Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 29, 2012

အောင်မြင်သူတို့ရဲ့ နောက်ကွယ်၌

by 99 Sanay @ နိုင်းနိုင်းစနေ on Friday, October 7, 2011 at 10:53pm ·



အောင်မြင်သူတိုင်းရဲ နောက်ကွယ်မှာ ရင်နာစရာ ဇာတ်လမ်းပေါင်းများစွာရှိသတဲ့။

သူ့နောက်ကွယ်မှာလည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်။ ကိုးရီးယားမင်းသား Rain ကို လူတိုင်းသိကြပေမယ့် သူ့ကိုတော့ လူတိုင်းသိချင်မှ သိကြမှာပါ။ ဒါကြောင့် ဒီနေ့ရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့တဲ့ သူ့နောက်ကွယ်က ရင်နင့်စရာ အဖြစ်အပျက်တစ်ချို့ကို လှစ်ဟကြည့်ရင်း ထိုင်ဝမ်က နာမည်ကြီး အဆိုတော်၊ သီချင်းရေးသူ၊ မင်းသား Jay Chou (周杰倫)နဲ့ မိတ်ဆက်လိုက်ပါတယ်။



၁)

သူ့ကို ၁၉၇၉ခုနှစ် ဇန်နဝါရီလမှာမွေးဖွားခဲ့တယ်။ မိခင်က ထိုင်ပေမြို့နယ် မြို့လေးတစ်မြို့ရဲ့ မူလတန်းကျောင်းက အနုပညာ ဆရာမဖြစ်ပြီး ဖခင်က ရူပဗေဒဘာသာရပ် သင်တဲ့ဆရာ ဖြစ်တယ်။
(၄)နှစ်အရွယ် မူကြိုတက်စမှာ အမေကသူ့ကို ကလေးစန္ဒယားတီး သင်တန်းကျောင်းကို တက်ခိုင်းစေခဲ့တယ်။ ဆိုးပေပြီး အပြေးအလွှားသန်တဲ့သူဟာ စန္ဒယားရှေ့ရောက်တာနဲ့ ငြိမ်သက်သွားတတ်တယ်။ ဆရာမ တစ်ခေါက်တီးပြတာကို နားထောင်ရုံနဲ့ သူလိုက်တီးနိုင်ခဲ့တယ်။ သူ့အနုပညာကို မြေတောင်မြှောက်ဖို့အတွက် အမေက အိမ်မှာစုထားသမျှ ငွေတွေနဲ့ သူ့အတွက် စန္ဒယားတစ်လုံး ဝယ်ပေးပြီး အကောင်းဆုံးဆရာနဲ့ သင်ယူခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကိုအဖေက ဘဝင်မကျခဲ့ဘူး။ သားယောက်ျားအတွက် အဲဒီလောက်အရင်းအနှီး စိုက်ထုတ်စရာမလိုဘူးလို့ အဖေထင်ခဲ့တယ်။ ဒါပေမယ့် အဖေမသိအောင် သားအတွက် စန္ဒယားတစ်လုံးကို အမေ ဝယ်ပေးခဲ့တယ်။ ဒီကိစ္စကို အဖေလုံးဝ မကျေနပ်ခဲ့ဘူး။ သူ (၃)တန်းနှစ်မှာ နာမည်ကြီးတီးလုံးဖြစ်တဲ့ “Swan Lake”ကို ကြားဖူးပြီးနောက် တယောကြီး “cello” ရဲ့ ညှို့ယူဖမ်းစားခြင်းကို ခံခဲ့ရတယ်။ အမေက အဖေ့ကို မတိုင်ပင်ဘဲ သူ့အတွက်တယောကြီးကို ဝယ်ခဲ့ပေးပြန်တယ်။



သားအပေါ် အမေရဲ့ အလိုလိုက်မှုကို မနှစ်မြို့တဲ့အဖေက အမေ့ကိုပြဿနာရှာခဲ့တယ်။ မိသားစုနေအိမ်ဟာ နွေးထွေးမှုတဖြေးဖြေး နည်းလာခဲ့ပြီး ငြင်းခုံရန်ဖြစ်သံတွေ များလာခဲ့ရတယ်။ အဖေက ဘာဖြစ်လို့ အမေ့ကို အမြဲပြဿနာရှာနေမှန်း သူနားမလည်ခဲ့ပေမယ့် ဒီလိုနာကျင်မှုတွေကို နုနုယ်တဲ့ သူ့အသိဥာဏ်တွေနဲ့ ကဗျာအဖြင့် ချရေးဖြစ်ခဲ့တယ်။



ငယ်ရာက ကြီးလာတဲ့အထိ အမေ့ရဲ့ နွေးထွေးမှုသာရှိခဲ့တယ်
အဖေဘာကြောင့် ဒီလောက်ဒေါသကြီးရသလဲ
တကယ်လို့ ငါ့မှာ တောင်ပံတစ်စုံ... တောင်ပံနှစ်စုံရှိခဲ့ရင်
အချိန်မရွေး အမေကို တိတ်တခိုးခေါ်ယူ ထွက်ပြေးမယ်



ငယ်ရွယ်စဉ်က နာကျင်မှုတွေနဲ့ ရေးစပ်ခဲ့ဖူးတဲ့ ကဗျာကို နောက်ဆုံးမှာ သံစဉ်တွေ ထည့်ပြီး သီချင်းတစ်ပုဒ်အဖြစ် သူဖန်တီးခဲ့တယ်။ အဲဒီသီချင်းကတော့ ပရိသတ်ပေါင်းများစွာရဲ့ ရင်ထဲ အသဲထဲကို စူးနစ်ဝင်စေခဲ့တဲ့ “အဖေ သားပြန်လာပြီ” (爸 我回來了)ဆိုတဲ့ သီချင်းပဲဖြစ်တယ်။



သူအလယ်တန်း တက်နေတဲ့အချိန်မှာပဲ အဖေနဲ့အမေကွာရှင်းခဲ့တယ်။ သူ(၁၄)နှစ်အရွယ်မှာ “ဖေဖေနဲ့ မေမေက တစ်ယောက်ကိုတစ်ယောက် မချစ်ကြဘူး။ ဒါကပဲ ဘဝရဲ့အဓိပ္ပာယ်လား ?” လို့ ရေးခဲ့တယ်။ ဆိတ်ဆိတ်နေခြင်း၊ ခေါင်းမာခြင်း၊ ပုန်ကန်တတ်ခြင်းတွေက သူနဲ့မခွါ ကပ်ပါလာခဲ့တယ်။



အနုပညာမှာပါရမီရှိပေမယ့် ကျောင်းစာမှာ သူအလွန်ညံ့ခဲ့တယ်။ အထက်တန်း စာမေးပွဲ ဘာသာရပ်စုစုပေါင်းရဲ့ ရမှတ်က အမှတ်(၁ဝဝ)ကျော်ပဲ ရှိခဲ့တယ်။ အထက်တန်းတောင် မအောင်တဲ့ သူ့အတွက် ရှေ့ဆက်လျှောက်မဲ့လမ်းက ညနက်ခဲ့တယ်။ အမေ့မှာ ပြောစရာစကား ရှာမရခဲ့ဘူး။ သားဘဝ ဒီလိုနဲ့ပဲ အဆုံးသတ်တော့မလား ?

အဲဒီအချိန်မှာ အဆိုးထဲက အကောင်းလို့ပြောရမလား.. သူတို့မြို့လေးက ကျောင်းတစ်ကျောင်းမှာ ပထမဆုံးအကြိမ် ဂီတသင်တန်းခေါ်ယူပွဲမှာ သူဖြေဆို အောင်မြင်ခဲ့တယ်။



စန္ဒယားနဲ့တယောကြီး အတီးကောင်းပြီး အားတိုင်း ဘတ်စကက်ဘော ကစားတတ်တဲ့သူ့ကို အဲဒီကျောင်းက ကောင်မလေးတွေ သတိထားခဲ့မိကြတယ်။ ဒါပေမယ့် အပြုံးအရယ်နည်းတဲ့ သူဟာ လူတွေနဲ့ ရောရောနှောနှော မနေခဲ့ဘူး။ သင်သမျှ ဘာသာရပ်တွေထဲမှာလည်း ဂီတကလွဲရင် ကျန်တဲ့ဘာသာတိုင်းက မင်နီတွေနဲ့ ပြည့်နေခဲ့တယ်။ ဆရာတွေက သူ့ ဦးနှောက် ချွတ်ယွင်းချက်ကြောင့်လို့ ထင်ခဲ့ကြတယ်။ အင်္ဂလိပ်ဆရာမက မသွယ်ဝိုက်ဘဲ သူ့ဉာဏ်ရည်ညံ့ဖျင်းကြောင်း အမေ့ကို တိုက်ရိုက်ပြောပြခဲ့တယ်။



ဆရာမတွေရဲ့ စကားကြားမှာ အမေငိုင်မောသွားခဲ့ရတယ်။ ဒါပေမယ့် သားကိုပျိုးထောင်ဖို့ သူလက်မလျှော့ခဲ့ဘူး။

အနည်းဆုံးတော့ စန္ဒယားဆရာပဲဖြစ်ပါစေတော့.. သူ့ရဲ့ ညံ့ဖျင်းမှုကိုလည်း အမေ အပြစ်မဆိုခဲ့ဘူး။ သူဒီလို ဖြစ်လာခဲ့ရတာဟာ မသာယာတဲ့မိသားစုကြောင့်လို့ အမေထင်ခဲ့တယ်။ သား ဦးနှောက်ချွတ်ယွင်းမှုမရှိဘူးဆိုတာကို အမေယုံကြည်ခဲ့တယ်။ သားကို အမေလိုတစ်မျိုး အစ်မလိုတစ်ဖုံ မဆူမဆဲဘဲ ပဲ့ပြင်ထိန်းကျောင်းခဲ့တယ်။



ဆရာတွေ ခန့်မှန်းထားတဲ့အတိုင်း သူတက္ကသိုလ်ဝင်ခွင့် မအောင်ခဲ့ဘူး။ အမေက သူ့ကို အနုပညာတက္ကသိုလ် ဝင်ခွင့်ဖြေစေဖို့ နေရာအနှံ့ စုံစမ်းခဲ့တယ်။ နောက်ဆုံးတော့လဲ သူ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ် ကြိုးစားပြီး သူပြန်ဖြေခဲ့ပေမယ့် အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ အမေနဲ့အဘွားက သူ့ရှေ့ရေးအတွက် ရင်လေးခဲ့ရတယ်။ သူ့ဘဝရှေ့ရေးအတွက် သူဘာလုပ်နိုင်သလဲ ?



၂)

ဘာမှ ဖြစ်မြောက်မလာတဲ့သူ့အတွက် စစ်မှုထမ်းဖို့အချိန်ကိုသာ စောင့်နေခဲ့ရတယ်။ စောင့်နေတဲ့ အချိန်မှာပဲ ကျောရိုးနာရောဂါကို သူခံစားခဲ့ရတယ်။ ဒီ့အတွက် အဘွားနဲ့အမေ သူ့အတွက်တစ်ဖန် မျက်ရည်ကျခဲ့ရပြန်တယ်။



ရောဂါတဖြေးဖြေးသက်သာလာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးအလုပ်ကို သူဝင်လုပ်ခဲ့တယ်။ မကြာခဏ ပန်းကန်တွေ ကျကွဲတတ်တာကြောင့် သူရတဲ့လခက လစဉ်အပြည့်ရတယ်ဆိုပြီး မရှိခဲ့ဖူးဘူး။ သူအလုပ်လုပ်တဲ့ဆိုင်က တီးဝိုင်းစားသောက်ဆိုင်ဖြစ်တယ်။ တစ်နေ့ အလုပ်နားတုန်း ဆိုင်ကစန္ဒယားကို သူယူတီးခဲ့မိတယ်။ သူ့တီးလုံးကြောင့် အံ့သြသွားခဲ့ရတဲ့သူဌေးက သူ့ကို စားပွဲထိုးအစား စန္ဒယားပဲ တီးခိုင်းစေခဲ့တယ်။



သားရဲ့ ပါရမီကိုသိတဲ့အမေက ဒီလိုနဲ့တင် မရောင့်ရဲခဲ့ဘူး။ လူသစ်တန်း တီဗွီအစီအစဉ်တစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ သားကို စာရင်းသွင်းပေးခဲ့တယ်။ အဲဒီပွဲအတွက် “အိပ်မက်မှာ တောင်ပံရှိတယ်”ဆိုတဲ့ သီချင်းတစ်ပုဒ်ကို သူရေးစပ်ခဲ့တယ်။ ကိုယ့်အသံကို ယုံကြည်မှုမရှိတဲ့ Jay ဟာ သူ့ရေးထားတဲ့သီချင်းကို တခြားတစ်ယောက်နဲ့ ဆိုခိုင်းစေခဲ့တယ်။ သီဆိုသူက Jay ရဲ့ ထူးဆန်းတဲ့ စန္ဒယားတီးခတ်သံနဲ့ သီချင်းအသွားအလာကို နားမလည်ခဲ့တဲ့အတွက် ပရိသတ်ရဲ့ ဝေဖန်မှုအောက်မှာ အမြင့်ကိုတက်လှမ်းဖို့ ကြိုးစားနေတဲ့ အညွှန့်လေးတစ်ညွှန့် ပျက်ဆီးခဲ့ရတယ်။



ပွဲပြီးတော့ သားအတွက် ပူပင်သောကပိုရောက်ခဲ့ရတဲ့အမေက တေးသံသွင်းပိုင်ရှင်၊ စီစဉ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့ မစ္စတာဝူ (吳宗憲)ကို သွားရှာခဲ့ပြီး “အိပ်မက်မှာ တောင်ပံရှိတယ်”ဆိုတဲ့ သီချင်းကို ထပ်ပြလိုက်တယ်။ Jay ကြောင့် ပွဲပျက်ခဲ့ရတဲ့အတွက် မစ္စတာဝူက သီချင်းကို ဝတ်ကျေတန်းကျေသဘောပဲ ကြည့်လိုက်တယ်။ သီချင်းက သံစဉ်တွေနဲ့ ရှုပ်ယှက်ခတ်နေပေမယ့် စာသားတွေ သပ်သပ်ရပ်ရပ် ရေးထားတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ မစ္စတာဝူဟာ Jay ကို အလုပ်ခန့်ဖို့ သဘောတူလိုက်တယ်။



အဲဒီကုမ္ပဏီမှာ ထုတ်လုပ်ရေးအကူအဖြင့် သူအလုပ်လုပ်ခဲ့တယ်။ အမေရဲ့ အားပေးမှုအောက်မှာ ဝန်ထမ်းတွေရဲ့ ခိုင်းစေသမျှကို သူလက်မနှေးခဲ့ဘူး။ သူရဲ့ ဆိတ်ဆိတ်နေတတ်တဲ့ အကျင့်၊ အေးတိအေးစက်နဲ့ ပုန်ကန်တတ်တဲ့ အကျင့်ကြောင့် ဝန်ထမ်းတွေနဲ့ မတည့်မှာကို အမေစိုးရိမ်ခဲ့တယ်။ အလုပ်ဆင်းတဲ့အချိန်တိုင်း အမေဟာ တံခါးဝမှာ အမြဲလာလာရပ်ပြီး သားအပြုအမူတွေ ရိုင်းခဲ့ရင် ခွင့်လွှတ်နားလည်ပေးဖို့ ဝန်ထမ်းတွေကို တောင်းပန်တတ်တယ်။ ကြာတော့ Jay မှာ မိခင်ကောင်းတစ်ဦး ရှိတယ်ဆိုတာကို ဝန်ထမ်းတိုင်း သိခဲ့ကြတယ်။



Jay ဟာ သီချင်းတွေ အများကြီးရေးစပ်ခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီပိုင်ရှင် ဝူက သူ့သီချင်းတွေကို ခံစားလို့ မရခဲ့ဘူး။ ဘာဖြစ်လို့ သူရေး စပ်လိုက်တဲ့ သီချင်းတွေက အများနဲ့မတူဘဲ ကြောင်တောင်တောင် ဖြစ်မှန်း နားမလည်ခဲ့ဘူး။ ဂီတအသိုင်းအဝိုင်းမှာလည်း သူ့သီချင်းကို ဘယ်သူမှ မကြိုက်ခဲ့ကြဘူး။ တစ်ခါက Jay ဟာ သူအားအရဆုံး သီချင်းတစ်ပုဒ်ကိုယူပြီး မစ္စတာ ဝူကို ပြခဲ့ပြန်တယ်။ ဝူကလှည့်တောင်မကြည့်ဘဲ စာရွက်ကို လုံးချေပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ဒီလိုအဖြစ်နဲ့ကြုံတော့ Jay ဟာ မအောင့်နိုင်ဘဲ မျက်ရည်ကျခဲ့ရတယ်။



လက်လွတ်ရမှာလား ? ရှေ့ဆက်ရမှာလား ? လက်လွတ်လိုက်ရင် နေ့တိုင်းကုမ္ပဏီရှေ့တံခါးဝမှာ လာလာစောင့်နေတတ်တဲ့ အမေ့ကို သူအားနာမိတယ်။ ရှေ့ဆက်ဖို့ရာလည်း သူ့သီချင်းတွေကို ဘယ်သူမှ ခံစားနားမလည်ခဲ့ဘူး။ ဒါပေမယ့် သူအလျှော့မပေးခဲ့ဘူး။ ကုမ္ပဏီမှာပဲအိပ် ကုမ္ပဏီမှာပဲစားပြီး တစ်နေ့ သီချင်းတစ်ပုဒ်နှုန်းနဲ့ သူ့ဖန်တီးမှုကို အရှိန်မြင့်တင်ခဲ့တယ်။



ညတိုင်း ကုမ္ပဏီကို အမေရောက်လာခဲ့တယ်။ တစ်နေ့တခြားပိန်သွားတဲ့ သားကိုကြည့်ပြီး အမေရင်ထဲ မချိခဲ့ဘူး။ စီးကျလာတဲ့ မျက်ရည်တွေကို ထိန်းရင်း သားကို အားပေးစကားတွေ အမေပြောခဲ့တယ်။ မနက် ၈ နာရီ ရုံးတက်တာနဲ့ မစ္စတာ ဝူအတွက် Jay ရဲ့ သီချင်းသစ် တစ်ပုဒ်က အမြဲကြိုနေတတ်တယ်။ ကြာတော့ Jay ရဲ့ မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားတဲ့စိတ်က မစ္စတာဝူကို ကိုင်လှုပ်နိုင်ခဲ့တယ်။ သူ့သီချင်းတွေကို မစ္စတာဝူ ကြိုးစားပြီး ခံစားကြည့်ခဲ့တယ်။ အဆိုတော်တစ်ဦးကိုရှာပြီး သူရေးထားတဲ့သီချင်းတွေကို ဆိုခိုင်းဖို့ မစ္စတာဝူ ခေါင်းညိတ်လိုက်တယ်။



“မျက်ရည်သိတယ်” (眼淚知道)ဆိုတဲ့ သီချင်းကို နာမည်ကျော် အဆိုတော်မင်းသားကြီး “Andy Laung” ကို ပြလိုက်တယ်။ “Andy” တစ်ခေါက်ပဲကြည့်ပြီး ခေါင်းခါခဲ့တယ်။ “နံချပ်ကူ”(雙節棍) ဆိုတဲ့သီချင်းကို အဲဒီတုန်းက နာမည်ကြီး ဟော့ရှော့အဆိုတော် “Ah Mei”ကို ပြပြန်တယ်။ “Ah Mei”က စဉ်းတောင် မစဉ်းစားဘဲ ငြင်းပယ်လိုက်ပြန်တယ်။ မစ္စတာဝူက မတတ်တာတဲ့အဆုံးမှာ “မင်းရေးတဲ့သီချင်း မင်းကိုယ်တိုင်ဆိုပါ” ဆိုပြီးJay ကို နောက်ဆုံးအခွင့်အရေး ပေးလိုက်တယ်။ ဒီလိုမှ မဖြစ်ထွန်းခဲ့ရင်လည်း ဇာတ်သိမ်းသင့်ပြီးလို့ မစ္စတာဝူ ထင်ခဲ့တယ်။



အဲဒီလိုနဲ့ Jay ကို ရုံးခန်းထဲခေါ်ပြီး “မင်းကို အချိန်(၁ဝ)ရက်ပေးမယ်။ အဲဒီ(၁ဝ)ရက်အတွင်းမှာ သီချင်းအပုဒ် (၅ဝ)ကို မင်းရေးရမယ်။ (၅ဝ)ထဲက (၁ဝ)ပုဒ်လောက် ငါစိတ်ကြိုက်ရွေးနိုင်ရင် မင်းကို အခွေထုတ်ပေးမယ်” လို့ ဝူက ပြောလိုက်တယ်။



သူဌေးရဲ့ စကားကိုကြားတော့ Jay အရမ်းပျော်သွားခဲ့တယ်။ အမေ့ကို ချက်ချင်းဖုန်းဆက်ပြီး ခေါက်ဆွဲခြောက်ထုပ် တစ်သေတ္တာကို အမြန်ပြေးဝယ်ခဲ့တယ်။ {ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ် သူ့ကိုယ်သူ စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။}



၃)

Jay ဟာ မအိပ်မနားဘဲ(၁ဝ)ရက် အတွင်းမှာ သီချင်းအပုဒ်(၅ဝ)ကို ရေးစပ်ခဲ့တယ်။ သီချင်းတိုင်းက သပ်သပ်ရပ်ရပ်နဲ့ သံစဉ်တွေလည်း အချိတ်အဆက်မိခဲ့တယ်။ ပထမဆုံးအကြိမ် မစ္စတာဝူဆီက ချီးမွမ်းတဲ့ အပြုံးတစ်ခုကို Jay မြင်ခဲ့ရတယ်။ သူရေးထားတဲ့ သီချင်းတွေထဲက စိတ်ကြိုက်(၁ဝ)ပုဒ်ကို ဝူရွေးပြီး (၂ဝဝ၁)ခုနှစ်မှာ Jay ရဲ့ ပထမဆုံး စီးရီးဖြစ်တဲ့ “Jay” ကို ထုတ်ဝေခဲ့တယ်။



ဒီအခွေအတွက် ကုမ္ပဏီက မျှော်လင့်ချက်တွေ မထားရဲခဲ့ဘူး။ ထုတ်လုပ်တဲ့ အရင်းလေးပြန်ရရင် လုံလောက်ပြီလို့ ထင်နေဆဲမှာပဲ “Jay” စီးရီးက ထိုင်ဝမ်တစ်ကျွန်းလုံးကို ဆိုင်ကလုံးမုန်တိုင်းအလား အားပြင်းပြင်းနဲ့ ဝင်ဆောင့်ခဲ့တယ်။

အခွေတွေလုံးဝ ဝယ်လို့မရအောင် ပြတ်လပ်သွားခဲ့ရတယ်။ “Jay” စီးရီးနဲ့ပဲ အဲဒီနှစ်က ထိုင်ဝမ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး စီးရီး၊ အကောင်းဆုံး ထုတ်လုပ်သူဆု၊ အကောင်းဆုံး ရေးစပ်သီကုံးဆု အဖြင့် ဆု(၃)ဆုကို ရခဲ့တယ်။



ကုမ္ပဏီကဝန်ထမ်းတွေ မထင်မှတ်ထားတဲ့ အောင်မြင်မှုကို Jay ရခဲ့တယ်။ အဆိုတော် အသိုင်းအဝိုင်းကလည်း Jayကို စတင် သတိထားမိခဲ့ကြတယ်။ ပထမအခွေနဲ့ ထိုင်ဝမ်တစ်ကျွန်းလုံးကို မွှေနောက်ပြီးနောက် Jay ရဲ့ ဒုတိယအခွေ“Fantasy”(范特西)ဟာ ထိုင်ဝမ်သာမက၊ တရုတ်ပြည်၊ ဟောင်ကောင်.. စတဲ့ အရှေ့တောင်အာရှ တစ်ခုလုံးကို မွှေနောက်ပြီး ဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ပြန်တယ်။



Jay အောင်မြင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုနောက်ကွယ်မှာ အမေရဲ့ အားပေးမှု၊ ပြုစုပျိုးထောင်မှု မီးရောင်ကြောင့်ဆိုတာကို Jay နားလည်ခဲ့တယ်။



တစ်ပင်လဲ တစ်ပင်ထူနိုင်တဲ့ အရွယ်ကောင်းပေမယ့် သူ့ကြောင့် အမေနောက်အိမ်ထောင် မပြုခဲ့ဘူးဆိုတာကိုလည်း သူသိခဲ့တယ်။ ရသမျှ သူ့ဝင်ငွေတွေ အမေ့ကို အပ်သလို၊ ကိုယ်ပိုင်အခန်းလေး ရှိပေမယ့် စနေ၊ တနင်္ဂနွေ အလုပ်နားရက်တိုင်း အမေ့အိမ်ကို သူပြန်တတ်တယ်။ အဘွား အမေတို့နဲ့ သူ့အားလပ်ရက်ကို ကုန်ဆုံးစေတတ်တယ်။ အသက် (၈ဝ)ကျော် အဘွားကို စပ်ဆိုထားတဲ့ သူ့သီချင်း “အဘွား” (外婆) က ပရိသတ်ကြားမှာ ရေပန်းအစားဆုံး ဖြစ်ခဲ့တယ်။



“အမေ့အတွက်ဆိုရင် ကျွန်တော့်ဘဝကိုတောင် စွန့်ရဲတယ်” အမေဟာ သူ့ဘဝ၊ အမေဟာ သူ့အဖော်၊ အမေရဲ့ အားပေးမှုတွေသာ မရှိခဲ့ရင် ဒီနေ့ Jay Chou ဆိုတာ ရှိလာခဲ့မှာ မဟုတ်ပါဘူး။ အမေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူရဲ့ စတုတ္ထမြောက် စီးရီးကို “ယဲ့ဟွေမေ”(葉惠美) ဆိုတဲ့ အမေ့နာမည်ကို ပေးခဲ့တယ်။



ဒါဟာ အမေ့အတွက် သားရဲ့လက်ဆောင်ပါတဲ့.....



ပြီးပါပြီ



Jay ရတဲ့ ဆုတွေက များတဲ့အတွက် ရေးချမပြတော့ပါဘူး။ အများဆုံးရတဲ့ ဆုတွေက ထီထွင်ဆု၊ ကိုယ်တိုင်ရေးစပ် သီကုံးဆု၊ သံစဉ်ဆု စတာတွေဖြစ်တယ်။ သီချင်းဆိုတဲ့အပြင် မင်းသား၊ ဒါရိုက်တာအဖြင့်နဲပါ အောင်မြင်ဖို့ သူကြိုးစားနေပါတယ်။

ဒီကနေ့မှာ သူ့သီချင်းတော်တော်များများကို မြန်မာကော်ပီအဖြစ် ပြန်ဆိုနေကြပါပြီ...





နိုင်းနိုင်းစနေ (Tuesday, July 22, 2008)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။