဆုံးလို့ မိုင်း လုပ်ငန်းတွေ ရပ်တန့်သွားပြီး ကုမ္ပဏီ ပြန်သွားတဲ့အခါ သူတို့တွေထားရစ်ခဲ့တဲ့ ပျက်စီးပြီး အဆိပ်အတောက်တွေ သင့် နေတဲ့ သဘာဝပတ်ဝန်းကျင်ကြီး၊ အဆိပ်ရေတွေနဲ့ မြစ်နဲ့ထိပ်တွေပြားပြီး ကျိုးပဲ့ ကြေမွနေတဲ့တောင်တွေလိုပဲ ဒေသခံ လူ့အဖွဲ့အစည်းဟာလည်း ငွေရေး ကြေးရေး၊ အုပ်ချုပ်ရေးကအစ တည်ငြိမ်မှုမရှိဘဲ ကစဥ့်ကလျား ဖြစ်ကာ ကျန်ရစ်ခဲ့ပါတော့တယ်။
မိမိတို့ဒေသမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ဒေသခံ လူထုကို ကြိုတင်အသိပေး ညှိနှိုင်းပြီး သဘောတူချက် ယူရမယ်ဆိုတဲ့ အယူအဆ Free,prior,informed consent ဆိုတဲ့ စကားကို ပီရူးနဲ့ ရိုမေးနီးယားနိုင်ငံက ဒေသခံလူထုနဲ့ လယ်သမားတွေက စတင်လှုပ်ရှား လာခဲ့တယ်။ ဒေသခံ လယ်သမား တွေဟာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် လာခဲ့တဲ့ မြေကို ဂရန်မရှိတာနဲ့ပဲ သတ်္တုတွင်း ကုမ္ပဏီတွေကို အစိုးရက ဂရန်ချပေးလိုက်တဲ့အခါမှာ ဖယ်ပေး လိုက်ရပါတယ်။
ဥပမာ အင်ဒိုနီးရှား နိုင်ငံ Kalimanatar ခရိုင်မှာ UK နဲ့ သြစတြေးလျ အခြေစိုက် ကုမ္ပဏီ တစ်ခုကို ရွှေတွင်းလုပ်ကိုင်ခွင့်ပေး လိုက်တဲ့အချိန်မှာ ဒေသခံလူထုဟာ အတင်းအကြပ် ရွှေ့ပြောင်းခံရခြင်း၊ လျော်ကြေး နစ်နာကြေးမရခြင်းတွေနဲ့ ကြုံတွေ့ရတယ်။ တချို့နိုင်ငံတွေမှာ သတ္တုတွင်း တူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာ ပိုင်တွေဟာ ဒေသခံလူထုရဲ့ ရပိုင်ခွင့်၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့တဲ့ မြေကို ပိုင်ဆိုင်ခွင့်၊ ယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးများကို လေးစား ခြင်းမရှိကြပါဘူး။ နိုင်ငံအများစုမှာ အစိုးရများဟာဒေသခံလူထုရဲ့ မြေယာ ရပိုင်ခွင့်တွေကိုသတ္တုတူးဖော်တဲ့သူများ ထံမှာ ရောင်းစားလိုက်ကြပါတယ်။

Source...http://www.lubo601.com/2011/07/blog-post_6698.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။