Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 22, 2012

ကိုသကြားရဲ့ နေ့ခါး ခါး များအကြောင်း


ကိုသကြားဆိုတာ အခြားသူတော့ မဟုတ်ပါဘူး ရုရှားနြူကလီးယား သိပ္ပံပညာရှင် ၊ အစိုးရအတိုက်ခံ နှင့် လူအခွင့်ရေးတက်ကြွလှုပ်ရှားသူ ၊ Third Idea လို့ ခေါ်တဲ့ Thermonuclear weapon ( ဟိုက်ဒရိုဂျင်ဗုံး) တို့ရဲ့ ဖခင် ၊ ကမ္ဘာ့အားအပြင်းဆုံး လူသတ်လက်နက် ဗုံးဘုရင် တီဆာ (Tsar)ကို တီထွင် ခဲ့ ပေမဲ့ ကမ္ဘာ ငြိမ်းချမ်းရေးနိုဗယ်ဆုကို အပ်နှင်းခြင်း ခံရသူ Андре́й Дми́триевич Са́харов (အန်သရဲရ် ဒီမီသရီးဗိခ်ျ ဆာခါရော့ဗ်)ပဲ ဖြစ်ပါတယ် ။ ရုရှားဘာသာစကားမှာ သကြားကို ဆာခါ (Са́хар) လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်လို ဆိုရင်တော့ မစ္စတာ ဆာခါရော့ဗ် (Mr - Sakharov) ပေါ့ဗျာ ။ မြန်မာလို ဒဲ့ ခေါ်လိုက်တော့ ကိုသကြားပေါ့ဗျာ ။ ခုပြောမှာကတော့ အဲဒီကိုသကြားရဲ့ အကြောင်းပါပဲ ။






ငယ်ဘဝအကြောင်း






ဆာခါရော့ဗ် ကို ၁၉၂၁ ခုနှစ်မေလ ၂၁ ရက်နေ့ မော်စကိုမြို့မှာမွေးဖွားခဲ့ပါတယ် ။သူ့ အဖေ ကတော့ ရူပဗေဒ ဆရာ ဒီမီသရီ အီဗန်နိုဗိခ်ျ ဆာခါရော့ဖ် ဖြစ်ပြီး ၊ အမေကတော့ ရဲကာ့သရီနာ အာလျက်စဲရ်ဗနား ဆာခါရော့ဗာ (Екатерина Алексеевна Сахарова) ဖြစ်ပါတယ် ။ ၁၉၃၈ ခုနှစ် မှာ အမ်ဂယ်အူ (МГУ) ရဲ့ ရူပဗေဒဌာနမှာတက်ရောက်ပညာသင်ကြားခဲ့ပါတယ် ။ ၁၉၄၁ ခုနှစ် မှာ Defence Academy တက်ရောက်ဖို့ အတွက်လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ် ။ ၁၉၄၂ ခုမှာတော့ မော်စကို တက္ကသိုလ်ကနေ ထူးချွန်အဆင့် နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ဇနီးဖြစ်သူ ကလဗ်ဒီယာ အာလျက်ခ်စဲရဲ့ဗ်နာ ဗီခီရဲဗာ နဲ့ ၁၉၄၃ ခုနှစ်မှာလက်ထက်ခဲ့ပြီး ၁၉၄၄ ခုနှစ်နှောင်းပိုင်းမှာတော့ ပီအိပ်ခ်ျဒီတက်ရောက်ခဲ့ပါတယ် (အဲဒီဇနီး သည်ဟာ ၁၉၆၉ မှာ သေဆုံးခဲ့ပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့ပါတယ် ) ။ ပီအိပ်ခ်ျ ဒီဘွဲ့ ကိုတော့ ၁၉၄၇ ခုနှစ်မှာရရှိခဲ့ပါတယ် ။



အတူလေးရယ်တဲ့ယှဉ်ကာပြိုင်ယှဉ်ကာပြိုင်



ဒုတိယကမ္ဘာ စစ်ပြီးတဲ့ခါမှာ တော့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ နဲ့ ဆိုဗီယက်ယူနီယမ်ဦးဆောင်တဲ့ ဝါဆော အဖွဲ့တို့အား စစ်အေးတိုက်ပွဲအဖြစ် အင်အားပြိုင်ဆိုင်ခဲ့ကြပါတယ် ။ နိုင်ငံချင်း အင်အားပြိုင် သည့်အလျှောက် သိပ္ပံပညာရှင် များဟာလည်း တစ်ဖက်နဲ့ တစ်ဖက် အပြိုင်ဆိုင် လေ့လာ စမ်းသပ်ခဲ့ကြတယ် ။ အမေရိကန် ဘက် မှာ Teller–Ulam လို ဒီဇိုင်းမျိုးရေးဆွဲပြီး ၁၉၅၃ ခုနှစ်မှာ Ivy Mike ဆိုတဲ့ နြူကလီးယား စမ်းသပ်ဖောက်ခွဲ မှုကို စတင်ပြုလုပ်ခဲ့ပါတယ် ။ ဆိုဗီယက် ယူနီယမ်ဘက်ကလည်း အီဂိုး ကူချက်သော့ (И́горь Васи́льевич Курча́тов) ဦးဆောင်တဲ့ အီဂိုး အဖွဲ့ရဲ့ ဒီဇိုင်းနဲ့ ၁၉၄၉ မှာ စတင်စမ်းသပ်ခဲ့ ကြပါတယ် ။

(အီဂိုး ကူချသော့ဆိုတာကတော့ ဓာတုဗေဒ ဒြပ်စင်ဇယား (Period Table) ရဲ့ ဒြပ်စင်နံပါတ် ၁၀၄ မှာရှိတဲ့ Rutherfordium ဒြပ်စင် (Rf) နဲ့ အတူပူးတွဲနာမည်ပေးခဲ့တဲ့ ရုရှားနြူကလီးယားသိပ္ပံပညာရှင် ပဲဖြစ်ပါတယ်) ။ ၁၉၅၁ ခုနှစ်က စလို့ ဆိုဗီယက် နိုင်ငံရဲ့ အီဂိုး အဖွဲ့ဟာ ကိုသကြားရဲ့ Third Idea ဆိုတာကြီးကို စတင် အကောင်ထည်ဖော်ကြပါတော့တယ် ။ သူကခွဲလိုက် ကိုယ်ကခွဲလိုက်နဲ့ စမ်းသပ်ပြီးဖောက်ခွဲလာလိုက်တာ ၁၉၆၁ မှာတော့ ယနေ့ ချိန်ထိ ကမ္ဘာ့အားအပြင်းဆုံး ဟိုက်ဒရိုဂျင်ဗုံးဖြစ်တဲ့ Tsar ဆိုတဲ့ဟာကြီးကို ရုရှားနိုင်ငံရဲ့ မြောက်ဘက် သမုဒ္ဒရာထဲမှာရှိတဲ့ ကမ္ဘာသစ် ဆိုတဲ့ ကျွန်းလေးမှာ စမ်းသပ်ဖောက်ခွဲ ခဲ့ ပါတော့တယ် ။

မစ္စတာဆာခါရော့ ရဲ့ တီထွင်စမ်းသစ်မှု တွေ ကြောင့် ဆိုဗီယက်ယူနီယမ် ရဲ့ အမြင်ဆုံးဆုတွေဖြစ်တဲ့ ဆိုရှစ်လစ်သူရဲကောင်းဆု (1953၊1955၊1962)၊ စတာလင်ဆု(1953) ၊ လီနင်ဆု(1956) တို့ ကို ဂုဏ်ပြု အပ်နှင်းခဲ့ပါတယ် ။




အမေရိကန် ရဲ့ Teller–Ulam design








Tsar ဗုံး





ဗုံးဘုရင် Tsar (သို့) ကိုသကြားရဲ့ မုန့်လုံးကြီး



ကျွန်တော်တို့ မြန်မာမှာရှိတဲ့ မုန့်လုံးကြီးကြော်လို မျိုးအထဲမှာ အဆာတွေဌာပနာထားတဲ့ မုန့် မျိုး ကို ရုရှားလို စလိုရ်ကာ ( Слойка ) လို့ ခေါ်ပါတယ်။ ကမ္ဘာ့ အားအပြင်းဆုံး ဟိုက်ဒရိုဂျင် ဗုံး Tsar ရဲ့ ဒီဇိုင်း ကို ဆာခါရော့ဗ်က ရေးဆွဲခဲ့ပြီးတော့ Слойка Сахаров (စလိုရ်ကာ့ ဆာခါရော့ဗ် ) ကိုသကြားရဲ့ မုန့်လုံးကြီးလို့ နာမည်ပေးခဲ့ပါတယ် ။

ကိုသကြားရဲ့ မုန့်လုံးကြီးကို ဗုံးအဖြစ်အသက်သွင်းပြီးခဲ့ တဲ့ အခါမှာတော့ АН602 လို့ ကုဒ်နံပါတ်ပေးခဲ့ပြီး တော့ ကမ္ဘာမှာ အများကတော့ Tsar လို့ သိကြပါတယ် ။ အဲဒီအချိန် အဲဒီကာလက ရုရှားတွေ ခေါ်ခဲ့ကြတဲ့နာမည်ကတော့ Кузькина мать (ကူဇကီးနာ မက်ခ်ျ) အမေ့ဆန်ပြုတ် လို့ အပြောင်ခေါ်ကြပါတယ် ။

Tsar ဆိုတာကတော့ ရုရှား ဇာဘုရင်ကို ဂုဏ်ပြုသောအားဖြင့် ပေးထားတဲ့ ဘွဲ့ အမည်ဖြစ်ပါတယ် ။ ကူဇကီးနာ မက်ခ်ျ နဲ့ ပက်သက်လို့တော့ နည်းနည်းလေးပေရှည်ချင်ပါသေးတယ် ။ ကူဇကီးနာ မက်ခ်ျ ကို တိုက်ရိုက် အဓိပ္ပါယ်ကတော့ “we will show you” ပါ ။ ဒါပေမဲ့ အရပ်သုံး အနေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ မြန်မာမှာလည်း ဗန်းစကားလေးတွေ ရှိပါတယ် ။ ဥပမာ မသာအိမ်တွေဆိုရင် အများအားဖြင့် မုန့်ဟင်းခါးကျွေးတတ်ကြတယ်မလား ၊ အချင်းချင်း စကားများကြတဲ့ ခါ ဒီကောင်တော့ သေချင်ပြီနဲ့ တူတယ်ဆိုတာ ကို ဒီကောင်တော့ မုန့်ဟင်းခါးကျွေးချင်ပြီနဲ့တူတယ် စသဖြင့် ပြောကြပါတယ် ။ တခါတခါ ကျရင်တော့ “ ဒီကောင်သွားကျွတ်အောင် အထိုးခံချင်ပြီနဲ့ တူတယ် ” ဆိုတဲ့ အမေး မျိုးကို “ ဆန်ပြုတ်သောက်ချင်ပြီ နဲ့တူတယ် ” လို့ ပြောတတ်ကြပါတယ် ။ ရုရှားလို ကူဇကီးနာမက်ခ်ျ ဆိုတာ အဲဒီသဘောပါပဲ ။ အမေရိကန်တွေ မင်းတို့ အမေတိုက်တဲ့ ဆန်ပြုတ်သာ သောက်ဖို့ပြင်ပေတော့ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။

ဗုံးဘုရင် တီဆာဆိုတဲ့ ဟိုက်ဒရိုဂျင် ဗုံးကြီး ဖောက်ခွဲ ပြီးတဲ့ နောက်မှာတော့ ကမ္ဘာမှာရှိတဲ့ နြူကလီးဗုံး ပညာရှင်အားလုံး ဟာ တုန်လှုပ်ချောက်ခြားခဲ့ရပါတော့တယ် ။ ဘာကြောင့် လဲဆိုတော့ ဂျပန်နိုင်ငံ မှာ အမေရိကန်တွေ ကျဲချခဲ့ တဲ့ အနြူမြူဗုံး ထက်အဆပေါင်းများစွာ ပြင်းထန်လှပြီး ၊ ဖျက်ဆီးစွမ်းအားကြီးမားလွန်းလှတဲ့ ဒီနည်းပညာဟာ အနာဂါတ် လူသားတို့ မျိုးပြုတ်မဲ့ အရေး ကြိုတွေးမိခဲ့ကြလို့ဖြစ်ပါတယ်။ အဲဒီအချိန်က စလို့ ကိုသကြားဆိုတဲ့ မစ္စတာ ဆာခါရောဗ် ဟာ နေ့ခါးခါး တွေကို စတင်ဖြတ်သန်း ရပါတော့တယ် ။




ဆိုဗီယက်တို့ကြွေးကြော်ခဲ့သည် ကူဇကီးနာမက်ခ်ျ ကြော်ငြာပုံ




Tsar ဗုံးဖောက်ခွဲ ခဲ့သည် ကမ္ဘာမြေသစ်ကျွန်းနေရာ




Tsar ဗုံးစတင်ပေါက် ကွဲ ပုံ




ပေါက်ကွဲပြီး ထွက်လာသည့် မှိုပွင့်ကြီး





ကိုသကြားရဲ့နေ့ခါးများစွာ



ကိုသကြား ဟာ နည်းပညာ ကို ဖော်ထုတ်ခဲ့ ပေမဲ့ နြူကလီးယားလက်နက်များတိုးပွားလာခြင်း ၊ နြူထိပ်ဖူးတပ် ဒုံးများ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယမ်းတို့ အပြိုင်ဆိုင် တပ်ဆင်ခြင်းကို ၁၉၅၀ ကျော် နှစ်ပိုင်းတွေကတည်း က သဘောမတွေ့ ခဲ့ပါဘူး ။ ဗုံးဘုရင် တီဆာကြီးဖောက်ခွဲ ပြီးတဲ့နောက်မှာတော့ မစ္စဆာခါရော့ဗ် ဟာ နောင်တများစွာ ရင်မှာ ပိုက်ပြီးအသက်ရှင်နေရပါတော့တယ် ။ ဒါပေမဲ့လည်း သူဟာစိတ်ပျက်အားလျှော့သွားသူတော့ မဟုတ်ပါဘူး ။ မှားနေလျှင် ပြင်ရဲတဲ့သူတစ်ယောက်ပါပဲ ။ သူတီထွင်ခဲ့တဲ့ နည်းပညာဟာ လူသားတွေအတွက် မျိုးဆက်သုဉ်းလောက်အောင် စွမ်းအားကြီးမားခဲ့ တဲ့အတွက် ဒီလက်နက်တွေ ၊ နည်းပညာတွေကို အသုံးမပြုနိုင်စေဖို့ anti-ballistic missile ဆန့်ကျင်ရေးကိုတက်ကြွစွာလှုပ်ရှားမှုပြုခဲ့ပါတယ် ။ ပေါက်ကွဲ မှုကနေ စွမ်းအင် ထုတ်ယူနိုင်တဲ့ explosively pumped flux compression generators နှစ်မျိုးဖြစ်တဲ့ MK-1 နှင့် MK-2 လို့ ခေါ်တဲ့ လျှပ်စစ်ဂျင်နရေတာ နှစ်မျိုးကိုတီထွင် ပေးခဲ့ပါတယ် ။ ပေါက်ကွဲစေတက်တဲ့ ပစ္စည်း တွေရဲ့ ကောင်းသောနည်းနဲ့ အသုံးချနိုင်စေမဲ့ ဖြေဆေးအနေနဲ့ပါ ။ ဒီနောက်တော့ ကမ္ဘာမြေရဲ့ atmosphere အလွှာကို ပျက်စီးဆုံးရှုံးစေမဲ့ စမ်းသပ်မှုများ ကာကွယ်တားဆီးရေး လှုပ်ရှားမှုများကိုလည်း ဦးဆောင် လက်မှတ်ရေးထိုးခဲ့ပါတယ် ။ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယမ်တို့ နိုင်ငံရဲ့ နယ်စပ်စည်းတစ်လျှောက် ဒုံးစစ်စတမ်များ တပ်ဆင်မှုလျှော့ ချရေး ၊ နြူလက်နက်အပြိုင်ဆိုင်တပ်ဆင်မှုလျှော့ ချရေးတို့ ကိုလည်း စေ့စပ်ဆွေးနွေးခဲ့ပါတယ် ။ အဲဒါတွေ ကြောင့်ပဲ ရုရှား သမ္မ နီကီတာ ခရုရှဗ် နဲ့ အကြီးအကျယ် သဘောထားကွဲ လွဲ မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ် ။






ဆာခါရော့ဗ် ကို ထိန်းသိမ်းထားခဲ့တဲ့ နော့ဗ်ဂရက် မြို့ မှ အဆောက်အုံ

(ယခု ပြတိုက်အဖြစ် ဖွင့်လှစ်ထားသည်)



လူသတ်လက်နက်ထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်



နြူကလီးယားသိပ္ပံပညာရှင်ဘဝမှလူအခွင့်ရေးနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ဆောင်ရွက် နေခဲ့ရင်းပဲ သူနဲ့ ဝါသနာတူ ဖြစ်တဲ့ ကာလုဂါ မြို့ သူ ရဲလျဲနို့ရ် ဘွန်နဲရ် (Еленой Боннэр) ဆိုတဲ့ အမျိုးသမီး နဲ့ ၁၉၇၂ ခုနှစ် မှာ ထပ်မံ လက်ထပ်ခဲ့ပါတယ် ။ ၁၉၇၅ ခုနှစ်မှာတော့ နိုင်ငံနဲ့ငြိမ်းချမ်းရေး အကြောင်း (О стране и мире) ဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။အဲဒီစာအုပ်ကြောင့်ပဲ ၁၉၇၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ် ဆုကို ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ၁၉၇၉ မှာ ဖြစ်ပွားခဲ့ တဲ့ ဆိုဗီယက်နိုင်ငံ နဲ့ အာဖဂန်နစ္စတန် စစ်ပွဲကို ဆန့်ကျင် ရှုတ်ချခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့်လည်း ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မှာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ခံခဲ့ရပါတယ် ။ နော့ဗ်ဂရက် မြို့ ရဲ့ အဆောင်ဦးတစ်ခုမှာ ၁၉၈၆ ခုနှစ် ထိ ထိန်းသိမ်းထားခဲ့ပါတယ် ။ နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာပဲ ဇနီးသည်ရဲ့ နှလုံးရောဂါ ပြည်ပမှာသွားရောက်ကုသခွင့်ပေးဖို့ ၊ လူတွေရဲ့ အခွင့် ရေး ကို လေးစားလိုက်နိုင် ဖို့ အတွက် အစာငတ်ခံဆန္ဒပြ မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ ရုရှား သမ္မတ ဂေါ်ဘာချော့ ဟာ ဆာခါရော့ဗ် ကို မော်စကို မြို့ သို့ ပြန်လည်ခေါ်ယူနေထိုင်စေခဲ့ပါတယ် ။ မော်စကို မြို့ သို့ ပြန်လည်ရောက်ရှိပြီး ၁၉၈၈ ခုနှစ် မှာ International Humanist and Ethical Union ကချီးမြှင်တဲ့ လူ့အခွင့်ရေးဆိုင်ရာ ဆု ကို ရရှိခဲ့ပါတယ် ။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ မှာတော့ ကိုသကြားလို့ တင်စားခေါ်ဝေါ် တဲ့ Андре́й Дми́триевич Са́харов (အန်သရဲရ် ဒီမီသရီးဗိခ်ျ ဆာခါရော့ဗ်) ဟာ နှလုံးရောဂါ နှင် ကွယ်လွန်ခဲ့ ရပါတယ် ။

ဆာခါရော့ဗ် ဟာ ဆိုဗီယက်ယူနီယမ် ရဲ့ အမြင်ဆုံးဆုတွေဖြစ်တဲ့ ဆိုရှယ်လစ်သူရဲကောင်းဆု ၊ စတာလင်ဆု ၊ လီနင်ဆု အပါအဝင် ကမ္ဘာ့ လုအခွင့်ရေးဆိုင်ရာဆု ၊ ငြိမ်းချမ်းရေးနိုဗယ်ဆု ၊ ပြင်သစ်နိုင်ငံမှာ ချီးမြင့်တဲ့ Prix mondial Cino Del Duca ဆု တို့ ကိုလ က်ခံ ရရှိခဲ့ပါတယ် ။ ဥရောပသမ္မဂ္ဂ နိုင်ငံ များကတော့ ဆာခါရော့ ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကမ္ဘာမှာ နိုင်ငံအသီးသီး မှ ပုဂ္ဂိုလ် များကို ရွေးချယ် ပြီး ဆာခါရော့ ဆုအဖြစ် အပ်နှင်းလျှက်ရှိပါတယ် ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လည်း ဆာခါရော့ဗ် ဆု ရရှိဖူးသူတစ်ယောက်ရှိ ပါတယ် ။ ဘယ်သူလဲဆိုတာကတော့ သိရှိပြီး ဖြစ်ကြမှာပါ ။

ဆာခါရော့ဗ် ရဲ့ အကြောင်းကို ကျွန်တော် ရေးသားရတာကတော့ ပညာရှင်တစ်ယောက်ရဲ့ ဆန့်ကျင်ဖက်အားပြိုင် မှုတွေ ကို သတိပြု မိလို့ဖြစ်ပါတယ် ။ အဲဒီအချိန် အဲဒီကာလက အင်အားကြီးနိုင်ငံများရဲ့ အားပြိုင် မှုတွေ ၊ အပြိုင်ဆိုင် စိတ်တွေရဲ့ တိုးတက်စွမ်းဆောင်နိုင်မှုတွေ နဲ့ အတူ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုကို အတ္တ နဲ့ မောင်းနှင် ကြတဲ့ ခါ ရလာတဲ့ ရာလာဒ်ဟာ ကောင်းကျိုးမပြုတတ်ဘူးဆိုတာ သိခွင့်လည်းရခဲ့ပါတယ် ။ ပြီးတော့ သူဟာ ကမ္ဘာ့အားအပြင်းဆုံး လူသတ်လက်နက်ကို တီထွင် ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုကို လက်ခံ ရယူခဲ့ တဲ့ တစ်ဦးတည်းသော သိပ္ပံပညာရှင်ပါ ။ ကိုယ်ယုံရာ ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်တတ်ပြီး ၊ မှားတဲ့ ခါ မှာလည်း ပြန်ပြင်ဖို့ ဝန်မလေးတတ်တဲ့ လူတစ်ယောက်ကို လေးစားဂုဏ်ပြုသောအားဖြင့် ခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ် ။






(ရုပ်ဆိုး)



ကိုကားလင့်ခ်များ

http://en.wikipedia.org/wiki/Andrei_Sakharov

http://en.wikipedia.org/wiki/Sakharov_Prize

http://en.wikipedia.org/wiki/Third_Idea

http://ru.wikipedia.org/wiki/%D0%A1%D0%B0%D1%85%D0%B0%D1%80%D0%BE%D0%B2,_%D0%90%D0%BD%D0%B4%D1%80%D0%B5%D0%B9_%D0%94%D0%BC%D0%B8%D1%82%D1%80%D0%B8%D0%B5%D0%B2%D0%B8%D1%87

http://en.wikipedia.org/wiki/Tsar_Bomba

http://www.sakharov-archive.ru/Raboty/Rabot_32.html


Source... http://www.lubo601.com/2012/09/blog-post_86.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။